Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 441–460 of 2,515 words

    မ

    မမွန်

    [mmʊ̀ɴ]
    သိမြင် နားလည်ခြင်း၊ တတ်ကျွမ်း တတ်မြောက်ခြင်း မဟိဖြစ်တေ။ ကိုယ့်သား၊ ကိုယ့်လင်၊ ကိုယ်မမြင်၍၊ လမ်းလျှင် မမွန် (ဂုတ္တိလ)။ တတ်က တတ်ယင် မမွန် (ပုံ)
    သိမြင် နားလည်ခြင်း၊ ကျွမ်းကျင် တတ်မြောက်ခြင်း မယှိဖြစ်သည်။ ကိုယ့်သား၊ ကိုယ့်လင်၊ ကိုယ်မမြင်၍၊ လမ်းလျှင် မမွန် (ဂုတ္တိလ)။ တတ်က တတ်ယင် မမွန် (ပုံ)
    unversed
    ကြိယာ

    မမွန်းရာတွိရေ

    [mmʊ́ɴɹàtwìɹè]
    စိတ်ကူးဉာဏ် မထွက်ပဲဟိရေ။ မကြံတတ် ဖြစ်တေ။ စိတ်ကူး တွေးခေါ်ရာမာ အခက်အခဲ တွိရေ။ ဇာပိုင် လုပ်ရဖို့လည်း မသိ မမွန်းရာတွိရေကာ (အရပ်)
    စိတ်ကူးဉာဏ် မထွက်ပဲယှိသည်။ မကြံတတ် ဖြစ်သည်။ စိတ်ကူး တွေးတောရာတွင် အခက်အခဲ တွေ့သည်။ ဇာပိုင် လုပ်ရဖို့လည်း မသိ မမွန်းရာတွိရေကာ (အရပ်)
    in trouble
    ကြိယာ

    မမှု

    [mm̥oʊ]
    အရီးမထား၊ အရီးမစိုက်ပဲ နိန်ရေ။ မလေးမခန့် ပြုသည်
    အရေးမထား၊ အရေးမစိုက်ပဲ နေသည်။ မလေးမခန့် ပြုသည်
    ignore
    ကြိယာ

    မမှုစလောက်

    [mm̥oʊslɔ́ɛʔ]
    ငယ်ရေ အရီးမပါရေ အရာ။ ၂၊ အရီးမပါရေ၊ ဂရုမပြု လောက်သော၊ အကြောင်းအရာ၊ အဖြစ်အပျက်။ ကရွီကရာ။ ဇာမဟောက်စွာ မမှုစလောက်တိကိုလေ့ သည်းမခံနှိုင်လား ဝေး (အရပ်)
    သေးငယ်သော အရေးမပါသော အရာ။ ၂၊ အရေးမပါသော၊ ဂရုမပြု လောက်သော၊ အကြောင်းအရာ၊ အဖြစ်အပျက်။ အသေးအမွှား။ ဇာမဟောက်စွာ မမှုစလောက်တိကိုလည်း သည်းမခံနိုင်လား ဝေး (အရပ်)
    insignificance
    နာမ်

    မမှောင့်လာကေ့

    [mm̥ɔ́ɪ̰ɴlàkḛ]
    စိတ်နှလုံး ဆင်းရဲငြိုငြင်အောင် နှောင့်ယှက်ခြင်းကို မပြုပါဖို့ တောင်းပန်ရေ၏ အဖြစ်ကို ပြသော စကားလုံး။ နန်းဝေယံမာ၊ ငါစံနီခါ၊ အပိုင်လေ၊ ငါ့ကိုနှောင့်ယှက်ဗျာ၊ မမိုက့်လာနှင့် (ရာမ)
    စိတ်နှလုံး ဆင်းရဲငြိုငြင်အောင် နှောင့်ယှက်ခြင်းကို မပြုပါရန် တောင်းပန်သည်၏ အဖြစ်ကို ပြသော စကားလုံး။ နန်းဝေယံမှာ၊ ငါစံနေခါ၊ အလိုလိုလေ၊ ငါ့ကိုနှောင့်ယှက်ဗျာ၊ မမှောင့်လာနှင့် (ရာမ)
    apologize
    ပစ္စည်း

    မယား

    [mjá]
    တယောက်တလီသော ယောက်ျား၏ အိမ်ထောင်ဘက်၊ ဇနီး
    တစ်စုံတစ်ယောက်သော ယောက်ျား၏ အိမ်ထောင်ဘက်၊ ဇနီး
    spouse
    နာမ်

    မယားကြီး

    [mját͡ɕï]
    လက်ဦးတရားဝင် ထိမ်းမြား ယူထားရေ မယား
    လက်ဦးတရားဝင် လက်ထပ် ယူထားသော မယား
    first wife
    နာမ်

    မယားဂေါင်းစား

    [mjáɡèàɪ́ɴsá]
    ၁၊ မယားသီဆုံးသော ယောကျ်ား။ ၂၊ မယားသီဆုံးသော သူကို ပြောဆိုရေ အာလုပ် စကား
    ၁၊ မယားသေဆုံးသော ယောကျ်ား။ ၂၊ မယားသေဆုံးသော သူကို ပြောဆိုသော အာလုပ် စကား
    widow
    နာမ်

    မယားငန်းလိုက်

    [mjáŋáɴlaɪʔ]
    တယောက်ယောက်သော မမာ့ကြောင့် စိတ်ဝေဒနာ ခံစားရသူ။ ခွဲခွာ လားလီပြီသော မမာ့ကို စွဲလမ်းတမ်းတ နီသူ
    တစ်စုံတစ်ဦးသော မိန်းမကြောင့် စိတ်ဝေဒနာ ခံစားရသူ။ ခွဲခွာ သွားလေပြီသော မိန်းမကို စွဲလမ်းတမ်းတ နေသူ
    person who cannot get over the loss of his wife
    နာမ်

    မယားငယ်

    [mjáŋɛ̀]
    မယားကြီး ဟိလျှက်နှင့် နောက်ယူသော မယား
    မယားကြီး ယှိလျှက်နှင့် နောက်ယူသော မယား
    lesser wife
    နာမ်

    မယားစုံလင်စုံ

    [mjásòʊɴlɪ̀ɴsòʊɴ]
    လင်နှင့်မယား အစုံအလင် ဟိနေခြင်း
    လင်နှင့်မယား အစုံအလင် ယှိနေခြင်း
    husband and wife
    နာမ်

    မယားညီအည်းမ

    [mjáɲíʔɛ́m]
    ကိုယ့်မယား၏ ညီအေးမ နှစ်ဦး တနည်း အစ်ကိုမယားနန့် ညီမယား အချင်းချင်း တော်စပ်ပုံ
    မိမိမယား၏ ညီအစ်မ နှစ်ဦး သို့မဟုတ် အစ်ကိုမယားနှင့် ညီမယား အချင်းချင်း တော်စပ်ပုံ
    sister-in-law
    နာမ်

    မယားတရူး

    [mjátɹùး]
    တယောက်ယောက်သော မမာ့ကြောင့် စိတ်ဝေဒနာ ခံစားရသူ။ ခွဲခွာ လားလီပြီးရေ မမာ့ကို စွဲလမ်းတမ်းတနီသူ
    တစ်စုံတစ်ဦးသော မိန်းမကြောင့် စိတ်ဝေဒနာ ခံစားရသူ။ ခွဲခွာ သွားလေပြီးသော မိန်းမကို စွဲလမ်းတမ်းတနေသူ
    person who cannot get over the loss of his wife
    နာမ်

    မယားနီစပ်

    [mjánísaʔ]
    ယောက်ျားတဦးက မမာ့တဦး တယောက်နှင့် ထိမ်းမြား ယူရေ။ (မယားနီစားလည်းဟူ၏)
    ယောက်ျားတစ်ဦးက မိန်းမတစ်ဦး တစ်ယောက်နှင့် လက်ထပ် ယူသည်။ (မယားနေစားလည်းဟူ၏)
    marry
    ကြိယာဝိသေသန

    မယားနှောင်း

    [mján̥áʊɴ]
    မယားကြီး သီပြီးမှ နောက်ထပ် ယူသော မယား
    မယားကြီး သေပြီးမှ နောက်ထပ် ယူသော မယား
    lesser wife
    နာမ်

    မယားပိန်းပြောင်

    [mjápéɪɴpɹàʊɴ]
    တချက်ချေမျှ ပေါင်းသင်း ဆက်ဆံခရေ မယား
    တစ်ခဏမျှ ပေါင်းသင်း ဆက်ဆံခဲ့သော မယား
    concubine
    နာမ်

    မယားပါ

    [mjápà]
    မယားဖြစ်သူက အယင် သင့်နီခရေ အိမ်ထောင်ဖက်နှင့် ဖွားမြင်ရဟိခရေ (သားသမီး)
    မယားဖြစ်သူက ယခင် သင့်နေခဲ့သော အိမ်ထောင်ဖက်နှင့် ဖွားမြင်ရယှိခဲ့သော (သားသမီး)
    stepchildren
    နာမဝိသေသန

    မယားပြု

    [mjápɹoʊ]
    ယောက်ျား တဦးက မမာ့တဦးအား တရားဝင် အိမ်ထောင်ဖက်အဖြစ် ထိမ်းမြားယူရေ။ ၂၊ ယောက်ျား တဦးက မမာ့တဦးအား အတည်အမြဲ ရည်ရွယ်ချက် မဟိပဲ မယားပိုင် ပေါင်းသင်း ဆက်ဆံသည်
    ယောက်ျား တစ်ဦးက မိန်းမတစ်ဦးအား တရားဝင် အိမ်ထောင်ဖက်အဖြစ် လက်ထပ်ယူသည်။ ၂၊ ယောက်ျား တစ်ဦးက မိန်းမတစ်ဦးအား အတည်အမြဲ ရည်ရွယ်ချက် မယှိပဲ မယားကဲ့သို့ ပေါင်းသင်း ဆက်ဆံသည်
    marry
    ကြိယာ

    မယားလယာ

    [mjáljà]
    (မယား) ထိမ်းမြားဖို့အတွက် ရည်မှတ်ထားရေ မမာ့။ (ဘုရားလျာ၊ မယားယှာ၊ လင်လျာ အစဟိစွာတွဲပြီးကေ သုံးရေ။) ငါ့သားမျက်ဖျော်၊ မယားသျှာကို၊ ရယောင်ရှာကြလေဟု (ကုသတု)။ ပါရမီသန်၊ တယောက်ကျန်သည်၊ ထွန်းအောင်မယား၊ အသျှာတည်း (ထွန်းတိ)
    (မယား) လက်ထပ်ရန်အတွက် ရည်မှတ်ထားသော မိန်းမ။ (ဘုရားလျာ၊ မယားလျာ၊ လင်လျာ စသည်တွဲ၍ သုံးသည်။) ငါ့သားမျက်ဖျော်၊ မယားသျှာကို၊ ရအောင်ရှာကြလေဟု (ကုသတု)။ ပါရမီသန်၊ တယောက်ကျန်သည်၊ ထွန်းအောင်မယား၊ အသျှာတည်း (ထွန်းတိ)
    none
    နာမ်

    မယားလယားကြည့်

    [mjálját͡ɕɛ̰]
    စုံဖက်ရန် အဆက်အသွယ် ပြုရေ။ နားဖောက်ရေ။ ကြောင်းလမ်း ဆက်သွယ်သည်
    ထိမ်းမြားရန် အဆက်အသွယ် ပြုသည်။ နားဖောက်သည်။ ကြောင်းလမ်း ဆက်သွယ်သည်
    engage
    ကြိယာ