Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,201–2,220 of 2,515 words

    မ

    မြှောက်ဆီးပီး

    [mɹ̯ɔ́ɛʔsʰïpï]
    ကြောက်ရွံ့ ဆုတ်နစ်ခြင်း ကင်းပြီးကေ စွမ်းဆောင်နိုင်မှု ဟိအောင် မဆုတ်မတွန့် တက်ကြွဝံ့စားသော သတ္တိစိတ်ဟိအောင် ရဲတင်းဖြည့်သည့် သဘောနန့် တခုတရီသော အခွင့်အရီးကို ပီးရေ
    ကြောက်ရွံ့ ဆုတ်နစ်ခြင်း ကင်း၍ စွမ်းဆောင်နိုင်မှု ယှိအောင် မဆုတ်မတွန့် တက်ကြွဝံ့စားသော သတ္တိစိတ်ယှိအောင် ရဲတင်းဖြည့်သည့် သဘောဖြင့် တစ်စုံတစ်ခုသော အခွင့်အရေးကို ပေးသည်
    give opportunity
    ကြိယာ

    မြှောက်တုံချီချ

    [mɹ̯ɔ́ɛʔtòʊɴɕíɕ]
    စိတ်မတောင်မကျ ဖြစ်တေ။ ဇာလဲဝေး အေ အထုပ်တထုပ်ကို မြှောက်တုံချီချ လုပ်နီရေ၊ စိတ်မချရလို့လား (အရပ်)
    စိတ်မတင်မကျ ဖြစ်သည်။ ဇာလဲဝေး အေ အထုပ်တစ်ထုပ်ကို မြှောက်တုံချီချ လုပ်နီရေ၊ စိတ်မချရလို့လား (အရပ်)
    In limbo - in a noncommittal way
    ကြိယာဝိသေသန

    မြှောက်ပီး

    [mɹ̯ɔ́ɛʔpï]
    တယောက်တလီအား သွီးကြွ စိတ်ကြီး ဝင်အောင် ပြုမူပြောဆိုရေ။သွီးနကျီ ရောက်ယောင် ပြုသည်
    တစ်စုံတစ်ယောက်အား သွေးကြွ စိတ်ကြီး ဝင်အောင် ပြုမူပြောဆိုသည်။ သွေးနားထင် ရောက်အောင် ပြုသည်
    instigation
    နာမ်

    မြှောက်ပီမြှောက်ပင့်

    [mɹ̯ɔ́ɛʔpímɹ̯ɔ́ɛʔpɪ̰ɴ]
    ချေပ ပြောဆိုရေ။ စိတ်ကျီနပ် တက်ကြွအောင် ပြုရေ။ ပကတိ အမှန်ထက် ကဲ၍ တင်စား ချီးကျူးသည်
    ချေပ ပြောဆိုသည်။ စိတ်ကျေနပ် တက်ကြွအောင် ပြုသည်။ ပကတိ အမှန်ထက် ကဲ၍ တင်စား ချီးကျူးသည်
    praise
    ကြိယာဝိသေသန

    မြှောက်လုံးပင့်ကော်

    [mɹ̯ɔ́ɛʔlóʊɴpɪ̀ɴ့kɔ̀]
    မြှောက်ပင့် ပြောဆိုချက်။ မြှောက်ပင့် စကား
    မြှောက်ပင့် ပြောဆိုချက်။ မြှောက်ပင့် စကား
    cajolery
    နာမ်

    မြှောင့်

    [mɹ̯a̰ʊɴ]
    သစ်သီး အစဟိစွာ၏ ရှည်သွယ်သော အစိတ်အမြွှာ။ အေးဖရဲသီးကို ဒါးနန့်ငါးမြောင်း မြှောင့် (အရပ်)
    သစ်သီး စသည်၏ ရှည်သွယ်သော အစိတ်အမြွှာ။ အေးဖရဲသီးကို ဒါးနန့်ငါးမြောင်း မြှောင့် (အရပ်)
    act of splitting
    နာမ်

    မြှောင်း

    [mɹ̯áʊɴ]
    သစ်သီး အစဟိစွာ၏ ရှည်သွယ်သော အစိတ်အမြွှာ။ အေးဖရဲသီးကို ဒါးနန့်ငါးမြောင်း မြှောင့် (အရပ်)
    သစ်သီး စသည်၏ ရှည်သွယ်သော အစိတ်အမြွှာ။ အေးဖရဲသီးကို ဒါးနန့်ငါးမြောင်း မြှောင့် (အရပ်)
    act of splitting
    နာမ်

    မြှောင်း၂

    [mɹ̯áʊɴ၂]
    အစိတ်စိတ် ဖြစ်ယောင် ဒါးအစဟိစွာအနိန်နန့် လှီးရေ။ အမြှောင်းမြောင်း ဖြစ်ယောင် လှီးသည်
    အစိတ်စိတ် ဖြစ်အောင် ဒါးစသည်ဖြင့် လှီးသည်။ အမြှောင်းမြောင်း ဖြစ်အောင် လှီးသည်
    cut
    နာမ်

    မွ့

    [mw့]
    ဖွဖြင့် ပြုလုပ်ထားရေ အနားပတ်လည် ပြန့်ပါဟိသည့် ဝထုပ်တမျိုး။ ဝထုပ် အမျိုးမျိုးကို ခြုံ၍ခေါ်သော အမည်
    ဖော့ဖြင့် ပြုလုပ်ထားသော အနားပတ်လည် ပြန့်ပါယှိသည့် ဦးထုပ်တစ်မျိုး။ ဦးထုပ် အမျိုးမျိုးကို ခြုံ၍ခေါ်သော အမည်
    hat
    နာမ်

    မွ မွိရာ

    [mw mwìɹà]
    လဲမွိ သွတ်သွင်းထားရေ့ မွီ့ရာ
    လဲမွိ သွတ်သွင်းထားသည့် မွေ့ရာ
    silk cotton
    နာမ်

    မွ့၂

    [mw့၂]
    ကျက်နပ်ခြင်း၊ နူးပွခြင်း အစဟိစွာရို့ကြောင့် ပျောင်းခြင်းမဟိပဲ ဖွားရွဗျာယ်တည်သော။ မြောက်ဥမွ့လို့ ခြီရေရေ (အရပ်)
    ကျက်နပ်ခြင်း၊ နူးပွခြင်း စသည်တို့ကြောင့် စေးကပ်ခြင်းမယှိပဲ ဖွားရွလျက်တည်သော။ မြောက်ဥမွ့လို့ စားကောင်းရေ (အရပ်)
    be spongy
    နာမဝိသေသန

    မွ့၃

    [mw့၃]
    မုန့်မုန့်ညက်ညက် ဖြစ်တေ။ အင်္ကျီတလုံး မွ့ကျယောင် ကြွက်ကိုက်ပစ်ခီတေ၊ အချင်းလည်း ဝတ်ဖို့မရလိုက်ဗျာယ် (အရပ်)
    မုန့်မုန့်ညက်ညက် ဖြစ်သည်။ အင်္ကျီတစ်လုံး မွ့ကျယောင် ကြွက်ကိုက်ပစ်လိုက်တေ၊ အချင်းလည်း ဝတ်ဖို့မရလိုက်ဗျာယ် (အရပ်)
    crushed
    ကြိယာ

    မွ့စာ

    [mw့sà]
    လဲဝါပင်၊ လက်ပံပင်ရို့၏ အသီးမှရဟိသော နူးညံ့သည့် အမျှင်ထွေး
    လဲဝါပင်၊ လက်ပံပင်တို့၏ အသီးမှရယှိသော နူးညံ့သည့် အမျှင်ထွေး
    silk cotton
    နာမ်

    မွ့စာပင်

    [mw့sàpɪ̀ɴ]
    ခေါင်းအုံး၊ မွီ့ရာ အစဟိစွာရို့မာ အစာသွတ်သွင်းရရေ (လဲဝါ) အပင်
    ခေါင်းအုံး၊ မွေ့ရာ စသည်တို့တွင် အစာသွတ်သွင်းရသည့် (လဲဝါ) အပင်
    silk cotton
    နာမ်

    မွ့တိမွ့တာ

    [mw့tìmw့tà]
    အမှုန့်အမှုန့် ဖြစ်တေ။ သိသိကြေရေ။ သိကြားပြည်သူ၊ ဝင်ပြီးကေကူလည်း မီးပုံမာကျ၊ ပိုးမွှားပခသို့၊ မွ့မွ့ကြီမည်၊ တဧကန်လေ၊ မှန်ချွတ်ကေ၊ မလွတ်ချေဟု (ကော်)
    အမှုန့်အမှုန့် ဖြစ်သည်။ သိသိကြေသည်။ သိကြားပြည်သူ၊ ဝင်၍ကူလည်း မီးပုံတွင်ကျ၊ ပိုးမွှားပခသို့၊ မွ့မွ့ကြီမည်၊ တဧကန်လေ၊ မှန်ချွတ်ကေ၊ မလွတ်ချေဟု (ကော်)
    be crushed
    ကြိယာ

    မွတ်

    [mwaʔ]
    အစာ အာဟာရကို ဝမ်းမားက တောင့်တရေ။ ညောင်းညာဘိခြင်း၊ ထမင်းဟင်းမွတ်၊ ဝမ်းဆာဆာနှင့်၊ အစာငတ်လို့ (ဂုတ္တိလ)။ ၂၊ အစာပြတ်လပ်ရေ။ စားသောက်ဖွယ် ကင်းမဲ့ရေ။ အစာပြတ်လပ်၍ အလွန် စားချင်စိတ် ဖြစ်ပေါ်ရေ။ အစာအာဟာရ၊ ငါရို့ကလေ့၊ ဆာလှတုံလိုက်၊ မွတ်လို့နီကေ ဤအခိုက်နှင့်၊ အ
    အစာ အာဟာရကို ဝမ်းတွင်းက တောင့်တသည်။ မောပန်းဘိခြင်း၊ ထမင်းဟင်းမွတ်၊ ဝမ်းဆာဆာနှင့်၊ အစာငတ်လို့ (ဂုတ္တိလ)။ ၂၊ အစာပြတ်လပ်သည်။ စားသောက်ဖွယ် ကင်းမဲ့သည်။ အစာပြတ်လပ်၍ အလွန် စားချင်စိတ် ဖြစ်ပေါ်သည်။ အစာအာဟာရ၊ ငါရို့ကလည်း၊ ဆာလှတုံလိုက်၊ မွတ်လို့နီကေ ဤအခိုက်နှင့်၊ အ
    be famished
    နာမ်

    မွတ်၂

    [mwaʔ၂]
    ရှုချင်စဖွယ် တင့်ရေသော အဆင်းအသွယ် ဟိသော ဖဲအင်္ကျီလေ၊ ခါးဆီဖျားမာ၊ ကားကားကပ်လို့၊ လှမွတ်ကောင်းစွာ၊ မောင့်ကြင်ရာကို ကြည့်ခါမညီး (ရီလား)
    ရှုချင်စဖွယ် တင့်တယ်သော အဆင်းအသွယ် ယှိသော ဖဲအင်္ကျီလေ၊ ခါးဆီဖျားမှာ၊ ကားကားကပ်လို့၊ လှမွတ်ကောင်းစွာ၊ မောင့်ကြင်ရာကို ကြည့်ခါမညီး (ရီလား)
    proper
    နာမ်

    မွတ်မွတ်

    [mwaʔmwaʔ]
    မြတ်နိုး ယုံကြည်စွာဖြင့် လေးစားခြင်း ပြုရေ။ ရိုသေ လေးမြတ်ရေ။ လက်ကယ်ဆယ်ချောင်း၊ စုံစွာပေါင်း၊ မွတ်မွတ်လည်ပျင်၊ ဆယ်ချောင်းလက်ကို၊ ဦးထိပ်တင်ပါရေ (ဓမ္မက)
    မြတ်နိုး ယုံကြည်စွာဖြင့် လေးစားခြင်း ပြုသည်။ ရိုသေ လေးမြတ်သည်။ လက်ကယ်ဆယ်ချောင်း၊ စုံစွာပေါင်း၊ မွတ်မွတ်လည်ပျင်၊ ဆယ်ချောင်းလက်ကို၊ ဦးထိပ်တင်ပါရေ (ဓမ္မက)
    respect
    နာမဝိသေသန

    မွတ်မွတ်၂

    [mwaʔmwaʔ၂]
    လူမှုကျင့်ဝတ်အရ မတော်မတရား ပြုရွီတွက်နန့်။ မမာ့၊ ခင်ပွန်း တဦးပါးကို၊ လွန်ကာကျူးကေ၊ မကူးငြားနှင့်၊ သီးသန့်သတ်မှတ်၊ ထားရေရပ်မာ၊ မွတ်မွတ်မနေ၊ သင်နောက်ထပ်လီ၊ လွန်ကာကျူးကေ၊ ကူးလားရီလား (မျိုးက်)
    လူမှုကျင့်ဝတ်အရ မတော်မတရား ပြုသောအားဖြင့်။ မိန်းမ၊ ယောက်ကျား တစ်ဦးထံသို့၊ လွန်ကာကျူးကေ၊ မကူးငြားနှင့်၊ သီးခြားသတ်မှတ်၊ ထားသည်ရပ်မှာ၊ မွတ်မွတ်မနေ၊ သင်တဖန်လေ၊ လွန်ကာကျူးကေ၊ ကူးသွားရေလား (မျောက်)
    rape
    နာမ်

    မွတ်မွတ်စက်စက်

    [mwaʔmwaʔsɛʔsɛʔ]
    ၁၊ သင့်လျော် လျောက်ပတ်သော။ ၂၊ ကောင်းမွန်သော။ ၃၊ လူရှုပ်လူပွေ မဟုတ်ရေ။ ၄၊ စာရိတ္တ ကောင်းရေ။ မောင်ဖြူ သောက်စားယစ်မူးမဟိ၊ မွတ်မတ်စက်စက် လုပ်စား ကိုင်စားနန့်ရာ (အရပ်)
    ၁၊ သင့်လျော် လျောက်ပတ်သော။ ၂၊ ကောင်းမွန်သော။ ၃၊ လူရှုပ်လူပွေ မဟုတ်သော။ ၄၊ စာရိတ္တ ကောင်းသော။ မောင်ဖြူ သောက်စားယစ်မူးမယှိ၊ မွတ်မတ်စက်စက် လုပ်စား ကိုင်စားနန့်ရာ (အရပ်)
    be proper
    ကြိယာဝိသေသန