Dictionary Entries
Showing 21–40 of 2,515 words
မ
မကန်
[mkàɴ]
Arakanese:
လက်ခံနှိုင်သည့် ပမာဏထက် ပိုလွန်သနန့် အကျပ်အတည်း ဖြစ်ဗျာယ်။ ‘ရင်၌နို့သီး၊ နုလှပ်လှပ်မာ၊ တင်းကျပ်မကန်၊ သားသက်နှံကို၊ ဖွားပြန်ခါမှ’ (ပဒုမ္မ)။ ‘ဝမ်း၌မကန်၊ သည်းအူပြန်ပနာ၊ မှောက်လှန်မပြော၊ မျက်ရည်လာဗျာ၊ ဆို့ကာမျိုးလို့’ (နာရဒ)
Burmese:
လက်ခံနိုင်သည့် ပမာဏထက် ပိုလွန်သဖြင့် အကျပ်အတည်း ဖြစ်လျက်။ ‘ရင်၌သားမြတ်၊ နုလှပ်လှပ်မှာ၊ တင်းကျပ်မကန်၊ သားသက်နှံကို၊ ဖွားပြန်ပြီးမှ’ (ပဒုမ္မ)။ ‘ဝမ်း၌မကန်၊ သည်းအူပြန်၍၊ မှောက်လှန်မပြော၊ မျက်ရည်လာဗျာ၊ ဆို့ကာမျောလို့’ (နာရဒ)
English:
cannot accept
Grammar Note:
ကြိယာဝိသေသန
မကန်၂
[mkàɴ၂]
Arakanese:
အမျိုးအမည် အရွီအတွက် စစွာတိပြားစွာ။ ပမာဏချင်း မတန်မမျှပဲဗျာယ်။ မကန်မဝှန်အားဖြင့်။ ‘တရုတ်ကုလား၊ ဘုတ်သမ္ဗန်သို့၊ မကန်ဆင်းကေ၊ ခလာချိတ်ရို့’ (ပဒ)။ ‘အာကျပ်တော်ကုန်း၊ ဓာတ်သုံးလုံး၊ စစ်တွေမင်းကန်၊ လူမကန်’ (ရိုးရာ)
Burmese:
အမျိုးအမည် အရေအတွက် စသည်များပြားစွာ။ ပမာဏချင်း မတန်မမျှပဲလျက်။ အများအပြားအားဖြင့်။ ‘တရုတ်ကုလား၊ ဘုတ်သမ္ဗန်သို့၊ မကန်ဆင်းကေ၊ သင်္ဘောသားတို့’ (ပဒ)။ ‘အာကျပ်တော်ကုန်း၊ ဓာတ်သုံးလုံး၊ စစ်တွေမင်းကန်၊ လူမကန်’ (ရိုးရာ)
English:
various type
Grammar Note:
ကြိယာဝိသေသန
မကန်တကန်
[mkàɴtkàɴ]
Arakanese:
လက်ခံနှိုင်သည့် ပမာဏထက် ပိုလွန်သနန့် အကျပ်အတည်း ဖြစ်ဗျာယ်။ ပမာဏချင်း မတန်မမျှပဲဗျာယ်။ ပိုပြီးကေလွန်ကဲဗျာယ်
Burmese:
လက်ခံနိုင်သည့် ပမာဏထက် ပိုလွန်သဖြင့် အကျပ်အတည်း ဖြစ်လျက်။ ပမာဏချင်း မတန်မမျှပဲလျက်။ ပိုမိုလွန်ကဲလျက်
English:
exceed
Grammar Note:
ကြိယာဝိသေသန
မကန်တန်တန်
[mkàɴtàɴtàɴ]
Arakanese:
လက်ခံနှိုင်သည့် ပမာဏထက် ပိုလွန်သနန့် အကျပ်အတည်း ဖြစ်ဗျာယ်။ ပမာဏချင်း မတန်မမျှပဲဗျာယ်။ ပိုပြီးကေလွန်ကဲဗျာယ်
Burmese:
လက်ခံနိုင်သည့် ပမာဏထက် ပိုလွန်သဖြင့် အကျပ်အတည်း ဖြစ်လျက်။ ပမာဏချင်း မတန်မမျှပဲလျက်။ ပိုမိုလွန်ကဲလျက်
English:
exceed
Grammar Note:
ကြိယာဝိသေသန
မကန်မလွန်
[mkàɴmlʊ̀ɴ]
Arakanese:
ပမာဏချင်း မတန်မမျှပဲဗျာယ်။ ပိုပြီးကေလွန်ကဲဗျာယ်
Burmese:
ပမာဏချင်း မတန်မမျှပဲလျက်။ ပိုမိုလွန်ကဲလျက်
English:
exceed
Grammar Note:
ကြိယာဝိသေသန
မကန်မဝှန်
[mkàɴmʍàɴ]
Arakanese:
ပမာဏချင်း မတန်မမျှပဲဗျာယ်။ ပိုပြီးကေ လွန်ကဲဗျာယ်
Burmese:
ပမာဏချင်း မတန်မမျှပဲလျက်။ ပိုမို လွန်ကဲလျက်
English:
exceed
Grammar Note:
ကြိယာဝိသေသန
မကလီ
[mklí]
Arakanese:
ကတ်လားနပျိုးသီး အမည်တခု။ ‘နှပျိုးစဲဖေါက် ထိုနောက်ရခိုင်၊ အစိုင်သင့်စွာ နံ့သာဖု-ဆတ်ဂြို၊ ခေါ်ဆိုမကလီ၊ တူပြီးအခိုး၊ ကရင်မျိုးကဲ’ (ဓာပကာနီ)
Burmese:
ရခိုင်ငှက်ပျောသီး အမည်တစ်ခု။ ‘ငှက်ပျောစဲဖေါက် ထိုနောက်ရခိုင်၊ အစိုင်သင့်စွာ နံ့သာဖု-ဆတ်ဂြို၊ ခေါ်ဆိုမကလီ၊ တူပြီးအခိုး၊ ကရင်မျိုးကဲ’ (ဓာပကာနီ)
English:
banana
Grammar Note:
နာမ်
မကသိ
[mkθì]
Arakanese:
အရွီအတွက် ပမာဏ ကန့်သတ်မှု မဟိပါရာဗျာယ်။ (တသိန်း - မကသိ။ နှစ်သိန်း-မကသိ အစဟိစွာ့ဖြင့်။
Burmese:
အရေအတွက် ပမာဏ ကန့်သတ်မှု မယှိပါပဲလျက်။ (တစ်သိန်း - မကသိ။ နှစ်သိန်း-မကသိ စသည့်ဖြင့်။
English:
no limit
Grammar Note:
ကြိယာဝိသေသန
မကာကွယ်ဘဲ
[mkàkwɛ̀bʱɛ]
Arakanese:
နယ်နမိတ် မသတ်မှတ်ထားရေ။ မကာကွယ် မသတ်မှတ်ထားရေ
Burmese:
နယ်နမိတ် မသတ်မှတ်ထားသော။ မကာကွယ် မသတ်မှတ်ထားသော
English:
undefineded
Grammar Note:
နာမဝိသေသန
မကာဒယော
[mkàdjɔ́]
Arakanese:
ရခိုင်လုံချီ အမျိုးအမည် တခု၏ အမည်
Burmese:
ရခိုင်လုံချီ အမျိုးအမည် တစ်ခု၏ အမည်
English:
rakhine longyi
Grammar Note:
နာမ်
မကာဖူး
[mkàpʰùး]
Arakanese:
ပြောင်းဖူး
Burmese:
ပြောင်းဖူး
English:
corn - maize
Grammar Note:
နာမ်
မကာသနီ
[mkàθní]
Arakanese:
မိုးကျောက်ကျမာ အဝါပွင့် တနည်း နံဖီးပွင့်များ ပွင့်လေ့ဟိသည့် လမ်းဖီးမာ စိုက်တတ် ကတ်တေ အပင်ကြီး
Burmese:
မိုးဦးကျတွင် အဝါပွင့် သို့မဟုတ် အနီးပွင့်များ ပွင့်လေ့ယှိသည့် လမ်းဘေးတွင် စိုက်တတ် ကြသော သစ်ပင်ကြီး
English:
tree
Grammar Note:
နာမ်
မကိုဋ်
[mkÒt်]
Arakanese:
ဘုရင်၊ မင်းအစဟိရေ မြင့်မြတ်သူရို့ ဆောင်းသည့် အဖျားသွယ်၍ ချွန်လားရေ ထိပ်ဖူးပါရေ့ အဂေါင်းတန်ဆာ
Burmese:
ဘုရင်၊ မင်းစသော မြင့်မြတ်သူတို့ ဆောင်းသည့် အဖျားသွယ်၍ ချွန်သွားသော ထိပ်ဖူးပါသည့် ဦးခေါင်းတန်ဆာ
English:
crown - crested headdress forming one of the ceremonial regalia of a monarch
Grammar Note:
နာမ်
မကိုးမကန့်
[mkómkàɴ့]
Arakanese:
လေးစားရိုသီခြင်း ကင်းမဲ့ဗျာယ်။ ယီးတီးယားတား။ မရိုမသီ။ မထီလေးစား
Burmese:
လေးစားရိုသေခြင်း ကင်းမဲ့လျက်။ မလေးမစား။ မရိုမသေ။ မထီလေးစား
English:
disrespectfully
Grammar Note:
ကြိယာဝိသေသန
မကိုးအပ်သည့်သုံးပါး
[mkóʔaʔθɛ့̀θóʊɴpàး]
Arakanese:
မာန်ကို မကိုးအပ်။ ၂၊ အားကို မကိုးအပ်။ ၃၊ စည်းစိမ်ကို မကိုးအပ်
Burmese:
မာန်ကို မကိုးအပ်။ ၂၊ အားကို မကိုးအပ်။ ၃၊ စည်းစိမ်ကို မကိုးအပ်
English:
unreliability
Grammar Note:
နာမ်
မကူလီ
[mkùlí]
Arakanese:
ကတ်လားနပျိုးသီး အမည်တခု။ ‘နှပျိုးစဲဖေါက်၊ ထိုနောက်ရခိုင်၊ အစိုင်သင့်စွာ နံ့သာဖု - ဆတ်ဂြို၊ ခေါ်ဆိုမကလီ၊ တူပြီးအခိုး၊ ကရင်မျိုးကဲ’ (ဓာပကာနီ)။ ‘သဖန်းခါးနှင့်၊ နုပျိုးမကလီ’ (ကော်)
Burmese:
ရခိုင်ငှက်ပျောသီး အမည်တစ်ခု။ ‘ငှက်ပျောစဲဖေါက်၊ ထိုနောက်ရခိုင်၊ အစိုင်သင့်စွာ နံ့သာဖု - ဆတ်ဂြို၊ ခေါ်ဆိုမကလီ၊ တူပြီးအခိုး၊ ကရင်မျိုးကဲ’ (ဓာပကာနီ)။ ‘သဖန်းခါးနှင့်၊ နုပျိုးမကလီ’ (ကော်)
English:
name of Arakan-Rakhine banana
Grammar Note:
နာမ်
မကောင်းကတတ်
[mkáʊɴktaʔ]
Arakanese:
အထူး မဟုတ်ရေ။ သာမန်လောင်းာက်ရာ ဖြစ်ရေ
Burmese:
အထူး မဟုတ်သော။ သာမန်မျှသာ ဖြစ်သော
English:
normal
Grammar Note:
နာမဝိသေသန
မကောင်းစွာ
[mkáʊɴswà]
Arakanese:
မကောင်းရေ ဝန်။ အရာဝတ္တု စရေ။ ၂၊ ဆိုးဝါး ယုတ်မာသော သူ
Burmese:
မကောင်းသော ပစ္စည်း။ အရာဝတ္တု စသည်။ ၂၊ ဆိုးဝါး ယုတ်မာသော သူ
English:
bad things
Grammar Note:
နာမ်
မကောင်းစွာကောင်းစွာ
[mkáʊɴswàkáʊɴswà]
Arakanese:
ကောင်းမှန်း မကောင်းမှန်း ခွဲခြမ်း၍ မသိပါရာဗျာယ်
Burmese:
ကောင်းမှန်း မကောင်းမှန်း ခွဲခြမ်း၍ မသိပါပဲလျက်
English:
I have no idea for bad or good
Grammar Note:
ကြိယာဝိသေသန
မကောင်းစွာမ
[mkáʊɴswàm]
Arakanese:
စာရိတ္တ ကိုယ်ကျင့်ပျက်ပြားသော မမာ့။ အရှက်အကြောက် မဟိဘဲ နီထိုင် အသက်မွီးသော မမာ့
Burmese:
စာရိတ္တ ကိုယ်ကျင့်ပျက်ပြားသော မိန်းမ။ အရှက်အကြောက် ကင်းမဲ့စွာ နေထိုင် အသက်မွေးသော မိန်းမ
English:
prostitute
Grammar Note:
နာမ်