Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,241–2,260 of 2,515 words

    မ

    မွန်းရှင်နီ

    [mʊ́ɴʃɪ̀ɴní]
    အလွန် အပူဟိန် ပြင်းသော မွန်းစောင်း နီရောင်ခြည်
    အလွန် အပူရှိန် ပြင်းသော မွန်းတည့် နေရောင်ခြည်
    sunlight
    နာမ်

    မွန်းလတ်

    [mʊ́ɴlaʔ]
    မိုးထ ၆နာရီမှ ၁၂နာရီကြား ကာလ။ နိ့ခင်း၁၂နာရီမှ ညဇာ ၆နာရီ ကြားကာလ။ နီလည်းမွန်းလတ်၊ သုံးပိုခတ်၊ အထွတ်မြင့်ရှည်၊ ဘောင်ပန်းကပင်ာ၊ ဇောင်ပင်ကြာခရေ (ဓမ္မက)
    နံနက် ၆နာရီမှ ၁၂နာရီကြား ကာလ။ နေ့လည်၁၂နာရီမှ ညနေ ၆နာရီ ကြားကာလ။ နီလည်းမွန်းလတ်၊ သုံးပိုခတ်၊ အထွတ်မြင့်ရှည်၊ ဘောင်ပန်းသည်မှာ၊ ဇောင်ပင်ကြာခရေ (ဓမ္မက)
    early afternoon
    နာမ်

    မွန်းလွဲ

    [mʊ́ɴlwɛ]
    နိန်ရေ မွန်းစောင်းမတ်ရာမှ အနောက်ဘက်ကို ရွိသည်
    နေသည် မွန်းတည့်မတ်ရာမှ အနောက်ဘက်သို့ ရွေ့လျားသည်
    late afternoon
    နာမ်

    မွန်းလွဲသုံးပိုခတ်

    [mʊ́ɴlwɛθóʊɴpÒkʰaʔ]
    နီ၏ လေးဖို့ဖို့၍ သုံးဖို့သော အချိန်ကာလ။ ညဇာ ၃နာရီအချိန်
    နေ၏ လေးဖို့ဖို့၍ သုံးဖို့သော အချိန်ကာလ။ ညနေ ၃နာရီအချိန်
    evening
    နာမ်

    မွမ်း

    [mʊ̀ɴ]
    အမျိုးအမည် အရွီအတွက် စစွာတိပြားစွာ။ ငါးစင်းငါးပြီး၊ ငါးစရမ်းနှင့်၊ ငါးသန်းငါးခူ၊ မုတ်ဆိတ်ချင်းလျှင်၊ ယှက်လို့ခြူကေ (ရာသီ)
    အမျိုးအမည် အရေအတွက် စသည်များပြားစွာ။ ငါးစင်းငါးပြီး၊ ငါးစရမ်းနှင့်၊ ငါးသန်းငါးခူ၊ မုတ်ဆိတ်ချင်းလျှင်၊ ယှက်လို့ခြူကေ (ရာသီ)
    many
    နာမ်

    မွမ်း၂

    [mʊ̀ɴ၂]
    အရွီအတွက် ကြွယ်ပွားရေလို့ ဆိုရလောက်ယောင် တဗျင်း။ မျိုးက်ပေါင်းစုံညီ၊ ပြုတ်ပြုတ်စီကေ၊ တီတီမွမ်းလို့ (ကော်)
    အရေအတွက် ကြွယ်ပွားသည်ဟု ဆိုရလောက်အောင် များများစားစား။ မျောက်ပေါင်းစုံညီ၊ ပြုတ်ပြုတ်စီကေ၊ တီတီမွမ်းလို့ (ကော်)
    many
    ကြိယာဝိသေသန

    မွမ်းဖျင်

    [mʊ̀ɴpʰrɪ̀ɴ]
    ယေဘုယျအနိန်နန့်။ များရေအနိန်နန့်
    ယေဘုယျ အားဖြင့်။ များသော အားဖြင့်
    generally
    ကြိယာဝိသေသန

    မွမ်းမံ

    [mʊ̀ɴmံ]
    ကောင်းမွန် ပြည့်စုံရီထက် ပြည့်စုံအောင် ပြုလုပ် ဆောင်ရွက်သည်
    ကောင်းမွန် ပြည့်စုံသည်ထက် ပြည့်စုံအောင် ပြုလုပ် ဆောင်ရွက်သည်
    florid
    ကြိယာဝိသေသန

    မွမ်းမွမ်းတီတီ

    [mʊ̀ɴmʊ̀ɴtítí]
    ၁၊ များစွာ။ များများ အများအစား။ ၂၊ (လူသူ) များပြား ပြည့်ကျပ်စွာ
    ၁၊ များစွာ။ များများ အများအစား။ ၂၊ (လူသူ) များပြား ပြည့်ကျပ်စွာ
    many - crowd
    နာမ်

    မွ့မွ့ပျောင်း

    [mw့mw့práʊɴ]
    နူးညံ့ ပျော့ပျောင်းရေ။ မာကျောရာမှ ပျော့ညံ့ ပျောအိလားရေ
    နူးညံ့ ပျော့ပျောင်းသော။ မာကျောရာမှ ပျော့ညံ့ ပျောအိသွားသော
    soft - gentle
    နာမဝိသေသန

    မွ့ရွိတ်ပင်

    [mw့ɹweɪʔpɪ̀ɴ]
    ရိုးတံရှည် ထီး၊ ခရိုင်ပုံ အခိုင်ဖြင့် အပွင့်အဝါပွင့်၍ မွှီးသောအစိဟိသည့် ဟင်းစားရွက်ပင်
    ရိုးတံရှည် ထီး၊ ခရိုင်ပုံ အခိုင်ဖြင့် အပွင့်အဝါပွင့်၍ မွှေးသောအစေ့ယှိသည့် ဟင်းစားရွက်ပင်
    vegetable
    နာမ်

    မွ့လိမွ့လာ

    [mw့lìmw့là]
    ဇာပိုင် လုပ်ကိုင် ဆောင်ရွက်ရဖို့ကို ဝီခွဲမရ ဖြစ်ဗျာယ်
    မည်သို့ လုပ်ကိုင် ဆောင်ရွက်ရမည်ကို ဝေခွဲမရ ဖြစ်လျက်
    baffle
    ကြိယာဝိသေသန

    မွ့သီမွ့သတ်

    [mw့θímw့θaʔ]
    အထာနပ် လိမ္မာ တတ်သိခြင်း ဟိသနန့် ကျနသီသပ်စွာ မလုပ်မကိုင်တတ် ဖြစ်ဗျာယ်။ ဇာတခုလေ့၊ မဆောင်ရွက်နိုင်ပဲ တွေးငိုင်ဗျာယ်
    ပါးနပ် လိမ္မာ တတ်သိခြင်း ယှိသဖြင့် ကျနသေသပ်စွာ မလုပ်မကိုင်တတ် ဖြစ်လျက်။ မည်သို့မျှ၊ မဆောင်ရွက်နိုင်ပဲ တွေးငိုင်လျက်
    baffle
    ကြိယာဝိသေသန

    မွား

    [mWà]
    အစာ စစွာကို သွားဖြင့် ကြိတ်ချေရေ။ အစာကိုညက်ယောင် မွားပြီးမှ မျိုချရရေ (အရပ်)။ ၂၊ ဖိညှပ် ကြိတ်ဖြတ်ရေ
    အစာ စသည်ကို သွားဖြင့် ကြိတ်ချေသည်။ အစာကိုညက်ယောင် မွားပြီးမှ မျိုချရရေ (အရပ်)။ ၂၊ ဖိညှပ် ကြိတ်ဖြတ်သည်
    chew
    ကြိယာ

    မွားစား

    [mWàsá]
    အစားအစာကို သွားဖြင့် ကြိတ်ချေ၍ မျိုချရေ။ အဆစ်တိုကေ၊ ကြံချိုမွားယောင်၊ မွားခလိုက်လီ (ဂုတိ္တလ)
    အစားအစာကို သွားဖြင့် ကြိတ်ချေ၍ မျိုချသည်။ အဆစ်တိုကေ၊ ကြံချိုမွားယောင်၊ မွားခလိုက်လေ (ဂုတိ္တလ)
    swallow
    ကြိယာ

    မွားဖတ်

    [mWàpʰaʔ]
    ခံမား၌ ဝါးချေထားရေ့ အဖတ်
    ခံတွင်း၌ ဝါးချေထားသည့် အဖတ်
    none
    နာမ်

    မွိ

    [mwì]
    နူးညံ့သော။ (သိမ်မွိ. (မွေ့) စရေဖြင့် တွဲစပ် သုံးစွဲလေ့ဟိရေ။
    နူးညံ့သော။ (သိမ်မွိ. (မွေ့) စသည့်ဖြင့် တွဲစပ် သုံးစွဲလေ့ယှိသည်။
    gentle
    နာမဝိသေသန

    မွိ.

    [mwì.]
    သဖောကျနှစ်သက် ခံစားနိန်ရေ။ (မွိ. လျော် (မွေ့လျော်) အစဟိစွာအနိန်နန့် တွဲစပ် သုံးလီ့ဟိသည်
    သဘောကျ နှစ်သက် ခံစားနေသည်။ (မွိ. လျော် (မွေ့လျော်) စသည်ဖြင့် တွဲစပ် သုံးလေ့ယှိသည်
    like
    ကြိယာ

    မွိ.ပျော်

    [mwì.prɔ̀]
    ပျော်ပိုက်စွာ အချိန်ကုန် လွန်စီရေ။ ၂၊ ကာမဂုဏ်၌ ခံစားသည်
    ပျော်ပိုက်စွာ အချိန်ကုန် လွန်စေသည်။ ၂၊ ကာမဂုဏ်၌ ခံစားသည်
    enjoy
    ကြိယာ

    မွိ.မွိ.

    [mwì.mwì.]
    ချစ်စနိုးဖြင့် ပြောဆိုရေ စကား။ ငယ်ကချစ်လို့၊ နှစ်တရာကို၊ ဇာခါမမိ၊ လှကြင်သူလေမွိ.မွိ. (ရီလား)
    ချစ်စနိုးဖြင့် ပြောဆိုသော စကား။ ငယ်ကချစ်လို့၊ နှစ်တရာကို၊ ဘယ်ခါမမိ၊ လှကြင်သူလေမွိ.မွိ. (ရီလား)
    cute voice
    နာမ်