Dictionary Entries
Showing 2,341–2,360 of 2,515 words
မ
မှင်ဗူး
[m̥ɪ̀ɴbùး]
Arakanese:
မင်ထည့် သိုထားရရေ ပုလင်း၊ ဗူးအစဟိစွာ ထည့်စရာ
Burmese:
မင်ထည့် သိုထားရသော ပုလင်း၊ ဗူးစသည် ထည့်စရာ
English:
ink bottle
Grammar Note:
နာမ်
မှင်သတ်စက္ကူ
[m̥ɪ̀ɴθaʔskə́kəù]
Arakanese:
ဗြုန်းခနဲ မသွေ့ကျီမသွိ့ပဲ သီးစုနီတတ်ရေ မင်ရာ မင်စက်ရို့ကို မပြန်စွမ်းစီရန် စိမ့်ဝင်စီပနာ စုပ်ယူနိုင်စွမ်း ဟိသော စက္ကူပွ တမျိုး
Burmese:
ရုတ်တရက် မသွေ့မခြောက်ပဲ သီးစုနေတတ်သော မင်ရာ မင်စက်တို့ကို မပြန်စွမ်းစေရန် စိမ့်ဝင်စေ၍ စုပ်ယူနိုင်စွမ်း ယှိသော စက္ကူပွ တစ်မျိုး
English:
none
Grammar Note:
နာမ်
မှင်သရိုက်နာ
[m̥ɪ̀ɴθɹaɪʔnà]
Arakanese:
စအိုဝ စုကြွရမ်း၍သွီးယိုခြင်း အစဟိစွာ ဖြစ်တတ်ရေ ရောဂါ
Burmese:
စအိုဝ စုကြွရောင်ရမ်း၍ သွေးယိုခြင်း စသည် ဖြစ်တတ်သော ရောဂါ
English:
none
Grammar Note:
နာမ်
မှင်သိုပရုပ်
[m̥ɪ̀ɴθÒpɹoʊʔ]
Arakanese:
အပင်၏ အစီးအမြစ်ရို့မှ ချက်လုပ်ရဟိသော အရသာပူပနာ အခိုးအေးသည့် ဆီးဖက်ဝင် ပရဆီးတမျိုး
Burmese:
အပင်၏ အစေးအမြစ်တို့မှ ချက်လုပ်ရယှိသော အရသာပူ၍ အခိုးအေးသည့် ဆေးဖက်ဝင် ပရဆေးတစ်မျိုး
English:
officinal material
Grammar Note:
နာမ်
မှင်သျှာသျှား
[m̥ɪ̀ɴʃàʃá]
Arakanese:
အသီးချေ၍ တောတောင်မာ အလှည့်ကျ ပေါက်သော ပင်နိမ့် သျှာသျှားသီးပင်ငယ် တမျိုး
Burmese:
အသီးငယ်၍ တောတောင်တွင် အလှည့်ကျ ပေါက်သော ပင်နိမ့် သျှာသျှားသီးပင်ငယ် တစ်မျိုး
English:
gooseberry
Grammar Note:
နာမ်
မှင်အိုး
[m̥ɪ̀ɴʔó]
Arakanese:
မင်ထည့် သိုထားရရေ ပုလင်း၊ ဗူး အစဟိစွာ ထည့်စရာ
Burmese:
မင်ထည့် သိုထားရသော ပုလင်း၊ ဗူး စသည် ထည့်စရာ
English:
ink bottle
Grammar Note:
နာမ်
မှည့်
[m̥ɛ့̀]
Arakanese:
သစ်သီး အစဟိစွာ ပျော့ညံ့၍ လျှာပေါ်၌ ထိတွိ ခံစားရရေ အရသာ ခြားနား ပိုလွန်ခြင်းသို့ ပြောင်းလဲသော။ ၂၊ ပြည်တည်နာ အစဟိစွာ၌ ပြည်ကြေ ပျော်သော။ ၃၊ (ဥပစာ) အသက်အရွယ် အလွန် အိုမင်း ရင့်ရော်ခြင်းသို့ ရောက်သော
Burmese:
သစ်သီး စသည် ပျော့ညံ့၍ လျှာပေါ်၌ ထိတွေ့ ခံစားရသော အရသာ ခြားနား ပိုလွန်ခြင်းသို့ ပြောင်းလဲသော။ ၂၊ ပြည်တည်နာ စသည်၌ ပြည်ကြေ ပျော်သော။ ၃၊ (ဥပစာ) အသက်အရွယ် အလွန် အိုမင်း ရင့်ရော်ခြင်းသို့ ရောက်သော
English:
ripe
Grammar Note:
နာမ်
မှည့်၂
[m̥ɛ့̀၂]
Arakanese:
အမည် တပ်ရေ။ ခေါ်မာ စီရေ။ အမည် သတ်မှတ်ပီးရေ။ နာမကာဏ အမည်မှည့်သော နိ၌ကား (ပါရာ)
Burmese:
အမည် တပ်သည်။ ခေါ်တွင် စေသည်။ အမည် သတ်မှတ်ပေးသည်။ နာမကာဏ အမည်မှည့်သော နေ့၌ကား (ပါရာ)
English:
name
Grammar Note:
နာမဝိသေသန
မှည့်ကြွီကြွီ
[m̥ɛ့̀t͡ɕwít͡ɕwí]
Arakanese:
(ဥပစာ) ဂြာအိုကျမင်း ရင့်ရော်၍ ကွယ်လွန်သည်
Burmese:
(ဥပစာ) အလွန်အိုမင်း ရင့်ရော်၍ ကွယ်လွန်သည်
English:
die
Grammar Note:
နာမ်
မှည့်ရောင်လိုက်
[m̥ɛ့̀ɹàʊɴlaɪʔ]
Arakanese:
သစ်သီး ရွမ်းပြင်း ဖြစ်လုနီး ဟိသည်
Burmese:
သစ်သီး ရွမ်းပြင်း ဖြစ်လုနီး ယှိသည်
English:
ripe
Grammar Note:
နာမ်
မှတ်
[m̥aʔ]
Arakanese:
၁၊ မမိမပျောက် ရယောင် စိတ်ထဲမာ စွဲနီစီရေ။ မမိမပျောက် ရယောင် ရီးထည့်ထားရေ။ ၂၊ တွေးခေါ်မြော်မြင် တတ်ရေ ဉာဏ်၌ စွဲယူရေ။ ၃၊ သဘောပိုက်သည်၊ သတိမူရေ။ ၄၊ ထင်မြင်ရေ။ သဘောရရေ
Burmese:
၁၊ မမေ့မပျောက် ရအောင် စိတ်ထဲ၌ စွဲနေစေသည်။ မမေ့မပျောက် ရအောင် ရေးထည့်ထားသည်။ ၂၊ တွေးခေါ်မြော်မြင် တတ်သော ဉာဏ်၌ စွဲယူသည်။ ၃၊ သဘောပိုက်သည်၊ သတိမူသည်။ ၄၊ ထင်မြင်သည်။ သဘောရသည်
English:
record
Grammar Note:
နာမ်
မှတ်ကျ
[m̥aʔt͡ɕ]
Arakanese:
၁၊ အပြင်သို့ စဉ်ကျရေ။ ၂၊ ပြည့်ရွှန်စွာထက် ပိုလွန်သည်
Burmese:
၁၊ အပြင်သို့ စဉ်ကျသည်။ ၂၊ ပြည့်လျှံသည်ထက် ပိုလွန်သည်
English:
well
Grammar Note:
နာမ်
မှတ်ကျောက်
[m̥aʔt͡ɕɔ́ɛʔ]
Arakanese:
ရွှီ အရောင်အသွီး အမျိုးအစားကို နှိုင်းနိူင်း လိလာရာမာ ရွှီကို ပွတ်တိုက် ကြည့်ရရေ မျက်နှာပြင်ညီသော ကျောက်တုံးငယ် တမျိုး။ (ကျောက်တုံးငယ် အမဲရောင်၊ ရှားစိရောင် အစဟိစွာ ဟိရေ။
Burmese:
ရွှေ အရောင်အသွေး အမျိုးအစားကို နှိုင်းယှဉ် လေ့လာရာ၌ ရွှေကို ပွတ်တိုက် ကြည့်ရသည့် မျက်နှာပြင်ညီသော ကျောက်တုံးငယ် တစ်မျိုး။ (ကျောက်တုံးငယ် အမည်းရောင်၊ ရှားစေ့ရောင် စသည် ယှိသည်။
English:
touchstone
Grammar Note:
နာမ်
မှတ်ကျောက်တင်
[m̥aʔt͡ɕɔ́ɛʔtɪ̀ɴ]
Arakanese:
ရွှီကို မှတ်ကျောက်မာ ပွတ်တိုက်ကတ်ည့်၍ မှတ်မာ ပေါ်ဟိသော ရွှီရောင်နှင့် နှိုင်းနိူင်း စစ်ဆီးသည်
Burmese:
ရွှေကို မှတ်ကျောက်တွင် ပွတ်တိုက်ကြည့်၍ မှတ်တွင် ပေါ်ယှိသော ရွှေရောင်နှင့် နှိုင်းယှဉ် စစ်ဆေးသည်
English:
put to test
Grammar Note:
နာမ်
မှတ်ချက်
[m̥aʔɕɛʔ]
Arakanese:
၁၊ သုံးသပ် လိလာချက်။ ကောက်ချက်။ ၂၊ မှတ်သားရန် ညွန်ပြချက်
Burmese:
၁၊ သုံးသပ် လေ့လာချက်။ ကောက်ချက်။ ၂၊ မှတ်သားရန် ညွန်ပြချက်
English:
remark
Grammar Note:
နာမ်
မှတ်စာ
[m̥aʔsà]
Arakanese:
၁၊ မှတ်သားထားရေ စာ။ ၂၊ အမိန့်စာချွန်
Burmese:
၁၊ မှတ်သားထားသော စာ။ ၂၊ အမိန့်စာချွန်
English:
note
Grammar Note:
နာမ်
မှတ်စု
[m̥aʔsoʊ]
Arakanese:
တပေါင်းတည်း ထည့်သွင်း ထားရေ စာစု
Burmese:
တပေါင်းတည်း ထည့်သွင်း ထားသော စာစု
English:
note
Grammar Note:
နာမ်
မှတ်ဉာဏ်
[m̥aʔɲàn်]
Arakanese:
မမိမပျောက်အောင် သိမ်းဆည်း နိုင်စွမ်းသော အရည်အခြင်း
Burmese:
မမေ့မပျောက်အောင် သိမ်းဆည်း နိုင်စွမ်းသော အရည်အချင်း
English:
memory
Grammar Note:
နာမ်
မှတ်တမ်း
[m̥aʔtáɴ]
Arakanese:
တခုတရီ သိမှတ်ဖွယ်ရာကို ကြာရှည်လေးမြင့်စွာ မပျက်မစီးရယောင် ရီးသား မှတ်တမ်းတင်ထားရေ့ အရာ
Burmese:
တစ်စုံတစ်ရာ သိမှတ်ဖွယ်ရာကို ကြာရှည်လေးမြင့်စွာ မပျက်မစီးရအောင် ရေးသား မှတ်တမ်းတင်ထားသည့် အရာ
English:
record
Grammar Note:
နာမ်
မှတ်တမ်းတင်
[m̥aʔtáɴtɪ̀ɴ]
Arakanese:
တခုတရီ အများနှင့်မတူ ကွဲပြား ထင်ရှားသော အရာကို တာရှည် ကျန်ရစ်အောင် မှတ်သားထားရေ
Burmese:
တစ်စုံတစ်ရာ အများနှင့်မတူ ကွဲပြား ထင်ရှားသော အရာကို ကြာရှည်စွာ ကျန်ရစ်အောင် မှတ်သားထားသည်
English:
record
Grammar Note:
နာမ်