Dictionary Entries
Showing 2,081–2,100 of 2,515 words
မ
မြီယာ
[mɹìjà]
Arakanese:
စိုက်ပျိုးထွန်ယက်သော မြီကွက်
Burmese:
စိုက်ပျိုးထွန်ယက်သော မြေကွက်
English:
plot of land
Grammar Note:
နာမ်
မြီရိုင်း
[mɹìɹáɪɴ]
Arakanese:
ထွန်ယက် ပြုပျင်ခြင်း မဟိသိမ့်ရီမြီ။ မစိုက်ပျိုးပဲ သဘာဝအတိုင်း လွှတ်ထားရေ မြေ။ ၂၊ ပြိုပျက်ခလီဗျာယ်သော မြို့ရွာ။ ၃၊ လူသူဆိတ်သုဉ်းသော နီရာဒေသ။ သတိုးမင်းသားဦ၊ မရှည်နန်းဆက်၊ နှစ်နှစ်ထက်မာ၊ လွန်တုံကျင်သော်၊ မြို့မာမင်းသုဉ်း၊ ကြာမြင့်မြုန်းဟု (မြို့တည်)
Burmese:
ထွန်ယက် ပြုပြင်ခြင်း မယှိသေးသောမြေ။ မစိုက်ပျိုးပဲ သဘာဝအတိုင်း လွှတ်ထားသော မြေ။ ၂၊ ပြိုပျက်ခဲ့လေပြီသော မြို့ရွာ။ ၃၊ လူသူဆိတ်သုဉ်းသော နေရာဒေသ။ သတိုးမင်းသားဦ၊ မရှည်နန်းဆက်၊ နှစ်နှစ်ထက်တွင်၊ လွန်တုံကျင်သော်၊ မြို့တွင်မင်းသုဉ်း၊ ကြာမြင့်မြုန်းဟု (မြို့တည်)
English:
virgin soil
Grammar Note:
နာမ်
မြီရုပ်မြီရေ
[mɹìɹoʊʔmɹìɹè]
Arakanese:
တခုတရီသော ဖြစ်ပျက်မှုသဘောသို့ ရောက်နှိုင်ရေ အခြီအရဲကို ပြဖို့ ကြိယာနောက်မာ စပ်၍ သုံးသောစကားလုံး။ ချောင်တိုင်အလံကို မြီရုပ်မြီရေ (အရပ်)
Burmese:
တစ်စုံတစ်ခုသော ဖြစ်ပျက်မှုသဘောသို့ ရောက်နိုင်သော အခြေအနေကို ပြရန် ကြိယာနောက်၌ စပ်၍ သုံးသောစကားလုံး။ ချောင်တိုင်အလံကို မြီရုပ်မြီရေ (အရပ်)
English:
none
Grammar Note:
ပစ္စည်း
မြီရှည်သီး
[mɹìʃɛ̀θï]
Arakanese:
ကြက်ဥခိုးမပမာ အလုံးပွဝိုင်း၍ အလျား ၃ ပေ၊ ၄ ပေခန့်ထိ ရှည်ပြီး အရင်းအဖျား သွယ်လားရေ အတောင့်ကို ချက်ပြုတ် စားသုံး ရရေ အသီးပင်တမျိုး
Burmese:
လင်းမြွေပမာ အလုံးပွဝိုင်း၍ အလျား ၃ ပေ၊ ၄ ပေခန့်ထိ ရှည်ပြီး အရင်းအဖျား သွယ်သွားသော အတောင့်ကို ချက်ပြုတ် စားသုံး ရသော အသီးပင်တစ်မျိုး
English:
snake gourd
Grammar Note:
နာမ်
မြီလပ်
[mɹìlaʔ]
Arakanese:
မစိုက်ပျိုးပဲ ချန်ထားရေ မြေ၊ စိုက်ပျိုးခြင်းကို မပြုပဲ လစ်လပ်ကြွင်းကျန် ဟိနီရေ စိုက်ပျိုးမြေ
Burmese:
မစိုက်ပျိုးပဲ ချန်ထားသော မြေ၊ စိုက်ပျိုးခြင်းကို မပြုပဲ လစ်လပ်ကြွင်းကျန် ယှိနေသော စိုက်ပျိုးမြေ
English:
vacant land
Grammar Note:
နာမ်
မြီလုမြီချင်
[mɹìloʊmɹìɕɪ̀ɴ]
Arakanese:
တခုတရီသော ဖြစ်ပျက်မှုသဘောသို့ ရောက်နှိုင်ရေ အခြီအရဲကို ပြဖို့ ကြိယာနောက်မာ စပ်၍ သုံးသော စကားလုံး။ ချောင်တိုင်အလံကို မြီရုပ်မြီရေ (အရပ်)။ ခြေလေးဘက်မာ၊ တဖက်ခွာကို၊ နာဟန်လည်းပြု၊ မာယာဖန်ဖျာ၊ ကြံစည်မှုဖြင့်၊ မြီလုမြီချင်၊ (ရာမ)
Burmese:
တစ်စုံတစ်ခုသော ဖြစ်ပျက်မှုသဘောသို့ ရောက်နိုင်သော အခြေအနေကို ပြရန် ကြိယာနောက်၌ စပ်၍ သုံးသော စကားလုံး။ ချောင်တိုင်အလံကို မြီရုပ်မြီရေ (အရပ်)။ ခြေလေးဘက်မှာ၊ တဖက်ခွာကို၊ နာဟန်လည်းပြု၊ မာယာဖန်ဖျာ၊ ကြံစည်မှုဖြင့်၊ မြီလုမြီချင်၊ (ရာမ)
English:
none
Grammar Note:
ပစ္စည်း
မြီလွတ်
[mɹìlwaʔ]
Arakanese:
ပိုင်သျှင်မဟိသော မြေ၊ အဆောက်အအုံနှင့် စိုက်ပျိုးသော အပင်များမဟိသော ဝန်းကျင်
Burmese:
ပိုင်သျှင်မယှိသော မြေ၊ အဆောက်အအုံနှင့် စိုက်ပျိုးသော အပင်များမယှိသော ဝန်းကျင်
English:
vacant land
Grammar Note:
နာမ်
မြီလွှာ
[mɹìlW̯à]
Arakanese:
တမန်းသားတမျိုးစီ၏ အပြင်အပြန့်လိုက် ဖြစ်နီသော အထပ်
Burmese:
မြေသားတစ်မျိုးစီ၏ အပြင်အပြန့်လိုက် ဖြစ်နေသော အထပ်
English:
earth stratum
Grammar Note:
နာမ်
မြီလှန်
[mɹìɬàɴ]
Arakanese:
အထက်မြေနှင့် အောက်မြီကို မရောယှက်စီရန် အောက်မြီကို တူးကော် တင်သည်
Burmese:
အထက်မြေနှင့် အောက်မြေကို မရောယှက်စေရန် အောက်မြေကို တူးကော် တင်သည်
English:
raze
Grammar Note:
နာမ်
မြီလှယိုးမိုဃ်းပျံ
[mɹìɬjómÒɡʱ်းprံ]
Arakanese:
တန်ခိုး ဣဒ္ဓိပါဒ် အစွမ်းဖြင့် မြီထု ရီထု၊ လီထုကို ဖြတ်လျှိုးလားလာရေ
Burmese:
တန်ခိုး ဣဒ္ဓိပါဒ် အစွမ်းဖြင့် မြေထု ရေထု၊ လေထုကို ဖြတ်လျှိုးသွားလာသည်
English:
none
Grammar Note:
ကြိယာ
မြီဝင်
[mɹìwɪ̀ɴ]
Arakanese:
မြေမာ မြှုပ်စိုက်ထားရေ အရာရို့မာ မြေမား၌ မြှုပ်ဝင်နိန်ရေ့ အစောက်၏ အတိုင်း အရှည်ပမာဏ
Burmese:
မြေတွင် မြှုပ်စိုက်ထားသော အရာတို့တွင် မြေတွင်း၌ မြှုပ်ဝင်နေသည့် အစောက်၏ အတိုင်း အရှည်ပမာဏ
English:
the part of a post embedded in the ground
Grammar Note:
နာမ်
မြီဝပ်မငှက်
[mɹìwaʔmŋ̊ɛʔ]
Arakanese:
နိအခါ မြေမာ ဝပ်နိန်ပြီးကေ ညဇာအခါကျမှ ထွက်ကာ ပိုးမွှားရို့ကို ဖမ်းစားတတ်ရေ ရှည်ချွန်သော ပတုံးအတောင်ဟိသည့် ငှက်တမျိုး
Burmese:
နေ့အခါ မြေတွင် ဝပ်နေပြီး ညအခါကျမှ ထွက်ကာ ပိုးမွှားတို့ကို ဖမ်းစားတတ်သော ရှည်ချွန်သော အမြီးအတောင်ယှိသည့် ငှက်တစ်မျိုး
English:
the common Indian nightjar Caprimulgus asiaticus
Grammar Note:
နာမ်
မြီဝယ်မကျ
[mɹìwɛ̀mt͡ɕ]
Arakanese:
(ဥပစာ) သွန်သင် ဆုံးမသည့်အတိုင်း မပြားမနား တိကျစွာ လိုက်နာဗျာယ်။ မကျမြီဝယ်၊ မပယဉ်နှင့်သား၊ ဖစကားကို၊ ရွင်အားရပြီးကေ (ဆုံးမစာ)
Burmese:
(ဥပစာ) သွန်သင် ဆုံးမသည့်အတိုင်း မတိမ်းမယိမ်း တိကျစွာ လိုက်နာလျက်။ မကျမြီဝယ်၊ မပယဉ်နှင့်သား၊ ဖစကားကို၊ ရွင်အားရ၍ (ဆုံးမစာ)
English:
[fig.] (obey orders instructions etc.) to the letter
Grammar Note:
ကြိယာဝိသေသန
မြီသစ်
[mɹìθɪʔ]
Arakanese:
တော၊ ခြုံ စစွာကို ခုတ်ထွင်၍ ရဟိသော မြေ
Burmese:
တော၊ ချုံ စသည်ကို ခုတ်ထွင်၍ ရယှိသော မြေ
English:
new land - newly cleared land - newly upturned soil - uncharted land
Grammar Note:
နာမ်
မြီသား
[mɹìθá]
Arakanese:
မြီထု၏ အစိုင်အခဲ
Burmese:
မြေထု၏ အစိုင်အခဲ
English:
texture of the soil - earthling - land
Grammar Note:
နာမ်
မြီသားပေါက်ဆား
[mɹìθápaʊʔsʰá]
Arakanese:
ပင်လယ်ကမ်းစမာ ဆားငန်ရည်မှီရာ သွိခြောက်နိန်ရေ မြီငန်ကို ခြစ်ယူ ရေဖျော်၍ ချက်လုပ်သော ဆားငန်မှရရေ ဆား
Burmese:
ပင်လယ်ကမ်းစပ်တွင် ဆားငန်ရည်မှီရာ သွေ့ခြောက်နေသော မြေငန်ကို ခြစ်ယူ ရေဖျော်၍ ချက်လုပ်သော ဆားငန်မှရသော ဆား
English:
salt - salt crystals formed naturally on the surface of the ground
Grammar Note:
နာမ်
မြီသီ
[mɹìθí]
Arakanese:
ကမ်းပြို၊ ကမ်းပြတ်၊ ကမ်းပဲ့မာ မပါရေ မြေ
Burmese:
ကမ်းပြို၊ ကမ်းပြတ်၊ ကမ်းပဲ့တွင် မပါသော မြေ
English:
none
Grammar Note:
နာမ်
မြီသျှင်
[mɹìʃɪ̀ɴ]
Arakanese:
မြီကို ပိုင်ဆိုင်သူ။ မြေပိုင်သျှင်
Burmese:
မြေကို ပိုင်ဆိုင်သူ။ မြေပိုင်သျှင်
English:
land owner
Grammar Note:
နာမ်
မြီအိုး
[mɹìʔó]
Arakanese:
တမန်းသားကျုတ်မန်းဖြင့် ပြုလုပ်ထားရေ၊ အိုးခွက်အစဟိစွာ
Burmese:
မြေသား ရွံ့စေးဖြင့် ပြုလုပ်ထားသော၊ အိုးခွက်စသည်
English:
crock
Grammar Note:
နာမ်
မြီအောက်
[mɹìʔɔ́ɛʔ]
Arakanese:
မြီပြင်အလွှာ၏ အထဲအရပ်
Burmese:
မြေပြင်အလွှာ၏ အတွင်းအရပ်
English:
underground
Grammar Note:
နာမ်