Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 781–800 of 2,515 words

    မ

    မိန်းမောသီသတ်၂

    [méɪɴmɔ́θíθaʔ၂]
    မိန့်လျော့ ပေါ့တန်စွာ။ အာရုံမထားပဲ
    မေ့လျော့ ပေါ့တန်စွာ။ အာရုံမထားပဲ
    be unconscious
    ကြိယာဝိသေသန

    မိန့်မြွက်

    [mèɪɴ့mWɹɛʔ]
    ပြောဆိုရေ။ ဧပိုင် မိန့်မြွက် ပြောဆို လီရေ။
    ပြောဆိုသည်။ ဤသို့ မိန့်မြွက် ပြောဆို လေသည်။
    give a speech
    ကြိယာ

    မိန့်မှာ

    [mèɪɴ့m̥à]
    တခုတရီကို လိုက်နာ မှတ်သားရန် ပြောကြားရေ။ အမတ်ကြီးအား ဧပိုင် မိန့်မာတော်မူ လိုက်လီ၏
    တစ်စုံတစ်ရာကို လိုက်နာ မှတ်သားရန် ပြောကြားသည်။ အမတ်ကြီးအား ဤသို့ မိန့်မှာတော်မူ လိုက်လေ၏
    give a speech
    ကြိယာ

    မိဖ

    [mìpʰ]
    မိခင်နှင့် ဖခင်
    မိခင်နှင့် ဖခင်
    mother and father
    နာမ်

    မိဖက်မဖက်

    [mìpʰɛʔmpʰɛʔ]
    အမိနှင့်အဖ နှစ်ဘက်သီာ ဆွီမျိုးများ
    အမိနှင့်အဖ နှစ်ဘက်သော ဆွေမျိုးများ
    relatives
    နာမ်

    မိဖမဟိ

    [mìpʰmhì]
    မိဖနှစ်ပါး သီဆုံးသော သားသမီး
    မိဖနှစ်ပါး သေဆုံးသော သားသမီး
    orphan
    နာမဝိသေသန

    မိဖမောင်ဖွား

    [mìpʰmàʊɴpʰWà]
    ကလေသျှေ၊ ကလိန့်မေသျှေ တဦးတလီအား ထိန်းသိမ်း စောင့်ရှောက်ပိုင်သော ဆွီမျိုးသားချင်းများ
    ယောက်ျားကလေး၊ မိန်းကလေး တစ်ဦးဦးအား ထိန်းသိမ်း စောင့်ရှောက်ပိုင်သော ဆွေမျိုးသားချင်းများ
    relatives
    နာမ်

    မိဖုရား

    [mìpʰoʊɹá]
    ဘုရင်မင်းမြတ်၏ မယား
    ဘုရင်မင်းမြတ်၏ မယား
    queen
    နာမ်

    မိဖြား

    [mìpʰɹá]
    ဘုရင်မင်းမြတ်၏ မယား
    ဘုရင်မင်းမြတ်၏ မယား
    queen
    နာမ်

    မိမ

    [mìm]
    ၁၊ သန္ဓေလွယ်၍ မျိုးဆက် ပွားပေးစီနှိုင်ရေ လူမ။ ၂၊ မယား၊ ဇနီး
    ၁၊ သန္ဓေလွယ်၍ မျိုးဆက် ပွားပေးစေနိုင်သော လူမ။ ၂၊ မယား၊ ဇနီး
    female
    နာမ်

    မိမစစ်ဖမစစ်

    [mìmsɪʔpʰmsɪʔ]
    လင်မယားဆိုပနာ အသိအမှတ်မပြုဘဲ ပျော်ပါးရာမှ ရဟိသော သားသမီး
    လင်မယားဟူ၍ အသိအမှတ်မပြုဘဲ ပျော်ပါးရာမှ ရယှိသော သားသမီး
    bastard
    နာမ်

    မိမတိသာ

    [mìmtìθà]
    (မမာ့) အတိကိုရည်၍ ပြောသောစကား။ လင်သားမဟိ၊ မိမတိရာ၊ များလတ္တံ (သိုက်)။ (မိမတိရာ၊ မိမတိကာလို့လေ့ သုံးနှုန်းသိရေ။
    (မိန်းမ) အများကိုရည်၍ ပြောသောစကား။ လင်သားမဟိ၊ မိမတိသာ၊ များလတ္တံ (သိုက်)။ (မိမတိရာ၊ မိမတိကာဟုလည်း သုံးနှုန်းသေးသည်။
    female
    နာမဝိသေသန

    မိမသနံ

    [mìmθnံ]
    ဘုန်းကြီး တန်းကြီး ဆိုရေပိုင် မမာ့ကိုသနံနှင့် တွဲပြီးကေ မိမသနံဟု မမာ့ကို ရည်ညွှန်း၍ သုံးသောစကား။ (ယင်းပိုင်တွဲပြီးကေ သုံးရေ။
    ဘုန်းကြီး တန်းကြီး ဆိုသကဲ့သို့ မိန်းမကိုသနံနှင့် တွဲ၍ မိမသနံဟု မိန်းမကို ရည်ညွှန်း၍ သုံးသောစကား။ (ယင်းသို့တွဲ၍ သုံးသည်။
    none
    နာမ်စား

    မိမဟိဖမဟိ

    [mìmhìpʰmhì]
    မိဖနှစ်ပါး သီဆုံးသော သားသမီး
    မိဖနှစ်ပါး သေဆုံးသော သားသမီး
    orphan
    နာမ်

    မိမိ

    [mìmì]
    တဦးတယောက်က (ကိုယ့်) ကိုယ်တိုင်ကို ရည်ညွှန်းသော စကား
    တစ်ဦးတစ်ယောက်က (မိမိ၏) ကိုယ်တိုင်ကို ရည်ညွှန်းသော စကား
    I
    နာမ်စား

    မိမိ၂

    [mìmì၂]
    ကြောင်ကို ခေါ်သော အာလုပ်စကား။ မိခင်ကို သားသမီးက ခေါ်ဝေါ်သော အာလုပ်စကား
    ကြောင်ကို ခေါ်သော အာလုပ်စကား။ မိခင်ကို သားသမီးက ခေါ်ဝေါ်သော အာလုပ်စကား
    cat
    နာမ်

    မိမိမောမော

    [mìmìmɔ́mɔ́]
    အချိန်ကာလ ရှည်မြင့်စွာ။ ကာလမြင့်ရှည်။ ၂၊ မိန့်လျော့ ပေါ့ဆစွာ
    အချိန်ကာလ ရှည်မြင့်စွာ။ ကာလမြင့်ရှည်။ ၂၊ မေ့လျော့ ပေါ့ဆစွာ
    long time
    ကြိယာဝိသေသန

    မိမိယွယွ

    [mìmìjwjw]
    သတိ ပေါ့လွတ်ရေ။ အမှတ်အသား နည်းပါးရေ။ နန်းတော်ထဲကို၊ ပြေးခရေဟု မှတ်ထွေပြီးထွေ၊ ကိုယ့်ယွယွ၊ နီကတ်လီသော် (ရာမ)
    သတိ ပေါ့လွတ်သည်။ အမှတ်အသား နည်းပါးသည်။ နန်းတော်ထဲကို၊ ပြေးခရေဟု မှတ်ထွေပြီးထွေ၊ မိမိယွယွ၊ နေကြလေသော် (ရာမ)
    forget
    ကြိယာ

    မိမူး

    [mìmùး]
    ကိုယ်စိတ် ပင်ပန်းမှုကြောင့် အာရုံမကြည်မလင် တွေဝေသည်
    ကိုယ်စိတ် ပင်ပန်းမှုကြောင့် အာရုံမကြည်မလင် တွေဝေသည်
    be indecisive
    ကြိယာ

    မိမော

    [mìmɔ́]
    အသိဉာဏ် မှုန်ဝါးတွေဝေနိန်ရေ။ မူးတူးမှိုင်တိုင်၊ မငိုနိုင်ကေ၊ ဖြိုင်ဖြိုင်မျက်ရည်၊ သက်မရှုပဲ၊ လူမသိယောင်၊ မိမောနီရေ (ကော်)
    အသိဉာဏ် မှုန်ဝါးတွေဝေနေသည်။ မူးတူးမှိုင်တိုင်၊ မငိုနိုင်ကေ၊ ဖြိုင်ဖြိုင်မျက်ရည်၊ သက်မရှုပဲ၊ လူမသိအောင်၊ မိမောနီရေ (ကော်)
    be unconscious
    ကြိယာ