Dictionary Entries
Showing 61–80 of 2,515 words
မ
မကျိုင်
[mt͡ɕàɪɴ]
Arakanese:
အကပ်အသပ် မဟိသည်၏အဖြစ်။ ဇာဟင့်တခုလေ့ မကြွင်းကျန်သည်၏ အဖြစ်။ ‘တယောက်မကျိုင်၊ ပန်းရွှီမြိုင်ကေ၊ နန်းစဉ်သာခြင်း၊ ဖတ်ဖူးသူလေ၊ လူအများရို့’ (ပန်း)
Burmese:
အကြွင်းအကျန် မယှိသည်၏အဖြစ်။ ဘာတစ်ခုမှ မကြွင်းကျန်သည်၏ အဖြစ်။ ‘တယောက်မကျိုင်၊ ပန်းရွှေမြိုင်ကေ၊ နန်းစဉ်သာခြင်း၊ ဖတ်ဖူးသူလေ၊ လူအများတို့’ (ပန်း)
English:
not left
Grammar Note:
နာမ်
မကျိုင်းမမာ
[mt͡ɕáɪɴmmà]
Arakanese:
ဖျားနာ ဟိနိန်ရေ၏ အဖြစ်။ ကျမ္မာရီး ချိုရေသည်၏ အဖြစ်
Burmese:
နာမကျန်း ယှိနေသည်၏ အဖြစ်။ ကျန်းမာရေး ချိုတဲ့သည်၏ အဖြစ်
English:
sick
Grammar Note:
နာမ်
မကျိုင်းမါ
[mt͡ɕáɪɴmà]
Arakanese:
ဖျားနာ ဟိနိန်ရေ၏ အဖြစ်။ ကျမ္မာရီး ချိုရေသည်၏ အဖြစ်
Burmese:
နာမကျန်း ယှိနေသည်၏ အဖြစ်။ ကျန်းမာရေး ချိုတဲ့သည်၏ အဖြစ်
English:
sick
Grammar Note:
နာမ်
မကျီ
[mt͡ɕí]
Arakanese:
တခုတရီ ဆောင်ရွက်မှု၌ ကျေကုန်ပြတ်စဲခြင်း မဟိသိမ့်အနိန်နန့်။ ဆက်ပနာ ဆောင်ရွက်ရန် လုပ်ငန်းတာဝန် ကျန်ဟိနေသိမ့်အနိန်နန့်။ ‘နင်ရို့လေ့သီ၊ ငါဝေး့သီကေ၊ မကျီအရီး၊’ (ထာနု)။ ၂၊ တရုရု ရက်ပြတ် ခေါ်ဝေါ်ပြောဆို မြည်တမ်းဗျာယ်။ ‘ခေါ်ဝေါ်မကျီ၊ တစီစီနှင့်’ (ပဋ)။ ၃၊ အကြွ
Burmese:
တစ်စုံတစ်ရာ ဆောင်ရွက်မှု၌ ကျေကုန်ပြတ်စဲခြင်း မရှိသေးသဖြင့်။ ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းတာဝန် ကျန်ယှိနေသေးသဖြင့်။ ‘နင်တို့လည်းသီ၊ ငါလည်းသီကေ၊ မကျီအရီး၊’ (ထာနု)။ ၂၊ တတွတ်တွတ် အဆက်မပြတ် ခေါ်ဝေါ်ပြောဆို မြည်တမ်းလျက်။ ‘ခေါ်ဝေါ်မကျီ၊ တစီစီနှင့်’ (ပဋ)။ ၃၊ အကြွ
English:
undone
Grammar Note:
ကြိယာဝိသေသန
မကျီတကျီ
[mt͡ɕítt͡ɕí]
Arakanese:
တိုးလို့တန်းလန်း။ ငါးပိုင်းကမ်းတင်သေး။ မပြတ်မစဲငယ်ပနာ။ ‘စပါးဆန်ရီသွင်းလို့ အလုပ်က မကျီတကျိ ဖြစ်နီရေဂု’ (အရပ်)
Burmese:
မပြီးမပြတ်။ လက်စမသတ်သေး။ မပြတ်မစဲသေး၍။ ‘စပါးဆန်ရီသွင်းလို့ အလုပ်က မကျီတကျိ ဖြစ်နီရေဂု’ (အရပ်)
English:
undone
Grammar Note:
ကြိယာဝိသေသန
မကျော်အပ်သည့်သုံးပါး
[mt͡ɕɔ̀ʔaʔθɛ̰θóʊɴpàး]
Arakanese:
ကျေပြွန်ကို မကျီာ်အပ်။ ၂၊ အဟိကထရံကို မကျီာ်အပ်။ ၃၊ သူတယောက်၏ အဂေါင်းကို မကျီာ်အပ် (လောကသမုတ္ထိ)
Burmese:
ကျေပြွန်ကို မကျော်အပ်။ ၂၊ အရှေ့ကထရံကို မကျော်အပ်။ ၃၊ သူတစ်ယောက်၏ ဦးခေါင်းကို မကျော်အပ် (လောကသမုတ္ထိ)
English:
not to do
Grammar Note:
နာမ်
မကြည့်မလှ
[mt͡ɕɛ̰mɬ]
Arakanese:
ခံစားချက်ဒဏ် ပြင်းပြစွာ။ ဆိုးရွားစွာ
Burmese:
ခံစားချက်ဒဏ် ပြင်းပြစွာ။ ဆိုးရွားစွာ
English:
very bad
Grammar Note:
ကြိယာဝိသေသန
မကြံအပ်မကြံစည်ရာ
[mt͡ɕံʔaʔmt͡ɕံsɛ̀ɹà]
Arakanese:
မအပ်မရာသော ကြံစည်ချက်။ ကြံစည်ခြင်းငှာ မအပ်မရာသော အရာ
Burmese:
မဆီလျော်သော ကြံစည်ချက်။ ကြံစည်ခြင်းငှာ မဆီလျော်သော အရာ
English:
not suitable
Grammar Note:
နာမ်
မကြားကောင်းမနာသာကောင်း
[mt͡ɕákáʊɴmnàθàkáʊɴ]
Arakanese:
နားမာ မခံသာယောင် ရိုင်းစိုင်း ယုတ်ညံ့သော အကြောင်းတရား
Burmese:
နားမှာ မခံသာအောင် ရိုင်းစိုင်း ယုတ်ညံ့သော အကြောင်းတရား
English:
foul
Grammar Note:
နာမ်
မကြာခဏ
[mt͡ɕàkʰn]
Arakanese:
ထပ်ကာထပ်ကာ။ ထပ်လို့ထပ်လို့အနိန်နန့်
Burmese:
ထပ်တလဲလဲ။ ထပ်ကာထပ်ကာ အားဖြင့်
English:
repeat
Grammar Note:
ကြိယာဝိသေသန
မကြားတကြား
[mt͡ɕátt͡ɕá]
Arakanese:
စကားကို ပီပီသသ နားမလည် နှိုင်လောက်ယောင် ပြောရေ။ ‘လူများ သိလတ်မည်စိုးလို့ စကားကို မကြားတကြား ပြောရေ’ (အရပ်)
Burmese:
စကားကို ပီပီသသ နားမလည် နိုင်လောက်အောင် ပြောသည်။ ‘သူတစ်ပါး သိလတ်မည်စိုးလို့ စကားကို မကြားတကြား ပြောရေ’ (အရပ်)
English:
make noise
Grammar Note:
ကြိယာ
မကြားတကွန်
[mt͡ɕátkʊ̀ɴ]
Arakanese:
(မကြားကျိုးကျွန်) အကွန်ဆောင်နိန်ရေ
Burmese:
(မကြားကျိုးကျွန်) ဟန်ဆောင်နေသည်
English:
pretend
Grammar Note:
ကြိယာ
မကြာမကြာ
[mt͡ɕàmt͡ɕà]
Arakanese:
မကွာဝီးသော အချိန်ကာလအနိန်နန့်သာ ခြားဗျာယ်။ တနားတခါ။ ‘မနောမရွှင်၊ သဘောမာ၌၊ သိချင်ကြောင်းရေ၊ ရက်ပြတ်ရက်ပြတ်၊ အခါခါလျှင်၊ ခေါ်ဝေါ်မေးလည်း’ (ပန်း)
Burmese:
မကွာဝေးသော အချိန်ကာလ အားဖြင့်သာ ခြားလျက်။ ခဏခဏ။ ‘မနောမရွှင်၊ သဘောတွင်၌၊ သိချင်ကြောင်းရေ၊ မကြာမကြာ၊ အခါခါလျှင်၊ ခေါ်ဝေါ်မေးလည်း’ (ပန်း)
English:
frequently
Grammar Note:
ကြိယာဝိသေသန
မကြာမနှောင်း
[mt͡ɕàmn̥áʊɴ]
Arakanese:
အချိန်ကာလ မြင့်ရှည်ခြင်း မဟိစီပဲ
Burmese:
အချိန်ကာလ မြင့်ရှည်ခြင်း မယှိစေပဲ
English:
soon
Grammar Note:
ကြိယာဝိသေသန
မကြဲမသိပ်
[mt͡ɕɛmθìaʔ]
Arakanese:
အရာတခုနှင့် တခု မကွာလှမ်းစီရေ၊ ထိစပ်မှုလည်း မဟိစီရေ၊ မကျဲမစိပ် အလယ်အလတ် ဟိသော။ ‘လားဖို့ပုလဲ၊ ဖြူဖွေးဖွေးကေ၊ မကြဲမသိပ်၊ စိန်ရတီလို၊ ညီမြိတ်မြိတ်နှင့် လိုင်မိတ်တိုရှည်၊ ဆိုဖွယ်မဟိ’ (ပဒုမ္မ)
Burmese:
အရာတစ်ခုနှင့် တစ်ခု မကွာလှမ်းစေရ၊ ထိစပ်မှုလည်း မယှိစေရ၊ မကျဲမစိပ် အလယ်အလတ် ယှိသော။ ‘သွားမှာပုလဲ၊ ဖြူဖွေးဖွေးကေ၊ မကြဲမသိပ်၊ စိန်ရတီလို၊ ညီမြိတ်မြိတ်နှင့် လိုင်မိတ်တိုရှည်၊ ဆိုဖွယ်မဟိ’ (ပဒုမ္မ)
English:
normal
Grammar Note:
နာမဝိသေသန
မကွာစိ
[mkwàsì]
Arakanese:
(မကွာဖူးအစိ) ပြောင်းဖူးအစိ
Burmese:
(မကွာဖူးအစိ) ပြောင်းဖူးအစေ့
English:
grain
Grammar Note:
နာမ်
မကွာဖူး
[mkwàpʰùး]
Arakanese:
ပြောင်းဖူး
Burmese:
ပြောင်းဖူး
English:
corn - maize
Grammar Note:
နာမ်
မခ
[mkʰ]
Arakanese:
သဖောချင်း ကိုက်ညီခြင်း မဟိခြင်း ဖြစ်တေ။ ၂၊ တခုနှင့်တခု ဆက်စပ်၍မရ ဖြစ်တေ။ ပေါင်းစပ်၍မရ ဖြစ်တေ။ မောင်နီနန့် မောင်မဲ တယောက်နန့် တယောက် မခ၊ ရန်တကြဲကြဲ (အရပ်)
Burmese:
သဘောချင်း ကိုက်ညီခြင်း မယှိခြင်း ဖြစ်သည်။ ၂၊ တစ်ခုနှင့်တစ်ခု ဆက်စပ်၍မရ ဖြစ်သည်။ ပေါင်းစပ်၍မရ ဖြစ်သည်။ မောင်နီနန့် မောင်မဲ တစ်ယောက်နန့် တစ်ယောက် မခ၊ ရန်တကြဲကြဲ (အရပ်)
English:
incongruity
Grammar Note:
ကြိယာ
မခံချင်
[mkʰံɕɪ̀ɴ]
Arakanese:
ကိုယ့်နှင့်ပတ်သက်ပြီးကေ ထိပါးလာရေ် မခံမရပ်နိုင် ဖြစ်လှာရေ
Burmese:
မိမိနှင့်ပတ်သက်၍ ထိပါးလာသော် မခံမရပ်နိုင် ဖြစ်လာသည်
English:
indomitable
Grammar Note:
ကြိယာ
မခံချိ
[mkʰံɕì]
Arakanese:
စိတ်ထဲမာ နာကျဉ်း ပြင်းပြစွာ ခံစားရရေ။ ‘သူရို့ ပြောစွာ စကားကို ကြားကေ နုလည်းငါမခံချိ (အရပ်)။ ‘ဗျာယကဲပို၊ ပြင်းစွာငိုကေ၊ ထိုသည်မွေးမိ၊ သားမေးသံကို၊ မခံချိလို့၊ ဖြစ်ဘိကိစ္စ’ (ဒွေး)
Burmese:
စိတ်ထဲ၌ နာကျဉ်း ပြင်းပြစွာ ခံစားရသည်။ ‘သူရို့ ပြောစွာ စကားကို ကြားကေ နုလည်းငါမခံချိ (အရပ်)။ ‘ဗျာယကဲပို၊ ပြင်းစွာငိုကေ၊ ထိုသည်မွေးမိ၊ သားမေးသံကို၊ မခံချိလို့၊ ဖြစ်ဘိကိစ္စ’ (ဒွေး)
English:
irksomely
Grammar Note:
ကြိယာ