Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 201–220 of 2,515 words

    မ

    မင်္ဂလာဟိ

    [mŋ̇galàhì]
    ကောင်းမြတ် ထူးခြားသော ဂုဏ်ရို့နန့် ပြည့်စုံသော။ တင့်ရေသော
    ကောင်းမြတ် ထူးခြားသော ဂုဏ်တို့နှင့် ပြည့်စုံသော။ တင့်တယ်သော
    proper
    နာမဝိသေသန

    မင်္ဂလာအခါ

    [mŋ̇galàʔkʰà]
    မင်္ဂလာဟိသော အမှုကိစ္စတိကို ပြုလုပ်ဗလင့်ဟိသော နိ
    မင်္ဂလာယှိသော အမှုကိစ္စများကို ပြုလုပ်လေ့ယှိသော နေ့
    auspicious day
    နာမ်

    မင်္ဂလာဦး

    [mŋ̇galàʔú]
    သတိုးသားနှင့် သတိုးသမီး မင်္ဂလာ ဆောင်ပြီးစ အချိန်အခါ
    သတိုးသားနှင့် သတိုးသမီး မင်္ဂလာ ဆောင်ပြီးစ အချိန်အခါ
    honey moon period
    နာမ်

    မစင်

    [msɪ̀ɴ]
    သန့်ယှင်း စင်ကြယ်ခြင်း မဟိသောအဖြစ်။ မသန့်ချီးသော အဖြစ်။ အညစ်အကြီး
    သန့်ယှင်း စင်ကြယ်ခြင်း မယှိသောအဖြစ်။ မသန့်မစင်သော အဖြစ်။ အညစ်အကြေး
    faeces
    နာမ်

    မစပ်ကရာ

    [msaʔkɹà]
    ဇာတခုလေ့ ဆက်စပ် အကျုံးဝင်ခြင်း မဟိပဲ။ လိုက်ဖက် စပ်ဟပ်ခြင်း မဟိပဲ
    မည်သို့မျှ ဆက်စပ် အကျုံးဝင်ခြင်း မယှိပဲ။ လိုက်ဖက် စပ်ဟပ်ခြင်း မယှိပဲ
    inexpedient
    ကြိယာဝိသေသန

    မစပ်ကာစပ်ကာ

    [msaʔkàsaʔkà]
    ဟိနီာက် မစပ်ကာစပ်ကာ စကားစုနန့် ဇာတခုလေ့ ဆက်နွယ် အကြောင်းပြုခြင်း မဟိသော အထူးဂါရစကား
    ရှေ့နောက် မစပ်ကာစပ်ကာ စကားစုနှင့် မည်သို့မျှ ဆက်နွယ် အကြောင်းပြုခြင်း မယှိသော မဆီမဆိုင်စကား
    inexpedient
    နာမ်

    မစပ်ကာစပ်ကာ၂

    [msaʔkàsaʔkà၂]
    ဆွီမျိုး စိကေချေ တော်စပ်ရေ
    ဆွေမျိုး အနည်းငယ် တော်စပ်သည်
    distant relative
    ကြိယာ

    မစပ်တငတ်

    [msaʔtŋaʔ]
    အာသာဆန္ဒ မလောက်သောအနိန်နန့်
    အာသာဆန္ဒ မပြည့်ဝသော အားဖြင့်
    incomplete
    ကြိယာဝိသေသန

    မစပ်မစာ

    [msaʔmsà]
    ဇာတခုလေ့ သက်ဆိုင် ဆက်စပ်ခြင်း မဟိပဲ
    မည်သို့မျှ သက်ဆိုင် ဆက်စပ်ခြင်း မယှိပဲ
    inexpedient
    ကြိယာ

    မစားကျီ

    [msát͡ɕí]
    ကိုယ့် ဝန် ဥစ္စာတိကို လူတိက မတရား စားသုံးရေကို မြင်၍ စိတ်ဆာရေ့ သဘောနန့် ပြောသော စကားလုံး
    မိမိ၏ ပစ္စည်း ဥစ္စာများကို သူတစ်ပါးက မတရား စားသုံးသည်ကို မြင်၍ ခံပြင်းသည့် သဘောဖြင့် ပြောသော စကားလုံး
    in a needing or irritating way
    နာမ်

    မစားစာဖြစ်စားစာဖြစ်

    [msásàpʰɹɪʔsásàpʰɹɪʔ]
    စိကေချေလောင်းာက်သာ ဖြစ်ရေ စားသောက်ဖွယ်ရာ။ ပမာဏအနိန်နန့် နည်းခြင်း။ အလွန် နည်းပါးသည့် ပမာဏ။ ‘ယင်းလောက် တဖဲ့သျှေကို၊ မစါးစါဖြစ်စါးစါဖြစ်၊ ဇာဖို့လဲ’ (အရပ်)
    အနည်းငယ်မျှသာ ဖြစ်သော စားသောက်ဖွယ်ရာ။ ပမာဏ အားဖြင့် နည်းခြင်း။ အလွန် နည်းပါးသည့် ပမာဏ။ ‘ယင်းလောက် တဖဲ့သျှေကို၊ မစါးစါဖြစ်စါးစါဖြစ်၊ ဇာဖို့လဲ’ (အရပ်)
    few
    နာမ်

    မစားစာဖြစ်စားစာဖြစ်၂

    [msásàpʰɹɪʔsásàpʰɹɪʔ၂]
    မစားစလောက်။ စားလောက်ယောင် လောက်ငှခြင်းမဟိပဲ
    မစားစလောက်။ စားလောက်အောင် လုံလောက်ခြင်းမယှိပဲ
    inadequate
    ကြိယာဝိသေသန

    မစာညှာ

    [msàɲ̯à]
    စာနာ ထောက်ထားခြင်း မဟိဖြစ်တေ။ ‘ကိုယ့်ပင်လျှင်၊ မကြင်မသနား၊ မတွယ်စွာပါ၊ သတ္တဝါကို၊ မစာညှာပဲ’ (ထွန်းတိ)
    စာနာ ထောက်ထားခြင်း မယှိဖြစ်သည်။ ‘မိမိပင်လျှင်၊ မကြင်မသနား၊ မတွယ်တာပါ၊ သတ္တဝါကို၊ မစာညှာပဲ’ (ထွန်းတိ)
    regardless
    ကြိယာ

    မစားတကွန်

    [msátkʊ̀ɴ]
    (မစားဟန်) အကွန်ဆောင်နိန်ရေ။ ‘မစားတကွန်၊ စားအိုးသန်၊ တဇွန်းယူခ၊ တယောက်မ’ (ရိုးရာ)
    (မစားဟန်) ဟန်ဆောင်နေသည်။ ‘မစားတကွန်၊ စားအိုးသန်၊ တဇွန်းယူခ၊ တစ်ယောက်မ’ (ရိုးရာ)
    pretend
    ကြိယာ

    မစားရတတ်

    [msáɹtaʔ]
    စားစရာ မပြည့်စုံသူ။ ချိုရေသူ
    စားစရာ မပြည့်စုံသူ။ ချိုတဲ့သူ
    needy
    နာမ်

    မစားရတတ်စားရတတ်

    [msáɹtaʔsáɹtaʔ]
    စားစရာ သောက်စရာ မဟိသည်၏ အဖြစ်။ ၂၊ မစားရတခါ စားရတခါ တခေါက် တခါသာ၊ စားရရေ၏အဖြစ်။ ‘ရင်ဆီသောက်စား၊ မေ့သားစုကေ၊ မျက်ရှုသားနန့်၊ မစားရတတ် စားရတတ်ကေ၊ ငတ်မွတ်နီမည်၊ ဆိုတုံပေက’ (ကော်)
    စားစရာ သောက်စရာ မယှိသည်၏ အဖြစ်။ ၂၊ မစားရတခါ စားရတခါ တစ်ကြိမ် တစ်ခါသာ၊ စားရသည်၏အဖြစ်။ ‘ရင်ဆီသောက်စား၊ မေ့သားစုကေ၊ မျက်ရှုသားနှင့်၊ မစားရတတ် စားရတတ်လျှင်၊ ငတ်မွတ်နီမည်၊ ဆိုတုံပေက’ (ကော်)
    needy
    နာမ်

    မစားရတတ်စားရတတ်၂

    [msáɹtaʔsáɹtaʔ၂]
    ကောင်းမွန် မြိန်ယှက်သော အစာ အာဟာရရို့ကို စားသောက်ရရေ၏ အဖြစ်။ ‘အေ-တခါတရီလည်း ကြက်သား၊ ဝက်သားနှင့် မစားရတတ် စားရတတ် စားကတ်ပန်ရေဗျာယ်’ (အရပ်)
    ကောင်းမွန် မြိန်ယှက်သော အစာ အာဟာရတို့ကို စားသောက်ရသည်၏ အဖြစ်။ ‘အေ-တစ်ခါတရီလည်း ကြက်သား၊ ဝက်သားနှင့် မစားရတတ် စားရတတ် စားကတ်ပန်ရေဗျာယ်’ (အရပ်)
    eat
    နာမ်

    မစိတစိ

    [msìtsì]
    စိကေချေအကြား လစ်လပ်ဗျာယ်။ ၂၊ ကိုယ်ခန္ဓာကို အဝတ်အထည် လောက်လုံစွာ မဖုံးအုပ်ပဲ။ ‘အခြီစင်းစင်း၊ လက်ကျင်းကျင်းသည်၊ ဝတ်ခြင်းပင်၊ ရင်မစိတစိတည်း’ (ဗမာချီ)
    အနည်းငယ်အကြား လစ်လပ်လျက်။ ၂၊ ကိုယ်ခန္ဓာကို အဝတ်အထည် ပြည့်ဝလုံစွာ မဖုံးအုပ်ပဲ။ ‘အခြီစင်းစင်း၊ လက်ကျင်းကျင်းသည်၊ ဝတ်ခြင်းပင်၊ ရင်မစိတစိတည်း’ (ဗမာချီ)
    vacant
    ကြိယာဝိသေသန

    မစို့ကရို့

    [mso̰kɹo̰]
    တခုတရီသော အတိုင်းအတာ မပြည့် မမီသော အလွန်နည်းပါးသည့် ပမာဏ
    တစ်စုံတစ်ခုသော အတိုင်းအတာ မပြည့် မမီသော အလွန်နည်းပါးသည့် ပမာဏ
    hardly enough
    နာမ်

    မစိုက်မစာ

    [msaɪʔmsà]
    ဂရုမစိုက် အရီးတယူ မလုပ်ပဲ ထားရေ။ စွန့်ပယ် ထားရေ။ ‘မယားကိုပစ်၊ သားကိုပစ်လို့၊ မစိုက်မစာ၊ မချစ်ပါရာ၊ စွန့်ခွာပြီးမှ (ကော်)
    ဂရုမစိုက် အရေးတယူ မလုပ်ပဲ ထားသည်။ စွန့်ပယ် ထားသည်။ ‘မယားကိုပစ်၊ သားကိုပစ်လို့၊ မစိုက်မစာ၊ မချစ်ပါပဲ၊ စွန့်ခွာပြီးမှ (ကော်)
    ignore
    ကြိယာ