Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,141–2,160 of 2,515 words

    မ

    မြောက်ဦး

    [mɹɔ́ɛʔʔú]
    သက္ကရာဇ် ၇၉၂ ခုနှစ်မှ ၁၁၄၆ ခုနှစ်ထိ (၅၄) နှစ်မြို့သက်ရှည်ခရေ မင်းစောမွန် တည်ခရေ့ ရခိုင်မင်းရို့၏ နောက်ဆုံး မြို့တော်။ (ယင်းမြို့မာ အိမ်ခြေ ငါးသိန်းကျော်လီာက် ဟိခရေ ဆို၏။
    သက္ကရာဇ် ၇၉၂ ခုနှစ်မှ ၁၁၄၆ ခုနှစ်ထိ (၅၄) နှစ်မြို့သက်ရှည်ခဲ့သော မင်းစောမွန် တည်ခဲ့သည့် ရခိုင်မင်းတို့၏ နောက်ဆုံး မြို့တော်။ (ယင်းမြို့တွင် အိမ်ခြေ ငါးသိန်းကျော်ခန့် ယှိခဲ့သည် ဆို၏။
    city name
    နာမ်

    မြောင်

    [mɹàʊɴ]
    ကုန်းမြင့် နှစ်ခုကြားမှ အနံကျဉ်းပနာ အလျား ရှည်သွယ်ကာ၊ ရေအမြဲ စီးဆင်းနိန်ရေ ချောက်ရှည်
    ကုန်းမြင့် နှစ်ခုကြားမှ အနံကျဉ်း၍ အလျား ရှည်သွယ်ကာ၊ ရေအမြဲ စီးဆင်းနေသော ချောက်ရှည်
    ravine
    နာမ်

    မြောင်း

    [mɹáʊɴ]
    လူရို့ တူးဖောက်ထားရေ အလျားရှည် နိမ့်ချိုင့်။ ၂၊ ရီစီးရာ လမ်းကြောင်း။ ရီစီးဆင်းရာ ရှည်သွယ်သော နိမ့်ချိုင့်
    လူတို့ တူးဖောက်ထားသော အလျားရှည် နိမ့်ချိုင့်။ ၂၊ ရေစီးရာ လမ်းကြောင်း။ ရေစီးဆင်းရာ ရှည်သွယ်သော နိမ့်ချိုင့်
    drain
    နာမ်

    မြောင်း၂

    [mɹáʊɴ၂]
    အစိတ်စိတ်ဖြစ်ယောင် ဒါးအစဟိစွာအနိန်နန့် လှီးရေ။ အမြှောင်းမြှောင်း ရစ်လှီးသည်
    အစိတ်စိတ်ဖြစ်အောင် ဒါးစသည်ဖြင့် လှီးသည်။ အမြှောင်းမြှောင်း ရစ်လှီးသည်
    cut
    ကြိယာ

    မြောင်းထိုး

    [mɹáʊɴtʰó]
    သစ်သားမာ နိမ့်ချိုင့်ရာ လမ်းကြောင်းပေါ်ယောင် ရွီပေါ်မြောင်းဖြင့် တိုက်ထိုးသည်
    သစ်သားတွင် နိမ့်ချိုင့်ရာ လမ်းကြောင်းပေါ်အောင် ရွေပေါ်မြောင်းဖြင့် တိုက်ထိုးသည်
    clear a clogged drain
    ကြိယာ

    မြောင်းမြောင်း

    [mɹáʊɴmɹáʊɴ]
    အနံကျဉ်းပနာ အလျားရှည်သော မြောင်း
    အနံကျဉ်း၍ အလျားရှည်သော မြောင်း
    drain
    ကြိယာဝိသေသန

    မြောင်မြောင်တည်း

    [mɹàʊɴmɹàʊɴtɛ́]
    ဝတ်ထားရေ ခတောင်းကို တင်လုံးပေါ်ယောင် ပင့်၍ အစကို ပေါင်ကြားမှ လျိုယူကာ ခါးနောက်ပိုင်းမာ တင်သားနှစ်ဘက်ကြား (ဖင်ကြား)မာ ညှပ်ရေ။ ကျင်ကိုင်ဖို့လော မြောင်မြောင်တည်း (အရပ်)
    ဝတ်ထားသော ပုဆိုးကို တင်လုံးပေါ်အောင် ပင့်၍ အစကို ပေါင်ကြားမှ လျိုယူကာ ခါးနောက်ပိုင်းတွင် တင်ပါးနှစ်ဘက်ကြား (ဖင်ကြား)တွင် ညှပ်သည်။ ကျင်ကိုင်ဖို့လော မြောင်မြောင်တည်း (အရပ်)
    none
    ကြိယာဝိသေသန

    မြောဝါး

    [mɹɔ́wàး]
    အဆစ်သွယ်၍ အသားပါးသော ဝါးတမျိုး
    အဆစ်သွယ်၍ အသားပါးသော ဝါးတစ်မျိုး
    bamboo
    နာမ်

    မြော်

    [mɹɔ̀]
    ဉာဏ်ပညာဖြင့် နှိုင်းဆ ဆင်ခြင်ရေ။ ရှုမြင်သည်
    ဉာဏ်ပညာဖြင့် နှိုင်းဆ ဆင်ခြင်သည်။ ရှုမြင်သည်
    see
    ကြိယာ

    မြော်မြင်

    [mɹɔ̀mɹɪ̀ɴ]
    နောင်ဖြစ်ပေါ်လှာမည့် အခြီအရဲ ကာလအတွက်ပါ တွေးဆ ချင့်ချိန်ပြီးကေ ရှုကြည့် ဆင်ခြင်ရေ။ မြော်မြင်ကြီးထွေ၊ ပညာကျယ်သား (ရခိုင်ကာ)
    နောင်ဖြစ်ပေါ်လာမည့် အခြေအနေ ကာလအတွက်ပါ တွေးဆ ချင့်ချိန်၍ ရှုကြည့် ဆင်ခြင်သည်။ မြော်မြင်ကြီးထွေ၊ ပညာကျယ်သား (ရခိုင်ကာ)
    perceive
    ကြိယာ

    မြဲ

    [mɹɛ]
    ပြောင်းရွိခြင်းမဟိ တည်တံ့ရေ။ တောင်းတင်း ကြံ့ခိုင်စွာ တည်သည်
    ပြောင်းရွှေ့ခြင်းမယှိ တည်တံ့သည်။ တောင်းတင်း ကြံ့ခိုင်စွာ တည်သည်
    be firm
    ကြိယာ

    မြဲခိုင်

    [mɹɛkʰàɪɴ]
    ခိုင်ခံစွာ တည်တံ့ငြိကပ်သည်
    ခိုင်ခံစွာ တည်တံ့ငြိကပ်သည်
    be firm
    ကြိယာ

    မြဲမြံ

    [mɹɛmɹံ]
    မရွေ့မလျား နောင်းနောင်း စူးဝင် စွဲတည်သည်
    မရွေ့မလျား ခိုင်ခိုင်မာမာ စူးဝင် စွဲတည်သည်
    be stead fast
    ကြိယာ

    မြွ

    [mWɹ]
    လူတိကိုအနှောင့်အယှက် ဖြစ်ယောင် ကိုယ်ချင်းမစာနာပဲ ထင်ရာပြုသည်
    သူတစ်ပါးကို အနှောင့်အယှက် ဖြစ်အောင် ကိုယ်ချင်းမစာနာပဲ ထင်ရာပြုသည်
    do as one please
    ကြိယာဝိသေသန

    မြွ

    [mWɹ]
    တယောက်ယောက်အား သွီးကြွ စိတ်ကြီး ဝင်အောင် ပြုမူပြောဆိုခြင်း။ သွီးမြောက်အောင် ပြုခြင်း။ လရူးကို မြွလီမြွလီ၊ မြွလီ မြွလီ (အရပ်)
    တစ်စုံတစ်ဦးအား သွေးကြွ စိတ်ကြီး ဝင်အောင် ပြုမူပြောဆိုခြင်း။ သွေးမြောက်အောင် ပြုခြင်း။ အရူးကို မြွလီမြွလီ၊ မြွလီ မြွလီ (အရပ်)
    incitement
    နာမ်

    မြွ၂

    [mWɹ၂]
    အလွန်အကျွံ ပျော်ရွှင် ဝမ်းသားမှုဖြင့် လှုပ်ရှားသည်
    အလွန်အမင်း ပျော်ရွှင် ဝမ်းသားမှုဖြင့် လှုပ်ရှားသည်
    shake
    နာမ်

    မြွ၃

    [mWɹ၃]
    ၁၊ အကျင့် ဖောက်ပြန် လျှပ်ပေါ်သော။ ၂၊ စောင့်စည်း ထိန်းသိမ်းမှု မဟိသော။ မမ(မမာ့)တိ ကကောင်းမြွနီကတ်ဗျာ (အရပ်)
    ၁၊ အကျင့် ဖောက်ပြန် လျှပ်ပေါ်သော။ ၂၊ စောင့်စည်း ထိန်းသိမ်းမှု မယှိသော။ မမ(မိန်းမ)တိ ကောင်းကောင်းမြွနီကတ်ဗျာ (အရပ်)
    prostitute numerical classifier for counting segments
    နာမ်

    မြွက်

    [mWɹɛʔ]
    တခုတရီကို ဖော်ထုတ် ပြောဆိုရေ။ အမိန့်တော် ဟိသည်
    တစ်စုံတစ်ခုကို ထုတ်ဖော် ပြောဆိုသည်။ အမိန့်တော် ယှိသည်
    speak
    နာမ်

    မြွက်ကြား

    [mWɹɛʔt͡ɕá]
    တယောက်ယောက်အား သိဟိအောင် ဖော်ထုတ် ပြောဆိုရေ။ မြွက်ကြားသံချို၊ ဆုံးမဆိုသား။ (ဆုံးမစာ)
    တစ်စုံတစ်ဦးအား သိယှိအောင် ထုတ်ဖော် ပြောဆိုသည်။ မြွက်ကြားသံချို၊ ဆုံးမဆိုသား။ (ဆုံးမစာ)
    give a speech
    နာမ်

    မြွက်ဆို

    [mWɹɛʔsʰÒ]
    ပြောကြားရေ
    ပြောကြားသည်
    give a speech
    နာမ်