Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 301–320 of 2,515 words

    မ

    မတိုးတွန့်

    [mtótʊ̀ɴ့]
    စိတ်စေတနာ သဒ္ဓါတရား အစဟိစွာ ဆုတ်နစ်ခြင်း မဟိဖြစ်တေ။ နှမြိုး စုံမက်ခြင်း ကင်းသည်
    စိတ်စေတနာ သဒ္ဓါတရား စသည် ဆုတ်နစ်ခြင်း မယှိဖြစ်သည်။ နှမြော စုံမက်ခြင်း ကင်းသည်
    not stingy
    ကြိယာ

    မတိုးတွန့်၂

    [mtótʊ̀ɴ့၂]
    မစာမနာသော သဘောဟိသော။ သနားကြင်နာခြင်း မဟိရေ။ ‘နှင်ပစ်တုံစဉ်၊ စဉ်းငယ်ပင်လေ၊ ဖခင်ဆိုးမာ၊ မတိုးတွန့်ပဲ’ (ဓမ္မသာ)
    မညှာမတာသော သဘောယှိသော။ သနားကြင်နာခြင်း ကင်းမဲ့သော။ ‘နှင်ပစ်တုံစဉ်၊ စဉ်းငယ်ပင်လေ၊ ဖခင်ဆိုးမှာ၊ မတိုးတွန့်ပဲ’ (ဓမ္မသာ)
    relentless
    နာမဝိသေသန

    မတီးမမြည်

    [mtïmmɹɛ]
    တခုတရီကို ဆောင်ရွက်နှိုင်ရေ အရည်အခြင်း၊ တန်ခိုးသတ္တိ၊ အစွမ်းအစကို ဖော်ထုတ် ပြလိုက်ရေ။ ‘မပြောမပြီး၊ မတီးမမြည်၊ စည်ပုတ်ကေ’ (ရိုးရာ)
    တစ်စုံတစ်ရာကို ဆောင်ရွက်နိုင်သော အရည်အချင်း၊ တန်ခိုးသတ္တိ၊ အစွမ်းအစကို ဖော်ထုတ် ပြလိုက်သည်။ ‘မပြောမပြီး၊ မတီးမမြည်၊ စည်ပုတ်ကေ’ (ရိုးရာ)
    reveal
    ကြိယာ

    မတုံး

    [mtóʊɴ]
    တိရစ္ဆာန်ရို့၏ ကြောရိုးနှင့် တဆက်တည်း နောက်ဘက်ကို ရှည်ထွက်နိန်ရေ ကိုယ်အင်္ဂါ အစိတ်အပိုင်း။ ‘သံတိုင်ကြီးကို၊ ပတုံးနှင့်ရစ်၊ ဖနောင့်တိုက်ကေ၊ ပြိုက်ပြိုက်ကြီးပြုန်း’ (ကော်)။ ‘ရေငါးလိပ်ရို့၊ ကြောက်မက်ဖွယ်ကောင်း၊ မတုံးထောင်ဗျာ၊ တောင်မြောက်စိုင်းပြေး’ (ဝိဇယ)
    တိရစ္ဆာန်တို့၏ ကျောရိုးနှင့် တဆက်တည်း နောက်ဘက်သို့ ရှည်ထွက်နေသော ကိုယ်အင်္ဂါ အစိတ်အပိုင်း။ ‘သံတိုင်ကြီးကို၊ ပတုံးနှင့်ရစ်၊ ဖနောင့်တိုက်ကေ၊ ပြိုက်ပြိုက်ကြီးပြုန်း’ (ကော်)။ ‘ရေငါးလိပ်တို့၊ ကြောက်မက်ဖွယ်ကောင်း၊ မတုံးထောင်ဗျာ၊ တောင်မြောက်စိုင်းပြေး’ (ဝိဇယ)
    none
    နာမ်

    မတုံးဖြူ

    [mtóʊɴpʰɹù]
    ပတုံးစွန်း၌ အဖြူရောင် ပတ်လည်ပါဟိသော နွား။ (နွားကြန်စုံ။
    အမြီးစွန်း၌ အဖြူရောင် ပတ်လည်ပါယှိသော နွား။ (နွားကြန်စုံ။
    none
    နာမ်

    မတုံ့မယုံ့

    [mto̰ʊɴmjo̰ʊɴ]
    ကြောက်ရွံ့ ဆုတ်နစ်ခြင်းကင်းပြီးကေ စွမ်းဆောင်မှု အင်အား အပြည့်အဝဟိသော။ ရဲဝံ့ထက်မြက်ရေ သတ္တိဟိသော
    ကြောက်ရွံ့ ဆုတ်နစ်ခြင်းကင်း၍ စွမ်းဆောင်မှု အင်အား အပြည့်အဝယှိသော။ ရဲဝံ့ထက်မြက်သော သတ္တိယှိသော
    brave
    နာမဝိသေသန

    မတုံ့မယုံ့၂

    [mto̰ʊɴmjo̰ʊɴ၂]
    ကြောက်ရွံ့ဆုတ်နစ်ခြင်း မဟိပဲ။ ရဲဝံ့စွာ။ သတ္တိ ပြောင်မြောက်စွာ
    ကြောက်ရွံ့ဆုတ်နစ်ခြင်း မယှိပဲ။ ရဲဝံ့စွာ။ သတ္တိ ပြောင်မြောက်စွာ
    brave
    ကြိယာဝိသေသန

    မတူးမချစ်

    [mtùးmɕɪʔ]
    (ဥပစာ) မချစ်လွန်း မမုန်းလွန်း အလယ်အလတ် ဖြစ်ရေ
    (ဥပစာ) မချစ်လွန်း မမုန်းလွန်း အလယ်အလတ် ဖြစ်သော
    medium
    နာမဝိသေသန

    မတောက်ခလောက်

    [mtɔ́ɛʔkʰlɔ́ɛʔ]
    ကောင်းစွာ မနှံ့စပ် မတတ်ကျွမ်းပဲ။ အနည်းအပါးမျှ၊ အသင့်အတင့်။ ‘အကျွန် စာဖတ်ဖို့ မခေါက်တလိုင်းက်ရာ တတ်ပါသိရေ’ (အရပ်)
    ကောင်းစွာ မနှံ့စပ် မကျွမ်းကျင်ပဲ။ အနည်းအပါးမျှ၊ အသင့်အတင့်။ ‘အကျွန် စာဖတ်ဖို့ မခေါက်တလောက်သာ တတ်ပါသိရေ’ (အရပ်)
    fairly
    ကြိယာဝိသေသန

    မတောက်တောက်

    [mtɔ́ɛʔtɔ́ɛʔ]
    နူးညံ့ခြင်း မဟိ ပျိုင်းတွဲ တောင့်တင်းဗျာယ်။ ၂၊ ကျိုးပဲ့ ပျက်စီး လွယ်ဗျာယ်
    နူးညံ့ခြင်း မယှိ ပျဉ်းတွဲ တောင့်တင်းလျက်။ ၂၊ ကျိုးပဲ့ ပျက်စီး လွယ်လျက်
    brittle
    ကြိယာဝိသေသန

    မတော်

    [mtɔ̀]
    မသင့်မလျော်သော။ မပြုလုပ်အပ်ရေ
    မသင့်မလျော်သော။ မပြုလုပ်အပ်သော
    not suitable
    နာမဝိသေသန

    မတော်ကရော်

    [mtɔ̀kɹɔ̀]
    မသင့်လျော်သော အပြုအမူ။ ရုန်းရင်း ကြမ်းတမ်းသော ပြုမူချက်
    မသင့်လျော်သော အပြုအမူ။ ရုန်းရင်း ကြမ်းတမ်းသော ပြုမူချက်
    not suitable
    နာမ်

    မတော်ကေ

    [mtɔ̀kè]
    အဂယင့်လို့ တပါးသော အကြောင်း အနိန်နန့် ဖြစ်တေဟိသော်
    အကယ်၍ တစ်ပါးသော အကြောင်း အားလျော်စွာ ဖြစ်သည်ယှိသော်
    accidentally
    သမ္ဗန္တ

    မတော်တဆ

    [mtɔ̀tsʰ]
    ရည်ရွယ်ချက် မဟိပဲ။ အမှတ်တမဲ့။ ထိန်းကိုင် နိုင်စွမ်းမဟိသောအနိန်နန့်
    ရည်ရွယ်ချက် မယှိပဲ။ အမှတ်တမဲ့။ ထိန်းကိုင် နိုင်စွမ်းမယှိသော အားဖြင့်
    accidentally
    ကြိယာဝိသေသန

    မတော်မတန်

    [mtɔ̀mtàɴ]
    ထိုက်သင့်သော ဈီးနှုန်းထက် ပိုလွန်ကဲဗျာယ်။ သင့်သည့် ပမာဏထက် ပိုလွန်ကဲဗျာယ်
    ထိုက်သင့်သော ဈေးနှုန်းထက် ပိုလွန်ကဲလျက်။ သင့်သည့် ပမာဏထက် ပိုလွန်ကဲလျက်
    beyond limit
    ကြိယာဝိသေသန

    မတော်မတရား

    [mtɔ̀mtɹá]
    လူ့ကျင့်ဝတ်အရ လျော်ကန်မှု မဟိပဲဗျာယ်
    လူ့ကျင့်ဝတ်အရ လျော်ကန်မှု မယှိပဲလျက်
    unjustly
    ကြိယာဝိသေသန

    မတော်လို့

    [mtɔ̀lo̰]
    အဂယင့်လို့ တပါးသော အကြောင်း အနိန်နန့် ဖြစ်တေဟိသော်
    အကယ်၍ တစ်ပါးသော အကြောင်း အားလျော်စွာ ဖြစ်သည်ယှိသော်
    reasonably
    သမ္ဗန္တ

    မတဲဝါး

    [mtɛwàး]
    ရက်ကန်း ရက်ရာမာ ယိုင်သွား၌ ဒေါင်လိုက်စီ၍ ထည့်ရရေ ဝါးတံမျှင် ပြုလုပ်ရာမာ သုံးရေ့ ဝါးတမျိုး
    ယက်ကန်း ရက်ရာတွင် ယဉ်သွား၌ ဒေါင်လိုက်စီ၍ ထည့်ရသော ဝါးတံမျှင် ပြုလုပ်ရာ၌ သုံးသည့် ဝါးတစ်မျိုး
    bamboo
    နာမ်

    မတ်

    [maʔ]
    ကိုယ့်က ဦးတိုက် ပြောဆိုနီသူကို ညွှန်ပြသော စကားလုံး။ (ကြီးသူက ငယ်သူသို့ ဖြစ်စီ၊ ရွယ်တူတန်းတူချင်း ဖြစ်စီ၊ သုံးရရေ စကား။ မင်း၊ နင်၊ သင်၊ ခင်ဗျာ အစဟိစွာအနိန်နန့်) မောင်လှ မတ် အစွာပြောရုံ (အရပ်)။ မင်း၊ နင်၊ သင်။ ကိုယ့်က ဦးတည်ရည်ညွှန်း ပြောဆိုရေ အရာသူကို ခေါ်ဝေါ်သည့်
    မိမိက ဦးတိုက် ပြောဆိုနေသူကို ညွှန်ပြသော စကားလုံး။ (ကြီးသူက ငယ်သူသို့ ဖြစ်စေ၊ ရွယ်တူတန်းတူချင်း ဖြစ်စေ၊ သုံးရသော စကား။ မင်း၊ နင်၊ သင်၊ ခင်ဗျာ စသည်ဖြင့်) မောင်လှ မတ် အစွာပြောရုံ (အရပ်)။ မင်း၊ နင်၊ သင်။ မိမိက ဦးတည်ရည်ညွှန်း ပြောဆိုသော အခြားသူကို ခေါ်ဝေါ်သည့်
    You
    နာမ်စား

    မတ်၂

    [maʔ၂]
    လင်၏ညီ။ ညီမ၏ လင်နှင့် တော်စပ်ပုံ။ တန်းကားတပြား၏ တပွာအာဒီ ပမာဏ။ လယ်တသျှဉ်း၏ တပွာအာဒီ အကျယ်အဝန်း
    လင်၏ညီ။ ညီမ၏ လင်နှင့် တော်စပ်ပုံ။ ငွေတစ်ကျပ်၏ လေးပုံတစ်ပုံ ပမာဏ။ လယ်တစ်သျှဉ်း၏ လေးပုံတစ်ပုံ အကျယ်အဝန်း
    Brother-in-law
    နာမ်