Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,361–2,380 of 2,515 words

    မ

    မှတ်တိုင်

    [m̥aʔtàɪɴ]
    အမှတ်အသားတိုင်။ အများ ပြည်သူရို့ သိမှတ်ဖို့ရာ ရီးသားချိတ်ကပ် စိုက်ထူထားရေ တိုင်
    အမှတ်အသားတိုင်။ အများ ပြည်သူတို့ သိမှတ်ဖို့ရာ ရေးသားချိတ်ကပ် စိုက်ထူထားသော တိုင်
    boundary pillar
    နာမ်

    မှတ်ထား

    [m̥aʔtʰá]
    တွေးခေါ် မြော်မြင်တတ်ရေ ဉာဏ်၌ ကာလမြင့်လျား ခိုင်ခံ့ တည်တံ့စီရေ
    တွေးခေါ် မြော်မြင်တတ်သော ဉာဏ်၌ ကာလမြင့်လျား ခိုင်ခံ့ တည်တံ့စေသည်
    record
    နာမ်

    မှတ်ထားလီဖိ

    [m̥aʔtʰálípʰì]
    ၁၊ တစုံတရာ ဖြစ်လှာရေခါ၌ သိသာ ထင်ရှား သိမှတ်လောက်စရာ တခု ဖြစ်ရယေဖို့ရားဆိုပနာ အံအားသင့်စွာ ရေရွတ်သော စကား။ ၂၊ နောင်အစိုင် သတိမူလီဆိုပနာ နှိုးဆော် သတိပီးရေ စကားကို သတိပြု မှတ်ထားလီဖိ (အရပ်)
    ၁၊ တစ်စုံတရာ ဖြစ်လာသောအခါ၌ သိသာ ထင်ရှား သိမှတ်လောက်စရာ တစ်ခု ဖြစ်ရလေတော့ပြီးဟူ၍ အံအားသင့်စွာ ရေရွတ်သော စကား။ ၂၊ နောင်အစဉ် သတိမူလေဟူ၍ နှိုးဆော် သတိပေးသော စကားကို သတိပြု မှတ်ထားလီဖိ (အရပ်)
    to be record
    နာမ်

    မှတ်မိ

    [m̥aʔmì]
    တခုတရီ တွိဖူးသော အရာကို တဖန်မြင်၍ ကွဲပြားစွာ သိမြင်နှိုင်ရေ
    တစ်စုံတစ်ရာ တွေ့ဖူးသော အရာကို တစ်ဖန်မြင်၍ ကွဲပြားစွာ သိမြင်နိုင်သည်
    remember
    အာလုပ်

    မှတ်မိသက်မိ

    [m̥aʔmìθɛʔmì]
    သေချာ ကွဲပြားစွာ မှတ်မိသောအနိန်နန့်။ အတွက်ပေါ်စေ နိုင်လောက်စွာ
    သေချာ ကွဲပြားစွာ မှတ်မိသော အားဖြင့်။ အမှတ်ရစေ နိုင်လောက်စွာ
    remember
    နာမဝိသေသန

    မှတ်လီ

    [m̥aʔlí]
    တသက်တာ မှတ်ထားဖို့အတွက် သတိပီးပြောဆိုရေ စကားလုံး
    တစ်သက်တာ မှတ်ထားဖို့ရန် သတိပေးပြောဆိုသော စကားလုံး
    record
    ကြိယာဝိသေသန

    မှတ်လီဖိ

    [m̥aʔlípʰì]
    ၁၊ တစုံတရာ ဖြစ်လှာရေခါ၌ သိသာထင်ရှား သိမှတ်လောက်စရာ တခု ဖြစ်ရယေဖို့ရားဆိုပနာ အံအား သင့်စွာ ရေရွတ်သော စကား။ ၂၊ နောင်အစိုင် သတိမူလီဆိုပနာ နှိုးဆော် သတိပီးရေ စကားကို သတိပြု မှတ်ထားလီဖိ (အရပ်)
    ၁၊ တစ်စုံတရာ ဖြစ်လာသောအခါ၌ သိသာထင်ရှား သိမှတ်လောက်စရာ တစ်ခု ဖြစ်ရလေတော့ပြီးဟူ၍ အံအား သင့်စွာ ရေရွတ်သော စကား။ ၂၊ နောင်အစဉ် သတိမူလေဟူ၍ နှိုးဆော် သတိပေးသော စကားကို သတိပြု မှတ်ထားလီဖိ (အရပ်)
    to be record
    နာမ်

    မှတ်လောက်သတ်လောက်

    [m̥aʔlɔ́ɛʔθaʔlɔ́ɛʔ]
    အကြောင်းအချက် တခုတရီကို ကြာရှည်လေးမြင့်စွာ ကျန်ရစ်စီပနာ နောင်အခါ အသုံးပြုနိုင်ဖို့ ရီးသွင်းထားရေ မှတ်သားဖွယ်ရာ
    အကြောင်းအချက် တစ်စုံတစ်ရာကို ကြာရှည်လေးမြင့်စွာ ကျန်ရစ်စေ၍ နောင်အခါ အသုံးပြုနိုင်ရန် ရေးသွင်းထားသော မှတ်သားဖွယ်ရာ
    note down events
    အာလုပ်

    မှန်

    [m̥àɴ]
    ၁၊ ဖောက်ပြန် မားယွင်းခြင်းက ကင်းသော။ မမားမယွင်းသော။ ဖြောင့်မတ်သော။ ၂၊ ဖြစ်ရိုးဖြစ်စိုင် အတိုင်း ဖြစ်ရေ။ ၃၊ အပိုအလို မဟိ တိကျသော
    ၁၊ ဖောက်ပြန် မှားယွင်းခြင်းမှ ကင်းသော။ မမှားမယွင်းသော။ ဖြောင့်မတ်သော။ ၂၊ ဖြစ်ရိုးဖြစ်စဉ် အတိုင်း ဖြစ်သော။ ၃၊ အပိုအလို မယှိ တိကျသော
    correct
    နာမဝိသေသန

    မှန်း

    [m̥áɴ]
    ၁၊ ချင့်ချိန် စိုင်းစားရေ။ ၂၊ ရည်ရော် တမ်းတရေ။ မျှော်ရွယ် ဦးတည်ရေ။ ပစ်မှတ်အဖြစ် စိတ်မာ သတ်မှတ်ထားရေ
    ၁၊ ချင့်ချိန် စဉ်းစားသည်။ ၂၊ ရည်ရော် တမ်းရမ်းသည်။ မျှော်ရွယ် ဦးတည်သည်။ ပစ်မှတ်အဖြစ် စိတ်တွင် သတ်မှတ်ထားသည်
    estimate - guess
    နာမ်

    မှန်၂

    [m̥àɴ၂]
    ကိုယ့်လိုအပ်ရာကို မသွေမတိမ်း ထိခတ်မိစွာ
    မိမိလိုအပ်ရာကို မသွေမတိမ်း ထိခတ်မိစွာ
    certainly
    ကြိယာဝိသေသန

    မှန်၃

    [m̥àɴ၃]
    ၁၊ အညစ်အကြီး ကင်းစင်၍ ကြည်လင်သော ဖလ်သားချပ်ပြား။ ၂၊ အောက်ဘက်၌ ပြဒါး သုတ်ထားအတွက်နန့် ကြည့်သူ၏ ပုံရိပ်ကို မြင်သာသော ဖလိသားချပ်
    ၁၊ အညစ်အကြေး ကင်းစင်၍ ကြည်လင်သော ဖလ်သားချပ်ပြား။ ၂၊ အောက်ဘက်၌ ပြဒါး သုတ်ထားသောကြောင့် ကြည့်သူ၏ ပုံရိပ်ကို မြင်သာသော ဖလိသားချပ်
    mirror
    နာမ်

    မှန်ကင်း

    [m̥àɴkɪ́ɴ]
    ၁၊ နန်းဆောင် ပြာသာဒ် အစဟိစွာ၏ အထက် ဝဲ၊ ယာ တိုင်ထိပ်ဖျားမာ တပ်ဆင် မွမ်းမံထားရေ အဖူး။၂၊ (နမူနာ) အထွဋ်အမြတ် ပုဂ္ဂိုလ်။ မှန်ကင်းသရဖူ၊ သယမ္ဘူ အစစ်၊ ဘုရားအဖြစ်သို့ ရောက်လီ ပြီးပနာ
    ၁၊ နန်းဆောင် ပြာသာဒ် စသည်၏ အထက် ဝဲ၊ ယာ တိုင်ထိပ်ဖျားတွင် တပ်ဆင် မွမ်းမံထားသော အဖူး။၂၊ (ဥပမာ) အထွဋ်အမြတ် ပုဂ္ဂိုလ်။ မှန်ကင်းသရဖူ၊ သယမ္ဘူ အစစ်၊ ဘုရားအဖြစ်သို့ ရောက်လေ ပြီး၍
    ornamental pinnacle of spire-like roof - [fig.] person or thing holding the most exalted position
    နာမ်

    မှန်ကူ

    [m̥àɴkù]
    ၁၊ ထောင့်ကား နှစ်ထောင့်၊ ထောင့်ချွန်ကား နှစ်ဖက်၊ လေးထောင့်ချွန် ပုံစံ။ ၂၊ (ဘုရားအစဟိရေ) အထွဋ်အမြတ်။ အထွဋ်မှန်ကူ၊ သယမ ထင်ရှား မြတ်ဘုရားသည် (ဓမ္မကာ)
    ၁၊ ထောင့်ကား နှစ်ထောင့်၊ ထောင့်ချွန်ကား နှစ်ဖက်၊ လေးထောင့်ချွန် ပုံစံ။ ၂၊ (ဘုရားစသော) အထွဋ်အမြတ်။ အထွဋ်မှန်ကူ၊ သယမ ထင်ရှား မြတ်ဘုရားသည် (ဓမ္မကာ)
    rhomb - rhombus
    နာမ်

    မှန်ကူခတ်

    [m̥àɴkùkʰaʔ]
    အချောင်းနှစ်ချောင်းကို ကန့်လန့်ဖြတ် ကြက်ခြေလေးထောင့် ပုံစံ ပြုလုပ်ထားရေ။ မှန်ကူခတ် ယင်းပိုင် အနားညီ ပြုလုပ်ထားရေ ပုံစံ တနည်း ယင်းပိုင် ပြုလုပ်ထားရေ ပုံစံ တနည်း ယင်းပိုင် ပြုလုပ်ထားရေ ကြက်ခြေအကွက် (တောကြောင်း ခရီးစိုင်ရို့ကို ဖြတ်ကျော်လှားရာမာ အဘုချေသူငယ်
    အချောင်းနှစ်ချောင်းကို ကန့်လန့်ဖြတ် ကြက်ခြေလေးထောင့် ပုံစံ ပြုလုပ်ထားသည်။ မှန်ကူခတ် ယင်းသို့ အနားညီ ပြုလုပ်ထားသော ပုံစံ သို့မဟုတ် ယင်းသို့ ပြုလုပ်ထားသော ပုံစံ သို့မဟုတ် ယင်းသို့ ပြုလုပ်ထားသော ကြက်ခြေအကွက် (တောလမ်း ခရီးစဉ်တို့ကို ဖြတ်ကျော်သွားရာ၌ ခလေးသူငယ်
    rhomb - rhombus
    နာမ်

    မှန်ကူသတ်

    [m̥àɴkùθaʔ]
    အချောင်း နှစ်ချောင်းကို ကန့်လန့်ဖြတ် ကြက်ခြေလေးထောင့် ပုံစံ ပြုလုပ်ထားရေ။ မှန်ကူခတ် ယင်းပိုင် အနားညီ ပြုလုပ်ထားရေ ပုံစဲ တနည်း ယင်းပိုင် ပြုလုပ်ထားရေ ပုံစံ တနည်း ယင်းပိုင် ပြုလုပ်ထားရေ ကြက်ခြေအကွက် (ဘာဟုန်ဘက်းစဉ် ရို့ကို ဖြတ်ကျော် လားရာမာ အဘုချေသူင
    အချောင်း နှစ်ချောင်းကို ကန့်လန့်ဖြတ် ကြက်ခြေလေးထောင့် ပုံစံ ပြုလုပ်ထားသည်။ မှန်ကူခတ် ယင်းသို့ အနားညီ ပြုလုပ်ထားသော ပုံစဲ သို့မဟုတ် ယင်းသို့ ပြုလုပ်ထားသော ပုံစံ သို့မဟုတ် ယင်းသို့ ပြုလုပ်ထားသော ကြက်ခြေအကွက် (တောလမ်းခရီးစဉ် တို့ကို ဖြတ်ကျော် သွားရာ၌ ခလေးသူင
    rhomb - rhombus
    နာမ်

    မှန်းချက်

    [m̥áɴɕɛʔ]
    ထည့်တွက်ချက်။ တင်ကြို၍ တွက်ချက်။ နှိုင်းနိူင်းချက်
    ချင့်တွက်ချက်။ တင်ကြို၍ တွက်ချက်။ နှိုင်းယှဉ်ချက်
    estimate - guess
    နာမ်

    မှန်းခြေ

    [m̥áɴkʰɹè]
    ကြိုတင် ခန့်မှန်းသော ပမာဏ။ မှန်းဆ တွက်ထားရေ အတိုင်းအတာ ပြည့်မှီသည်
    ကြိုတင် ခန့်မှန်းသော ပမာဏ။ မှန်းဆ တွက်ထားသော အတိုင်းအတာ ပြည့်မှီသည်
    estimate - guess
    နာမ်

    မှန်စာ

    [m̥àɴsà]
    စက္ကူစွန်ကြိုး ဖြတ်ပွဲမာ စွန်းကြိုးကို ပွန်းယှ ဖြတ်နှိုင်ယောင်၊ သုတ်လူးဖို့အတွက် မှန်အမှုန့်ကို ကော်ပျစ်ရည် ရောစပ်ထားရေ မှန် ကော်ရည်
    စက္ကူစွန်ကြိုး ဖြတ်ပွဲတွင် စွန်းကြိုးကို ပွန်းယှ ဖြတ်နိုင်အောင်၊ သုတ်လိမ်းရန်အတွက် မှန်အမှုန့်ကို ကော်ပျစ်ရည် ရောစပ်ထားသော မှန် ကော်ရည်
    mirror glue
    နာမ်

    မှန်စီရွှီဇဝါချ

    [m̥àɴsíɹW̯ízwàɕ]
    ရောင်စုံချပ် မှန်ငယ်တိကို လှပအောင် အဆင် ပုံစံတမျိုးဖြင့် ဖော်ထားရေ သရိုးမြုပ်စီခြယ်၍ သရိုးအပြင်ကို ရွှီပိန်း ချထားရေ အတတ်ပညာ။ ယင်း အတတ်ပညာဖြင့် ပြုလုပ်ထားရေ လက်ရာ
    ရောင်စုံချပ် မှန်ငယ်များကို လှပအောင် အဆင် ပုံစံတစ်မျိုးဖြင့် ဖော်ထားသော သရိုးမြုပ်စီခြယ်၍ သရိုးအပြင်ကို ရွှေပိန်း ချထားသော အတတ်ပညာ။ ယင်း အတတ်ပညာဖြင့် ပြုလုပ်ထားသော လက်ရာ
    glass mosaic embedded in gilding
    နာမ်