Dictionary Entries
Showing 2,061–2,080 of 2,515 words
မ
မြီဆီမြီနှစ်
[mɹìsʰímɹìn̥ɪʔ]
Arakanese:
အပင်ကို အားပီး နိုင်စွမ်းဟိသော မြေ
Burmese:
အပင်ကို အားပေး နိုင်စွမ်းယှိသော မြေ
English:
fertility
Grammar Note:
နာမ်
မြီဆွီး
[mɹìsʰwï]
Arakanese:
နူးညက် ဗန်းဒီပြန်နိန်သော သစ်ရွက်ခြောက် အညှက်ဆိုး အစဟိစွာရို့၏ အဆီအနှစ် ရောဝင်နိန်ရေ မြေပွ
Burmese:
နူးညက် ကြေမွနေသော သစ်ရွက်ခြောက် အမှိုက်သရိုက် စသည်တို့၏ အဆီအနှစ် ရောဝင်နေသော မြေပွ
English:
humus
Grammar Note:
နာမ်
မြီညက်
[mɹìɲɛʔ]
Arakanese:
တမန်းသားကို ထောင်းထု၍ ပျော့ပျောင်းအောင် နယ်ထားရေ မြီစီး
Burmese:
မြေသားကို ထောင်းထု၍ ပျော့ပျောင်းအောင် နယ်ထားသော မြေစေး
English:
clay
Grammar Note:
နာမ်
မြီးတုံး
[mɹïtóʊɴ]
Arakanese:
တိရစ္တာန်၏ ကိုယ်ခန္ဓာမှ ကြောရိုးနှင့် တဆက်တည်း နောက်ဘက်ကို ရှည်ထွက်နိန်ရေ ကိုယ်အင်္ဂါ အစိတ်အပိုင်း။ ရေငါးလိပ်ရို့၊ ကြောက်မက်ဖွယ်ကောင်း၊ မြီးတုံးထောင်ဗျာ၊ တောင်မြောက်စိုင်ပြေး (ဝိဇယ)
Burmese:
တိရစ္တာန်၏ ကိုယ်ခန္ဓာမှ ကျောရိုးနှင့် တစ်ဆက်တည်း နောက်ဘက်သို့ ရှည်ထွက်နေသော ကိုယ်အင်္ဂါ အစိတ်အပိုင်း။ ရေငါးလိပ်တို့၊ ကြောက်မက်ဖွယ်ကောင်း၊ မြီးတုံးထောင်ဗျာ၊ တောင်မြောက်စိုင်ပြေး (ဝိဇယ)
English:
tail
Grammar Note:
နာမ်
မြီးတုံးဖြူ
[mɹïtóʊɴpʰɹù]
Arakanese:
ပတုံးစွန်း၌ အဖြူရောင် ပတ်လည်ပါဟိသော နွား
Burmese:
အမြီးစွန်း၌ အဖြူရောင် ပတ်လည်ပါယှိသော နွား
English:
white tail
Grammar Note:
နာမ်
မြီထည်
[mɹìtʰɛ̀]
Arakanese:
မြီစီးဖြင့် ပြုလုပ်ထားရေ အိုး၊ ပန်းကန်၊ ခွက်ယောက် စရေ။ ပန်းကန်၊ ခွက်ယောက် အစဟိစွာ
Burmese:
မြေစေးဖြင့် ပြုလုပ်ထားသော အိုး၊ ပန်းကန်၊ ခွက်ယောက် စသည်။ ပန်းကန်၊ ခွက်ယောက် စသည်
English:
earthern ware
Grammar Note:
နာမ်
မြီထု
[mɹìtʰoʊ]
Arakanese:
တမန်းသား၏ ထုထည်
Burmese:
မြေသား၏ ထုထည်
English:
land mass
Grammar Note:
နာမ်
မြီနင်းခွာထောင်
[mɹìnɪ́ɴkʰwàtʰàʊɴ]
Arakanese:
(ကျွဲ၊ နွားအစဟိစွာ) ကြီးရေ ငယ်ဟူ ကောင်ရေ စုပေါင်း အားလုံးအားဖြင့်
Burmese:
(ကျွဲ၊ နွားစသည်) ကြီးသော ငယ်ဟူ ကောင်ရေ စုပေါင်း အားလုံးအားဖြင့်
English:
none
Grammar Note:
ကြိယာ
မြီနီရာ
[mɹìníɹà]
Arakanese:
တခုတရီ အဆောက်အအုံ ဆောက်ရန်နှင့် စိုက်ပျိုးရန် သတ်မှတ်ထားရေ နီရာ
Burmese:
တစ်စုံတစ်ခု အဆောက်အအုံ ဆောက်ရန်နှင့် စိုက်ပျိုးရန် သတ်မှတ်ထားသော နေရာ
English:
greenfield
Grammar Note:
နာမ်
မြီပိုင်
[mɹìpàɪɴ]
Arakanese:
ဂရန်မြေအဖြစ် တရားဝင် ပိုင်ဆိုင်ခွင့် ရဟိထားရေ မြေ
Burmese:
ဂရန်မြေအဖြစ် တရားဝင် ပိုင်ဆိုင်ခွင့် ရယှိထားသော မြေ
English:
landowner
Grammar Note:
နာမ်
မြီပိုင်သျှင်
[mɹìpàɪɴʃɪ̀ɴ]
Arakanese:
အိမ်မြေ၊ ခြံမြီ၊ လယ်ယာမြီ ဥယျာဉ်မြေ အစဟိစွာ့ သတ်မှတ် ပိုင်းခြာထားရေ မြီကွက်ရို့ကို ပိုင်ဆိုင်သူ
Burmese:
အိမ်မြေ၊ ခြံမြေ၊ လယ်ယာမြေ ဥယျာဉ်မြေ စသည့် သတ်မှတ် ပိုင်းခြားထားသော မြေကွက်တို့ကို ပိုင်ဆိုင်သူ
English:
landowner
Grammar Note:
နာမ်
မြီပုံ
[mɹìpòʊɴ]
Arakanese:
အစုလိုက် အပုံလိုက် ဖို့ထားရေ စူမောက်သည့် တမန်းသားစု။ မြေအနိန်အထား တည်ဟိနီပုံကို အကွက်လိုက် ရီးဆွဲ ဖော်ပြထားရေ့ပုံ
Burmese:
အစုလိုက် အပုံလိုက် ဖို့ထားသော စူမောက်သည့် မြေသားစု။ မြေအနေအထား တည်ယှိနေပုံကို အကွက်လိုက် ရေးဆွဲ ဖော်ပြထားသည့်ပုံ
English:
map
Grammar Note:
နာမ်
မြီပုံခရမ်း
[mɹìpòʊɴkʰɹáɴ]
Arakanese:
မှည့်ရေအခါ နီလားရေ ခရမ်းတမျိုး
Burmese:
မှည့်သောအခါ နီသွားသော ခရမ်းတစ်မျိုး
English:
egg plant
Grammar Note:
နာမ်
မြီပေါ်
[mɹìpɔ̀]
Arakanese:
မြီပြင်၏ အထက်လွှာမာ တည်သော
Burmese:
မြေပြင်၏ အထက်လွှာတွင် တည်သော
English:
above ground
Grammar Note:
နာမဝိသေသန
မြီပေါ်ဆား
[mɹìpɔ̀sʰá]
Arakanese:
ပင်လယ်ကမ်းစမာ ဆားငန်ရည်မှီရာ သွိခြောက်နိန်ရေ မြီငန်ကို ခြစ်ယူ ရေဖျော်၍ ချက်လုပ်သော ဆားငန်မှရရေ ဆား
Burmese:
ပင်လယ်ကမ်းစပ်တွင် ဆားငန်ရည်မှီရာ သွေ့ခြောက်နေသော မြေငန်ကို ခြစ်ယူ ရေဖျော်၍ ချက်လုပ်သော ဆားငန်မှရသော ဆား
English:
salt crystals formed naturally on the surface of the ground
Grammar Note:
နာမ်
မြီပြင်
[mɹìpɹɪ̀ɴ]
Arakanese:
မြီကြီးအထု၏ မျက်နှာပြင်။ မြေအခင်း
Burmese:
မြေကြီးအထု၏ မျက်နှာပြင်။ မြေအခင်း
English:
ground
Grammar Note:
နာမ်
မြီပြန့်
[mɹìpɹàɴ့]
Arakanese:
နိမ့်မြင့်မဟိ တပြေးတည်းညီသော မြီပြင်။ လွင်ပြင်
Burmese:
နိမ့်မြင့်မယှိ တပြေးတည်းညီသော မြေပြင်။ လွင်ပြင်
English:
ground
Grammar Note:
နာမ်
မြီပြုထိုင်
[mɹìpɹoʊtʰàɪɴ]
Arakanese:
ဒူးဆစ်နှစ်ဘက်ကို ချခွေ၍ ခြေနှစ်ဘက်ကို တင်သားဆုံဖီး၌ ထားဗျာယ်ထိုင်ရေ။ မမာ့ထိုင်ပိုင် ထိုင်သည်
Burmese:
ဒူးဆစ်နှစ်ဘက်ကို ချခွေ၍ ခြေနှစ်ဘက်ကို တင်ပါးဆုံဘေး၌ ထားလျက်ထိုင်သည်။ မိန်းမထိုင်သကဲ့သို့ ထိုင်သည်
English:
cross-legged
Grammar Note:
ကြိယာ
မြီမျက်နှာပြင်
[mɹìmrɛʔn̥àpɹɪ̀ɴ]
Arakanese:
မြေအလွှာထပ်၏ မညီမညာ မြင်သာသော ပုံဟန်၊ မြေ၏ အပြင်လွှာ
Burmese:
မြေအလွှာထပ်၏ မညီမညာ မြင်သာသော ပုံဟန်၊ မြေ၏ အပြင်လွှာ
English:
above ground
Grammar Note:
နာမ်
မြီမှုန့်
[mɹìm̥òʊɴ့]
Arakanese:
ကြီညက်သော မြီကြီးအမှုန့်
Burmese:
ကြေညက်သော မြေကြီးအမှုန့်
English:
dust
Grammar Note:
နာမ်