Dictionary Entries
Showing 801–820 of 2,515 words
မ
မိမောသီသတ်
[mìmɔ́θíθaʔ]
Arakanese:
ဗြုန်းခနဲ အံ့အားသင့်၍ မလှုပ်နိုင်။ မရှားနိုင်ဖြစ်တေ
Burmese:
ရုတ်တရက် အံ့အားသင့်၍ မလှုပ်နိုင်။ မရှားနိုင်ဖြစ်သည်
English:
be surprised
Grammar Note:
ကြိယာ
မိမောသီသတ်၂
[mìmɔ́θíθaʔ၂]
Arakanese:
ကြန့်ကြာစွာ သတိလစ် မမာ့ောနိန်ရေ မေတော်မိဖုရား၊ သတိထားလေ၊ မိမောသီသတ်၊ နန်းရင်ပြင်မာ၊ ရင်လက်ခတ်လို့ (ဓမ္မသာ)။ ရွှီရင်ထုငြား၊ သည်းနှင့်အူကို၊ ယူကာသွားသို့၊ မိမောသီသတ်၊ လဲမတတ်ကေ (ကော်)။ မိမွီဖမွီ မိဖက မကွယ်လွန်မီ ဖြစ်စီ၊ ကွယ်လွန်ပြီးကေ ဖြစ်စီ၊ သား
Burmese:
အချိန်ကြာမြင့်စွာ သတိလစ် မိန်းမောနေသည် မယ်တော်မိဖုရား၊ သတိထားလေ၊ မိမောသီသတ်၊ နန်းရင်ပြင်မှာ၊ ရင်လက်ခတ်လို့ (ဓမ္မသာ)။ ရွှေရင်ထုငြား၊ သည်းနှင့်အူကို၊ ယူကာသွားသို့၊ မိမောသီသတ်၊ လဲမတတ်ကေ (ကော်)။ မိမွီဖမွီ မိဖက မကွယ်လွန်မီ ဖြစ်စေ၊ ကွယ်လွန်ပြီးနောက် ဖြစ်စေ၊ သား
English:
be unconscious
Grammar Note:
ကြိယာ
မိမွီးတိုင်းဖမွီးတိုင်း
[mìmwïtáɪɴpʰmwïtáɪɴ]
Arakanese:
မိခင်ဝမ်းမှ ကျလှာစဉ် ကပင် ပါဟိလာရေ့ အခြီအရဲအတိုင်း။ ၂၊ လင်းကြဲ
Burmese:
မိခင်ဝမ်းမှ ကျလာစဉ် ကတည်းက ပါယှိလာသည့် အခြေအနေအတိုင်း။ ၂၊ ကိုယ်တုံးလုံး
English:
in the nude
Grammar Note:
ကြိယာဝိသေသန
မိယောင်ဖယောင်
[mìjàʊɴpʰjàʊɴ]
Arakanese:
မိဖပိုင် အမှတ်ထားခြင်း။ မိဖပိုင် သဖောထားခြင်း။ မောင်ဖြူနန့် မကံကို အကျွန်ရို့ မိယောင်ဖယောင် သဖောထားကာ ကျွေးမွီးပြုစုပါရေ (အရပ်)
Burmese:
မိဖသဖွယ် အမှတ်ထားခြင်း။ မိဖကဲ့သို့ သဘောထားခြင်း။ မောင်ဖြူနန့် မကံကို အကျွန်ရို့ မိယောင်ဖယောင် သဘောထားကာ ကျွေးမွေးပြုစုပါရေ (အရပ်)
English:
like parents
Grammar Note:
ပစ္စည်း
မိယောင်ယွယောင်
[mìjàʊɴjwjàʊɴ]
Arakanese:
အမှတ်မရ ဖြစ်တေ။ မှတ်ဉာဏ် လျော့ပါးရေ။ ၂၊ အာရုံသိခြင်းက ကင်းကွာရေ။ သတိလစ်ရေ။ နှုတ်ဂတိကို မိယောင်ယွယောင်၊ မသိယောင်လျှင်၊ ဆောင်ပါသလော (ရာမ)
Burmese:
အမှတ်မရ ဖြစ်သည်။ မှတ်ဉာဏ် လျော့ပါးသည်။ ၂၊ အာရုံသိခြင်းမှ ကင်းကွာသည်။ သတိလစ်သည်။ နှုတ်ဂတိကို မိယောင်ယွယောင်၊ မသိယောင်လျှင်၊ ဆောင်ပါသလော (ရာမ)
English:
forget
Grammar Note:
ကြိယာ
မိယွ
[mìjw]
Arakanese:
သတိ ပေါ့လွတ်ရေ။ မှတ်ဉာဏ် နည်းပါးရေ။ လက်သုတ်သုတ်ရာ၊ မိယွငြားလို့ ဆားမပါကေ (ပဒုမ္မ)
Burmese:
သတိ ပေါ့လွတ်သည်။ မှတ်ဉာဏ် နည်းပါးသည်။ လက်သုတ်သုတ်ရာ၊ မိယွငြားလို့ ဆားမပါကေ (ပဒုမ္မ)
English:
forget
Grammar Note:
ကြိယာ
မိရင်းဖရင်း
[mìɹɪ́ɴpʰɹɪ́ɴ]
Arakanese:
မထွီး၊ ပထွီး၊ မွီးစပ်မိဖရို့နန့် ကွဲပြားခြားနားရေ မိဖအစစ်အမှန်
Burmese:
မိထွေး၊ ပထွေး၊ မွေးစားမိဖတို့နှင့် ကွဲပြားခြားနားသော မိဖအစစ်အမှန်
English:
mother and father
Grammar Note:
နာမ်
မိရိုးဖလာ
[mìɹópʰlà]
Arakanese:
မိဖရိုးရာ စဉ်ဆက် အစိုင်တစိုက် ဆောင်ရွက်မြဲအတိုင်း ဖြစ်ရေ
Burmese:
မိဖရိုးရာ စဉ်ဆက် အစဉ်တစိုက် ဆောင်ရွက်မြဲအတိုင်း ဖြစ်သော
English:
sth that is accepted observed or practised by tradition
Grammar Note:
နာမဝိသေသန
မိလက္ခူ
[mìlkʰə́kʰaù]
Arakanese:
လယ်ယာ ကိုင်းကျွန်း လုပ်ကိုင်သူ။ မိလက္ခူ၊ တောင်သူတိလူ၊ ပူဆာဒုက္ခ၊ များလတ္တံ (သိုက်)
Burmese:
လယ်ယာ ကိုင်းကျွန်း လုပ်ကိုင်သူ။ မိလက္ခူ၊ တောင်သူများလူ၊ ပူဆာဒုက္ခ၊ များလတ္တံ (သိုက်)
English:
farmer
Grammar Note:
နာမ်
မိလိုက်ဖပါ
[mìlaɪʔpʰpà]
Arakanese:
မိဖရိုးရာ စွဲလိုက်ဗျာယ်
Burmese:
မိဖရိုးရာ စွဲလိုက်လျက်
English:
sth that is accepted observed or practised by tradition
Grammar Note:
ကြိယာ
မိသက်ဖသက်
[mìθɛʔpʰθɛʔ]
Arakanese:
သားသမီးရို့စွာလေ့ (မိဖရို့ပိုင်) အသက် အရွယ် ကြီးရင့်လာယား ဖြစ်တေ
Burmese:
သားသမီးတို့သည်လည်း (မိဖတို့ကဲ့သို့) အသက် အရွယ် ကြီးရင့်လာပြီး ဖြစ်သည်
English:
old
Grammar Note:
ကြိယာ
မိသားစု
[mìθásoʊ]
Arakanese:
မိဖနှင့် သားသမီးများ အစုအပေါင်း။ ၂၊ အိမ်ထောင်ဦးစီး တအိမ်ထောင် စုပေါင်းနီထိုင်သော အိမ်သားတိ
Burmese:
မိဖနှင့် သားသမီးများ အစုအပေါင်း။ ၂၊ အိမ်ထောင်ဦးစီး တစ်အိမ်ထောင် စုပေါင်းနေထိုင်သော အိမ်သားများ
English:
family
Grammar Note:
နာမ်
မိသားဖသား
[mìθápʰθá]
Arakanese:
ခင်ပွန်း တနည်း ဇနီး သားသမီးများ ဖြစ်ရေ အိမ်ထောင်
Burmese:
ခင်ပွန်း သို့မဟုတ် ဇနီး သားသမီးများ ဖြစ်သော အိမ်ထောင်
English:
family
Grammar Note:
နာမ်
မိသားဖသား၂
[mìθápʰθá၂]
Arakanese:
မိကောင်းဖခင် သားသမီးပီသသူ
Burmese:
မိကောင်းဖခင် သားသမီးပီသသူ
English:
of respectable
Grammar Note:
နာမ်
မိဟန်ယွဟန်
[mìhàɴjwhàɴ]
Arakanese:
မိန့်လျော့ အကွန်ဆောင်နိန်ရေ
Burmese:
မေ့လျော့ ဟန်ဆောင်နေသည်
English:
pretend
Grammar Note:
ကြိယာ
မို
[mÒ]
Arakanese:
ကာလ အပိုင်းအရာ တခု။ တောင်သူဒါးမ၊ ရီဝယ်ကျ၊ ရှာလိုမရ၊ မိုကိုးလ (ဘောင်)။ မြောက်ဦးမြို့ကို၊ ရောက်ရေအခါ၊ ချောသူမောင်ရို့ မိုလခွဲပင်၊ မနည်းကြကေ (ရီလား)။ ဤကဗျာကို၊ စီကာလည်းရီး၊ တပို့တွဲဆို၊ ချမ်းအီးပိုကေ၊ မိုလခွဲလုံး၊ ပဋါစာရီ၊ ထုံးကိုမှီလို့ (ပဋါ)
Burmese:
ကာလ အပိုင်းအခြား တစ်ခု။ တောင်သူဒါးမ၊ ရီဝယ်ကျ၊ ရှာလိုမရ၊ မိုကိုးလ (ဘောင်)။ မြောက်ဦးမြို့သို့၊ ရောက်သောအခါ၊ ချောသူမောင်ရို့ မိုလခွဲပင်၊ မနည်းကြကေ (ရီလား)။ ဤကဗျာကို၊ စီကာလည်းရေး၊ တပို့တွဲဆို၊ ချမ်းအေးပိုကေ၊ မိုလခွဲလုံး၊ ပဋါစာရီ၊ ထုံးကိုမှီလို့ (ပဋါ)
English:
period
Grammar Note:
နာမ်
မို့
[mo̰]
Arakanese:
စူဖြိုးသော။ မျက်နှာပြင် ထက်သို့ ဖြိုးမောက်သော။ မျက်နှာဝိုင်းလို့၊ ပါးပြင်သျှေမို့နီရေ (အရပ်)
Burmese:
စူဖြိုးသော။ မျက်နှာပြင် ထက်သို့ ဖြိုးမောက်သော။ မျက်နှာဝိုင်းလို့၊ ပါးပြင်သျှေမို့နီရေ (အရပ်)
English:
heaped
Grammar Note:
နာမဝိသေသန
မိုး
[mó]
Arakanese:
ဝေးလွန်းသော အရပ်ကို ညွှန်ပြရာမာ သုံးသော အာလုပ်စကား။ (မိုး ……. မာဟု အသံ ကိုဆွဲပနာ ပြောရေ။
Burmese:
ဝေးလွန်းသော အရပ်ကို ညွှန်ပြရာ၌ သုံးသော အာလုပ်စကား။ (မိုး ……. မှာဟု အသံ ကိုဆွဲ၍ ပြောသည်။
English:
that
Grammar Note:
ပစ္စည်း
မို၂
[mÒ၂]
Arakanese:
ပို့သော။ ပြည့်ဖြိုး မြင့်တက်သော
Burmese:
ပို့သော။ ပြည့်ဖြိုး မြင့်တက်သော
English:
heaped
Grammar Note:
နာမဝိသေသန
မိုး၂
[mó၂]
Arakanese:
ရပေါ်ပါးက ဖုံးအုပ်ရေ။ ၂၊ သာလွန်ကဲမြင့်သည်
Burmese:
အပေါ်ယံက ဖုံးအုပ်သည်။ ၂၊ သာလွန်ကဲမြင့်သည်
English:
cover
Grammar Note:
ကြိယာ