Dictionary Entries
Showing 2,461–2,480 of 2,515 words
မ
မှုတ်ပြောင်း
[m̥oʊʔpɹáʊɴ]
Arakanese:
ဝါးမြားတံထည့်ပြီး၊ ခံမားလေအားဖြင့် မှုတ်၍ လိုရာ ပစ်ခတ်ရရေ အဆစ် တောက်လျောက် ထွင်းထားရေ ဝါးပြွန်လက်နက်
Burmese:
ဝါးမြားတံထည့်ပြီး၊ ခံတွင်းလေအားဖြင့် မှုတ်၍ လိုရာ ပစ်ခတ်ရသည့် အဆစ် တောက်လျောက် ထွင်းထားသော ဝါးပြွန်လက်နက်
English:
weapon
Grammar Note:
နာမ်
မှုတ်လာခွံ
[m̥oʊʔlàkʰwံ]
Arakanese:
၁၊ အုန်းသီးဆန် ခြစ်ထုတ်ပြီး လုံးဝိုင်း၍ မာသော အထဲခွံ။ ၂၊ ယင်းဖြင့် ပြုလုပ်ထားရေ ခွက်
Burmese:
၁၊ အုန်းသီးဆန် ခြစ်ထုတ်ပြီး လုံးဝိုင်း၍ မာသော အတွင်းခွံ။ ၂၊ ယင်းဖြင့် ပြုလုပ်ထားသော ခွက်
English:
half shell of a coconut used as a cup
Grammar Note:
နာမ်
မှုထုံး
[m̥oʊtʰóʊɴ]
Arakanese:
၁၊ ယိုင်ကျေးမှု၊ ထုံးစံ၊ ဓလိ့။ ၂၊ စကား။ ဘာသာစကား။ အပြောအဆို။ အခေါ်အဝေါ်
Burmese:
၁၊ ယဉ်ကျေးမှု၊ ထုံးစံ၊ ဓလေ့။ ၂၊ စကား။ ဘာသာစကား။ အပြောအဆို။ အခေါ်အဝေါ်
English:
language
Grammar Note:
နာမ်
မှုန်
[m̥òʊɴ]
Arakanese:
၁၊ ထင်သာ မြင်သာ ပေါ်လွင်မှု လျော့ပါးသော။ ၂၊ ကြည်လင်ခြင်း မဟိသော။ ၃၊ အထင်သား မမြင်သာယောင် ဟိသော။ ၄၊ အမြင် အားလျော့ပါးသော
Burmese:
၁၊ ထင်သာ မြင်သာ ပေါ်လွင်မှု လျော့ပါးသော။ ၂၊ ကြည်လင်ခြင်း မယှိသော။ ၃၊ အထင်သား မမြင်သာအောင် ယှိသော။ ၄၊ အမြင် အားလျော့ပါးသော
English:
dim
Grammar Note:
နာမဝိသေသန
မှုန့်
[m̥òʊɴ့]
Arakanese:
အလွန် ကြီညက်သော။ ညက်ညက် ကြေသော။ အမှုန့်မှုန့်ဖြစ်ရေ
Burmese:
အလွန် ကြေညက်သော။ ညက်ညက် ကြေသော။ အမှုန့်မှုန့်ဖြစ်သော
English:
be crushed
Grammar Note:
နာမဝိသေသန
မှုန်း
[m̥óʊɴ]
Arakanese:
၁၊ ထောင်းပနာ၊ ကြိတ်ပနာ နူးညံ့အောင် အမှုန့်ပြုရေ။ ဆုံမာထည့်ပျာ၊ မှုန်းကျယောင်၊ ထောင်းပစ်ခီ(အရပ်)။ ၂၊ အမှုန့်အမှုန့် အညက်ညက် ကြေအောင် ပြုရေ။ ဆီးမြစ်တိကို ဒါးနန့် မှုန့်ကျယောင် တွာပစ်ခီ (အရပ်)
Burmese:
၁၊ ထောင်း၍၊ ကြိတ်၍ နူးညံ့အောင် အမှုန့်ပြုသည်။ ဆုံမှာထည့်ပျာ၊ မှုန်းကျယောင်၊ ထောင်းပစ်လိုက်(အရပ်)။ ၂၊ အမှုန့်အမှုန့် အညက်ညက် ကြေအောင် ပြုသည်။ ဆီးမြစ်တိကို ဒါးနန့် မှုန့်ကျယောင် တွာပစ်လိုက် (အရပ်)
English:
make crushed
Grammar Note:
ကြိယာဝိသေသန
မှုန့်၂
[m̥òʊɴ့၂]
Arakanese:
ညက်ညက် ကြေနိန်ရေ အမှုန်အမွှား ကရွီကရာ
Burmese:
ညက်ညက် ကြေနေသော အမှုန်အမွှား အသေးအမွှား
English:
crushed
Grammar Note:
ကြိယာ
မှုန့်ကလောင်သျှေ
[m̥òʊɴ့klàʊɴʃè]
Arakanese:
ပကတိဟိမြဲ အရွယ်ထက် ငယ်သော
Burmese:
ပကတိယှိမြဲ အရွယ်ထက် ငယ်သော
English:
young
Grammar Note:
နာမဝိသေသန
မှုန့်စိကလောင်ချ
[m̥òʊɴ့sìklàʊɴɕ]
Arakanese:
ပကတိဟိမြဲ အရွယ်ထက် ငယ်သော
Burmese:
ပကတိယှိမြဲ အရွယ်ထက် ငယ်သော
English:
young
Grammar Note:
နာမဝိသေသန
မှုန့်စိကေ
[m̥òʊɴ့sìkè]
Arakanese:
အရွယ်အစား ပိစိကလောင်သော
Burmese:
အရွယ်အစား အလွန်ငယ်သော
English:
tiny
Grammar Note:
နာမဝိသေသန
မှုန့်စိကေသျှေ
[m̥òʊɴ့sìkèʃè]
Arakanese:
ဗွေမယူ လောက်ယောင် ငယ်သော။ ပကတိ ဟိမြဲ အရွယ်သို့ မရောက်သိမ့်သော။ ပကတိဟိမြဲ အရွယ်ထက် ငယ်သော
Burmese:
အလေးမထား လောက်အောင် ငယ်သော။ ပကတိ ယှိမြဲ အရွယ်သို့ မရောက်သေးသော။ ပကတိယှိမြဲ အရွယ်ထက် ငယ်သော
English:
young
Grammar Note:
နာမဝိသေသန
မှုန်တက်တက်
[m̥òʊɴtɛʔtɛʔ]
Arakanese:
ကြည်လင် ကွဲပြားခြင်း မဟိပဲ။ မြင်တွိ ကာမျှဖြင့်
Burmese:
ကြည်လင် ကွဲပြားခြင်း မယှိပဲ။ မြင်တွေ့ ကာမျှဖြင့်
English:
dimly
Grammar Note:
ကြိယာဝိသေသန
မှုန်တက်တက်၂
[m̥òʊɴtɛʔtɛʔ၂]
Arakanese:
လန်းဆန်းခြင်း မဟိ။ နွမ်းလျရေ။ ညှိုးရောင်ရေ။ ရွှီကြာလှပချပ်ဆင့်ရုံကေ၊ ပွင့်တုံကတ်လို့၊ ညချမ်းလတ်သော်။ နီသူရိန်လေ။ ရောင်ဟိန်ထိုးလို့၊ နွမ်းညှိုးယော်ကေ၊ ရွန်ကာပိန်ရှုပ်၊ မွှီးမထုံကေ၊ မှုန်သုတ်သုတ်နှင့်၊ အလှုပ်မခံ (ပဒုမ္မာ)။ အိမ်သို့လာကေ၊ မျက်နှာမျက်ခွက်၊ မှ
Burmese:
လန်းဆန်းခြင်း မယှိ။ နွမ်းလျသည်။ ညှိုးရောင်သည်။ ရွှေကြာလှပချပ်ဆင့်ရုံကေ၊ ပွင့်တုံကြလို့၊ ညချမ်းလတ်သော်။ နေသူရိန်လေ။ ရောင်ဟိန်ထိုးလို့၊ နွမ်းညှိုးယော်ကေ၊ ရွန်ကာပိန်ရှုပ်၊ မွှေးမထုံကေ၊ မှုန်သုတ်သုတ်နှင့်၊ အလှုပ်မခံ (ပဒုမ္မာ)။ အိမ်ကိုလာကေ၊ မျက်နှာမျက်ခွက်၊ မှ
English:
dim
Grammar Note:
နာမ်
မှုန်တီမှုန်တက်
[m̥òʊɴtím̥òʊɴtɛʔ]
Arakanese:
ပပြတ်သသား ကွဲကွဲပြားပြား မမြင်သာပဲဗျာယ်
Burmese:
ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား မမြင်သာပဲလျက်
English:
dim
Grammar Note:
နာမဝိသေသန
မှုန်တီမှုန်မွှား
[m̥òʊɴtím̥òʊɴmW̯á]
Arakanese:
ပပြတ်သသား ကွဲကွဲပြားပြား မမြင်သာပဲဗျာယ်
Burmese:
ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား မမြင်သာပဲလျက်
English:
dim
Grammar Note:
ကြိယာဝိသေသန
မှုန်မှီမှုန်မွှား
[m̥òʊɴm̥ím̥òʊɴmW̯á]
Arakanese:
ကြည်လင် ပြတ်သား မှုန်မှုန်သျှေ ရှင်းလင်း ထင်ရှား မမြင်သာပဲ
Burmese:
ကြည်လင် ပြတ်သား မှုန်မှုန်သျှေ ရှင်းလင်း ထင်ရှား မမြင်သာပဲ
English:
dimly
Grammar Note:
ကြိယာဝိသေသန
မှုန့်မှုန့်ညက်ညက်
[m̥òʊɴ့m̥òʊɴ့ɲɛʔɲɛʔ]
Arakanese:
အမှုန့်အမှုန့် ဖြစ်ရွီတွက်နန့်။ ၂၊ ထွားထွားညက်ညက် ကြေမွသောအနိန်နန့်။ ၃၊ မုန့်မုန့်ညက်ညက် ဖြစ်ရွီတွက်နန့်
Burmese:
အမှုန့်အမှုန့် ဖြစ်သောအားဖြင့်။ ၂၊ ထွားထွားညက်ညက် ကြေမွသော အားဖြင့်။ ၃၊ မုန့်မုန့်ညက်ညက် ဖြစ်သောအားဖြင့်
English:
crushed
Grammar Note:
ကြိယာ
မှုန်မှုန်သျှေ
[m̥òʊɴm̥òʊɴʃè]
Arakanese:
၁၊ အမြင် အားလျော့ နည်းသော။ ၂၊ မကြည်လင်သော
Burmese:
၁၊ အမြင် အားလျော့ နည်းသော။ ၂၊ မကြည်လင်သော
English:
dim
Grammar Note:
နာမဝိသေသန
မှုန်ရီရီ
[m̥òʊɴɹíɹí]
Arakanese:
အရောင် မပွင့်လင်း မှုန်ဝါးသော။ ရီဝေအုံ့ဆိုင်းသော
Burmese:
အရောင် မပွင့်လင်း မှုန်ဝါးသော။ ရီဝေအုံ့ဆိုင်းသော
English:
dim
Grammar Note:
နာမဝိသေသန
မှုန်သုတ်သုတ်
[m̥òʊɴθoʊʔθoʊʔ]
Arakanese:
မကြည်သာ မနှစ်မြို့သော အမူအရာဖြင့် သုန်မှုန်စွာ
Burmese:
မကြည်သာ မနှစ်မြို့သော အမူအရာဖြင့် သုန်မှုန်စွာ
English:
glumly
Grammar Note:
ကြိယာဝိသေသန