Dictionary Entries
Showing 2,501–2,515 of 2,515 words
မ
မှောင့်စား
[m̥a̰ʊɴsá]
Arakanese:
စုန်း၊ ပယောဂ အစဟိစွာ့ မကောင်းဆိုးဝါးများ နှောင့်ယှက် ထားရေ
Burmese:
စုန်း၊ ပယောဂ စသည့် မကောင်းဆိုးဝါးများ နှောင့်ယှက် ထားသည်
English:
evil spell
Grammar Note:
နာမ်
မှောင်မိုက်
[m̥àʊɴmaɪʔ]
Arakanese:
နီရောင်၊ လရောင်၊ ကြယ်ရောင်၊ အလင်းရောင် အစဟိစွာ မဟိရေ
Burmese:
နေရောင်၊ လရောင်၊ ကြယ်ရောင်၊ အလင်းရောင် စသည် ကင်းမဲ့သော
English:
dark
Grammar Note:
နာမ်
မှောင်မှီမှောင်မွှား
[m̥àʊɴm̥ím̥àʊɴmW̯á]
Arakanese:
မြင်ကွင်း မကြည်လင် မှုန်ဆိုင်းသော။ အမြင်မှုန်သော
Burmese:
မြင်ကွင်း မကြည်လင် မှုန်ဆိုင်းသော။ အမြင်မှုန်သော
English:
hazy
Grammar Note:
နာမဝိသေသန
မှောင်ရိပ်
[m̥àʊɴɹìaʔ]
Arakanese:
အလင်းရောင် မရောက်ရယောင် ဟန့်တား ဖုံးအုပ်ထားခြင်း ခံရရေ နီရာ
Burmese:
အလင်းရောင် မရောက်ရအောင် တားဆီး ဖုံးအုပ်ထားခြင်း ခံရသော နေရာ
English:
dark place
Grammar Note:
နာမ်
မှောင်ရီ
[m̥àʊɴɹí]
Arakanese:
ညဦး မိုက်စ ပျိုးချိန်
Burmese:
ညဦး မှောင်စ ပျိုးချိန်
English:
dark
Grammar Note:
နာမဝိသေသန
မှောင်လုံး
[m̥àʊɴlóʊɴ]
Arakanese:
လုံးဝ အလင်းရောင် ကင်းမဲ့ဗျာယ်
Burmese:
လုံးဝ အလင်းရောင် ကင်းမဲ့လျက်
English:
dark
Grammar Note:
နာမ်
မှော်
[m̥ɔ̀]
Arakanese:
စီးဆင်းခြင်း မဟိသော ရေအဖြစ်၌ အညှေ့တက်ပနာ ပေါက်သော အပင်မျှင်ပျံ့မျိုး
Burmese:
စီးဆင်းခြင်း မယှိသော ရေအဖြစ်၌ အညှိတက်၍ ပေါက်သော အပင်မျှင်ပျံ့မျိုး
English:
weed
Grammar Note:
နာမ်
မှော်၂
[m̥ɔ̀၂]
Arakanese:
စုန်းပယောဂ၊ အင်းအိုင် အစဟိစွာရို့ကို တတ်ရေ၊ လောကီ ပညာရပ်
Burmese:
စုန်းပယောဂ၊ အင်းအိုင် စသည်တို့ကို တတ်သော၊ လောကီ ပညာရပ်
English:
magic
Grammar Note:
နာမ်
မှော်ရူး
[m̥ɔ̀ɹùး]
Arakanese:
မှော်သွင်းရာမာ ယှူရေ၍ စိတ်မတည် မငြိမ်သူ
Burmese:
မှော်သွင်းရာတွင် မအောင်မြင်၍ စိတ်မတည် မငြိမ်သူ
English:
mad
Grammar Note:
နာမ်
မှော်ဝင်
[m̥ɔ̀wɪ̀ɴ]
Arakanese:
စုန်း၊ ပယောဂ အင်းအိုင် လက်ဖွဲ့ထိုး အစဟိစွာရို့မာ ဆိုင်ရေ လောကီ အတတ်ပညာ တတ်သူကို ခေါ်သောအမည်
Burmese:
စုန်း၊ ပယောဂ အင်းအိုင် လက်ဖွဲ့ထိုး စသည်တို့တွင် ပတ်သက်သော လောကီ အတတ်ပညာ တတ်သူကို ခေါ်သောအမည်
English:
magician
Grammar Note:
နာမ်
မှော်သွင်း
[m̥ɔ̀θwɪ́ɴ]
Arakanese:
ကိုယ်ခန္ဓာ၌ တခုတရီသော လောကီ ပညာစွမ်း တည်ဟိနီအောင် အစီအရင်ပြုသည်
Burmese:
ကိုယ်ခန္ဓာ၌ တစ်စုံတစ်ခုသော လောကီ ပညာစွမ်း တည်ယှိနေအောင် အစီအရင်ပြုသည်
English:
implant powers of sorcery to another - [fig.] initiate someone into a calling or a habit
Grammar Note:
နာမ်
မှဲ့
[m̥é]
Arakanese:
ကိုယ်ခန္ဓာ အသားအရီ ပြားထက်မာ အလိုအလျောက် စွဲထင်နိန်ရေ (အရဲ-အနက်) အစက်ပြောက်ငယ်
Burmese:
ကိုယ်ခန္ဓာ အသားအရေ ပြားပေါ်တွင် အလိုအလျောက် စွဲထင်နေသော (အနီ-အနက်) အစက်ပြောက်ငယ်
English:
freckle
Grammar Note:
နာမ်
မှဲ့စွန်း
[m̥ésʊ́ɴ]
Arakanese:
၁၊ (ဥပစာ) တခုတရီ အပြစ်သင့် ရောက်ရေ။ လူမူရီးအားဖြင့် အသင့်မလျော်ရာ ဖြစ်တေ။ ၂၊ တခုတရီသော အမှု၌ ငြိစွန်း နိန်ရေ
Burmese:
၁၊ (ဥပစာ) တစ်စုံတစ်ရာ အပြစ်သင့် ရောက်သည်။ လူမူရေးအားဖြင့် အသင့်မလျော်ရာ ဖြစ်သည်။ ၂၊ တစ်စုံတစ်ခုသော အမှု၌ ငြိစွန်း နေသည်
English:
afoul
Grammar Note:
နာမ်
မှဲ့သီး
[m̥éθï]
Arakanese:
ကိုယ်ခန္ဓာ အသား အရီပြားထက်မာ အလိုအလျောက် စွဲထင်နိန်ရေ (အရဲ-အနက်) အစက်ပြောက်ငယ်
Burmese:
ကိုယ်ခန္ဓာ အသား အရေပြားပေါ်တွင် အလိုအလျောက် စွဲထင်နေသော (အနီ-အနက်) အစက်ပြောက်ငယ်
English:
freckle
Grammar Note:
နာမ်
မှဲ့သီးစွန်း
[m̥éθïsʊ́ɴ]
Arakanese:
၁၊ (ဥပစာ) တခုတရီ အပြစ်သင့် ရောက်ရေ။ လူမူရီးအနိန်နန့် မသင့်မလျော်ရာ ဖြစ်တေ။ ၂၊ တခုတရီသော အမှု၌ ငြိစွန်း နိန်ရေ
Burmese:
၁၊ (ဥပစာ) တစ်စုံတစ်ရာ အပြစ်သင့် ရောက်သည်။ လူမူရေး အားဖြင့် မသင့်မလျော်ရာ ဖြစ်သည်။ ၂၊ တစ်စုံတစ်ခုသော အမှု၌ ငြိစွန်း နေသည်
English:
afoul
Grammar Note:
နာမ်