Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 941–960 of 2,515 words

    မ

    မိုဃ်းသီးကျ၂

    [mÒɡʱ်းθït͡ɕ၂]
    မိုဃ်းရာသီသို့ စတင် ဝင်ရောက်ချိန်။ မိုးသောက်ကေ၊ ရောင်ဝီ၊ မိုဃ်းစီစီ၊ စီစီသွန်းချ၊ မိုဃ်းသီးကျ (တေး)
    မိုဃ်းရာသီသို့ စတင် ဝင်ရောက်ချိန်။ မိုးသောက်ကေ၊ ရောင်ဝီ၊ မိုဃ်းစီစီ၊ စီစီသွန်းချ၊ မိုဃ်းသီးကျ (တေး)
    rainy season
    နာမ်

    မိုဃ်းသီးပေါက်

    [mÒɡʱ်းθïpaʊʔ]
    အာကာမှ ရွာကျသော မိုဃ်းပေါက်။ မိုဃ်းရေစက်။ ၂၊ သာကူစိ အလုံးကြီး။ မိုဃ်းသီးပေါက်ကျရေ၊ ကိုယ်နာရေ၊ မက္ကလာယူခ၊ ဘာရဲဖ (တေး-ဘောင်)
    ကောင်းကင်မှ ရွာကျသော မိုဃ်းပေါက်။ မိုဃ်းရေစက်။ ၂၊ သာကူစေ့ အလုံးကြီး။ မိုဃ်းသီးပေါက်ကျရေ၊ ကိုယ်နာရေ၊ မက္ကလာယူခ၊ ဘာရဲဖ (တေး-ဘောင်)
    rain
    နာမ်

    မိုဃ်းသီးမိုဃ်းပေါက်

    [mÒɡʱ်းθïmÒɡʱ်းpaʊʔ]
    အကြွင်းအလပ် မဟိပဲ။ အလစ်အလပ် မဟိပဲ။ နီရာများစွာ ပျံ့နှံ့ဗျာယ်။ ၂၊ မကန်မဝှန်
    အကြွင်းအလပ် မယှိပဲ။ အလစ်အလပ် မယှိပဲ။ နေရာများစွာ ပျံ့နှံ့လျက်။ ၂၊ အများအပြား
    many
    ကြိယာဝိသေသန

    မိုဃ်းသီးမိုဃ်းပေါက်၂

    [mÒɡʱ်းθïmÒɡʱ်းpaʊʔ၂]
    သွန်းကြဲရွာချသော မိုဃ်းရေအစက်
    သွန်းကြဲရွာချသော မိုဃ်းရေအစက်
    rain
    နာမ်

    မိုဃ်းသီးလုံး

    [mÒɡʱ်းθïlóʊɴ]
    မိုဃ်းရွာချရာမာ မြက်ခင်း တနည်း အောက်ခံဝတ္တု တခုခုထက်မာ အစက်အပေါက်လိုက် တင်ကျန်နီသော မိုဃ်းရေလုံး
    မိုဃ်းရွာချရာတွင် မြက်ခင်း သို့မဟုတ် အောက်ခံဝတ္တု တစ်ခုခုပေါ်တွင် အစက်အပေါက်လိုက် တင်ကျန်နေသော မိုဃ်းရေလုံး
    rain
    နာမ်

    မိုဃ်းအီး

    [mÒɡʱ်းʔï]
    မိုဃ်းမပြတ်ရွာကာ မိုဃ်းရေသွန်ချမှု ရို့ကြောင့် စိမ့်အေးသည်
    မိုဃ်းမပြတ်ရွာကာ မိုဃ်းရေသွန်ချမှု တို့ကြောင့် စိမ့်အေးသည်
    cold
    နာမ်

    မိုဃ်းအီးလီအီး

    [mÒɡʱ်းʔïlíʔï]
    ဖြည်းညင်းစွာ တိုက်ခတ်သော လေနှင့် ရောဗျာယ် သည်းထန်စွာ ရွာချသောမိုဃ်း
    ဖြည်းညင်းစွာ တိုက်ခတ်သော လေနှင့် ရောလျက် သည်းထန်စွာ ရွာချသောမိုဃ်း
    have a spell of cold rainy weather
    နာမ်

    မိုဃ်းအုံး

    [mÒɡʱ်းʔóʊɴ]
    ကြီးထူရေ မိုဃ်းတိမ်ရို့ အုပ်ဆိုင်း ထီးရေ။ ၂၊ မိုဃ်းရွာမည့် အနိန်အထား ဖြစ်ပေါ်သည်
    ကြီးထူသော မိုဃ်းတိမ်တို့ အုပ်ဆိုင်း ပိတ်ဆို့သည်။ ၂၊ မိုဃ်းရွာမည့် အနေအထား ဖြစ်ပေါ်သည်
    be overcast - be cloudy
    ကြိယာ

    မိုဃ်းဥတု

    [mÒɡʱ်းʔṵtoʊ]
    မိုဃ်းရွာသွန်းမြဲ အတိုင်း ရွာသွန်းလေ့ဟိသော ကာလ အပိုင်းအရာ။ (ဝိနည်းတော်အရ ဝါဆို လပြည့်ကျော် တရက်နိမှ တန်ဆောင်မုန်း လပြည့်နိထိ)
    မိုဃ်းရွာသွန်းမြဲ အတိုင်း ရွာသွန်းလေ့ယှိသော ကာလ အပိုင်းအခြား။ (ဝိနည်းတော်အရ ဝါဆို လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့ထိ)
    rainy season
    နာမ်

    မိုဃ်းဦးကျ

    [mÒɡʱ်းʔút͡ɕ]
    မိုဃ်းရာသီသို့ စတင် ဝင်ရောက်ရေ။ မိုဃ်းဥတု စတင်သည်
    မိုဃ်းရာသီသို့ စတင် ဝင်ရောက်သည်။ မိုဃ်းဥတု စတင်သည်
    rains set in
    ကြိယာ

    မိုဃ်းဦးကျ၂

    [mÒɡʱ်းʔút͡ɕ၂]
    မိုဃ်းရာသီသို့ စတင်ဝင်ရောက်ချိန်။ မိုးသောက်ကေ၊ ရောင်ဝီ၊ မိုဃ်းစီစီ၊ စီစီသွန်းချ၊ မိုဃ်းသီးကျ (တေး)
    မိုဃ်းရာသီသို့ စတင်ဝင်ရောက်ချိန်။ မိုးသောက်ကေ၊ ရောင်ဝီ၊ မိုဃ်းစီစီ၊ စီစီသွန်းချ၊ မိုဃ်းသီးကျ (တေး)
    beginning of rainy season
    နာမ်

    မိုင်းစရီ

    [máɪɴsɹí]
    ရွက်ပေါင်း အရွက်ဟိ၍ အဝါရောင် အပွင့်များ အချိန်လိုက် ဖူးပွင့်သည် ပင်စောက် ကြီးတမျိုး။ တောင်ထက်က မိုင်းစရီ၊ လီထလို့ မကြွီ (ပန်းဝှက်)
    ရွက်ပေါင်း အရွက်ယှိ၍ အဝါရောင် အပွင့်များ အချိန်လိုက် ဖူးပွင့်သည် ပင်စောက် ကြီးတစ်မျိုး။ တောင်ထက်က မိုင်းစရီ၊ လီထလို့ မကြွီ (ပန်းဝှက်)
    tree
    နာမ်

    မိုးစရီငှက်

    [mósɹíŋ̊ɛʔ]
    အလွန်မြင့်စွာ ပျံတက်နှိုင်ဗျာယ်း အသံ သာယာစွာ တွန်ကျူး တတ်ရေ ပတုံးရှည် နှစ်ခွဟိ၍ အဖြူနှင့် အမည်း (တနည်း) အပြာရင့်ရောင်ဟိ ပျံလွှားငှက် တမျိုး။ တစီစီ၊ မိုးစရီငှက်မ၊ ဝရစ်တောင်၊ ပြိုင်ညောင်ခေါင်းမာ၊ မိုးကိုတလို့ (တေး)
    အလွန်မြင့်စွာ ပျံတက်နိုင်ပြီး အသံ သာယာစွာ တွန်ကျူး တတ်သော အမြီးရှည် နှစ်ခွယှိ၍ အဖြူနှင့် အမည်း (သို့မဟုတ်) အပြာရင့်ရောင်ရှိ ပျံလွှားငှက် တစ်မျိုး။ တစီစီ၊ မိုးစရီငှက်မ၊ ဝရစ်တောင်၊ ပြိုင်ညောင်ခေါင်းမှာ၊ မိုးကိုတလို့ (တေး)
    swallow
    နာမ်

    မိုးစရီပန်း

    [mósɹípáɴ]
    အဖြူနုမာ အပြာရောင် နှောသော လက်တံရှည် သစ်ခွပန်းတမျိုး။ ဇရက် နှုတ်ခမ်း၊ မိုးစရီပန်း၊ ပန်ဝတ်ဇာသူ၊ သဇင်ဖြူ (တေး)
    အဖြူနုတွင် အပြာရောင် နှောသော လက်တံရှည် သစ်ခွပန်းတစ်မျိုး။ ဇရက် နှုတ်ခမ်း၊ မိုးစရီပန်း၊ ပန်ဝတ်မည်သူ၊ သဇင်ဖြူ (တေး)
    orchid
    နာမ်

    မိုးစီပန်း

    [mósípáɴ]
    အနံ့မွှီးကြိုင်သည့် အသဘာရင့်ရောင် ပန်းတမျိုး။ ဖက်ဆတ်သရဖီ၊ ပန်းမိုးစီကေ၊ ရိုးနီအင်ကြင်း (ပဒုမ္မာ)
    အနံ့မွှေးကြိုင်သည့် အဝါရင့်ရောင် ပန်းတစ်မျိုး။ ဖက်ဆတ်သရဖီ၊ ပန်းမိုးစီကေ၊ ရိုးနီအင်ကြင်း (ပဒုမ္မာ)
    flower
    နာမ်

    မိုးတကုတ်

    [mótkoʊʔ]
    ရှုမြင်နှိုင်ရေ အပိုင်းအရာ ဝေးလွန်သော အရပ်မှနိန်ပနာ အရပ်လေးမျက်နှာကို ကြည့်ရေဟိသော်၊ အာကာ ဆုံးပိုင် ထင်မြင်ရရေ အရပ်ဒေသ
    ရှုမြင်နိုင်သော အပိုင်းအခြား ဝေးလွန်သော အရပ်မှနေ၍ အရပ်လေးမျက်နှာကို ကြည့်သည်ယှိသော်၊ ကောင်းကင် ဆုံးသကဲ့သို့ ထင်မြင်ရသော အရပ်ဒေသ
    horizons
    နာမ်

    မိုးတကုတ်၂

    [mótkoʊʔ၂]
    ရှုမြင်နှိုင်ရေ အပိုင်းအရာထိ။ ၂၊ (ဥပစာ) နောက် အရှည်အတွက် အမြော်အမြင်ဟိစွာ
    ရှုမြင်နိုင်သော အပိုင်းအခြားထိ။ ၂၊ (ဥပစာ) နောက် အရှည်အတွက် အမြော်အမြင်ယှိစွာ
    horizons
    ကြိယာဝိသေသန

    မိုးထ

    [mótʰ]
    အာရုံတက်ရေ
    အာရုံတက်သည်
    aurora
    ကြိယာ

    မိုးထ၂

    [mótʰ၂]
    မိုးထပိုင်း အာရုံတက်ချိန်
    နံနက်ပိုင်း အာရုံတက်ချိန်
    aurora
    နာမ်

    မိုးထယံ

    [mótʰjံ]
    ညဉ့်မောင်းချေပိုင်း ပိုင်းခြားရာမာ နောက်ဆုံးဖြစ်ရေ အချိန် ကာလပိုင်း။ ညည့်၏ လေးဖို့တဖို့ အချိန်။ ညဉ့်လေးယံမာ၊ ခံဒုက္ခဖြင့် (ပဋာ)။ (တနည်း-ညဉ့်ကို သုံးပိုင်း ပိုင်းခြားရာမာ နောက်ဆုံး ဖြစ်ရေ အချိန် ကာလပိုင်း။ မိုးထ ၂နာရီမှ ၆နာရီထိ အချိန်ပိုင်း
    ညဉ့်ကိုလေးပိုင်း ပိုင်းခြားရာတွင် နောက်ဆုံးဖြစ်သော အချိန် ကာလပိုင်း။ ညည့်၏ လေးဖို့တစ်ဖို့ အချိန်။ ညဉ့်လေးယံမှာ၊ ခံဒုက္ခဖြင့် (ပဋာ)။ (တစ်နည်း-ညဉ့်ကို သုံးပိုင်း ပိုင်းခြားရာတွင် နောက်ဆုံး ဖြစ်သော အချိန် ကာလပိုင်း။ နံနက် ၂နာရီမှ ၆နာရီထိ အချိန်ပိုင်း
    aurora
    နာမ်