Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,101–2,120 of 2,515 words

    မ

    မြီအောက်၂

    [mɹìʔɔ́ɛʔ၂]
    မြီအောက်မား၊ လိုဏ်ရို့မာ ခိုအောင်းနိန်ရေ
    မြေအောက်တွင်း၊ လိုဏ်တို့တွင် ခိုအောင်းနေသည်
    underground
    ကြိယာ

    မြီဩဇာ

    [mɹìʔɔ́zà]
    သီးနှံပင်တိကို အားဖြစ်စီသည့် နွားချေနှင့် မြီဆွေး ရောစပ်ထားရေ အဆီအနှစ် ဓာတ်ပါဟိသော တမန်းသား
    သီးနှံပင်များကို အားဖြစ်စေသည့် နွားချေနှင့် မြေဆွေး ရောစပ်ထားသော အဆီအနှစ် ဓာတ်ပါယှိသော မြေသား
    fertility
    နာမ်

    မြုံ

    [mɹÒʊɴ]
    လိုလား နှစ်သက်ခြင်းမဟိ ဖြစ်တေ။ သထာနှစ်လိုခြင်း မဟိဖြစ်တေ။ ရွှီမိဖုရား၊ တောင်ညာထားကို၊ မင်းဖျားဘိုးတော်၊ ဖျက်ကြေရွတ်ရောင်း၊ မြုံထောင်းထောင်းနှင့် ဖြစ်လိမ့်မည် (သိုက်)။ပြောလိုရာကို ဖွင့်မပြောမဆိုကား စိတ်ထဲမာ ထိန်းချုပ်ရေ။ စူဌာစန္ဒာရား၏ မိဖုရား စန္
    လိုလား နှစ်သက်ခြင်းမယှိ ဖြစ်သည်။ ကြည်ဖြူနှစ်လိုခြင်း မယှိဖြစ်သည်။ ရွှေမိဖုရား၊ တောင်ညာထားကို၊ မင်းဖျားဘိုးတော်၊ ဖျက်ကြေရွတ်ရောင်း၊ မြုံထောင်းထောင်းနှင့် ဖြစ်လိမ့်မည် (သိုက်)။ပြောလိုရာကို ဖွင့်မပြောမဆိုပဲ စိတ်ထဲတွင် ထိန်းချုပ်သည်။ စူဌာစန္ဒာရား၏ မိဖုရား စန္
    be barren
    ကြိယာ

    မြုံး

    [mɹóʊɴ]
    မထွန်မယက် မစိုက်မပျိုးပဲ၊ ကျွဲ၊ နွားစားရန် သတ်သတ်ထားရေ ဂွက်မြေ
    မထွန်မယက် မစိုက်မပျိုးပဲ၊ ကျွဲ၊ နွားစားရန် သက်သက်ထားသော စားကျက်မြေ
    grassland
    နာမ်

    မြုံ

    [mɹÒʊɴ]
    ကျွဲသည် ရွံ့ညွန်ရီအိုင်မာ လှဲ ပွတ်တိုက်လူး၍ တိုးဝင် ပျော်ပါးရေအခါ ရွံ့ညွန်ရီတိ လှုပ်ရှားနိန်ရေ၏ အဖြစ်။ ငါးကဇာဖို့ ပေါ်ရေရုံ၊ ကျွဲမြုံလို့ ပေါ်ပါရေ၊ ကျွဲက ဇာဖို့မြုံ၊ ရေရုံဖြုတ်ဆိတ်ကေ ကိုက်လို့မြုံပါရေ၊ (တေး)
    ကျွဲသည် ရွံ့ညွန်ရေအိုင်တွင် လဲလျောင်း ပွတ်တိုက်လူး၍ တိုးဝင် ပျော်ပါးသည့်အခါ ရွံ့ညွန်ရေများ လှုပ်ရှားနေသည်၏ အဖြစ်။ ငါးကဇာဖို့ ပေါ်ရေရုံ၊ ကျွဲမြုံလို့ ပေါ်ပါရေ၊ ကျွဲက ဇာဖို့မြုံ၊ ရေရုံဖြုတ်ဆိတ်ကေ ကိုက်လို့မြုံပါရေ၊ (တေး)
    move
    ကြိယာ

    မြုံ၂

    [mɹÒʊɴ၂]
    ၁၊ ငယ်ရေ အမှုန်၊ ငယ်ရေ ဒြပ်အစိတ်အပိုင်း။ မြီလွှာ အထက်ဝန်းကျင်၌ ရစ်ဆိုင်း နီတတ်ရေ အခိုးအငွီ့
    ၁၊ သေးငယ်သော အမှုန်၊ သေးငယ်သော ဒြပ်အစိတ်အပိုင်း။ မြေလွှာ အထက်ဝန်းကျင်၌ ရစ်ဆိုင်း နေတတ်သော အခိုးအငွေ့
    tiny - vapour - smoke - fume
    နာမ်

    မြုံ၂

    [mɹÒʊɴ၂]
    ရီတိ မငြိမ်မသက်အောင် လှုပ်ရွစီရေ။ မတိုင်းယောင် ပြုရေ။ အေ-အိုင်က ရီကို မြုံထုတ်ပြီး ငါးတိပေါ်လှာဖို့ (အရပ်)
    ရေများ မငြိမ်မသက်အောင် လှုပ်ရွစေသည်။ မတည်ငြိမ်အောင် ပြုသည်။ အေ-အိုင်က ရီကို မြုံထုတ်ပြီး ငါးတိပေါ်လာဖို့ (အရပ်)
    stir
    ကြိယာ

    မြုံ၃

    [mɹÒʊɴ၃]
    ရယ်စရာ ဖြစ်ယောင် မခံချင်ဖြစ်ယောင် ပြောဆို ပြုမူရေ။ နောက်ပြောင်ရေ။ အရှုးကို အသိသားနန့်ပင် ဇာဖြစ်လို့ မြုံနီကတ်တေ (အရပ်)
    ရယ်စရာ ဖြစ်အောင် မခံချင်ဖြစ်အောင် ပြောဆို ပြုမူသည်။ နောက်ပြောင်သည်။ အရှုးကို အသိသားနန့်ပင် ဇာဖြစ်လို့ မြုံနီကတ်တေ (အရပ်)
    rally
    ကြိယာ

    မြုံ၄

    [mɹÒʊɴ၄]
    ပျော်လိုရေ သဘောနန့် တံပက်သား မခံချင်အောင် ပြောဆို ပြုမူရေ။ ကြီစပ်ရေ။ ဇာလဲဝေ-အသျှေတိကို မြုံနီရေကာ (အရပ်)
    ပျော်လိုသော သဘောဖြင့် တဘက်သား မခံချင်အောင် ပြောဆို ပြုမူသည်။ ကျီစယ်သည်။ ဇာလဲဝေ-အသျှေတိကို မြုံနီရေကာ (အရပ်)
    rally
    ကြိယာ

    မြုံးခင်း

    [mɹóʊɴkʰɪ́ɴ]
    မြက်ပင်များ ပျံ့နှံ ပေါက်ရောက်သော မြေပြန့်အပြင်။ ၂၊ ကျွဲ၊ နွား ဂွက်ခင်း
    မြက်ပင်များ ပျံ့နှံ ပေါက်ရောက်သော မြေပြန့်အပြင်။ ၂၊ ကျွဲ၊ နွား စားကျက်ခင်း
    grassland
    နာမ်

    မြုံစိစိ

    [mɹÒʊɴsìsì]
    ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား မဟိပဲ။ မျိုသိပ်ထားဗျာယ်။ ပွင့်လင်းခြင်း မဟိပဲ။ ဇာလဲဝေးမြုံစိစိလုပ်နီရေ၊ ပြောကေပြောပါလား (အရပ်)။ ကျယ်ပြန့်သော ကုန်းမြင့်ဒေသ
    ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား မယှိပဲ။ မျိုသိပ်ထားလျက်။ ပွင့်လင်းခြင်း မယှိပဲ။ ဇာလဲဝေးမြုံစိစိလုပ်နီရေ၊ ပြောကေပြောပါလား (အရပ်)။ ကျယ်ပြန့်သော ကုန်းမြင့်ဒေသ
    remain silent
    ကြိယာဝိသေသန

    မြုံဆန်

    [mɹÒʊɴsʰàɴ]
    ၁၊ ရန်ပြုရေ။ ငြိုငြင် ဆင်းရဲအောင် ပြုရေ။ မငြိမ်မသက်အောင် ပြုရေ။ ဇာလဲဝေ အေသူ တယောက် အိမ်မာ မငြိမ်မချမ်းအောင် မြုံအာဘောင်နီရေ (အရပ်)
    ၁၊ ရန်ပြုသည်။ ငြိုငြင် ဆင်းရဲအောင် ပြုသည်။ မငြိမ်မသက်အောင် ပြုသည်။ ဇာလဲဝေ အေသူ တစ်ယောက် အိမ်မှာ မငြိမ်မချမ်းအောင် မြုံဆန်နီရေ (အရပ်)
    attacker
    နာမ်

    မြုံဆန်၂

    [mɹÒʊɴsʰàɴ၂]
    အပျံ့အနှံ့ ထွက်ဝင် ရှာဖွီရေ။ အနှံ့ လှန်လောင်းာ် ရှာဖွီရေ။ ဗလဗွီသတ်အောင် ပြုရေ။ ဇာလဲဝေ အေသူ တယောက် အထဲဝင် အပြင်ထွက် ထိုကိုလှစ် ဒေကိုလှစ်နန့် အိမ်မာ မြုံအာဘောင်နီရေကာ (အရပ်)
    အပျံ့အနှံ့ ထွက်ဝင် ရှာဖွေသည်။ အနှံ့ လှန်လှော် ရှာဖွေသည်။ ရှုပ်ထွေးအောင် ပြုသည်။ ဇာလဲဝေ အေသူ တစ်ယောက် အထဲဝင် အပြင်ထွက် ထိုကိုလှစ် ဒေကိုလှစ်နန့် အိမ်မှာ မြုံဆန်နီရေကာ (အရပ်)
    mix up
    နာမ်

    မြုန်း

    [mɹóʊɴ]
    ထွန်းယက် ပြုပျင်ခြင်း မဟိသိမ့်ရီမြီ။ မစိုက်ပျိုးပဲ သဘာဝအတိုင်း လွှတ်ထားရေ မြေ။ ၂၊ ပြိုပျက်ခလီဗျာယ်းရေ မြို့ရွာ။ ၃၊ လူသူ ဆိတ်သုဉ်းသော နီရာဒေသ။ သတိုးမင်းသား၊ မရှည်နန်းဆက်၊ နှစ်နှစ်ထက်မာ၊ လွန်တုံကျင်သော်၊ မြို့မာမင်းသုဉ်း၊ ကြာမြင့်မြုန်းဟု (မြို့တည်)
    ထွန်းယက် ပြုပြင်ခြင်း မယှိသေးသောမြေ။ မစိုက်ပျိုးပဲ သဘာဝအတိုင်း လွှတ်ထားသော မြေ။ ၂၊ ပြိုပျက်ခဲ့လေပြီးသော မြို့ရွာ။ ၃၊ လူသူ ဆိတ်သုဉ်းသော နေရာဒေသ။ သတိုးမင်းသား၊ မရှည်နန်းဆက်၊ နှစ်နှစ်ထက်တွင်၊ လွန်တုံကျင်သော်၊ မြို့တွင်မင်းသုဉ်း၊ ကြာမြင့်မြုန်းဟု (မြို့တည်)
    silent
    နာမ်

    မြုန်းကွက်

    [mɹóʊɴkwɛʔ]
    ထွန်ယက် စိုက်ပျိုးခြင်း မပြုသိမ့်ရေ မြီကွက်၊ မစိုက်ပျိုးပဲ သဘာဝအတိုင်း လွတ်ထားရေ မြီကွက်
    ထွန်ယက် စိုက်ပျိုးခြင်း မပြုသေးသော မြေကွက်၊ မစိုက်ပျိုးပဲ သဘာဝအတိုင်း လွတ်ထားသော မြေကွက်
    vacant land
    နာမ်

    မြုန်းကွဲ

    [mɹóʊɴkwɛ]
    လယ်တစွက်လုံး ထယ်ထိုးရားသည်
    လယ်တစ်ကွက်လုံး ထယ်ထိုးပြီးသည်
    plough
    ကြိယာ

    မြုန်းခင်း

    [mɹóʊɴkʰɪ́ɴ]
    မြက်ပင်များ ပျံ့နှံပေါက်ရောက်သော မြေပြန့်အပြင်။ ၂၊ ကျွဲ၊ နွား ဂွက်ခင်း
    မြက်ပင်များ ပျံ့နှံပေါက်ရောက်သော မြေပြန့်အပြင်။ ၂၊ ကျွဲ၊ နွား စားကျက်ခင်း
    grassland
    နာမ်

    မြုန်းခွဲ

    [mɹóʊɴkʰwɛ]
    ထယ်ထိုးသည်
    ထယ်ထိုးသည်
    plough
    ကြိယာ

    မြုန်းတော

    [mɹóʊɴtɔ́]
    ထွန်ယက်ခြင်းကို မပြုပဲ ရှည်သွယ်သော မြက်များ ပေါက်ရောက်နီသည့် ပိုင်သျှင်မဲ့ ပြင်လယ်ဂေါင်
    ထွန်ယက်ခြင်းကို မပြုပဲ ရှည်သွယ်သော မြက်များ ပေါက်ရောက်နေသည့် ပိုင်ရှင်မဲ့ ကွင်းပြင်
    vacant land
    နာမ်

    မြုန်းပြင်

    [mɹóʊɴpɹɪ̀ɴ]
    မစိုက်မပျိုးပဲ သဘာဝအတိုင်း လွှတ်ထားရီမြီ
    မစိုက်မပျိုးပဲ သဘာဝအတိုင်း လွှတ်ထားသောမြေ
    vacant land
    နာမ်