Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 761–780 of 2,515 words

    မ

    မိတ်ဖက်

    [meɪʔpʰɛʔ]
    အချင်းချင်း မဆန့်ကျင်သော အတွဲအဖက်။ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု
    အချင်းချင်း မဆန့်ကျင်သော အတွဲအဖက်။ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု
    friend
    နာမ်

    မိတ်ဖြစ်ဆွီဖြစ်

    [meɪʔpʰɹɪʔsʰwípʰɹɪʔ]
    ခင်မင် ကျွမ်းဝင်မှု ရဟိစီရန် အလို့ငှါ
    ခင်မင် ကျွမ်းဝင်မှု ရယှိစေရန် အလို့ငှါ
    friend
    ကြိယာ

    မိတ်ဖွဲ့

    [meɪʔpʰwé]
    မိတ်ဆွီအဖြစ်သို့ ရောက်ယောင် အားထုတ် ပေါင်းသင်းသည်
    မိတ်ဆွေအဖြစ်သို့ ရောက်အောင် အားထုတ် ပေါင်းသင်းသည်
    be friend
    ကြိယာ

    မိတ်ရင်းဆွီရင်း

    [meɪʔɹɪ́ɴsʰwíɹɪ́ɴ]
    ခင်မင် ရင်းနှီး ကျွမ်းဝင်သော အပေါင်းအသင်း
    ခင်မင် ရင်းနှီး ကျွမ်းဝင်သော အပေါင်းအသင်း
    friend
    နာမ်

    မိထွီး

    [mìtʰwï]
    ၁၊ မိခင်၏ ညီမ။ ၂၊ ဖခင်၏ နောက်မယား။ တွက်ကာကြည့်ကေ၊ မိထွီးကေကေ၊ ဇနက်သွယ်၍၊ ပျက်ကျစီဖို့ (ကော်)
    ၁၊ မိခင်၏ ညီမ။ ၂၊ ဖခင်၏ နောက်မယား။ တွက်ကာကြည့်ကေ၊ မိထွီးကေကေ၊ ဇနက်သွယ်၍၊ ပျက်ကျစေဖို့ (ကော်)
    stepmother
    နာမ်

    မိန့်

    [mèɪɴ့]
    နှုတ်ဟ ဖွင့်ထုတ် ပြောဆိုရေ
    နှုတ်ဟ ဖွင့်ထုတ် ပြောဆိုသည်
    give a speech
    ကြိယာ

    မိန်း

    [méɪɴ]
    သိလိုမှုအတွက် တပါးသူက ဖွင့်ထုတ် ဖြေကြားယောင် တခုတရီသော နှုတ်စာ၊ အမူအရာဖြင့် စနည်းနာရေ
    သိလိုမှုအတွက် တစ်ပါးသူက ဖွင့်ထုတ် ဖြေကြားအောင် တစ်စုံတစ်ခုသော နှုတ်စာ၊ အမူအရာဖြင့် စုံစမ်းသည်
    ask
    ကြိယာ

    မိန့်ကြား

    [mèɪɴ့t͡ɕá]
    ဖော်ထုတ် ပြောဆိုရေ
    ထုတ်ဖော် ပြောဆိုသည်
    give a speech
    ကြိယာ

    မိန်းကြီး

    [méɪɴt͡ɕï]
    နိုင်ငံ အုပ်ချုပ်သည့် မင်း။ ဘုရင်
    နိုင်ငံ အုပ်ချုပ်သည့် မင်း။ ဘုရင်
    king
    နာမ်

    မိန့်ချွေ

    [mèɪɴ့ɕwè]
    အမာစကား ပြောရေ။ တပါးသူရို့ သိယောင် ဖော်ထုတ် ပြောဆိုရေ။ ကပ္ပတည်စေ၊ မိန့်ချွေဗျာဒိ၊ ထားတုံဘိသည်၊ မှတ်သိ နောင်လား နောက်သားတည်း (ကျောက်ရိုး)
    အမှာစကား ပြောသည်။ တစ်ပါးသူတို့ သိအောင် ထုတ်ဖော် ပြောဆိုသည်။ ကပ္ပတည်စေ၊ မိန့်ချွေဗျာဒိ၊ ထားတုံဘိသည်၊ မှတ်သိ နောင်လား နောက်သားတည်း (ကျောက်ရိုး)
    give a speech
    ကြိယာ

    မိန်းခွန်း

    [méɪɴkʰʊ́ɴ]
    မီးမြန်းချက်။ ဖြေဆိုဖို့ တောင်းခံချက်
    မေးမြန်းချက်။ ဖြေဆိုရန် တောင်းခံချက်
    speech
    နာမ်

    မိန်းစစ်

    [méɪɴsɪʔ]
    စိစစ် အရိပ်ချပနာ စနည်းနာရေ့ သဘောနန့် မီးမြန်းသည်
    စိစစ် သွယ်ဝိုက်၍ စုံစမ်းသည့် သဘောဖြင့် မေးမြန်းသည်
    interrogate
    ကြိယာ

    မိန့်ဆို

    [mèɪɴ့sʰÒ]
    တခုတရီကို မာထား ပြောဆိုရေ
    တစ်စုံတစ်ခုကို မှာထား ပြောဆိုသည်
    give a speech
    ကြိယာ

    မိန်းတစ်ခွန်းပြောတစ်ခွန်း

    [méɪɴtɪʔkʰʊ́ɴpɹɔ́tɪʔkʰʊ́ɴ]
    ခင်မင် ရင်းနှီးမှု မဟိပဲ သာမည ပြောဆို အပေါင်းအသင်း ပြုရုံမျှအားဖြင့်
    ခင်မင် ရင်းနှီးမှု မဟိပဲ သာမည ပြောဆို အပေါင်းအသင်း ပြုရုံမျှအားဖြင့်
    ordinary person - average person - man in street
    ကြိယာဝိသေသန

    မိန်းထူးခေါ်ကြား

    [méɪɴtʰùးkʰɔ̀t͡ɕá]
    တယောက်နှင့် တယောက် တအိမ်နှင့် တအိမ် ခေါ်သံပြောသံ ကြားလောက်ရုံမျှ အကွာအဝီး
    တစ်ယောက်နှင့် တစ်ယောက် တစ်အိမ်နှင့် တစ်အိမ် ခေါ်သံပြောသံ ကြားလောက်ရုံမျှ အကွာအဝေး
    just on nodding terms
    ကြိယာဝိသေသန

    မိန်းထူးခေါ်ပြော

    [méɪɴtʰùးkʰɔ̀pɹɔ́]
    အထူးတလေ ကျွမ်းဝင်ခြင်းမဟိပဲ သာမည ပြောဆို အပေါင်းအသင်း ပြုရုံမျှအားဖြင့်
    အထူးတလေ ကျွမ်းဝင်ခြင်းမယှိပဲ သာမည ပြောဆို အပေါင်းအသင်း ပြုရုံမျှအားဖြင့်
    just on nodding terms
    ကြိယာဝိသေသန

    မိန်းမစို့

    [méɪɴmso̰]
    ဟိးရက္ခိုင် ဘုရင်မင်းမြတ်ရို့ လက်ထက် ယောက်ျားရို့၏ လိင်တန်ဆာ ဝှေးစိ အစုံကို ထုတ်ပနာ မမာ့ရို့၏ အဆောင်၌ အုပ်ချုပ်ရန် ခန့်ထားရေ မင်းမှုထမ်းတမျိုး။ အစို့၊ အစု။ (ဝှေးစိကို အထုတ်ခံရခြင်းသာ)
    ရှေးရခိုင် ဘုရင်မင်းမြတ်တို့ လက်ထက် ယောက်ျားတို့၏ လိင်တန်ဆာ ဝှေးစေ့ အစုံကို ထုတ်၍ မိန်းမတို့၏ အဆောင်၌ အုပ်ချုပ်ရန် ခန့်ထားသော မင်းမှုထမ်းတစ်မျိုး။ အစို့၊ အစု။ (ဝှေးစေ့ကို အထုတ်ခံရခြင်းသာ)
    brother keeper
    နာမ်

    မိန်းမလွင်

    [méɪɴmlwɪ̀ɴ]
    မမာ့ရို့၏ ကိုယ့်ကျင့်သိက္ခာ လျော့ပါးသူ
    မိန်းမတို့၏ ကိုယ့်ကျင့်သိက္ခာ လျော့ပါးသူ
    prostitute
    နာမ်

    မိန်းမော

    [méɪɴmɔ́]
    သတိလစ်ပိုင် ဖြစ်တေ။ တွေဝေနိန်ရေ
    သတိလစ်သကဲ့သို့ ဖြစ်သည်။ တွေဝေနေသည်
    be unconscious
    ကြိယာ

    မိန်းမောသီသတ်

    [méɪɴmɔ́θíθaʔ]
    ကြန့်ကြာစွာ သတိလစ် မမာ့ောနိန်ရေ
    အချိန်ကြာမြင့်စွာ သတိလစ် မိန်းမောနေသည်
    be unconscious
    ကြိယာ