Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 661–680 of 2,515 words

    မ

    မာကျော

    [màt͡ɕɔ́]
    တောင့်တင်း နနောင်းသော။ ၂၊ မပျော့မပျောင်း နနောင်း ကျစ်လျစ်သော
    တောင့်တင်း ခိုင်မာသော။ ၂၊ မပျော့မပျောင်း ခိုင်မာ ကျစ်လျစ်သော
    hard
    နာမဝိသေသန

    မာကျောက်

    [màt͡ɕɔ́ɛʔ]
    မာကျောသော၊ သဘာဝ မပြိုကွဲနှိုင်ရေ ကျောက်တမျိုး
    မာကျောသော၊ သဘာဝ မပြိုကွဲနိုင်သော ကျောက်တစ်မျိုး
    hard
    နာမ်

    မာကြောကြော

    [màt͡ɕɔ́t͡ɕɔ́]
    အပြောရ အဆိုရ ခက်ခဲဗျာယ်။ မောက်မာ မာန်တင်းသော အသွင်ပေါ်ဗျာယ်
    အပြောရ အဆိုရ ခက်ခဲလျက်။ မောက်မာ မာန်တင်းသော အသွင်ပေါ်လျက်
    haughty
    ကြိယာဝိသေသန

    မာခေါက်ခေါက်

    [màkʰaʊʔkʰaʊʔ]
    ပျော့ညံ့ခြင်း မဟိ ပျိုင်းတွဲ မာတောင့်ဗျာယ်
    ပျော့ညံ့ခြင်း မယှိ ပျဉ်းတွဲ မာတောင့်လျက်
    hard
    ကြိယာဝိသေသန

    မားခွက်

    [mákʰwɛʔ]
    လက်ကိုင် ကိုင်းပါဟိသော အစောက်နက် ခွက်ဝိုင်း
    လက်ကိုင် ကိုင်းပါယှိသော အစောက်နက် ခွက်ဝိုင်း
    cup
    နာမ်

    မာဂရီနတ်စင်တိုင်

    [màɡɹínaʔsɪ̀ɴtàɪɴ]
    နတ်နိန်ရန် နတ်ကွမ်း ဆောက်လုပ်ရာမာ ပါဝင်ရေ နတ်စင်တိုင် တခု၏ အမည်။ ၂၊ ယင်းနတ်စင်မာ နိန်ရေ နတ်၏ အမည်။ (မာဂရီနတ်) အရပ်ခုနှစ်ခု စားဖြင့် အသုဉ်း ထားရစွာကား ဘုရားပိန္နဲတိုင်၊ မာဂရီနတ်စင်တိုင်၊ ပြာသာဒ်ကနဝါ၊ မြင်းဘောင်က နဝါတိုင်ရို့ကို အသုဉ်းကျအောင် စီရင်ရာ၏
    နတ်နေရန် နတ်ကွမ်း ဆောက်လုပ်ရာတွင် ပါဝင်သော နတ်စင်တိုင် တစ်ခု၏ အမည်။ ၂၊ ယင်းနတ်စင်တွင် နေသော နတ်၏ အမည်။ (မာဂရီနတ်) အရပ်ခုနှစ်ခု စားဖြင့် အသုဉ်း ထားရသည်ကား ဘုရားပိန္နဲတိုင်၊ မာဂရီနတ်စင်တိုင်၊ ပြာသာဒ်ကနဝါ၊ မြင်းဘောင်က နဝါတိုင်တို့ကို အသုဉ်းကျအောင် စီရင်ရာ၏
    the shrine for a nat names called maga.jinásintain
    နာမ်

    မာစီ

    [màsí]
    အကြီးအမှူး။ ရှေ့ဆောင် လမ်းပြ၊ ဦးစီး။ ဂေါင်းဆောင်။ ပဲ့ကိုင်
    အကြီးအမှူး။ ရှေ့ဆောင် လမ်းပြ၊ ဦးစီး။ ခေါင်းဆောင်။ ပဲ့ကိုင်
    leader
    နာမ်

    မာစီ၂

    [màsí၂]
    ရှေ့ဆောင်ရေ။ ဦးစီးရေ။ ဦးဆောင်ရေ။ အကြီးအမှူး ပြုသည်
    ရှေ့ဆောင်သည်။ ဦးစီးသည်။ ဦးဆောင်သည်။ အကြီးအမှူး ပြုသည်
    lead
    ကြိယာ

    မာဆတ်တောက်

    [màsʰaʔtɔ́ɛʔ]
    ပျိုင်းတွဲ တောင့်တင်းဗျာယ်။ မာဆတ်ဆတ်။ ၂၊ ကျိုးက လွယ်ပျက် လွယ်သောအနိန်နန့်
    ပျဉ်းတွဲ တောင့်တင်းလျက်။ မာဆတ်ဆတ်။ ၂၊ ကျိုးက လွယ်ပျက် လွယ်သော အားဖြင့်
    brittle
    ကြိယာဝိသေသန

    မာဆာ

    [màsʰà]
    အနာရောဂါ ကင်းရှင်းရေ။ တယောက်ကြား၊ နှမချင်းစာ၊ ချစ်မေတ္တာနန့် မာဆာကောင်းခြင်း၊ သတင်းမိန့်ဗျာယ် (မိုး)
    အနာရောဂါ ကင်းရှင်းသော။ တယောက်ကြား၊ နှမချင်းစာ၊ ချစ်မေတ္တာနှင့် မာဆာကောင်းခြင်း၊ သတင်းမိန့်လျက် (မိုး)
    be in good health
    နာမဝိသေသန

    မာဇရီ

    [màzɹí]
    ကြီးကြပ် ကွပ်ကဲ အုပ်ချုပ်သူ။ ဂေါင်းဆောင် အဖြစ် ထိန်းသိမ်း စောင့်ယှောက်သူ
    ကြီးကြပ် ကွပ်ကဲ အုပ်ချုပ်သူ။ ခေါင်းဆောင် အဖြစ် ထိန်းသိမ်း စောင့်ရှောက်သူ
    leader
    နာမ်

    မာဇူသီး

    [màzùθï]
    ရွက်တွန့်ဟိ ပင်ကြီးမျိုးမှ သီးသော ဆီးဖက်ဝင်ရေ့ အသီးတမျိုး။ ကြက်သွန်ဖြူကေ၊ မာဇူသီးကို၊ ရပ်ဝီးမြီက၊ မရပိုပြီးကေ (ဓမ္မသာ)
    ရွက်တွန့်ယှိ ပင်ကြီးမျိုးမှ သီးသော ဆေးဖက်ဝင်သည့် အသီးတစ်မျိုး။ ကြက်သွန်ဖြူကေ၊ မာဇူသီးကို၊ ရပ်ဝီးမြေက၊ မရသာ၍ (ဓမ္မသာ)
    fruit
    နာမ်

    မာတူ

    [màtù]
    ကျောက်ခွဲရာမာ အသုံးပြုရေ သံတူကြီး
    ကျောက်ခွဲရာတွင် အသုံးပြုသော သံတူကြီး
    hammer
    နာမ်

    မာတူကြီး

    [màtùt͡ɕï]
    ပန်းဖဲဆရာသုံး သံတူကြီး
    ပန်းပဲဆရာသုံး သံတူကြီး
    hammer
    နာမ်

    မာဒင်

    [màdɪ̀ɴ]
    လောင်းကြီးပဲ့မာ ပဲ့တက် ခိုင်မြဲစီရန် အနံလိုက် တပ်ဆင်ထားရေ သစ်သားတုံး။ ပဲ့မာမာဒင်၊ ဦးမာပေါက်လန်၊ ရွက်ကြိုးထောင်ကေ၊ ငှက်တုံးလောင်းနှင့် (တေး)
    လှေကြီးပဲ့တွင် ပဲ့တက် ခိုင်မြဲစေရန် အနံလိုက် တပ်ဆင်ထားသော သစ်သားတုံး။ ပဲ့မှာမာဒင်၊ ဦးမှာပေါက်လန်၊ ရွက်ကြိုးထောင်ကေ၊ ငှက်တုံးလောင်းနှင့် (တေး)
    none
    နာမ်

    မာဒင်ခွင်

    [màdɪ̀ɴkʰwɪ̀ɴ]
    လောင်း၏ နောက်ပိုင်း။ နောက်ပိုင်း ကျရေ့ နီရာ။ ပဲ့ကားလေနရောင်၊ နဂါးလည်းညီနောင်၊ မာဒင်ခွင်မာ၊ ခွပ်ကြယောင်ရာ (စန္ဒြားဘွဲ့)
    လှေ၏ နောက်ပိုင်း။ နောက်ပိုင်း ကျသည့် နေရာ။ ပဲ့ကားလေနရောင်၊ နဂါးလည်းညီနောင်၊ မာဒင်ခွင်မှာ၊ ခွပ်ကြယောင်ရာ (စန္ဒြားဘွဲ့)
    none
    နာမ်

    မာဒရာ

    [màdɹà]
    အချေ သူငယ်ရို့ကို နတ်ပယောဂရို့ ဖမ်းစားတတ်ရေလို့ ယူဆသော သူငယ်နာ။ နာဖျားရောဂါ၊ မာဒရာကျားဟုံ၊ တခုခု၊ မဖြစ်ရယောင် (မျိုးက်)
    ကလေး သူငယ်တို့ကို နတ်ပယောဂတို့ ဖမ်းစားတတ်သည်ဟု ယူဆသော သူငယ်နာ။ နာဖျားရောဂါ၊ မာဒရာကျားဟုံ၊ တစုံတခု၊ မဖြစ်ရအောင် (မျောက်)
    infantile aliments resulting in nervous disorders and muscular dysfunction
    နာမ်

    မာနကောင်း

    [mànkáʊɴ]
    ထောင်လွှား မောက်မာတတ်သူ
    ထောင်လွှား မောက်မာတတ်သူ
    haughty
    နာမ်

    မားနာ

    [mánà]
    တန်ဖိုးငွီကြီး ဝန်အစဟိစွာ့ မပီးရရေ
    တန်ဖိုးငွေကြေး ပစ္စည်းစသည့် မပေးရသော
    free
    နာမဝိသေသန

    မားနာ၂

    [mánà၂]
    တစုံတရာ ပြုမူဆောင်ရွက်ခြင်း အတွက် အခကြီးငွီ ပီးရခြင်းမဟိပဲ။ မယူပဲ။ ဝန်တခုတရီ အတွက် တန်ဖိုးငွီ၊ ဝန်အစဟိစွာ့ ပီးရခြင်း မဟိပဲ။ အဖိုးအခ တခုတရီ ပီးရခြင်း မဟိပဲ။ အခမဲ့။ အကျိုး တခုတရီ ဖြစ်ထွန်းခြင်း မဟိပဲ။ အခြည်းနှီး
    တစ်စုံတရာ ပြုမူဆောင်ရွက်ခြင်း အတွက် အခကြေးငွေ ပေးရခြင်းမယှိပဲ။ မယူပဲ။ ပစ္စည်းတစ်စုံတစ်ရာ အတွက် တန်ဖိုးငွေ၊ ပစ္စည်းစသည့် ပေးရခြင်း မယှိပဲ။ အဖိုးအခ တစ်စုံတစ်ရာ ပေးရခြင်း မယှိပဲ။ အခမဲ့။ အကျိုး တစ်စုံတစ်ရာ ဖြစ်ထွန်းခြင်း မယှိပဲ။ အချည်းနှီး
    free
    ကြိယာဝိသေသန