Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,321–2,340 of 2,515 words

    မ

    မွှီးထုံ

    [mW̯ïtʰòʊɴ]
    ရနံ့ကောင်း လောက်စွာ တည်သော
    ရနံ့ကောင်း ပြည့်ဝစွာ တည်သော
    sweet-smelling fragrant
    နာမဝိသေသန

    မွှီးနီသျှေ

    [mW̯ïníʃè]
    ထမင်းချက်ရေအခါ အနံ့မွှီးသော စပါးတမျိုး။ ကောက်လတ်မျိုး
    ထမင်းချက်သည့်အခါ အနံ့မွှေးသော စပါးတစ်မျိုး။ ကောက်လတ်မျိုး
    paddy
    နာမ်

    မွှီနှောက်

    [mW̯ín̥ɔ́ɛʔ]
    ၁၊ နီရာအနှံ့ ထွက်ဝင် ရှာဖွီရေ။ ပျံဝဲကာတက်လီငြား၊ သက်လတ်ပါရေ်၊ လတ်ငြားသည်၊ လူ၏ဟန်ပမာသို့ (ဗမာချီ)။ ၂၊ ရောပြွမ်းအောင် ပြုသည်
    ၁၊ နေရာအနှံ့ ထွက်ဝင် ရှာဖွေသည်။ ပျံဝဲကာတက်လီငြား၊ သက်လတ်ပါသော်၊ လတ်ငြားသည်၊ လူ၏ဟန်ပမာသို့ (ဗမာချီ)။ ၂၊ ရောပြွမ်းအောင် ပြုသည်
    search
    နာမ်

    မွှီးပျံ့

    [mW̯ïprံ့]
    ရနံ့ကောင်း အနံ့ပျံ့လွင့်သော
    ရနံ့ကောင်း အနံ့ပျံ့လွင့်သော
    sweet-smelling fragrant
    နာမဝိသေသန

    မွှီးလှိုင်

    [mW̯ïɬàɪɴ]
    ရနံ့ကောင်း လောက်စွာ သင်းပျံ့သော
    ရနံ့ကောင်း ပြည့်ဝစွာ သင်းပျံ့သော
    sweet-smelling fragrant
    နာမဝိသေသန

    မှ

    [m̥]
    တခုတရီသော နီရာကို စွန့်ခွာ၍ ယှောင်ရှားကြောင်း ပေါ်လွင်စီရေ့ အစွန့်ခံရာ ပုဒ်၏ နောက်ခါဆက်ပြီးကေ သိနားလည်စီရန် ဖော်ထုတ် ပြောဆိုရေ စကား။ အိမ်က ကျောင်းသို့ လားရေ၏ အဖြစ်
    တစ်စုံတစ်ခုသော နေရာကို စွန့်ခွာ၍ ရှောင်ရှားကြောင်း ပေါ်လွင်စေသည့် အစွန့်ခံရာ ပုဒ်၏ နောက်မှဆက်၍ သိနားလည်စေရန် ထုတ်ဖော် ပြောဆိုသော စကား။ အိမ်မှ ကျောင်းသို့ သွားသည်၏ အဖြစ်
    from
    နာမ်

    မှံ

    [m̥ံ]
    အဝှမ်း စွန်းထင်ရေ။ အင်္ကျီမာ ကွမ်းရည်တမှံ နီဗျာယ် (အရပ်)
    အနှံ့အပြား စွန်းထင်သည်။ အင်္ကျီမှာ ကွမ်းရည်တမှံ နီဗျာယ် (အရပ်)
    stain
    နာမ်

    မှက်

    [m̥ɛʔ]
    ဖြူပြရောင် ယင်ကောင်ကြီးနှင့် တူကာ ကျွဲ၊ နွားရို့ကို ကိုက်ခဲပြီး သွီးစုပ် ယူတတ်ရေ ပိုးကောင်တမျိုး။ မှက်၊ ခြင်၊ ယင်၊ လေးမြွီ၊ ကင်းသန်၊ (ဗမာချီ)
    ဖြူပြရောင် ယင်ကောင်ကြီးနှင့် တူကာ ကျွဲ၊ နွားတို့ကို ကိုက်ခဲပြီး သွေးစုပ် ယူတတ်သော ပိုးကောင်တစ်မျိုး။ မှက်၊ ခြင်၊ ယင်၊ လေးမြွေ၊ ကင်းသန်၊ (ဗမာချီ)
    gnat
    နာမ်

    မှင်

    [m̥ɪ̀ɴ]
    မကောင်းရေ အောက်လမ်း အတတ်ပညာ တမျိုး
    မကောင်းသော အောက်လမ်း အတတ်ပညာ တစ်မျိုး
    black magic
    နာမ်

    မှင်၂

    [m̥ɪ̀ɴ၂]
    လဲပင်၏ အခေါက်အစဟိရေ သစ်ခေါက်လျော် အထူဖြင့် ပြုလုပ်ထားရေ အများအနိန်နန့် သျှမ်းပြည် မိုင်းကိုင်မြို့ထွက် ဂုံစက္ကူကြမ်း တမျိုး
    သလဲပင်၏ အခေါက်စသော သစ်ခေါက်လျော် အထူဖြင့် ပြုလုပ်ထားသော အများအားဖြင့် ရှမ်းပြည် မိုင်းကိုင်မြို့ထွက် ဂုံစက္ကူကြမ်း တစ်မျိုး
    paper
    နာမ်

    မှင်းကန်း

    [m̥ɪ́ɴkáɴ]
    အသီးပြားပြားလေး၊ ရီငန်စပ်မာ ပေါက်တတ်ရေ ပင်နိမ့်တမျိုး
    အသီးပြားပြားလေး၊ ရေငန်စပ်တွင် ပေါက်တတ်သော ပင်နိမ့်တစ်မျိုး
    none
    နာမ်

    မှင်းကူ

    [m̥ɪ́ɴkù]
    လက်တဆစ်ခွဲ နီးပါးဟိသော အသီးလုံးချော မှည့်လျှင် ဝါဝင်းသော အရောင်ဟိ၍ ချိုင်သော၊ အရသာဟိသော သီးနွယ်ပင် တမျိုး။ စားစရာလေ၊ ဩဇာကောင်းနှင့်၊ မှည့်သောခါလေ၊ နီဝါဝင်းကေ၊ မှယင်းမှင်းကူ (ကော်)
    လက်တစ်ဆစ်ခွဲ နီးပါးယှိသော အသီးလုံးချော မှည့်လျှင် ဝါဝင်းသော အရောင်ယှိ၍ ချဉ်သော၊ အရသာယှိသော သီးနွယ်ပင် တစ်မျိုး။ စားစရာလေ၊ ဩဇာကောင်းနှင့်၊ မှည့်သောခါလေ၊ နီဝါဝင်းကေ၊ မှယင်းမှင်းကူ (ကော်)
    none
    နာမ်

    မှင်းကျိုး

    [m̥ɪ́ɴt͡ɕó]
    ချိုင်သော အနှစ်အသား ဟိသော၊ အစိမာ အသီးတောင့်များ သီးသည့် ပင်စောက်ကြီး တမျိုး။ မှင်းကျိုးရာသုံးကတ်ိမ်၊ ကျည်းသုံးကတ်ိမ် ခြောက်ကြိမ်ပွင့်ယာ (ဇမ်း)
    ချဉ်သော အနှစ်အသား ယှိသော၊ အစေ့မာ အသီးတောင့်များ သီးသည့် ပင်စောက်ကြီး တစ်မျိုး။ မှင်းကျိုးရာသုံးကြိမ်၊ ကျည်းသုံးကြိမ် ခြောက်ကြိမ်ပွင့်ယာ (ဇမ်း)
    tamarind
    နာမ်

    မှင်ကြောင်

    [m̥ɪ̀ɴt͡ɕàʊɴ]
    အပေါ်မှ ဖိနှိပ် ရီးသားခြင်းနန့် အောက်ဟိ စာရွက်ထက်ရို့ ထိကပ် ထင်စီရေ မင်စေးထင် စက္ကူပါးတမျိုး
    အပေါ်မှ ဖိနှိပ် ရေးသားခြင်းဖြင့် အောက်ရှိ စာရွက်ပေါ်သို့ ထိကပ် ထင်စေသော မင်စေးထင် စက္ကူပါးတစ်မျိုး
    Ink-pad
    နာမ်

    မှင်စာ

    [m̥ɪ̀ɴsà]
    မကောင်းဆိုးဝါး ဆစ္ဆီ၊ သဆီငယ်
    မကောင်းဆိုးဝါး တစ္ဆေငယ်
    goblin
    နာမ်

    မှင်ဆံ

    [m̥ɪ̀ɴsʰံ]
    ခြင်္သေ့၊ မြင်း အစဟိရေ တိရစ္ဆာန်ရို့မာ လည်ကုပ် တလျောက်၌ ရှည်လျားစွာ ထောင်၍ ပေါက်သော ရှည်လျားသည့် အမွီးစု
    ခြင်္သေ့၊ မြင်း စသော တိရစ္ဆာန်တို့တွင် လည်ကုပ် တလျောက်၌ ရှည်လျားစွာ ထောင်၍ ပေါက်သော ရှည်လျားသည့် အမွေးစု
    mane
    နာမ်

    မှင်ဆီ

    [m̥ɪ̀ɴsʰí]
    စာရွက်ထက်မာ ထင်ကျန်နီအောင် တခုတရီဖြင့် ရို့၍ ရီးရရေ အရောင်ဟိသော အရည်တမျိုး
    စာရွက်ပေါ်တွင် ထင်ကျန်နေအောင် တစ်စုံတစ်ရာဖြင့် တို့၍ ရေးရသည့် အရောင်ယှိသော အရည်တစ်မျိုး
    ink
    နာမ်

    မှင်တောက်

    [m̥ɪ̀ɴtɔ́ɛʔ]
    အသီး ကွမ်းသီးလုံးထက် ကြီးပြီးကေ ချိုင်သော အရသာဟိသော သီးပင် ပင်ကြီးတမျိုး။ သျှသျှားဖြူနှင့်၊ မအူမှင်တောက် (ကောက်)
    အသီး ကွမ်းသီးလုံးထက် ကြီး၍ ချဉ်သော အရသာယှိသော သီးပင် ပင်ကြီးတစ်မျိုး။ သျှသျှားဖြူနှင့်၊ မအူမှင်တောက် (ကောက်)
    none
    နာမ်

    မှင်ထိုး

    [m̥ɪ̀ɴtʰó]
    ကိုယ်ခန္ဓာမာ စာလုံးပုံစံ အရဲ၊ အနက် စွဲထင်နီအောင် စုတ်တံဖြင့် ဆီးနှင့် စိုက်ထိုးသည်
    ကိုယ်ခန္ဓာတွင် စာလုံးပုံစံ အနီ၊ အနက် စွဲထင်နေအောင် စုတ်တံဖြင့် ဆေးနှင့် စိုက်ထိုးသည်
    tattoo
    နာမ်

    မှင်ထွက်ကလောင်

    [m̥ɪ̀ɴtʰwɛʔklàʊɴ]
    မင်ကို လောင်းာင်ထားနှိုင်ပနာ ရီးရာမာ တဆက်တည်း စီးဆင်းနှိုင်ယောင် ပြုလုပ်ထားရေ ကလောင်တံ
    မင်ကို သိုလှောင်ထားနိုင်၍ ရေးရာ၌ တဆက်တည်း စီးဆင်းနိုင်အောင် ပြုလုပ်ထားသော ကလောင်တံ
    pen
    နာမ်