Dictionary Entries
Showing 2,441–2,460 of 2,515 words
မ
မှိုတက်
[m̥Òtɛʔ]
Arakanese:
စိုထိုင်းသော အရာဝတ္တုရို့မာ မျက်နှာပြင်၌ ငယ် ဖြူဖွေးသော အမှုန်ကချေတိ တပြင်တည်း အသစ် ဖြစ်တည်ရေ။ တပြင်တည်း ပေါ်ပေါက်သည်
Burmese:
စိုထိုင်းသော အရာဝတ္တုတို့တွင် မျက်နှာပြင်၌ သေးငယ် ဖြူဖွေးသော အမှုန်ကလေးများ တပြင်တည်း အသစ် ဖြစ်တည်သည်။ တပြင်တည်း ပေါ်ပေါက်သည်
English:
fungus
Grammar Note:
နာမ်
မှိုတောက်
[m̥Òtɔ́ɛʔ]
Arakanese:
မှိုစားမိ၍ အဆိပ်သင့်ရေ။ မူးမော်သည်
Burmese:
မှိုစားမိ၍ အဆိပ်သင့်သည်။ မူးမော်သည်
English:
become moulded
Grammar Note:
နာမ်
မှိုပေါက်
[m̥Òpaʊʔ]
Arakanese:
(ဥပစာ) (မှိုပွင့်များ ပေါက်ပိုင်) အလွန်ပေါတိစွာ။ သစ်သီးဖလံ စားဖို့ လူယောင်မဟိ၊ အပင်အာက်က မှိုပေါက်တေပိုင် ဆဆွတ်ဖြူနီယင် (အရပ်)
Burmese:
(ဥပစာ) (မှိုပွင့်များ ပေါက်သကဲ့သို့) အလွန်ပေါများသည်။ သစ်သီးဖလံ စားဖို့ လူတောင်မဟိ၊ အပင်အာက်က မှိုပေါက်တေပိုင် ဖွေးဖွေးဖြူနီယင် (အရပ်)
English:
many
Grammar Note:
နာမ်
မှိုပွင့်
[m̥Òpwɪ̀ɴ့]
Arakanese:
အရာဝတ္တု တစုံတရာကို မှီပြီးကေ ပွင့်သောမှို
Burmese:
အရာဝတ္တု တစ်စုံတရာကို မှီ၍ ပွင့်သောမှို
English:
mushroom
Grammar Note:
နာမ်
မှိုယို
[m̥ÒjÒ]
Arakanese:
စိမ်းစမ်း အရပ်မာ ပေါက်တတ်၍ အပွင့်မပွင့်သော ကျောက်ခက်ပင် တမျိုး
Burmese:
စိမ်းစမ်း အရပ်တွင် ပေါက်တတ်၍ အပွင့်မပွင့်သော ကျောက်ခက်ပင် တစ်မျိုး
English:
coral
Grammar Note:
နာမ်
မှိုရိုင်း
[m̥Òɹáɪɴ]
Arakanese:
အမြဲတမ်း စငုတ်ကျ မဟုတ်ရေမှို
Burmese:
အမြဲတမ်း စားနေကျ မဟုတ်သောမှို
English:
mushroom
Grammar Note:
နာမ်
မှိုရောင်းရောင်း
[m̥Òɹáʊɴɹáʊɴ]
Arakanese:
ဂရုမစိုက်၊ ပစ်ပယ် ထားရေ။ အသုံးမပြုပဲ ထားရေ။ စံသီးရူပ၊ မေပဒမ်ဟု၊ တောသူမကို၊ ရရေအတွက်၊ ရို့ကိုမလေးမစုံမက်ပဲ၊ ရက်စက်စိမ်းကား၊ ငါရို့လေ့ မှိုရောင်းရောင်းနှင့်၊ ပေါင်းပေါင်းထားလို့ (ပဒုမ္မာ)
Burmese:
ဂရုမစိုက်၊ ပစ်ပယ် ထားသည်။ အသုံးမပြုပဲ ထားသည်။ စံသီးရူပ၊ မေပဒမ်ဟု၊ တောသူမကို၊ ရသည့်အတွက်၊ တို့ကိုမလေးမစုံမက်ပဲ၊ ရက်စက်စိမ်းကား၊ ငါတို့လည်း မှိုရောင်းရောင်းနှင့်၊ ပေါင်းပေါင်းထားလို့ (ပဒုမ္မာ)
English:
abandon
Grammar Note:
နာမ်
မှိုသွီး
[m̥Òθwï]
Arakanese:
သွေး အရောင်အဆင်း ပိုင်ယှောင် မှိုတမျိုး။ (စားကေ သီတတ်ရေ။
Burmese:
သွေး အရောင်အဆင်း ကဲ့သို့သော မှိုတစ်မျိုး။ (စားလျှင် သေတတ်သည်။
English:
mushroom
Grammar Note:
နာမ်
မှိုဟင်း
[m̥Òhɪ́ɴ]
Arakanese:
စိမ်းစမ်းအရပ်မာ ပေါက်တတ်၍ အပွင့်မပွင့်သော ကျောက်ခက်ပင် ပုံသဏ္ဍာန် ပိုင်ယှောင် နွယ်ပင် တမျိုး။ အမင်လေးရောက်မလေ၊ မှိုဟင်းခူးစောင်လားကတ် မေ၊ မှိုဟင်းလည်းခူး၊ စူးလည်းစူး (တေး)
Burmese:
စိမ်းစမ်းအရပ်တွင် ပေါက်တတ်၍ အပွင့်မပွင့်သော ကျောက်ခက်ပင် ပုံသဏ္ဍာန် ကဲ့သို့သော နွယ်ပင် တစ်မျိုး။ အမေလေးရောက်မလေ၊ မှိုဟင်းခူးစောင်လားကတ် မေ၊ မှိုဟင်းလည်းခူး၊ ဆူးလည်းစူး (တေး)
English:
kind of creeper
Grammar Note:
နာမ်
မှီ
[m̥í]
Arakanese:
၁၊ တခုတရီ မတ်ရပ် ဟိသည်၌ ယှက်ကပ် တည်စီရေ။ ၂၊ အထောက်အထား မူလအခြီခံ ဖြစ်တေ။ အားထားဖွယ်ရာ ဖြစ်တေ။ မှီကပ် အားကိုး ရပ်တည်ရေ။ အားကိုးပြုသည်
Burmese:
၁၊ တစ်စုံတစ်ခု မတ်ရပ် ယှိသည်၌ ယှက်ကပ် တည်စေသည်။ ၂၊ အထောက်အထား မူလအခြေခံ ဖြစ်သည်။ အားထားဖွယ်ရာ ဖြစ်သည်။ မှီကပ် အားကိုး ရပ်တည်သည်။ အားကိုးပြုသည်
English:
depend
Grammar Note:
နာမ်
မှီခိုရာ
[m̥íkʰÒɹà]
Arakanese:
အားကိုးပြုသည်
Burmese:
အားကိုးပြုသည်
English:
depend
Grammar Note:
နာမ်
မှီခိုရာ၂
[m̥íkʰÒɹà၂]
Arakanese:
အားကိုး အားထားရာ။ အမှီပြုရာ
Burmese:
အားကိုး အားထားရာ။ အမှီပြုရာ
English:
depend
Grammar Note:
နာမ်
မှီငြမ်းပြု
[m̥íɲáɴpɹoʊ]
Arakanese:
အကိုးအကား သာဓက ပြုရေ။ အထောက်အထား ပင်ရင်း အခြီခံ ပြုသည်
Burmese:
အကိုးအကား သာဓက ပြုသည်။ အထောက်အထား ပင်ရင်း အခြေခံ ပြုသည်
English:
make reference
Grammar Note:
နာမ်
မှီတင်း
[m̥ítɪ́ɴ]
Arakanese:
၁၊ အာဟာရ ဖြစ်စီခြင်းငှာ စားသုံးရေ။ ၂၊ မေထုန်မှု ပြုသည်၊ စိတ်မာ နှစ်သက် ချမ်းမြေ့စွာ ခံစားသည်
Burmese:
၁၊ အာဟာရ ဖြစ်စေခြင်းငှာ စားသုံးသည်။ ၂၊ မေထုန်မှု ပြုသည်၊ စိတ်တွင် နှစ်သက် ချမ်းမြေ့စွာ ခံစားသည်
English:
reside
Grammar Note:
နာမ်
မှု
[m̥oʊ]
Arakanese:
၁၊ စကား။ ဘာသာစကား။ အပြောအဆို။ အခေါ်အဝေါ် အပြောထူးဆန်း၊ မဟုတ်လွန်းကေ၊ ထီနန်းစကား၊ များထိုထိုကို၊ ပြောဆိုငြားလည်း၊ ကုလား၊ ဘာသာ၊ ဟိန္ဒမှုလျှင်၊ မဟုတ်လေ။ (ပန်း)။ (ရခိုင်မှု-ရခိုင်စကား)၊ အိန်းဂလိချ်မှု-အိန်းဂလိချ်စကားစရေ။) ၂၊ ပြုလုပ် ဆောင်ရွက်ရရေ အခြင်းအရာ။ ပ
Burmese:
၁၊ စကား။ ဘာသာစကား။ အပြောအဆို။ အခေါ်အဝေါ် အပြောထူးဆန်း၊ မဟုတ်လွန်းကေ၊ ထီနန်းစကား၊ များထိုထိုကို၊ ပြောဆိုငြားလည်း၊ ကုလား၊ ဘာသာ၊ ဟိန္ဒမှုလျှင်၊ မဟုတ်ပါလေ။ (ပန်း)။ (ရခိုင်မှု-ရခိုင်စကား)၊ အင်္ဂလိပ်မှု-အင်္ဂလိပ်စကားစသည်။) ၂၊ ပြုလုပ် ဆောင်ရွက်ရသည့် အခြင်းအရာ။ ပ
English:
matter
Grammar Note:
နာမ်
မှု၂
[m̥oʊ၂]
Arakanese:
၁၊ ရာဇဝတ် အပြစ်ပြုမှု ကျူးလွန်ချက်
Burmese:
၁၊ ရာဇဝတ် အပြစ်ပြုမှု ကျူးလွန်ချက်
English:
crime
Grammar Note:
နာမ်
မှုတ်
[m̥oʊʔ]
Arakanese:
၁၊ ခံမား လီဟုန်ဖြင့် ပြင်းစွာ ထွက်စီရေ။ ခံမား လီဟုန်ဖြင့် လွှတ်ထုတ်ရေ။ ၂၊ နှဲ၊ ပလွီ အစဟိရေ တူရိယာ အခေါင်းပြွန်တံကို ခံမားလေအားဖြင့် ကန်ထုတ်ပနာ မြည်အောင် ပြုလုပ်ရေ
Burmese:
၁၊ ခံတွင်း လေဟုန်ဖြင့် ပြင်းစွာ ထွက်စေသည်။ ခံတွင်း လေဟုန်ဖြင့် လွှတ်ထုတ်သည်။ ၂၊ နှဲ၊ ပလွေ စသော တူရိယာ အခေါင်းပြွန်တံကို ခံတွင်းလေအားဖြင့် ကန်ထုတ်၍ မြည်အောင် ပြုလုပ်သည်
English:
blow
Grammar Note:
ကြိယာ
မှုတ်ခေါင်း
[m̥oʊʔkʰèàɪ́ɴ]
Arakanese:
ဝါးမြားတံထည့်ပြီး၊ ခံမားလေအားဖြင့် မှုတ်၍ လိုရာပစ်ခတ်ရရေ အဆစ် တောက်လျောက် ထွင်းထားရေ ဝါးပြွန်လက်နက်
Burmese:
ဝါးမြားတံထည့်ပြီး၊ ခံတွင်းလေအားဖြင့် မှုတ်၍ လိုရာပစ်ခတ်ရသည့် အဆစ် တောက်လျောက် ထွင်းထားသော ဝါးပြွန်လက်နက်
English:
weapon
Grammar Note:
နာမ်
မှုတ်ခွက်
[m̥oʊʔkʰwɛʔ]
Arakanese:
၁၊ အစောက်ဟိသော အထဲဟိအသား၊ အစိမပါဟိသော အခွံခွက်။ ၂၊ လက်ကိုင်ရိုးတံ အစဟိစွာပါဟိသော ခပ်စရာ ခွက်ငယ်
Burmese:
၁၊ အစောက်ဟိသော အတွင်းယှိအသား၊ အစေ့မပါယှိသော အခွံခွက်။ ၂၊ လက်ကိုင်ရိုးတံ စသည်ပါယှိသော ခပ်စရာ ခွက်ငယ်
English:
half shell of a coconut used as a cup
Grammar Note:
နာမ်
မှုတ်စူး
[m̥oʊʔsùး]
Arakanese:
လက်သန်းခန့် လောက်ဟိ (အတိုအရှည်အစဟိစွာ) ဝါးမြားတံ၊ ဝါးချောင်းတိုသျှေကို လုံးချောအောင် သပ်၍ အဖျားကို ချွန်ထက်အောင် ပြုကာ၊ များရွီတွက်နန့်) ကြက်မွီးဖြင့် ပွရွအောင် ခြည်မျှင်ဖြင့် ကုံးပြီး၊ ပတူးမှုတ်မာ (မှုတ်ပြောင်းမာ) ထည့်ပနာ ခံမား လီဟုန်ဖြင့် နင်လားငါလား(ပြင်းစွ
Burmese:
လက်သန်းခန့် လောက်ယှိ (အတိုအရှည်စသည်) ဝါးမြားတံ၊ ဝါးချောင်းတိုလေးကို လုံးချောအောင် သပ်၍ အဖျားကို ချွန်ထက်အောင် ပြုကာ၊ များသောအားဖြင့်) ကြက်မွေးဖြင့် ပွရွအောင် ခြည်မျှင်ဖြင့် ကုံးပြီး၊ ဝါးပြောင်းတွင် (မှုတ်ပြောင်းတွင်) ထည့်၍ ခံတွင်း လေဟုန်ဖြင့် တအား(ပြင်းစွ
English:
weapon
Grammar Note:
နာမ်