Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 241–260 of 2,515 words

    မ

    မဆွ

    [msʰw]
    ရှီးဦး။ ‘ရှီးဦးမဆွ၊ လားပြီးကေမှလျှင်’ (ငှက်ဆင်ချီ)
    ရှေးဦး။ ‘ရှေးဦးမဆွ၊ သွားပြီးမှလျှင်’ (ငှက်ဆင်ချီ)
    ancient
    ကြိယာဝိသေသန

    မဇာ

    [mzà]
    အမျိုးအမည် မသိရေ၊ အကြောင်း တစုံတရာကို ရည်ညွှန်း မီးမြန်းရာမာ သုံးသော အမီးစကား။ ‘မိုက်ငြား၊ သူမိုက်သားကို၊ မားပနာပြည်သျှင်၊ မင်းခွင်ပီးပြီးကေ၊ မှူးရီးမတ်ရာ၊ နှင်းအပ်ပါမူ။ ဘဇာကျိုးဟိ၊ နွမ်းရိသတ္တဝါ၊ မြို့ရွာတုန်လှုပ်၊ အကျိုးယုတ်၍’ (ရွှီသဲထုံး)။ ‘မဇာကိစ္စ၊ ယှ
    အမျိုးအမည် မသိသော၊ အကြောင်း တစ်စုံတရာကို ရည်ညွှန်း မေးမြန်းရာ၌ သုံးသော အမေးစကား။ ‘မလိမ္မာငြား၊ သူမိုက်သားကို၊ မှား၍ပြည်သျှင်၊ မင်းခွင်ပေး၍၊ မှူးရေးမတ်ရာ၊ နှင်းအပ်ပါမူ။ ဘဇာကျိုးယှိ၊ နွမ်းရိသတ္တဝါ၊ မြို့ရွာတုန်လှုပ်၊ အကျိုးယုတ်၍’ (ရွှေသဲထုံး)။ ‘မဇာကိစ္စ၊ ယှ
    what is it
    နာမ်

    မဇောင်

    [mzàʊɴ]
    တခုတရီသော ပြုလုပ်ပုံ၊ ပြောဆို ခေါ်ဝေါ်ပုံရို့ကို ရည်ညွှန်း မီးမြန်းရာမာ သုံးသော နာမ်စားပုဒ်။ ‘ယီးတီးယောင်တောင်၊ မသိယောင်သို့၊ ဘဇောင်မသိ’ (ကော်)။ ‘အိုအိုမောင်ချစ်၊ ငါ့အတောင်ရို့၊ ဘဇောင်ဖြစ်လို့၊ စင်စစ်ငါလျှင်၊ ညောင်းရေပင်ဟု၊ ဆိုကျင်ကာလ’ (ဒွေး)။ ‘သမီးလှ
    တစ်စုံတစ်ခုသော ပြုလုပ်ပုံ၊ ပြောဆို ခေါ်ဝေါ်ပုံတို့ကို ရည်ညွှန်း မေးမြန်းရာ၌ သုံးသော နာမ်စားပုဒ်။ ‘ယီးတီးယောင်တောင်၊ မသိယောင်သို့၊ ဘဇောင်မသိ’ (ကော်)။ ‘အိုအိုမောင်ချစ်၊ ငါ့အတောင်တို့၊ ဘဇောင်ဖြစ်လို့၊ စင်စစ်ငါလျှင်၊ ညောင်းရေပင်ဟု၊ ဆိုကျင်ကာလ’ (ဒွေး)။ ‘သမီးလှ
    none
    နာမ်စား

    မဉ္ဇူ

    [mjʊ́nzaù]
    နတ်ပန်း။ ပန်းမဉ္ဇူ၊ ကြိုင်ကြိုင်မွှီး၊ အိမ်ခြီစာရင်းပီး (အယင်က မြောက်ဦးမြို့ အိမ်ခြေ (၅၅၃၁၁၅) ဟိသည် ဟူ၏။
    နတ်ပန်း။ ပန်းမဉ္ဇူ၊ ကြိုင်ကြိုင်မွှီး၊ အိမ်ခြီစာရင်းပီး (ယခင်က မြောက်ဦးမြို့ အိမ်ခြေ (၅၅၃၁၁၅) ယှိသည် ဟူ၏။
    four o’clock flower - marvel of Peru Mirabilis jalapa
    နာမ်

    မဉ္ဇူသကာ

    [mjʊ́nzaùθkà]
    ဂန္ဓမာဒနတောင် ပတ္တမြားဂူမာရာ ပေါက်ရောက်ရေ ဆိုရေ နတ်ပန်း
    ဂန္ဓမာဒနတောင် ပတ္တမြားဂူ၌သာ ပေါက်ရောက်သည် ဆိုသော နတ်ပန်း
    four o’clock flower - fabulous celestial flower said to grow at the entrance of a ruby grow at the entrance of a ruby grotto in the Himalayas
    နာမ်

    မညင်းဆီ

    [mɲɪ́ɴsʰí]
    မညင်းစိကို ကြိတ်ပနာ ရရေအဆီ
    မညင်းစေ့ကို ကြိတ်၍ ရသောအဆီ
    mustard oil
    နာမ်

    မညင်းပြောက်

    [mɲɪ́ɴpɹɔ́ɛʔ]
    ရှီးဟောင်း ရခိုင်သမမရို့၏ လက်ဝတ် ရတနာတခု၏ အမည်၊ ‘ဒိုးဒိုးလက်ကောက်၊ မညင်းပြောက်၊ အပြောက်သုံးဆယ်၊ စျီးကဝယ်’ (တေး)
    ရှေးဟောင်း ရခိုင်သူမတို့၏ လက်ဝတ် ရတနာတစ်ခု၏ အမည်၊ ‘ဒိုးဒိုးလက်ကောက်၊ မညင်းပြောက်၊ အပြောက်သုံးဆယ်၊ စျီးကဝယ်’ (တေး)
    jewellery
    နာမ်

    မညင်းရုပ်

    [mɲɪ́ɴɹoʊʔ]
    အဝတ်ဖြင့် ပြုလုပ်ထားပနာ လှပရေ ယောက်ျားရုပ်၊ မမာ့ရုပ်
    အဝတ်ဖြင့် ပြုလုပ်ထား၍ လှပသော ယောက်ျားရုပ်၊ မိန်းမရုပ်
    doll
    နာမ်

    မညင်းသျှေ

    [mɲɪ́ɴʃè]
    အဝတ်ဖြင့် ပြုလုပ်ထားပနာ လှပရေ ယောက်ျားငယ်ရုပ်၊ မမာ့ငယ်ရုပ်
    အဝတ်ဖြင့် ပြုလုပ်ထား၍ လှပသော ယောက်ျားငယ်ရုပ်၊ မိန်းမငယ်ရုပ်
    doll
    နာမ်

    မညီး

    [mɲï]
    ရောင့်ရဲ တင်းတိမ်ခြင်း မဟိဖြစ်တေ။ ကျီနပ် နိုင်ခြင်း မဟိဖြစ်တေ။ ၂၊ ကြိုင်းခြင်း၊ ငြီးငွိ့ခြင်းမဟိ ဖြစ်တေ။ ‘သခွတ်၊ သတွီ၊ သပြီ၊ သဖန်း၊ တောတောင်လမ်းဝယ်၊ တင်းကျမ်းပြည့်ဘိ၊ စားမညီးတည်း’ (ထွန်းတိ)
    ရောင့်ရဲ တင်းတိမ်ခြင်း မယှိဖြစ်သည်။ ကျေနပ် နိုင်ခြင်း မယှိဖြစ်သည်။ ၂၊ ညည်းတွားခြင်း၊ ငြီးငွေ့ခြင်းမယှိ ဖြစ်သည်။ ‘သခွတ်၊ သတွီ၊ သပြီ၊ သဖန်း၊ တောတောင်လမ်းဝယ်၊ တင်းကျမ်းပြည့်ဘိ၊ စားမညီးတည်း’ (ထွန်းတိ)
    disaffected
    ကြိယာ

    မညီး၂

    [mɲï၂]
    နူးညံ့သာယာ ချိုသာသော အသံ။ သာယာ နာပျော်ဖွယ် ဟိသောအသံ။ ‘မုက္ခဇီဝှာ၊ လျှာပါးပါးနှင့်၊ စကားသာကေ၊ ကြားကာမည်’ (ဓမ္မသာ)။ မညင်း အရွက်နှင့် အစိကို စားသုံးရရေ တနှစ်ခံ အပင်ငယ်တမျိုး။ (မညင်းပြောက်၊ မညင်းနီ၊ မညင်းဖြူ၊ မညင်းစိမ်းဆိုပနာ ဟိရေ။
    နူးညံ့သာယာ ချိုသာသော အသံ။ သာယာ နာပျော်ဖွယ် ယှိသောအသံ။ ‘မုက္ခဇီဝှာ၊ လျှာပါးပါးနှင့်၊ စကားသာကေ၊ ကြားကာမည်’ (ဓမ္မသာ)။ မညင်း အရွက်နှင့် အစေ့ကို စားသုံးရသော တစ်နှစ်ခံ အပင်ငယ်တစ်မျိုး။ (မညင်းပြောက်၊ မညင်းနီ၊ မညင်းဖြူ၊ မညင်းစိမ်းဟူ၍ ယှိသည်။
    cute voice
    နာမ်

    မည်

    [mɛ̀]
    ဟင်းတမျိုး နှစ်မည်အစဟိစွာ
    ဟင်းတစ်မည် နှစ်မည်စသည်
    counting curry
    နာမ်

    မည့်

    [mɛ့̀]
    အနာဂတ်ကာလကို ညွှန်းသော နာမဝိသေသန စကားလုံး။ လာမည့်နှစ်မာ ဘုရား တပါးနန့် သိမ်တဆောင် ဆောက်လုပ်ဖို့ (အရပ်)
    အနာဂတ်ကာလကို ညွှန်းသော နာမဝိသေသန စကားလုံး။ လာမည့်နှစ်မှာ ဘုရား တစ်ပါးနန့် သိမ်တစ်ဆောင် ဆောက်လုပ်ဖို့ (အရပ်)
    will
    ပစ္စည်း

    မည်း

    [mɛ́]
    ဇကန်း အဆင်းပိုင် ဟိသော။ ယင်းအရောင်အဆင်း သန်းသော
    ကျီးကန်း အဆင်းကဲ့သို့ ယှိသော။ ယင်းအရောင်အဆင်း သန်းသော
    black
    နာမဝိသေသန

    မည်ကာမတ္တ

    [mɛ̀kàmt̪t̪a̰]
    မည်ကာမျှ
    မည်ကာမျှ
    none
    နာမ်

    မည်ညို

    [mɛ̀ɲÒ]
    အမွီးစိမ်းညိုရောင်နှင့် ကြက်လောက်နီးပါးဟိ ပတုံးတို တောနက်နေ ငှက်တမျိုး
    အမွေးစိမ်းညိုရောင်နှင့် ကြက်လောက်နီးပါးယှိ အမြီးတို တောနက်နေ ငှက်တစ်မျိုး
    bird
    နာမ်

    မည်းတက်ခံ

    [mɛ́tɛʔkʰံ]
    သရက်ပင် အစဟိစွာအပင်၌ ပင်မကြီးအကိုင်းကို တစောင်းလှီးလို့ အမြစ်ထွက်စီရန် အခေါက်ကိုခွာ၍ အုန်းဆံဖတ်ဖြင့် ပတ်ထားရေ။ (မည်းသားခံဆိုပနာ သုံးနှုန်းကတ်သိမ့်ရေ)
    သရက်ပင် စသည်အပင်၌ ပင်စည်အကိုင်းကို တစောင်းလှီး၍ အမြစ်ထွက်စေရန် အခေါက်ကိုခွာ၍ အုန်းဆံဖတ်ဖြင့် ပတ်ထားသည်။ (မည်းသားခံဟူ၍ သုံးနှုန်းကြသေးသည်)
    graft
    ကြိယာ

    မည်းတား

    [mɛ́tá]
    အပြာရောင် ဆိုးဆီးမှုန်တမျိုး
    အပြာရောင် ဆိုးဆေးမှုန်တစ်မျိုး
    indigo
    နာမ်

    မည်းနက်

    [mɛ́nɛʔ]
    တပါးအရောင်မနှော၊ ပကတိ နက်ပြောင်သော။ တပါးအရောင် မထင်သာယောင် အမိုက်သည်းသော
    တစ်ပါးအရောင်မနှော၊ ပကတိ နက်မှောင်သော။ တစ်ပါးအရောင် မထင်သာအောင် အမှောင်သည်းသော
    black
    နာမဝိသေသန

    မည်းနက်ကေ

    [mɛ́nɛʔkè]
    အထူး မဲနက်ရေ
    အထူး မည်းနက်သော
    black
    နာမဝိသေသန