Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,181–2,200 of 2,515 words

    မ

    မြွှားကောင်

    [ɹW̯ákàʊɴ]
    ကျွဲ၊ နွား အစဟိစွာတိကို တွယ်ကပ်၍ ကိုက်ခဲသွီးစုပ် တတ်ရေ ပိုးကောင်ငယ်တမျိုး
    ကျွဲ၊ နွား စသည်များကို တွယ်ကပ်၍ ကိုက်ခဲသွေးစုပ် တတ်သော ပိုးကောင်ငယ်တစ်မျိုး
    insect
    နာမ်

    မြှင့်

    [mɹ̯ɪ̀ɴ့]
    ၁၊ အထက်ကို ရွိ့စီ ရောက်စီရေ။ မူလ တည်နီရာထက် မြင့်တက်စီရေ။ ၂၊ ပညာ၊ ဂုဏ်ရည် အစဟိစွာ အဆင့် တိုးတက်စီရေ
    ၁၊ အထက်သို့ ရွေ့စေ ရောက်စေသည်။ မူလ တည်နေရာထက် မြင့်တက်စေသည်။ ၂၊ ပညာ၊ ဂုဏ်ရည် စသည် အဆင့် တိုးတက်စေသည်
    improve
    နာမ်

    မြှင့်တင်

    [mɹ̯ɪ̀ɴ့tɪ̀ɴ]
    အထက်ကို မြှင့်တက်အောင် တိုးပင့်သည်
    အထက်သို့ မြှင့်တက်အောင် တိုးပင့်သည်
    update
    ကြိယာ

    မြှား

    [mɹ̯á]
    များရွီတွက်နန့် လောင်းးကြိုးကို ဆွဲပနာ ပစ်လွှတ်ရရေ အရင်းမာ ကြက်ခြေပုံစံ ဒလက်ပါ၍ ချွန်ထက်သော အဖျားဟိသည့် အဝီးပစ် လက်နက်တမျိုး။ ဗြန်းခနဲလျှင်၊ လက်ဝဲဇာညာ၊ မြှားလာရာကို၊ မွှေကာရှာမြောက် (ဆန္ဒန်)
    များသောအားဖြင့် လေးကြိုးကို ဆွဲ၍ ပစ်လွှတ်ရသော အရင်းတွင် ကြက်ခြေပုံစံ ဒလက်ပါ၍ ချွန်ထက်သော အဖျားယှိသည့် အဝေးပစ် လက်နက်တစ်မျိုး။ ဗြန်းခနဲလျှင်၊ လက်ဝဲဘယ်ညာ၊ မြှားလာရာကို၊ မွှေကာရှာမြောက် (ဆန္ဒန်)
    arrow
    နာမ်

    မြှားဆိပ်ပင်

    [mɹ̯ásʰìaʔpɪ̀ɴ]
    ညောင်ရွက်နှင့်ဆင်ကာ ရွက်ဖျားဝိုင်း၍ စိကေချေချွန်ပြီး အခေါက် နက်ပြာရောင်ဟိ၍ ဆီးဖော်စပ်ရာမာ ပင်ဖြစ်ဖြစ်၊ အဆိပ်အဖြစ်ဖြင့် ပင်ဖြစ်ဖြစ်၊ အသုံးပြုနှိုင်ရေ အစီးထွက်သည့် ပင်ကြီးတမျိုး
    ညောင်ရွက်နှင့်ဆင်ကာ ရွက်ဖျားဝိုင်း၍ အနည်းငယ်ချွန်ပြီး အခေါက် နက်ပြာရောင်ယှိ၍ ဆေးဖော်စပ်ရာတွင် လည်းကောင်း၊ အဆိပ်အဖြစ်ဖြင့် လည်းကောင်း၊ အသုံးပြုနိုင်သော အစေးထွက်သည့် ပင်ကြီးတစ်မျိုး
    poison plant
    နာမ်

    မြှားပြ

    [mɹ̯ápɹ]
    တခုတရီသော နီရာကို ညွှန်းရန် မြားဦးသဏ္ဍာန်ပုံကို ရီးသား၍ ရှီးရှု ပြညွှန်ထားရေ
    တစ်စုံတစ်ခုသော နေရာကို ညွှန်းရန် မြားဦးသဏ္ဍာန်ပုံကို ရေးသား၍ ရှေးရှု ပြညွှန်ထားသည်
    point
    နာမ်

    မြှားလက်

    [mɹ̯álɛʔ]
    မကွေ့မထောင့် မြားတံ ဖြောင့်မတ်စွာ လားယောင် မြားတံ၏ အရင်းစွန်း၌ ထိန်းပီးသည့် ပဲ့သဖောတပ်ထားရေ့ အပြားချပ်။ မြားတံ၏ အရင်းစွန်း၌ ကြက်တောင်၊ ကြက်မွီး၊ ဌက်တောင်၊ ဌက်မွေးတိနန့် ပွရွအောင် ခြည်မျှင်ဖြင့် ကုံးသည်
    မကွေ့မထောင့် မြားတံ ဖြောင့်မတ်စွာ သွားအောင် မြားတံ၏ အရင်းစွန်း၌ ထိန်းပေးသည့် ပဲ့သဘော တပ်ထားသည့် အပြားချပ်။ မြားတံ၏ အရင်းစွန်း၌ ကြက်တောင်၊ ကြက်မွေး၊ ဌက်တောင်၊ ဌက်မွေးများဖြင့် ပွရွအောင် ခြည်မျှင်ဖြင့် ကုံးသည်
    (of arrow) feather vane
    နာမ်

    မြှုံ

    [mɹ̯òʊɴ]
    ရယ်စရာဖြစ်ယောင် မခံချင်ဖြစ်ယောင် ပြောဆို ပြုမူရေ။ နောက်ပြောင်ရေ။ အရှုးကို အသိသားနန့်ပင် ဇာဖြစ်လို့ မြှုံနီကတ်တေ (အရပ်)
    ရယ်စရာဖြစ်အောင် မခံချင်ဖြစ်အောင် ပြောဆို ပြုမူသည်။ နောက်ပြောင်သည်။ အရှုးကို အသိသားနန့်ပင် ဇာဖြစ်လို့ မြှုံနီကတ်တေ (အရပ်)
    rally
    ကြိယာ

    မြှုံး

    [mɹ̯óʊɴ]
    မြှုံးအမျိုးမျိုးကို ခြုံ၍ ခေါ်သော စကား။ (မြှုံးဝမ်းပူ၊ မြှုံးပန်းကျား၊ မြှုံးပတ်မ စရေ။
    မြှုံးအမျိုးမျိုးကို ခြုံ၍ ခေါ်သော စကား။ (မြှုံးဝမ်းပူ၊ မြှုံးပန်းကျား၊ မြှုံးပတ်မ စသည်။
    fishing tool
    နာမ်

    မြှုံး၂

    [mɹ̯óʊɴ၂]
    ငါးထောင်ဖို့အတွက် ဝါးတံတိနန့် ပြုလုပ်ထားရေ လမ်းဝသာဟိပြီး ပြန်ပနာ မထွက်နှိုင်ယောင် လျှာထည့်ထားရေ့ ပိုက်ချ ကိရိယာတမျိုး
    ငါးထောင်ရန်အတွက် ဝါးတံများဖြင့် ပြုလုပ်ထားသော ဝင်ပေါက်သာယှိပြီး ပြန်၍ မထွက်နိုင်အောင် လျှာထည့်ထားသည့် ငါးဖမ်း ကိရိယာတစ်မျိုး
    fishing tool
    နာမ်

    မြှုပ်တုံပေါ်တုံ

    [mɹ̯oʊʔtòʊɴpɔ̀tòʊɴ]
    မြှုပ်ခြည်းပေါ်ခြည်း ဖြစ်ဗျာယ်
    မြှုပ်ချည်းပေါ်ချည်း ဖြစ်လျက်
    sink
    ကြိယာဝိသေသန

    မြှေး

    [mɹ̯é]
    ပင့်ကူအိမ်ပိုင် ငြိကပ် ဖုံးအုပ်ရေ။ အပြန်အလှန် ကူးလူး ဆက်သွယ်သည်
    ပင့်ကူအိမ်ကဲ့သို့ ငြိကပ် ဖုံးအုပ်သည်။ အပြန်အလှန် ကူးလူး ဆက်သွယ်သည်
    intercourse
    နာမ်

    မြှေးယှက်

    [mɹ̯éʃɛʔ]
    ရစ်ဆိုင်းကာ သန်းရေ။ ယှက်သန်း ဖုံးကွယ်သည်
    ရစ်ဆိုင်းကာ သန်းသည်။ ယှက်သန်း ဖုံးကွယ်သည်
    intercourse
    နာမ်

    မြှောက်

    [mɹ̯ɔ́ɛʔ]
    ၁၊ တခုတရီသော ဝတ္တုကို အထက်ကို မြင့်တက်အောင် ပင့်မရေ။ အထက်ကို ပင့်တင်ရေ။ ၂၊ မြင့်မြတ်သော အရာသို့ တင်ရေ။ ရောက်စီသည်
    ၁၊ တစ်စုံတစ်ခုသော ဝတ္တုကို အထက်သို့ မြင့်တက်အောင် ပင့်မသည်။ အထက်သို့ ပင့်တင်သည်။ ၂၊ မြင့်မြတ်သော အရာသို့ တင်သည်။ ရောက်စေသည်
    instigation
    နာမ်

    မြှောက်ကော်ပင့်လုံး

    [mɹ̯ɔ́ɛʔkɔ̀pɪ̀ɴ့lóʊɴ]
    မြှောက်ပင့် ပြောဆိုချက်။ မြှောက်ပင့်စကား
    မြှောက်ပင့် ပြောဆိုချက်။ မြှောက်ပင့်စကား
    cajolery
    နာမ်

    မြှောက်ချီပင့်ချီ

    [mɹ̯ɔ́ɛʔɕípɪ̀ɴ့ɕí]
    ယုတ်ညံ့သော စေတနာနှင့် မြှောက်ပင့် ပီးရွီတွက်နန့်။ အရာသူ တဦးအား ဆန့်ကျင်ဘက် ပြိုင်စီရန် မြှောက်ပင့်ပေးဗျာယ်
    ယုတ်ညံ့သော စေတနာနှင့် မြှောက်ပင့် ပေးသောအားဖြင့်။ အခြားသူ တစ်ဦးအား ဆန့်ကျင်ဘက် ပြိုင်စေရန် မြှောက်ပင့်ပေးလျက်
    cajolery
    နာမ်

    မြှောက်ချီပင့်ချီ

    [mɹ̯ɔ́ɛʔɕípɪ̀ɴ့ɕí]
    ယုတ်ညံ့သော စေတနာနှင့် မြှောက်ပင့် ပီးရေ။ ရန်တိုက်လိုရေ စိတ်ဖြင့် မြှောက်ပင့်ပီးရေ
    ယုတ်ညံ့သော စေတနာနှင့် မြှောက်ပင့် ပေးသော။ ရန်တိုက်လိုသော စိတ်ဖြင့် မြှောက်ပင့်ပေးသော
    instigate or incite enmity
    ကြိယာဝိသေသန

    မြှောက်စည်

    [mɹ̯ɔ́ɛʔsɛ̀]
    ဘုရင်မင်းမြတ်ရို့ ညီလာခံ သဘင်သို့ ကြွချီတော်မူရေအခါ တီးခတ်ရရေ စည်တော်။ တီးငြားမြှောက်စည်၊ ဗြုန်းဗြုန်းမြည်ဗျာယ် (ရခိုင်ကာ)
    ဘုရင်မင်းမြတ်တို့ ညီလာခံ သဘင်သို့ ကြွချီတော်မူသည့်အခါ တီးခတ်ရသော စည်တော်။ တီးငြားမြှောက်စည်၊ ဗြုန်းဗြုန်းမြည်လျက် (ရခိုင်ကာ)
    royal drum
    နာမ်

    မြှောက်စည်အစု

    [mɹ̯ɔ́ɛʔsɛ̀ʔsoʊ]
    ရခိုင်ဘုရင် မင်းမြတ် လက်ထက် သဘင်ဆိုင်ရာ သဘင်အစုအဖွဲ့။ ညီလာခံ အထွက်အဝင်၊ တိုင်းခန်း လှည့်လည်ရာမာ အထွက်အဝင် အစဟိစွာရို့မာ တီးခတ်ရရေ မြောက်စည် အစုအဖွဲ့အစဟိစွာ ဖွဲ့ထားရေ စည်အစုအဖွဲ့
    ရခိုင်ဘုရင် မင်းမြတ် လက်ထက် သဘင်ဆိုင်ရာ သဘင်အစုအဖွဲ့။ ညီလာခံ အထွက်အဝင်၊ တိုင်းခန်း လှည့်လည်ရာ၌ အထွက်အဝင် စသည်တို့၌ တီးခတ်ရသည့် မြောက်စည် အစုအဖွဲ့စသည် ဖွဲ့ထားသော စည်အစုအဖွဲ့
    royal drum group
    နာမ်

    မြှောက်ဆီးတင်

    [mɹ̯ɔ́ɛʔsʰïtɪ̀ɴ]
    ပိုပြီးကေ ရဲကေ့အောင်၊ တက်ကြွမှုဟိအောင်၊ သွီးမြောက်အောင်၊ ကိုယ်အားစိတ်အား တိုးတက်ယောင် တခုတရီ ဆောင်ရွက်ရေ။ အားတင်းရေ။ ရဲဆီးတင်သည်
    ပိုမို ရဲရင့်အောင်၊ တက်ကြွမှုယှိအောင်၊ သွေးမြောက်အောင်၊ ကိုယ်အားစိတ်အား တိုးတက်အောင် တစ်စုံတစ်ရာ ဆောင်ရွက်သည်။ အားတင်းသည်။ ရဲဆေးတင်သည်
    pull oneself together - pluck up courage - muster up one’s courage - fill up with Dutch courage
    ကြိယာ