Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,041–2,060 of 2,515 words

    မ

    မြီကြီး

    [mɹìt͡ɕï]
    တမန်းသား။ ၂၊ ပထဝီ မြီပြင်
    မြေသား။ ၂၊ ပထဝီ မြေပြင်
    ground
    နာမ်

    မြီကြီးလက်ခတ်မလွှဲ

    [mɹìt͡ɕïlɛʔkʰaʔmlW̯ɛ]
    မြီကြီးကို လက်ဝါးဖြင့် ပုတ်ခတ်လျှင် မလွဲပိုင်။ မချွတ်၊ ဧကန်မလွဲ၊ မုချမသွေ
    မြေကြီးကို လက်ဝါးဖြင့် ပုတ်ခတ်လျှင် မလွဲသကဲ့သို့။ မချွတ်၊ ဧကန်မလွဲ၊ မုချမသွေ
    certainly
    ကြိယာဝိသေသန

    မြီကြောရှုပ်

    [mɹìt͡ɕɔ́ʃoʊʔ]
    (ဥပစာ) ခရီးအကွာအဝီးကို တိုတောင်းသော အချိန်ဖြင့် ရောက်စီသည်
    (ဥပစာ) ခရီးအကွာအဝေးကို တိုတောင်းသော အချိန်ဖြင့် ရောက်စေသည်
    [fig.] cover more distance to cut down the time required to travel
    ကြိယာ

    မြီကွက်

    [mɹìkwɛʔ]
    သတ်မှတ် ပိုင်းခြာထားရေ မြေ
    သတ်မှတ် ပိုင်းခြားထားသော မြေ
    plot of land
    နာမ်

    မြီခေါင်

    [mɹìkʰèàɪ̀ɴ]
    စွတ်စိုခြင်း မဟိသော ကုန်းမြီ။ ၂၊ မာကျစ်သော မြေ။ ၃၊ ခင်တန်းမြေ
    စွတ်စိုခြင်း မယှိသော ကုန်းမြေ။ ၂၊ မာကျစ်သော မြေ။ ၃၊ ခင်တန်းမြေ
    ridge
    နာမ်

    မြီခေါင်ခေါင်

    [mɹìkʰèàɪ̀ɴkʰèàɪ̀ɴ]
    စွတ်စိုခြင်း မဟိသော ကုန်းမြင့်မြေ
    စွတ်စိုခြင်း မယှိသော ကုန်းမြင့်မြေ
    ridge
    နာမ်

    မြီခေါင်းပျား

    [mɹìkʰèàɪ́ɴprá]
    မြီခေါင်းထဲမာ အုံဖွဲ့ပြီးကေ နီတတ်ရေ ယင်ငယ် ပိုင်ယှောင် ပျားတမျိုး
    မြေခေါင်းထဲတွင် အုံဖွဲ့၍ နေတတ်သော ယင်ငယ် ကဲ့သို့သော ပျားတစ်မျိုး
    bee
    နာမ်

    မြီချ

    [mɹìɕ]
    အလောင်းကို မြေမြုပ် သင်္ဂြိုဟ်ရေ။ ငွီကို အတိုးယူပနာ ထုတ်ချီးသည်
    အလောင်းကို မြေမြုပ် သင်္ဂြိုဟ်သည်။ ငွေကို အတိုးယူ၍ ထုတ်ချေးသည်
    bury the dead
    ကြိယာ

    မြီချီး

    [mɹìɕï]
    ဖေသာချီးသော အလုပ်ကို လုပ်ရေ
    ငွေချေးသော အလုပ်ကို လုပ်သည်
    lend
    ကြိယာ

    မြီးချောင်း

    [mɹïɕáʊɴ]
    ခွီး၊ ကျား၊ နွား အစဟိရေ တိရစ္တာန်ရို့၏ ပတုံး
    ခွေး၊ ကျား၊ နွား စသော တိရစ္တာန်တို့၏ အမြီး
    tail
    နာမ်

    မြီခွန်

    [mɹìkʰʊ̀ɴ]
    မြီကို အကျိုးဟိ သုံးခွင့်ရရေအတွက် အစိုးရအား ထမ်းဆောင်ရရေငွီ
    မြေကို အကျိုးယှိ သုံးခွင့်ရသည့်အတွက် အစိုးရအား ထမ်းဆောင်ရသည့်ငွေ
    land tax
    နာမ်

    မြီခွီး

    [mɹìkʰwï]
    ခြေတိုလက်တို နှုတ်သီးတိုပြီး၊ ဖွားသောပတုံး၊ ထောင်သော နရွက်ဟိကာ မြေမား အောင်းတတ်၍ တောရိုင်း တိရစ္ဆာန်ငယ်တမျိုး
    ခြေတိုလက်တို နှုတ်သီးတိုပြီး၊ ဖွားသောအမြီး၊ ထောင်သော နားရွက်ယှိကာ မြေတွင်း အောင်းတတ်၍ တောရိုင်း တိရစ္ဆာန်ငယ်တစ်မျိုး
    fox
    နာမ်

    မြီငှား

    [mɹìŋ̊á]
    ငှားယူသော မြေ။ မြီကို ငှားယူသူ
    ငှားယူသော မြေ။ မြေကို ငှားယူသူ
    lend
    နာမ်

    မြီစံကား

    [mɹìsံká]
    ရိုးတံရှည်၍ အပွင့်ဖြူ ပွင့်သည့် ဥဟိသော ပန်းပင်တမျိုး။ ရာမရင်ခတ်၊ စလတ်စွယ်တော်၊ မြီဝယ်စံကား၊ ဒေါနနှင်းဆီ (ဓမ္မသာ)
    ရိုးတံရှည်၍ အပွင့်ဖြူ ပွင့်သည့် ဥယှိသော ပန်းပင်တစ်မျိုး။ ရာမရင်ခတ်၊ စလတ်စွယ်တော်၊ မြီဝယ်စံကား၊ ဒေါနနှင်းဆီ (ဓမ္မသာ)
    champac - magnolia michelia champaca
    နာမ်

    မြီစာ

    [mɹìsà]
    တခုတရီသော နီရာမှ တူဖြိုရဟိသော တမန်းသား
    တစ်စုံတစ်ခုသော နေရာမှ တူဖြိုရယှိသော မြေသား
    earth scooped out when digging
    နာမ်

    မြီစား

    [mɹìsá]
    တယောက်တလီသော သူ့ပါးမှ ကြွီးချီးယူသူ
    တစ်စုံတစ်ယောက်သော သူထံမှ ကြွေးချေးယူသူ
    borrower
    နာမ်

    မြီစာကျွေး

    [mɹìsàt͡ɕwé]
    အပင် အစဟိစွာ၏ အခြီရင်း၌ တမန်းသားရို့ကို ထပ်အုံ၍ အပင်ကို အားရောက်ယောင် ပြုသည်
    သစ်ပင် စသည်၏ အခြေရင်း၌ မြေသားတို့ကို ထပ်အုံ၍ အပင်ကို အားရောက်အောင် ပြုသည်
    fertilize
    ကြိယာ

    မြီစိမ်း

    [mɹìséɪɴ]
    တခုတရီမှ သီးနှံ မစိုက်ဖူးသိမ့်ရေ မြေ။ ၂၊ မီးမသွင်းသော တမန်းသား
    တစ်စုံတစ်ရာမှ သီးနှံ မစိုက်ဖူးသေးသော မြေ။ ၂၊ မီးမသွင်းသော မြေသား
    virgin soil
    နာမ်

    မြီစိုက်တလား

    [mɹìsaɪʔtlá]
    အောက်ခံတိုင် မပေါ်စီပဲ မြေသို့ နံရံနှင့် အခင်းထိပနာ ဆောက်လုပ်ထားရေ ရဟန်းသံဃာအား သင်္ဂြိုဟ်သည့် အဆောက်အအုံ
    အောက်ခံတိုင် မပေါ်စေပဲ မြေသို့ နံရံနှင့် အခင်းထိ၍ ဆောက်လုပ်ထားသော ရဟန်းသံဃာအား သင်္ဂြိုဟ်သည့် အဆောက်အအုံ
    none
    နာမ်

    မြီစိုင်ခဲ

    [mɹìsàɪɴkʰɛ]
    ခြောက်သွိသော တမန်းသားတုံး
    ခြောက်သွေ့သော မြေသားတုံး
    clod
    နာမ်