Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 261–280 of 2,515 words

    မ

    မည်းမည်းခေါက်ခေါက်

    [mɛ́mɛ́kʰaʊʔkʰaʊʔ]
    မဲနက်ရေ အဆင်းအရောင် ဟိသော
    မည်းနက်သော အဆင်းအရောင် ယှိသော
    black
    နာမဝိသေသန

    မည်းမည်းခြောက်ခြောက်

    [mɛ́mɛ́kʰɹɔ́ɛʔkʰɹɔ́ɛʔ]
    အသားအရီ စိုပြေခြင်း မဟိ၊ ညိုရင့်ရောင် သမ်းဗျာယ်
    အသားအရေ စိုပြေခြင်း မယှိ၊ ညိုရင့်ရောင် သမ်းလျက်
    black
    ကြိယာဝိသေသန

    မည်းမည်းပုပ်ပုပ်

    [mɛ́mɛ́poʊʔpoʊʔ]
    အသားအရီ မဲနက်ရေသူ။ အရာဝတ္တု
    အသားအရေ မည်းနက်သောသူ။ အရာဝတ္တု
    black
    နာမ်

    မည်မည်ရရ

    [mɛ̀mɛ̀ɹɹ]
    ပြောစမှတ် ဆိုစမှတ်ပြုရလောက်ယောင် ထိရောက်ပိုင်နိုင် ထင်ရှားသောအရာ။ လစ်ဟာခြင်းမဟိ ပြည့်စုံရေဟု ဆိုရလောက်သော အရာ
    ပြောစမှတ် ဆိုစမှတ်ပြုရလောက်အောင် ထိရောက်ပိုင်နိုင် ထင်ရှားသောအရာ။ လစ်ဟာခြင်းမရှိ ပြည့်စုံသည်ဟု ဆိုရလောက်သော အရာ
    anything defiite
    နာမ်

    မည်းမျှင်

    [mɛ́mɹ̯ɪ̀ɴ]
    အချေများမာ အန္တရာယ်ကင်းအောင် ခါး၊ လည်၊ လက်အစဟိစွာ၌ စည်းနှောင်ထားလိဟိရေ့ များရွီတွက်နန့် အမဲရောင် ဟိရေ ကြိုးငယ်
    ကလေးငယ်များတွင် အန္တရာယ်ကင်းအောင် ခါး၊ လည်၊ လက်စသည်၌ စည်းနှောင်ထားလေ့ရှိသည့် များသောအားဖြင့် အမည်းရောင် ရှိသော ကြိုးငယ်
    amulet
    နာမ်

    မည်းသား

    [mɛ́θá]
    အနာကျက်စ ပြုလာရေအခါ အသားနု တက်စပြုလာရေ
    အနာကျက်စ ပြုလာသောအခါ အသားနု တက်စပြုလာသည်
    (of injury or wound) be in the process or healing
    ကြိယာ

    မည်းသားတက်

    [mɛ́θátɛʔ]
    အနာ ကျက်စပြုရေအခါ၊ ယင်းအနာမာ အသားသစ် ဖြစ်ပေါ်သည်
    အနာ ကျက်စပြုသောအခါ၊ ယင်းအနာတွင် အသားသစ် ဖြစ်ပေါ်သည်
    of injury or wound) be in the process or healing
    ကြိယာ

    မည်းသားတက်ဆီ

    [mɛ́θátɛʔsʰí]
    အနာမာ အသားနု တက်စီတတ်ရေ ဆီး
    အနာတွင် အသားနု တက်စေတတ်သော ဆေး
    none
    နာမ်

    မည်းသားလိုက်

    [mɛ́θálaɪʔ]
    အနာ ကျက်စပြုရေအခါ၊ ယင်း အနာမာ အသားသစ် ဖြစ်ပေါ်သည်
    အနာ ကျက်စပြုသောအခါ၊ ယင်း အနာတွင် အသားသစ် ဖြစ်ပေါ်သည်
    (of injury or wound) be in the process or healing
    ကြိယာ

    မည်သို့မည်ပုံ

    [mɛ̀θo̰mɛ̀pòʊɴ]
    တခုတရီသော အမှုကို ပြုလုပ်ပုံ၊ ပြောဆို ခေါ်ဝေါ်ပုံရို့ကို ရည်ညွှန်းမီးမြန်းရာမာ သုံးသော နာမ်စားပုဒ်
    တစ်စုံတစ်ခုသော အမှုကို ပြုလုပ်ပုံ၊ ပြောဆို ခေါ်ဝေါ်ပုံတို့ကို ရည်ညွှန်းမေးမြန်းရာ၌ သုံးသော နာမ်စားပုဒ်
    how
    နာမ်စား

    မည်သူကိုမျ

    [mɛ̀θùkÒmr]
    တယောက်ယောက် ကိုမှ ခွဲခြား ခြွင်းချန်ခြင်းမဟိပဲ ပုဂ္ဂိုလ်အားလုံးကို ညွှန်ပြရေအခါ၌ သုံးသော စကားလုံး
    တစ်စုံတစ်ဦး ကိုမှ ခွဲခြား ခြွင်းချန်ခြင်းမယှိပဲ ပုဂ္ဂိုလ်အားလုံးကို ညွှန်ပြသောအခါ၌ သုံးသော စကားလုံး
    all
    ပစ္စည်း

    မည်သူမည်ဝါမည်နံသာ

    [mɛ̀θùmɛ̀wàmɛ̀nံθà]
    တခုတရီ ပြုလုပ်ဆောင်ရွက်ရာမာ မကျီနပ်၍ ပြစ်တင် မဆက်ဖို့အတွက် ကြိုတင် ကာကွယ် ပြောထားရေ စကားလုံး၊ နောက်တခါ မည်သည်ဇာဟင့် မည်နံသာလို့ ငါ့ကို အပြစ်မပြောကေ့ (အရပ်)
    တစ်စုံတစ်ခု ပြုလုပ်ဆောင်ရွက်ရာတွင် မကျေနပ်၍ ပြစ်တင် စကားမပြောဖို့ရန် ကြိုတင် ကာကွယ် ပြောထားသော စကားလုံး၊ နောက်တစ်ခါ မည်သည်မည်ဝါ မည်နံသာလို့ ငါ့ကို အပြစ်မပြောကေ့ (အရပ်)
    none
    ပစ္စည်း

    မည်းအိုး

    [mɛ́ʔó]
    မျက်လုံး အလယ်ဟိ အများအနိန်နန့် နက်ရေ အဝိုင်း
    မျက်လုံး အလယ်ယှိ အများအားဖြင့် နက်သော အဝိုင်း
    iris
    နာမ်

    မညှင်းစိရောင်

    [mɲ̯ɪ́ɴsìɹàʊɴ]
    မရန်းသီး၏ အစိ အရောင်မျိုး
    မရန်းသီး၏ အစေ့ အရောင်မျိုး
    purple
    နာမ်

    မညှင်းပင်

    [mɲ̯ɪ́ɴpɪ̀ɴ]
    ဘဲဥပုံ အသီးလုံးငယ်များ ရာသီအလိုက် သီးသည့် ပင်စောက်ကြီး တမျိုး။ (အချို၊ အချိုင် နှစ်မျိုး ဟိရေ။
    ဘဲဥပုံ အသီးလုံးငယ်များ ရာသီအလိုက် သီးသည့် ပင်စောက်ကြီး တစ်မျိုး။ (အချို၊ အချဉ် နှစ်မျိုး ယှိသည်။
    marian
    နာမ်

    မညှိုးပန်း

    [mɲ̯ópáɴ]
    နွမ်းခြောက်ရေ့ထိ အရောင် ပြယ်ပျောက်ခြင်း မဟိသော အဖြူရောင် အဆုပ်လိုက် အပွင့်လုံး ကချေတိ ပွင့်သည့် ပန်းပင်ငယ် တမျိုး။ ‘စွယ်တော်သော်က၊ ပန်းရာမ၊ မညှိုးဂန္ဓာမာ၊ ပန်းများစွာ’ (ဓမ္မက)
    နွမ်းခြောက်သည့်ထိ အရောင် ပြယ်ပျောက်ခြင်း မယှိသော အဖြူရောင် အဆုပ်လိုက် အပွင့်လုံး ကလေးများ ပွင့်သည့် ပန်းပင်ငယ် တစ်မျိုး။ ‘စွယ်တော်သော်က၊ ပန်းရာမ၊ မညှိုးဂန္ဓာမာ၊ ပန်းများစွာ’ (ဓမ္မက)
    none
    နာမ်

    မဏိ

    [mnì]
    ပတ္တမြား။ မြ။ ကျောက်မျက် ရတနာ
    ပတ္တမြား။ မြ။ ကျောက်မျက် ရတနာ
    jewel
    နာမ်

    မဏိတော်

    [mnìtɔ̀]
    ဘုရားမြတ်စွာ ရုပ်ပွားတော်၏ ဦးထိပ်အပြင်။ နဖူးတော်
    ဘုရားမြတ်စွာ ရုပ်ပွားတော်၏ ဦးထိပ်အပြင်။ နဖူးတော်
    the Buddha’s forehead
    နာမ်

    မဏိဦးစွန်

    [mnìʔúsʊ̀ɴ]
    အထွဋ်အမြတ် ထားပနာ ကိုးကွယ် ဆည်းကပ်သော ဆရာတော်
    အထွဋ်အမြတ် ထား၍ ကိုးကွယ် ဆည်းကပ်သော ဆရာတော်
    presiding monk
    နာမ်

    မဏိဦးစွန်းဆရာတော်

    [mnìʔúsʊ́ɴsʰɹàtɔ̀]
    အလီးတမူ ဂရုပြုပနာ ရိုသေ လေးစားဗျာယ် အမြဲ ဆည်းကပ် ကိုးကွယ် ဆည်းကပ်နိန်ရေ ဆရာတော်
    အလေးတမူ ဂရုပြု၍ ရိုသေ လေးစားလျက် အမြဲ ဆည်းကပ် ကိုးကွယ် ဆည်းကပ်နေသော ဆရာတော်
    presiding monk
    နာမ်