Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,481–2,500 of 2,515 words

    မ

    မှုန်သုတ်သုတ်၂

    [m̥òʊɴθoʊʔθoʊʔ၂]
    လန်းဆန်းခြင်း မဟိ။ နွမ်းလျရေ။ ညှိုးရောင်ရေ။ ရွှီကြာလှပချပ်ဆင့်ရုံကေ၊ ပွင့်တုံကတ်လို့၊ ညချမ်းလတ်သော်။ နီသူရိန်လေ။ ရောင်ဟိန်ထိုးလို့၊ နွမ်းညှိုးယော်ကေ၊ ရွန်ကာပိန်ရှုပ်၊ မွှီးမထုံကေ၊ မှုန်သုတ်သုတ်နှင့်၊ အလှူမခံ (ပဒုမ္မာ)
    လန်းဆန်းခြင်း မယှိ။ နွမ်းလျသည်။ ညှိုးရောင်သည်။ ရွှေကြာလှပချပ်ဆင့်ရုံကေ၊ ပွင့်တုံကြလို့၊ ညချမ်းလတ်သော်။ နေသူရိန်လေ။ ရောင်ဟိန်ထိုးလို့၊ နွမ်းညှိုးယော်ကေ၊ ရွန်ကာပိန်ရှုပ်၊ မွှေးမထုံကေ၊ မှုန်သုတ်သုတ်နှင့်၊ အလှူမခံ (ပဒုမ္မာ)
    glum
    နာမ်

    မှူး

    [m̥ùး]
    ကြီးကြပ် ကွပ်ကဲ အုပ်ချုပ်သူ။ ဂေါင်းဆောင်အဖြစ် ထိန်းသိမ်း စောင့်ယှောက်သူ
    ကြီးကြပ် ကွပ်ကဲ အုပ်ချုပ်သူ။ ခေါင်းဆောင်အဖြစ် ထိန်းသိမ်း စောင့်ယှောက်သူ
    leader
    နာမ်

    မှူးကြီးမတ်ရာ

    [m̥ùးt͡ɕïmaʔɹà]
    ဘုရင်မင်းမြတ်နှင့် အလက်သပ်ခံ အကြီးအမှူး ပုဂ္ဂိုလ်များ။ မှူးကြီးမတ်ရာ သီနာကောင်ပအရို့ စွာလေ့ နောက်မာ လိုက်ပါလားကတ်တေ (ရှီးထုံး)
    ဘုရင်မင်းမြတ်နှင့် အတိုင်ပင်ခံ အကြီးအမှူး ပုဂ္ဂိုလ်များ။ မှူးကြီးမတ်ရာ သေနာပတိတို့ သည်လည်း နောက်တွင် လိုက်ပါသွားကြသည် (ရှေးထုံး)
    king’s counselors (collectively)
    နာမ်

    မှောက်

    [m̥ɔ́ɛʔ]
    ၁၊ မျက်နှာပြင်ကို အောက်ဘက်ကြမ်းပြင်နှင့် ဟပ်မိအောင် အလျား စန့်စန့်တည်နီရေ။ ၂၊ တစုံတရာ ဝတ္တု၏ မျက်နှာပြင်ကို အောက်ဘက်ကို ရောက်စီရေ။ ရောက်ယောင် ပြုသည်
    ၁၊ မျက်နှာပြင်ကို အောက်ဘက်ကြမ်းပြင်နှင့် ဟပ်မိအောင် အလျား စန့်စန့်တည်နေသည်။ ၂၊ တစ်စုံတရာ ဝတ္တု၏ မျက်နှာပြင်ကို အောက်ဘက်သို့ ရောက်စေသည်။ ရောက်အောင် ပြုသည်
    overturn
    နာမ်

    မှောက်ကာ

    [m̥ɔ́ɛʔkà]
    ဖဲကစပ်နည်း တမျိုး။ (တရွှားမှောက်၊ သုံးချပ်မှောက် အစဟိစွာနန့် ဟိရေ။
    ဖဲကစားနည်း တစ်မျိုး။ (တစ်ချပ်မှောက်၊ သုံးချပ်မှောက် စသည်ဖြင့် ယှိသည်။
    playing cards
    နာမ်

    မှောက်ခုံ

    [m̥ɔ́ɛʔkʰòʊɴ]
    အထက်ဘက် မျက်နှာကို အောက်ဘက်ကို မျက်နှာမူရာ တည့်တည့်ထားဗျာယ်
    အထက်ဘက် မျက်နှာကို အောက်ဘက်သို့ မျက်နှာမူရာ တည့်တည့်ထားလျက်
    in prone position
    နာမ်

    မှောက်ခုံဝပ်

    [m̥ɔ́ɛʔkʰòʊɴwaʔ]
    ကိုယ်ခန္ဓာ တခုလုံးကို အခင်းပြင်နှင့် ထိဗျာယ် စန့်စန့်မှောက်ရေ။ ဝမ်းလျား မှောက်သည်
    ကိုယ်ခန္ဓာ တစ်ခုလုံးကို အခင်းပြင်နှင့် ထိလျက် စန့်စန့်မှောက်သည်။ ဝမ်းလျား မှောက်သည်
    in prone position
    ကြိယာဝိသေသန

    မှောက်တော်

    [m̥ɔ́ɛʔtɔ̀]
    ၁၊ လက်မထပ် ရသိမ့်ရေ ဘုရင်သမီးတော်တိကို ခေါ်သော ဝေါဟာရ။ ၂၊ တပင်တိုင် နန်း၌ တယောက် ထီးတည်း စံပျော်နိန်ရေ မင်းသမီးကို ခေါ်သော နန်းသုံး ဝေါဟာရ။ ရီးတော် ထွတ်တင်၊ ဖခင်နှမ၊ ပင်နန်းရတနာ၊ စံမြန်းပျော်ကေ၊ မှောက်တော်လှဟု (ကော်)
    ၁၊ လက်မထပ် ရသေးသော ဘုရင်သမီးတော်များကို ခေါ်သော ဝေါဟာရ။ ၂၊ တစ်ပင်တိုင် နန်း၌ တစ်ယောက် ထီးတည်း စံပျော်နေသော မင်းသမီးကို ခေါ်သော နန်းသုံး ဝေါဟာရ။ ရီးတော် ထွတ်တင်၊ ဖခင်နှမ၊ ပင်နန်းရတနာ၊ စံမြန်းပျော်ကေ၊ မှောက်တော်လှဟု (ကော်)
    none
    နာမ်

    မှောက်ထောင့်

    [m̥ɔ́ɛʔtʰa̰ʊɴ]
    ၁၊ မကြည့်ချင် မမြင်ချင် ဖြစ်တေ။ အမြင်ကတ်ရေ။ ၂၊ အနှောင့် အယှက် ဖြစ်တေ။ အဝီး မောင်သာဖြူ လူဟိက မှောက်ဒေါင့် ဖီလာ ဖီးဖယ် (အရပ်)။ သဘောမဖြောင့်၊ သီဟာခွင်မာ၊ ဝင်ကာနှောက်လို့၊ မှောက်ထောင့်ဖီလား (ရာမ)
    ၁၊ မကြည့်ချင် မမြင်ချင် ဖြစ်သည်။ အမြင်ကတ်သည်။ ၂၊ အနှောင့် အယှက် ဖြစ်သည်။ အဝေး မောင်သာဖြူ လူရှိက မှောက်ထောင့် ဖီလာ ဘေးဖယ် (အရပ်)။ သဘောမဖြောင့်၊ သီဟာခွင်မှာ၊ ဝင်ကာနှောက်လို့၊ မှောက်ထောင့်ဖီလား (ရာမ)
    hate the sight of
    နာမ်

    မှောက်မှား

    [m̥ɔ́ɛʔm̥á]
    ၁၊ ဣန္ဒြေကို မစောင့်ထိန်းပဲ မကျူးလွန်သင့်သူက ကာမဂုဏ် စပ်ယှက်ရေ။ ၂၊ မဟုတ်မမှန် လွှဲမားခြင်းကို ဆင်ခြင်မဲ့စွာ ကျော်လွှား ဖောက်ဖျက်ရေ
    ၁၊ ဣန္ဒြေကို မစောင့်ထိန်းပဲ မကျူးလွန်သင့်သူက ကာမဂုဏ် စပ်ယှက်သည်။ ၂၊ မဟုတ်မမှန် လွှဲမှားခြင်းကို ဆင်ခြင်မဲ့စွာ ကျော်လွှား ဖောက်ဖျက်သည်
    commit adultery
    နာမ်

    မှောင်

    [m̥àʊɴ]
    အလင်းရောင် မဟိသော အမိုက်အတိုက်
    အလင်းရောင် မယှိသော အမိုက်အတိုက်
    dark
    နာမ်

    မှောင့်

    [m̥ɔ́ɪ̰ɴ]
    ၁၊ နှောင့်ယှက်ရေ။ ငြိုငြင် ဆင်းရဲအောင် ပြရေ။ ရန်ပြုရေ။ အကျွန်လ္လာဖို့၊ လေးဖြာရန်ငြောင့်၊ မိုက့်၍ကာဆီး (ကော်)။ ၂၊ ပြုမူ ဆောင်ရွက်မှု တခုခု၏ ပြီးစီးအောင်မြင်မှုကို ဟန့်ဟန့်ရေ။ နဂါးတန်ဆာ၊ ဒွာဒရာကို၊ အရှာကျကေ၊ ညာကတထောင့်၊ ဇာကမိုက့်လို့၊ မဖြောင့်မသက်၊
    ၁၊ နှောင့်ယှက်သည်။ ငြိုငြင် ဆင်းရဲအောင် ပြသည်။ ရန်ပြုသည်။ ကျွန်မလ္လာမှာ၊ လေးဖြာရန်ငြောင့်၊ မှောင့်၍ကာဆီး (ကော်)။ ၂၊ ပြုမူ ဆောင်ရွက်မှု တစ်ခုခု၏ ပြီးစီးအောင်မြင်မှုကို ဟန့်တားသည်။ နဂါးတန်ဆာ၊ ဒွာဒရာကို၊ အရှာကျကေ၊ ညာကတထောင့်၊ ဘယ်ကမှောင့်လို့၊ မဖြောင့်မသက်၊
    evil influence
    ကြိယာဝိသေသန

    မှောင်၂

    [m̥àʊɴ၂]
    အလင်းရောင် မဟိသော။ ကင်းသော
    အလင်းရောင် မယှိသော။ ကင်းသော
    dark
    နာမဝိသေသန

    မှောင်၃

    [m̥àʊɴ၃]
    လားလိုရင်း မဟုတ်ရေ အရာတနီရာသို့ ရောက်ဟိသော။ ခရီးလွဲချော်သော။ တက္ကသိလာ၊ ရွှီပြည်သာက၊ ဦပြန်လာတုံငြား၊ ခရီးမိုက်ကေ၊ ယောင်ကာယမ်းဗျာ၊ လမ်းကေမားလို့ (ဒွေး)
    သွားလိုရင်း မဟုတ်သော အခြားတစ်နေရာသို့ ရောက်ယှိသော။ ခရီးလွဲချော်သော။ တက္ကသိလာ၊ ရွှေပြည်သာက၊ ဦပြန်လာတုံငြား၊ ခရီးမှောင်ကေ၊ ယောင်ကာယမ်းဗျာ၊ လမ်းလျှင်မှားလို့ (ဒွေး)
    wrong
    နာမ်

    မှောင်ကြီးကျ

    [m̥àʊɴt͡ɕït͡ɕ]
    နီရောင်၊ လရောင်၊ ကြယ်ရောင်၊ အလင်းရောင် အစဟိစွာ မဟိရေ
    နေရောင်၊ လရောင်၊ ကြယ်ရောင်၊ အလင်းရောင် စသည် ကင်းမဲ့သော
    dark
    နာမဝိသေသန

    မှောင်ကြီးမိုက်ဂြီး

    [m̥àʊɴt͡ɕïmaɪʔdʑï]
    အလင်းရောင် လုံးဝမဟိသော ဝန်းကျင်
    အလင်းရောင် လုံးဝမယှိသော ဝန်းကျင်
    dark
    နာမဝိသေသန

    မှောင်ခို

    [m̥àʊɴkʰÒ]
    ၁၊ လူသူ မမြင်ရန် မိုက်ရိပ်မာ ကွယ်ဝှက်နိန်ရေ။ ၂၊ ပိတ်ပင်ထားရေ ကုန်ဝန်ကို ရောင်းဝယ်ရေ
    ၁၊ လူသူ မမြင်ရန် မှောင်ရိပ်တွင် ကွယ်ဝှက်နေသည်။ ၂၊ ပိတ်ပင်ထားသော ကုန်ပစ္စည်းကို ရောင်းဝယ်သည်
    black market trade
    နာမ်

    မှောင်ခိုဈေး

    [m̥àʊɴkʰÒzʱé]
    တရားမဝင်သော ကုန်ဝန်တိကို ရောင်းဝယ်သော နီရာ
    တရားမဝင်သော ကုန်ပစ္စည်းများကို ရောင်းဝယ်သော နေရာ
    black market trade
    နာမ်

    မှောင်ချ

    [m̥àʊɴɕ]
    အလင်းရောင် လုံးဝမဟိသော
    အလင်းရောင် လုံးဝမယှိသော
    dark
    နာမ်

    မှောင့်စပ်

    [m̥a̰ʊɴsaʔ]
    စုန်း၊ ပယောဂ အစဟိစွာ့ မကောင်းဆိုးဝါးများ နှောင့်ယှက် ထားရေ။ ငါးပင်ဝယ်လျှင်၊ လားမေလမ်းကြောင်း၊ ဖြတ်ဆီးစွာလေ၊ အခါဖျက်ကေ၊ ငှက်မကောင်းသို့၊ မိုက့်ထောင့်ဖီလာ၊ မကောင်းရာလေ၊ ဖြစ်ပါတိုင်းး (ဒွေး)
    စုန်း၊ ပယောဂ စသည့် မကောင်းဆိုးဝါးများ နှောင့်ယှက် ထားသည်။ ငါးပင်ဝယ်လျှင်၊ သွားမည်လမ်းကြောင်း၊ ဖြတ်ဆီးစွာလေ၊ အခါဖျက်ကေ၊ ငှက်မကောင်းသို့၊ မှောင့်ထောင့်ဖီလာ၊ မကောင်းရာလေ၊ ဖြစ်ပါတကား (ဒွေး)
    evil spell
    နာမ်