Dictionary Entries
Showing 41–60 of 2,515 words
မ
မကောင်းစွာသျှေ
[mkáʊɴswàʃè]
Arakanese:
အကျင့်စာရိတ္တ ပျက်ပြားသောသူ။ အရှက်အကြောက် မဟိရေသူ
Burmese:
အကျင့်စာရိတ္တ ပျက်ပြားသောသူ။ အရှက်အကြောက် ကင်းမဲ့သောသူ
English:
corrupt
Grammar Note:
နာမ်
မကောင်းဆိုးဝါး
[mkáʊɴsʰówàး]
Arakanese:
မထင်မမြင်သာပဲ။ လူကို ခြောက်လှန်တတ်သည် ဆိုရေ ဆစ္ဆီ၊ ဆစ္ဆီ၊ သဆီ။ မှင်စာအစဟိရေ အသက်ဝိညာဉ် သတ္တဝါ
Burmese:
မထင်မမြင်သာပဲ။ လူကို ခြောက်လှန်တတ်သည် ဆိုသော သရဲ၊ တစ္ဆေ။ မှင်စာစသော အသက်ဝိညာဉ် သတ္တဝါ
English:
evils
Grammar Note:
နာမ်
မကောင်းတကောင်း
[mkáʊɴtkáʊɴ]
Arakanese:
မကောင်းရေလည်း မဟုတ်၊ ကောင်းရေလည်း မဟုတ်၊ အလယ် အလတ်ဖြစ်ရေ။ ‘မကောင်းတကောင်း၊ အောင်ကျော် ရက်တဲ့တောင်း၊ မိုးခါ နီခါ သုံးစရာ။’ (ရိုးရာ)။ ‘ဟေဝန်မြိုင်လေ၊ ဂနိုင်ထဲမာ၊ မမေးကောင်းပါ။ မကောင်းတရိ၊ ဒေနီရာဝယ် လူ့ရွာသားရို့၊ လားရောက်ဟိက၊ ခက်ဘိမည်ပင်’ (လေးလုံးစပ်
Burmese:
မကောင်းသည်လည်း မဟုတ်၊ ကောင်းသည်လည်း မဟုတ်၊ အလယ် အလတ်ဖြစ်သော။ ‘မကောင်းတကောင်း၊ အောင်ကျော် ရက်တဲ့တောင်း၊ မိုးခါ နီခါ သုံးစရာ။’ (ရိုးရာ)။ ‘ဟေဝန်မြိုင်လေ၊ ဂနိုင်ထဲမှာ၊ မမေးကောင်းပါ။ မကောင်းတရိ၊ ဤနေရာဝယ် လူ့ရွာသားတို့၊ သွားရောက်ယှိက၊ ခက်ဘိမည်ပင်’ (လေးလုံးစပ်
English:
not bad
Grammar Note:
နာမဝိသေသန
မကောင်းတရိ
[mkáʊɴtɹì]
Arakanese:
မထင်မမြင်သာပဲ။ လူကို ခြောက်လှန်တတ်သည် ဆိုရေ ဆစ္ဆီ၊ ဆစ္ဆီ၊ သဆီ။ မှင်စာအစဟိရေ အသက်ဝိညာဉ် သတ္တဝါ
Burmese:
မထင်မမြင်သာပဲ။ လူကို ခြောက်လှန်တတ်သည် ဆိုသော သရဲ၊ တစ္ဆေ။ မှင်စာစသော အသက်ဝိညာဉ် သတ္တဝါ
English:
evils
Grammar Note:
နာမ်
မကောင်းတရိ၂
[mkáʊɴtɹì၂]
Arakanese:
နမိတ် မကောင်း၊ မင်္ဂလာ မဟိသော၊ မကောင်းရေ အဖြစ်သနစ်၊ အစဟိရေစကားကို ပြောဆိုဖို့ ဟိရေအခါမျိုး၌ မပြောမိရေ စကားကြောင့် အမင်္ဂလာအစဟိရေ အဖြစ်သနစ်များ မဆိုက်ရောက်စီရန် ရှီးဦး စကားခံသည့်အနိန်နန့် ပြောလီ့ဟိသော စကား။ (ထို့မကောင်းတရိ လွဲပါစီ ဖယ်ပါစီစရေ။
Burmese:
နမိတ် မကောင်း၊ မင်္ဂလာ မယှိသော၊ မကောင်းသော အဖြစ်သနစ်၊ စသောစကားကို ပြောဆိုရန် ယှိသည့်အခါမျိုး၌ မပြောမိသည့် စကားကြောင့် အမင်္ဂလာစသော အဖြစ်သနစ်များ မဆိုက်ရောက်စေရန် ရှေးဦး စကားခံသည့်အနေဖြင့် ပြောလေ့ယှိသော စကား။ (ထို့မကောင်းတရိ လွဲပါစီ ဖယ်ပါစီစသည်။
English:
bad omen
Grammar Note:
နာမ်
မကောင်းတရိ၃
[mkáʊɴtɹì၃]
Arakanese:
နမိတ် မကောင်း၊ မင်္ဂလာ မဟိသော၊ မကောင်းရေ အဖြစ်သနစ်၊ အစဟိရေ စကားကို ပြောဆိုဖို့ ဟိရေအခါမျိုး၌ မပြောမိရေ စကားကြောင့် အမင်္ဂလာအစဟိရေ အဖြစ်သနစ်များ မဆိုက်ရောက်စီရန် ရှီးဦး စကားခံသည့်အနိန်နန့် ပြောလီ့ဟိသော စကား။ (ထို့မကောင်းတရိ လွဲပါစီ ဖယ်ပါစီစရေ။) ‘တောမာတ
Burmese:
နမိတ် မကောင်း၊ မင်္ဂလာ မယှိသော၊ မကောင်းသော အဖြစ်သနစ်၊ စသော စကားကို ပြောဆိုရန် ယှိသည့်အခါမျိုး၌ မပြောမိသည့် စကားကြောင့် အမင်္ဂလာစသော အဖြစ်သနစ်များ မဆိုက်ရောက်စေရန် ရှေးဦး စကားခံသည့်အနေဖြင့် ပြောလေ့ယှိသော စကား။ (ထို့မကောင်းတရိ လွဲပါစီ ဖယ်ပါစီစသည်။) ‘တောမှာတ
English:
not bad
Grammar Note:
နာမ်
မကောင်းတရောင်း
[mkáʊɴtɹáʊɴ]
Arakanese:
မကောင်းရေ အကြံအစည် အပြုအမူရို့စွာ ကြံစည် ပြုမူသူကို ကျိန်ဆိုသူသို့ ပြန်ပနာထိခိုက်စီရန် ကျိန်လွှဲပြောဆိုရေ စကားလုံး။ ‘မကောင်းတရောင်း၊ နင့်ပါးမာ ရောင်းပါလီ’ (အရပ်)
Burmese:
မကောင်းသော အကြံအစည် အပြုအမူတို့သည် ကြံစည် ပြုမူသူကို ကျိန်ဆိုသူသို့ ပြန်၍ထိခိုက်စေရန် ကျိန်လွှဲပြောဆိုသော စကားလုံး။ ‘မကောင်းတရောင်း၊ နင့်ပါးမှာ ရောင်းပါလီ’ (အရပ်)
English:
take an oath
Grammar Note:
နာမ်
မကောင်းမကန်း
[mkáʊɴmkáɴ]
Arakanese:
နှစ်ဘက်အနက် ဇာဘက်ကိုမျှ ပီပီမသက်ရောက်ပဲ။ ခွက်လက်အနိန်နန့်
Burmese:
နှစ်ဘက်အနက် မည်သည့်ဘက်သို့မျှ ပီပီမသက်ရောက်ပဲ။ ခွက်လက် အားဖြင့်
English:
badly
Grammar Note:
ကြိယာဝိသေသန
မကောင်းမှု
[mkáʊɴm̥oʊ]
Arakanese:
ကိုယ့်အား ပင်ဖြစ်ဖြစ်၊ လူတိအား ပင်ဖြစ်ဖြစ်၊ တခုတရီသော အကျိုးကိုမပြုပဲ အပြစ်သာ ဖြစ်စီသော ပြုမူချက်။ အကုသိုလ်
Burmese:
မိမိအား လည်းကောင်း၊ သူတစ်ပါးအား လည်းကောင်း၊ တစ်စုံတစ်ရာသော အကျိုးကိုမပြုပဲ အပြစ်သာ ဖြစ်စေသော ပြုမူချက်။ အကုသိုလ်
English:
evil - misdeed - demerit
Grammar Note:
နာမ်
မက္ကလာ
[mkə́kəlà]
Arakanese:
မြန်မာမက္ကလာပိုင် ချွန်ချွန်မဟုတ်ဘဲ စိကေချေ ချွန်ဗျာယ် နှီးဖြင့် အကွက်ငယ်ဖော်ပနာ ကားပြန့်ဝိုင်းစက် ရက်လုပ်ပြီးကေ စလူရွက်ဖြင့်မိုးကာ မမာ့များဆောင်းသော ဆောင်းစရာ တမျိုး။ ကိုယ်တော်ထွတ်ဖျား၊ မင်းယောက်ျားမာ၊ ရက်ထားမက္ကလာ၊ မိုဃ်းရွာသည်နှင့် ပမာတင်ကေ၊ အ
Burmese:
မြန်မာခမောက်ကဲ့သို့ ချွန်ချွန်မဟုတ်ပဲ အနည်းငယ် ချွန်လျက် နှီးဖြင့် အကွက်ငယ်ဖော်၍ ကားပြန့်ဝိုင်းစက် ရက်လုပ်ပြီးလျှင် စလူရွက်ဖြင့်မိုးကာ မိန်းမများဆောင်းသော ဆောင်းစရာ တစ်မျိုး။ ကိုယ်တော်ထွတ်ဖျား၊ မင်းယောက်ျားမှာ၊ ရက်ထားမက္ကလာ၊ မိုဃ်းရွာသည်နှင့် ပမာတင်ကေ၊ အ
English:
bamboo hat
Grammar Note:
နာမ်
မက္ကလာပျား
[mkə́kəlàprá]
Arakanese:
ဇော်ဂျီပိုင် အဝါရောင်ဟိသော ပျားတမျိုး
Burmese:
နကျယ်ကောင်ကဲ့သို့ အဝါရောင်ယှိသော ပျားတစ်မျိုး
English:
bee
Grammar Note:
နာမ်
မက္ကလာပြန့်စင်
[mkə́kəlàpɹàɴ့sɪ̀ɴ]
Arakanese:
မက္ကလာပိုင် ပြားပြားပြန့်ပြန့် ဝိုင်းဝိုင်းကားကား ရက်လုပ်ထားရေ အမျိုးသမီးများ ဆောင်စရာတမျိုး
Burmese:
မက္ကလာကဲ့သို့ ပြားပြားပြန့်ပြန့် ဝိုင်းဝိုင်းကားကား ရက်လုပ်ထားသော အမျိုးသမီးများ ဆောင်စရာတစ်မျိုး
English:
bamboo hat
Grammar Note:
နာမ်
မက္ကလာရိုင်ရိုင်
[mkə́kəlàɹàɪɴɹàɪɴ]
Arakanese:
ရှီးခေတ်က သတိုးသမီးများ မင်္ဂလာဆောင်ရာမာ အပြောက်အပြိန် တံဆာမွမ်းမံဗျာယ် သျှောင်ပိုင် ဆောင်းရရေ မက္ကလာ အစိတ်အပိုင်း တန်ဆာတမျိုး။ (သတိုးသမှန်အိမ်က သတိုးသကျိကို ရက်လည် ဆောင်း၍ အိမ်ပြန်ပနာ ရရေ။ မြန်မာ မက္ကလာပိုင် ချွန်ချွန်မဟုတ်ဘဲ စိကေချေ ချွန်
Burmese:
ရှေးခေတ်က သတိုးသမီးများ မင်္ဂလာဆောင်ရာတွင် အပြောက်အပြိန် တံဆာမွမ်းမံလျက် သျှောင်ကဲ့သို့ ဆောင်းရသော မက္ကလာ အစိတ်အပိုင်း တန်ဆာတစ်မျိုး။ (သတိုးသမီးအိမ်မှ သတိုးသားအိမ်သို့ ရက်လည် ဆောင်း၍ အိမ်ပြန်လည် ရသည်။ မြန်မာ ခမောက်ကဲ့သို့ ချွန်ချွန်မဟုတ်ပဲ အနည်းငယ် ချွန်
English:
bamboo hat
Grammar Note:
နာမ်
မက္ကလာရိုင်ရိုင်၂
[mkə́kəlàɹàɪɴɹàɪɴ၂]
Arakanese:
(မက္ကလာဆောင်း၍) ယိုင်ကျေး သိမ်မွေ့နူးညံ့၊ ညင်သာ ပြေပြစ်ရေ့ ကိုယ်အမူအရာ ဟိသော ရိုင်းပျခြင်း မဟိသော (မက္ကလာနှင့် ရိုင်ရိုင်နှစ်ပုဒ်ကို ပေါင်းစပ်ထားရေ ဝေါဟာရ ဖြစ်တေ။ မက္ကလာဟူသည် ပြန့်ကားသော မမာ့များ ဆောင်းစရာ တမျိုး ဖြစ်တေ။ ရိုင်ရိုင်ဟူသည် တင့်ရေ လ
Burmese:
(မက္ကလာဆောင်း၍) ယဉ်ကျေး သိမ်မွေ့နူးညံ့၊ ညင်သာ ပြေပြစ်သည့် ကိုယ်အမူအရာ ယှိသော ရိုင်းပျခြင်း မယှိသော (မက္ကလာနှင့် ရိုင်ရိုင်နှစ်ပုဒ်ကို ပေါင်းစပ်ထားသော ဝေါဟာရ ဖြစ်သည်။ မက္ကလာဟူသည် ပြန့်ကားသော မိန်းမများ ဆောင်းစရာ တစ်မျိုး ဖြစ်သည်။ ရိုင်ရိုင်ဟူသည် တင့်တယ် လ
English:
bamboo hat
Grammar Note:
နာမဝိသေသန
မက်
[mɛʔ]
Arakanese:
တွယ်စွာရေ။ စွဲလန်းရေ။ တပ်နှစ်သက်ရေ။ လောင်းလှီကို ဖီးတဖက်ဘက်ကို တိမ်းစီရေ
Burmese:
တွယ်တာသည်။ စွဲလန်းသည်။ တပ်နှစ်သက်သည်။ လောင်းလှေကို ဘေးတစ်ဘက်ဘက်သို့ တိမ်းစေသည်
English:
besot
Grammar Note:
ကြိယာ
မက်မော
[mɛʔmɔ́]
Arakanese:
လိုချင် စွဲလမ်းသော ရမ္မက်စိတ် ပြင်းပြရေ
Burmese:
လိုချင် စွဲလမ်းသော ရမ္မက်စိတ် ပြင်းပြသည်
English:
have a passion
Grammar Note:
ကြိယာ
မက်လုံးတိုက်
[mɛʔlóʊɴtaɪʔ]
Arakanese:
တပ်နှစ်သက်ခြင်း မဖြစ်ပဲ မနေနှိုင်ယောင် ညှို့ဆောင် နှိုင်ရေ အရာ
Burmese:
တပ်နှစ်သက်ခြင်း မဖြစ်ပဲ မနေနိုင်အောင် ညှို့ဆောင် နိုင်သော အရာ
English:
incentive
Grammar Note:
နာမ်
မက်သံတိုက်
[mɛʔθံtaɪʔ]
Arakanese:
မမာ့များ ဣန္ဒြေကင်း အသံကျကျယ်လောင်လောင် ရင်ရွှင်သော အသံ၊ အမူအရာ ရောနှောဗျာယ် ပြောဆို ပြုမူရေ။ ၂၊ လင်လိုရေတွက်နန့် ဣန္ဒြေကင်း ဖောက်ပြန်ခြင်းကို ပြုသည်
Burmese:
မိန်းမများ ဣန္ဒြေမဲ့ အသံကျယ်လောင်စွာ ရင်ရွှင်သော အသံ၊ အမူအရာ ရောနှောလျက် ပြောဆို ပြုမူသည်။ ၂၊ လင်လို၍ ဣန္ဒြေမဲ့ လော်လည်ခြင်းကို ပြုသည်
English:
immodest
Grammar Note:
ကြိယာ
မက်သား
[mɛʔθá]
Arakanese:
ဘုရင်၏ သားတော်။ တတိုင်း တပြည်၊ ပိုင်ရေမက်သား၊ ဒအောင်ကျော်၊ နောင်တော် ရွှတ်ကေ၊ ငါလွှတ်ယင့် (တေး)
Burmese:
ဘုရင်၏ သားတော်။ တတိုင်း တပြည်၊ ပိုင်ရေမက်သား၊ ဒအောင်ကျော်၊ နောင်တော် ရွှတ်ကေ၊ ငါလွှတ်ယင့် (တေး)
English:
prince
Grammar Note:
နာမ်
မကျန်
[mt͡ɕàɴ]
Arakanese:
အကြွင်းမကျန် မဟိသောအနိန်နန့်။ အားလုံး
Burmese:
အကြွင်းမကျန် မယှိသော အားဖြင့်။ အားလုံး
English:
all
Grammar Note:
ကြိယာဝိသေသန