Dictionary Entries
Showing 2,121–2,140 of 2,515 words
မ
မြုပ်
[mɹoʊʔ]
Arakanese:
ရေ၊ မြေအစဟိရေ တခုတရီအထဲကို နစ်ဝင်လှားရေ။ ၂၊ မမြင်မသာ၊ အတန်ကြာ ကွယ်ပျောက်နိန်ရေ
Burmese:
ရေ၊ မြေစသော တစ်စုံတစ်ခုအတွင်းသို့ နစ်ဝင်သွားသည်။ ၂၊ မမြင်မသာ၊ အတန်ကြာ ပျောက်ကွယ်နေသည်
English:
sink
Grammar Note:
ကြိယာ
မြုံပြည်
[mɹÒʊɴpɹɛ]
Arakanese:
ဓမ္မဇေယျ အမတ်ကြီးကို စူဋာစန္ဒရား၊ မိဖုရား စန္ဒာဒေဝီ ပြစ်တင်ခြင်းကို မြုံနီကတ်သူတိ တည်ထောင်ခရေ ပြည်။ မြုံပြည်။ (အဂုတြိပူရနယ်၊ အိန္ဒိယပိုင်နက်ထဲမာ ဟိရေ။ စော်ဘွားနှင့် အုပ်ချုပ်ရေ။ ယင်းပြည်၌နိန်ရေ ရခိုင်လူမျိုး၊ မြုံလူမျိုး (ဥတ္တရာဇ်မြုံ၊ ဟဲရုံမြုံ၊
Burmese:
ဓမ္မဇေယျ အမတ်ကြီးကို စူဋာစန္ဒရား၊ မိဖုရား စန္ဒာဒေဝီ ပြစ်တင်ခြင်းကို မြုံနေကြသူများ တည်ထောင်ခဲ့သော ပြည်။ မြုံပြည်။ (ယခုတြိပူရနယ်၊ အိန္ဒိယပိုင်နက်ထဲတွင် ယှိသည်။ စော်ဘွားနှင့် အုပ်ချုပ်သည်။ ယင်းပြည်၌နေသော ရခိုင်လူမျိုး၊ မြုံလူမျိုး (ဥတ္တရာဇ်မြုံ၊ ဟဲရုံမြုံ၊
English:
mjoun country
Grammar Note:
နာမ်
မြုံမ
[mɹÒʊɴm]
Arakanese:
သားသမီး မထွန်းကားသော မမာ့ ပဋိသန္ဓေ ယူနိုင်စွမ်း မဟိသော မမာ့။ အမြုံမ၌ သားမရ။ (ဂုချိန်ခါ မြုံလူမျိုး ရို့စွာ မေါဂ်အမည်ကို ခံယူရေ။
Burmese:
သားသမီး မထွန်းကားသော မိန်းမ ပဋိသန္ဓေ ယူနိုင်စွမ်း မယှိသော မိန်းမ။ အမြုံမ၌ သားမရ။ (ယခုအခါ မြုံလူမျိုး တို့သည် မေါဂ်အမည်ကို ခံယူသည်။
English:
barren - mjoun girl
Grammar Note:
နာမ်
မြုံလို့စား
[mɹÒʊɴlo̰sá]
Arakanese:
ခံမားပစကို မဖွင့်မဟပဲ၊ ပါးချောင်မာ ထားပနာ အံသွားဖြင့် ပွတ်ချေကာ တဆတ်ဆတ် မျိုချရေ။ မုန့်သန်းကို မြုံလို့စားမှ အရသာပေါ်ရေ (အရပ်)
Burmese:
ခံတွင်းပါးစပ်ကို မဖွင့်မဟပဲ၊ ပါးချောင်တွင် ထား၍ အံသွားဖြင့် ပွတ်ချေကာ တဖြည်းဖြည်း မျိုချသည်။ မုန့်သန်းကို မြုံလို့စားမှ အရသာပေါ်ရေ (အရပ်)
English:
chew the cud - ruminate - [fig.] reminisce (about)
Grammar Note:
ကြိယာ
မြူ
[mɹù]
Arakanese:
ငယ်ရေ၊ သေးဖွဲသော အမှုန်။ ၂၊ တမန်းသားအပြင်လွှာ အထက်ဝန်းကျင်၌ ဝိုင်းခွေ တည်နီတတ်ရေ အခိုးအငွီ့
Burmese:
သေးငယ်သော၊ သေးဖွဲသော အမှုန်။ ၂၊ မြေသားအပြင်လွှာ အထက်ဝန်းကျင်၌ ဝိုင်းခွေ တည်နေတတ်သော အခိုးအငွေ့
English:
fog
Grammar Note:
နာမ်
မြူး
[mɹú]
Arakanese:
အလွန်တရာ ပျော်ရွင်မှုဖြစ်ကာ ဝမ်းသာကြည်နူး ဖွယ်ရာဖြင့် မငြိမ်မသက် လှုပ်လှုပ်ရွရွ ဖြစ် ကတ်ရရေ။ ၂၊ စိတ်အား တက်ကြွကာ ပျော်ရွင်နှစ်သိမ့် လန်းဆန်းရေ။ ၃၊ ကြံစည် စိတ်ကူးတိုင်း အသိဉာဏ် ဆဆွယယင် သွန်းထွက်လှာသည်
Burmese:
အလွန့်အလွန် ပျော်ရွင်မှုဖြစ်ကာ ဝမ်းသာကြည်နူး ဖွယ်ရာဖြင့် မငြိမ်မသက် လှုပ်လှုပ်ရွရွ ဖြစ် ကြရသည်။ ၂၊ စိတ်အား တက်ကြွကာ ပျော်ရွင်နှစ်သိမ့် လန်းဆန်းသည်။ ၃၊ ကြံစည် စိတ်ကူးတိုင်း အသိဉာဏ် သွက်သွက်လက်လက် သွန်းထွက်လာသည်
English:
make merry
Grammar Note:
ကြိယာ
မြူခိုး
[mɹùkʰó]
Arakanese:
ငယ်ရေ၊ သေးဖွဲသော အမှုန်။ ၂၊ တမန်းသားအပြင်လွှာ အထက်ဝန်းကျင်၌ ဝိုင်းခွေ တည်နီတတ်ရေ အခိုးအငွီ့
Burmese:
သေးငယ်သော၊ သေးဖွဲသော အမှုန်။ ၂၊ မြေသားအပြင်လွှာ အထက်ဝန်းကျင်၌ ဝိုင်းခွေ တည်နေတတ်သော အခိုးအငွေ့
English:
fog
Grammar Note:
နာမ်
မြူတော
[mɹùtɔ́]
Arakanese:
အပင် ခြုံနွယ်များ ထူထပ် များပြားစွာ ပေါက်ရောက်သော တော။ ၂၊ စိမ့်မြေမာ ကျူပင်ပိုင်ယှောင် မြက်ပင်များ ပေါက်ရောက်သော တော။ ယင်းပိုင် ပေါက်ရောက်သော မြေအဝှမ်း
Burmese:
သစ်ပင် ချုံနွယ်များ ထူထပ် များပြားစွာ ပေါက်ရောက်သော တော။ ၂၊ စိမ့်မြေတွင် ကျူပင်ကဲ့သို့သော မြက်ပင်များ ပေါက်ရောက်သော တော။ ယင်းကဲ့သို့ ပေါက်ရောက်သော မြေအဝှမ်း
English:
ground
Grammar Note:
နာမ်
မြူပြင်
[mɹùpɹɪ̀ɴ]
Arakanese:
ညီညာသော မြီပြင်ကျယ်။ ဟင်းလင်းပြင်။ အကွယ်အကာ အတားအဆီး မဟိသော အပြင်။ ပြန့်ကျယ်သော မြီပြင်
Burmese:
ညီညာသော မြေပြင်ကျယ်။ ဟင်းလင်းပြင်။ အကွယ်အကာ အတားအဆီး မယှိသော အပြင်။ ပြန့်ကျယ်သော မြေပြင်
English:
ground
Grammar Note:
နာမ်
မြောက်
[mɹɔ́ɛʔ]
Arakanese:
အထက်ကို လွင့်တက်ရေ။ အထက်ကို ကြွတက်ရေ
Burmese:
အထက်သို့ လွင့်တက်သည်။ အထက်သို့ ကြွတက်သည်
English:
be high
Grammar Note:
ကြိယာဝိသေသန
မြောက်၂
[mɹɔ́ɛʔ၂]
Arakanese:
မာနတက်ကြွသော။ တစုံတရာ ပြုလုပ် ဆောင်ရွက်ရန် စိတ်ပြင်းပြ ထက်သန်သော
Burmese:
မာနတက်ကြွသော။ တစ်စုံတရာ ပြုလုပ် ဆောင်ရွက်ရန် စိတ်ပြင်းပြ ထက်သန်သော
English:
active
Grammar Note:
နာမဝိသေသန
မြောက်၃
[mɹɔ́ɛʔ၃]
Arakanese:
ကွမ်းရွက်ပုံ အရွက်ဟိ၍ စားသုံးရရေ အမြစ်ဥကြီးများ ဥလေ့ဟိသော နွယ်ပင်တမျိုး
Burmese:
ကွမ်းရွက်ပုံ အရွက်ယှိ၍ စားသုံးရသော အမြစ်ဥကြီးများ ဥလေ့ယှိသော နွယ်ပင်တစ်မျိုး
English:
creeper
Grammar Note:
နာမ်
မြောက်၄
[mɹɔ́ɛʔ၄]
Arakanese:
တောင်ဖက်၏ ဆန့်ကျင်ဘက်ဖြစ်ရေ အရပ်မျက်နှာ။ လက်ဝဲဖက်အရပ်
Burmese:
တောင်ဖက်၏ ဆန့်ကျင်ဘက်ဖြစ်သော အရပ်မျက်နှာ။ လက်ဝဲဖက်အရပ်
English:
north
Grammar Note:
နာမ်
မြောက်ကျွန်း
[mɹɔ́ɛʔt͡ɕʊ́ɴ]
Arakanese:
အာဒိကပ္ပကျမ်းလာ မြောက်ကျွန်း၌ နေကတ်တေ သူရို့စွာ ခုနှစ်ရက်မှ တခေါက် အိပ်ယာထောင်ခြင်းကို ပြုကတ်ကုန်၏။ ငါးပါးသီလ မြဲကတ်ကုန်၏။ ကျွန်းကြီးလီးကျွန်းအနက် မြင့်မိုရ်တောင်၏ မြောက်ဘက်မျက်နှာမာ တည်ဟိ၍ ကျွန်းဦး၌ ပဒေသာပင် ပေါက်ဗျာယ် ဟိနီရေကျွန်း
Burmese:
အာဒိကပ္ပကျမ်းလာ မြောက်ကျွန်း၌ နေကြသော သူတို့သည် ခုနှစ်ရက်မှ တစ်ကြိမ် အိပ်ယာထောင်ခြင်းကို ပြုကြကုန်၏။ ငါးပါးသီလ မြဲကြကုန်၏။ ကျွန်းကြီးလေးကျွန်းအနက် မြင့်မိုရ်တောင်၏ မြောက်ဘက်မျက်နှာတွင် တည်ယှိ၍ ကျွန်းဦး၌ ပဒေသာပင် ပေါက်လျက် ယှိနေသောကျွန်း
English:
north island
Grammar Note:
နာမ်
မြောက်နီဥ
[mɹɔ́ɛʔníʔṵ]
Arakanese:
အရောင်အရဲ ဥသော မြောက်ဥတမျိုး
Burmese:
အရောင်အနီ ဥသော မြောက်ဥတစ်မျိုး
English:
sweet potato (tuber)
Grammar Note:
နာမ်
မြောက်များ
[mɹɔ́ɛʔmrá]
Arakanese:
အရွီအတွက် များရေ များရေ
Burmese:
အရေအတွက် များသော များပြားသော
English:
many
Grammar Note:
နာမဝိသေသန
မြောက်မြောက်
[mɹɔ́ɛʔmɹɔ́ɛʔ]
Arakanese:
ပေါ်လွင်စွာ။ ၂၊ မြင်သာယောင်။ လက်ခမောင်း ဖောင်ဖောင်၊ တင်မြောက်မြောက်နှင့် (ပုံပြင်)
Burmese:
ပေါ်လွင်စွာ။ ၂၊ မြင်သာအောင်။ လက်ခမောင်း ဖောင်ဖောင်၊ တင်မြောက်မြောက်နှင့် (ပုံပြင်)
English:
be evident
Grammar Note:
ကြိယာဝိသေသန
မြောက်လက်ညှိုး
[mɹɔ́ɛʔlɛʔɲ̯ó]
Arakanese:
မှိုဟင်းခေါ် မှိုဟင်း ထွက်ပြူစ နူးညံ့နိန်ရေ အတုတ်အချေကို ခေါ်သောအမည်။ အထွတ်တင်၊ မေ့လင်စားဖို့၊ မြောက်လက်ညှိုး (တေး)
Burmese:
မှိုဟင်းခေါ် ငှက်ကြီးတောင် ထွက်ပြူစ နူးညံ့နေသော အတုတ်ကလေးကို ခေါ်သောအမည်။ အထွတ်တင်၊ မေ့လင်စားဖို့၊ မြောက်လက်ညှိုး (တေး)
English:
kind of creeper
Grammar Note:
နာမ်
မြောက်အိမ်တိုင်
[mɹɔ́ɛʔʔèɪɴtàɪɴ]
Arakanese:
အရွက်ကြီးပြီး တောနက်ထဲမာ ပေါက်ရောက်ယား၊ ကာကီရောင် အဥကြီး ဥသော နွယ်ပင်တမျိုး
Burmese:
အရွက်ကြီးပြီး တောနက်ထဲတွင် ပေါက်ရောက်ပြီး၊ ကာကီရောင် အဥကြီး ဥသော နွယ်ပင်တစ်မျိုး
English:
creeper
Grammar Note:
နာမ်
မြောက်ဥ
[mɹɔ́ɛʔʔṵ]
Arakanese:
မြောက်ဥဟူသမျှကို ခြုံ၍ ခေါ်သောစကား
Burmese:
မြောက်ဥဟူသမျှကို ခြုံ၍ ခေါ်သောစကား
English:
sweet potato - white yam - tuber - bulb
Grammar Note:
နာမ်