Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 501–520 of 2,515 words

    မ

    မရုန်းသာမရွံ့သာ

    [mɹóʊɴθàmɹwံ့θà]
    ရှေးမတိုးသာ နောက်မဆုတ်သာ ဖြစ်ဗျာယ်။ ၂၊ ခံနိုင်ရည် ဟိစွာထက် အပြင်းစား ခံစားရလျှက်
    ရှေးမတိုးသာ နောက်မဆုတ်သာ ဖြစ်လျက်။ ၂၊ ခံနိုင်ရည် ယှိသည်ထက် အပြင်းစား ခံစားရလျှက်
    suffer
    ကြိယာဝိသေသန

    မရဲမဝံ့

    [mɹɛmwံ့]
    တွန့်ဆုတ်ရေ။ သတ္တိ ကြောင်ရေ။ ကြောက်ရေ။ မရဲဝံ့ဝံ့ ရဲဝံ့ဝံ့ (ပြောချင်ဆိုချင်ကေလေ့) စိတ်ဆန္ဒ နောက်ဆုတ်ရေ။ တွန့်တိုရေ။ လူငယ်ကလေ့၊ မွေးဘခင်ဟု၊ ခေါ်ချင်ခဲ့လည်း မရဲဝံ့ံဝ့ ရဲဝံ့ဝံ့နှင့်၊ တိုးတွန့်စိတ်မျာ (ပန်း)
    တွန့်ဆုတ်သည်။ သတ္တိ ကြောင်သည်။ ကြောက်သည်။ မရဲဝံ့ဝံ့ ရဲဝံ့ဝံ့ (ပြောချင်ဆိုချင်သော်လည်း) စိတ်ဆန္ဒ နောက်ဆုတ်သည်။ တွန့်တိုသည်။ လူငယ်ကလည်း၊ မွေးဘခင်ဟု၊ ခေါ်ချင်ခဲ့လည်း မရဲဝံ့ံဝ့ ရဲဝံ့ဝံ့နှင့်၊ တိုးတွန့်စိတ်မျာ (ပန်း)
    be stingy
    ကြိယာ

    မရွတ်

    [mɹwaʔ]
    စာတီပုံဟိသော ခရုတမျိုး
    စေတီပုံယှိသော ခရုတစ်မျိုး
    snail
    နာမ်

    မရွတ်လိမ်လှီကား

    [mɹwaʔlèɪɴɬíká]
    ဝက်အူရစ် ပိုင် လှည့်လည်ပနာ တတ်ရရေ လှဂ
    ဝက်အူရစ် သကဲ့သို့ လှည့်လည်၍ တတ်ရသော လှေကား
    spiral stairs
    နာမ်

    မရွိတ်

    [mɹweɪʔ]
    ရိုးတံရှည် ထီးခရိုင်ပုံ အခိုင်ဖြင့် အပွင့် အဝါပွင့်၍ မွေးသော အစိဟိသည့် ဟင်းစားရွက်ပင်။ (စရို လို့လေ့ ခေါ်ရေ။
    ရိုးတံရှည် ထီးခရိုင်ပုံ အခိုင်ဖြင့် အပွင့် အဝါပွင့်၍ မွေးသော အစေ့ယှိသည့် ဟင်းစားရွက်ပင်။ (စရို ဟုလည်း ခေါ်သည်။
    vegetable
    နာမ်

    မရွိတ်ချောင်း

    [mɹweɪʔɕáʊɴ]
    အဟိ ဘင်္ဂလားနယ် စစ်တကောင်း တောင်တန်းဟိ ရခိုင်များနီရာ ချောင်းရိုး တလျှာက်ကို ခေါ်သောအမည်။ ချမ်းသာစီကြောင်း၊ မရွိတ်ချောင်းကိုခို (သိုက်)။ (မရီးချောင်းလည်းဟူ၏
    အရှေ့ ဘင်္ဂလားနယ် စစ်တကောင်း တောင်တန်းယှိ ရခိုင်များနေရာ ချောင်းရိုး တစ်လျှာက်ကို ခေါ်သောအမည်။ ချမ်းသာစေကြောင်း၊ မရွိတ်ချောင်းကိုခို (သိုက်)။ (မရီးချောင်းလည်းဟူ၏
    creek - stream - brook - rivulet
    နာမ်

    မရွီး

    [mɹwï]
    ခွဲခြားခြင်း မဟိပဲ
    ခွဲခြားခြင်း မယှိပဲ
    not differentiate
    ကြိယာဝိသေသန

    မရှား

    [mʃá]
    ကျွဲ၊ နွား အစဟိစွာတိကို တွယ်ကပ်၍ ကိုက်ခဲ သွီးစုပ်တတ်ရေ ပိုးကောင်ငယ်
    ကျွဲ၊ နွား စသည်များကို တွယ်ကပ်၍ ကိုက်ခဲ သွေးစုပ်တတ်သော ပိုးကောင်ငယ်
    insect
    နာမ်

    မရှီးမနှောင်း

    [mʃïmn̥áʊɴ]
    ကာလအနိန်နန့် များစွာ မကွာခြားလှပဲ
    ကာလ အားဖြင့် များစွာ မကွာခြားလှပဲ
    soon
    ကြိယာဝိသေသန

    မလစ်ရ

    [mlɪʔɹ]
    လစ်လပ်မှု မဟိစီပဲ။ မပြတ်မလပ် ရယောင်။ နိညရီမိုး၊ မလစ်ရယောင်၊ စိုက်ချပျိုးလို့၊ မညှိုးစီရေ (ရာမ)
    လစ်လပ်မှု မယှိစေပဲ။ မပြတ်မလပ် ရအောင်။ နေ့ညရီမိုး၊ မလစ်ရအောင်၊ စိုက်ချပျိုးလို့၊ မညှိုးစေရ (ရာမ)
    without a space
    ကြိယာဝိသေသန

    မလပ်

    [mlaʔ]
    ပြတ်လပ်ခြင်း၊ လစ်လပ်ခြင်း မဟိစီပဲ
    ပြတ်လပ်ခြင်း၊ လစ်လပ်ခြင်း မယှိစေပဲ
    no space
    ကြိယာဝိသေသန

    မလား

    [mlá]
    (တစုံ တခုသော နီရာသို့ မလားဖို့) ငြင်းပယ်ရေ။ အအကျွန်လားပါ အကိုကြီး (အရပ်)
    (တစ်စုံ တစ်ခုသော နေရာသို့ မသွားရန်) ငြင်းပယ်သည်။ အကျွန်မလားပါ အကိုကြီး (အရပ်)
    reject
    ကြိယာ

    မလား၂

    [mlá၂]
    အပြစ်ဟိကြောင်း ဟန့်တားစွာကို မနားယူပဲ ပြုလုပ်ရာမာ အပြစ်ရေရောက်၏ အပြစ် ရောက်ရေ့အခါ တဖန် ပြစ်တင်လိုရာမာ သုံးသော စကားလုံး၊ မလုပ်ကေ့လို့ မင်းရို့ကို ငါဟန့်ခရေ မလား။ ငါ့ပြောခရေ မလားယေ အစဟိစွာအနိန်နန့် (အရပ်)
    အပြစ်ယှိကြောင်း ဟန့်တားသည်ကို မနားယူပဲ ပြုလုပ်ရာတွင် အပြစ်သည်ရောက်၏ အပြစ် ရောက်သည့်အခါ တစ်ဖန် ပြစ်တင်လိုရာ၌ သုံးသော စကားလုံး၊ မလုပ်ကေ့လို့ မင်းရို့ကို ငါဟန့်ခရေ မလား။ ငါ့ပြောခရေ မလားယေ စသည်ဖြင့် (အရပ်)
    obstruct - block - prevent
    နာမ်

    မလိမ်စွတ်ကေ

    [mlèɪɴswaʔkè]
    ဖြားရီချောင်း ကမ်းစခြုံတိထက်မာ နွယ်တက်နိန်ရေ အပင် တမျိုး။ (ယင်းအပင်၏ အသီးဗါဒင်သီးနှင့်ဆင်၍ အရွက်ကို ဟင်းချက်စားရေ။ အသီးကိုလေ့ စားဖွယ် တမျိုးအဖြစ် စားကတ်တေ။
    ဒီရေချောင်း ကမ်းစပ်ချုံများပေါ်တွင် နွယ်တက်နေသော အပင် တစ်မျိုး။ (ယင်းအပင်၏ အသီးဗါဒင်သီးနှင့်ဆင်၍ အရွက်ကို ဟင်းချက်စားသည်။ အသီးကိုလည်း စားဖွယ် တစ်မျိုးအဖြစ် စားကြသည်။
    creeper
    နာမ်

    မလိမ့်တပတ်

    [mlèɪɴ့tpaʔ]
    လှည့်စားမှန်း မသိယောင် မသိမသာ လှည့်ဖြားဗျာယ်။ အထင်အမြင် မှောက်မားအောင် ပရိယာယ် မာယာနန့် လှည့်စား ဝါဗျာယ်
    လှည့်စားမှန်း မသိအောင် မသိမသာ လှည့်ဖြားလျက်။ အထင်အမြင် မှောက်မှားအောင် ပရိယာယ် မာယာဖြင့် လှည့်စား လိမ်လည်လျက်
    lie
    နာမ်

    မလိမ်မတွတ်

    [mlèɪɴmtwaʔ]
    ဝါ ကောက်ကွိခြင်း မဟိပဲ။ စိတ်ထား ရိုးဖြောင့်သောအနိန်နန့်
    လိမ်လည် ကောက်ကွေ့ခြင်း မယှိပဲ။ စိတ်ထား ရိုးဖြောင့်သော အားဖြင့်
    naive
    ကြိယာဝိသေသန

    မလိမ်မမာ

    [mlèɪɴmmà]
    တတ်သိ လိမ္မာမှု မလောက်သော အရွယ်
    တတ်သိ လိမ္မာမှု မပြည့်ဝသော အရွယ်
    amature
    နာမ်

    မလိုတကွန်

    [mlÒtkʊ̀ɴ]
    မလိုချင်ရေ အနိန်နန့် အကွန်ဆောင်နိန်ရေ
    မလိုလားသည့် အနေဖြင့် ဟန်ဆောင်နေသည်
    pretend
    ကြိယာ

    မလိုမုန်းတင်း

    [mlÒmóʊɴtɪ́ɴ]
    နှစ်သက်ခြင်း မဟိ စက်ဆုပ်သောအနိန်နန့်
    နှစ်သက်ခြင်း မယှိ စက်ဆုပ်သော အားဖြင့်
    with envy and hatred
    ကြိယာဝိသေသန

    မလိုအတင်း

    [mlÒʔtɪ́ɴ]
    မလိုအပ်ရေ။ အလိုမဟိ အသုံးမဝင် အကျိုးမပြုရေ
    မလိုအပ်သော။ အလိုမယှိ အသုံးမဝင် အကျိုးမပြုသော
    useless
    နာမဝိသေသန