Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 961–980 of 2,515 words

    မ

    မိုးနှီး

    [món̥ï]
    အိမ်မိုး သက်ကယ်ပျစ်၊ အုန်းပျစ် စစွာကို အခြင်းတန်းနှင့် ဆိုင်းတွဲ ချိုင်နှောင်ရရေ တောင်ဆုပ်ခန့်ဟိ အပြားသိမ့်ရေ နှီးတမျိုး
    အိမ်မိုး သက်ကယ်ပျစ်၊ ဓနိပျစ် စသည်ကို အခြင်းတန်းနှင့် ဆိုင်းတွဲ ချည်နှောင်ရသည့် တောင်ဆုပ်ခန့်ယှိ အပြားသေးသော နှီးတစ်မျိုး
    thin bamboo strips
    နာမ်

    မိုးပန်း

    [mópáɴ]
    ရိုးတံရှည်၍ မွေးသော ပန်းနုရောင် အရဲရောင်ပွင့်သည့် ဥဟိသော ပန်းပင်တမျိုး။ မိုးပန်းပေါက်ပန်း၊ ဆင်ဝီပန်း၊ နတ်ပန်းပွင့်ရေ၊ ဂနိုင်တောမာ၊ သာယာဝမ်းနည်းဖွယ် (ဓမ္မက)
    ရိုးတံရှည်၍ မွေးသော ပန်းနုရောင် အနီရောင်ပွင့်သည့် ဥယှိသော ပန်းပင်တစ်မျိုး။ မိုးပန်းပေါက်ပန်း၊ ဆင်ဝီပန်း၊ နတ်ပန်းပွင့်ရေ၊ ဂနိုင်တောမှာ၊ သာယာဝမ်းနည်းဖွယ် (ဓမ္မက)
    flower
    နာမ်

    မိုးပေါ်ကျ

    [mópɔ̀t͡ɕ]
    ဗြုန်းခနဲ ပေါ်ထွက်လှာသော အရာ
    ရုတ်တရက် ပေါ်ထွက်လာသော အရာ
    emerge
    နာမ်

    မိုးမမြင်သား

    [mómmɹɪ̀ɴθá]
    ကျွဲ၊ နွားရို့မာ ခါးဟိပိုင်း ကျောဆစ်ရိုး၌ မြှောင်နိန်ရေ့ အသားနု
    ကျွဲ၊ နွားတို့တွင် ခါးရှေ့ပိုင်း ကျောဆစ်ရိုး၌ မြှောင်နေသည့် အသားနု
    tenderloin
    နာမ်

    မို့မောက်

    [mo̰mɔ́ɛʔ]
    ပြည့်ရွှန် လွန်ကဲသော။ ပြည့်ဖြိုး မြင့်တက်သော
    ပြည့်လျှံ လွန်ကဲသော။ ပြည့်ဖြိုး မြင့်တက်သော
    heaped
    နာမဝိသေသန

    မိုးမှန်ပင်

    [móm̥àɴpɪ̀ɴ]
    ဤအပင်၏ အမြစ်ကို ဒါးနှင့်ခုတ်စိုင်း၍ ဆီး၏ အချိန်ကို ကြည့်လို့ အိုးမာ ရေထည့်ကာ၊ ၃ ပုံ တပုံခန်းအောင် ကျိုခက်၍ မီးယပ်၊ ဒူလာ၊ လီနာမာ သောက်သုံးသော တောဆီးမြစ်ပင်တမျိုး
    ဤအပင်၏ အမြစ်ကို ဒါးနှင့်ခုတ်စဉ်း၍ ဆေး၏ အချိန်ကို ကြည့်၍ အိုးတွင် ရေထည့်ကာ၊ ၃ ပုံ တစ်ပုံခန်းအောင် ကျိုခက်၍ မီးယပ်၊ ဒူလာ၊ လေနာတွင် သောက်သုံးသော တောဆေးမြစ်ပင်တစ်မျိုး
    herbal plant
    နာမ်

    မိုးယပ်

    [mójaʔ]
    မိုးမပက်ရယောင် အိမ်ပတ်ပတ်လည် ဆွဲလားပိုင် ကာရံထားရေ အရာ
    မိုးမပက်ရအောင် အိမ်ပတ်ပတ်လည် ကဲလားသဖွယ် ကာရံထားသော အရာ
    door or window or house which is hinged at the top
    နာမ်

    မိုးရောင်ဝီ

    [móɹàʊɴwí]
    မိုးထ ရောင်နီပျိုးချိန်။ မိုးသောက်ကေ ရောင်ဝီ မိုးစီစီ (တေး)။ မိုးရီာင်ဝီလေ၊ သီသီလည်းလင်း (သာစွလေ)
    နံနက် ရောင်နီပျိုးချိန်။ မိုးသောက်ကေ ရောင်ဝီ မိုးစီစီ (တေး)။ မိုးရောင်ဝီလေ၊ သီသီလည်းလင်း (သာစွလေ)
    dawn
    နာမ်

    မိုးလင်း

    [mólɪ́ɴ]
    ညဉ့်ကုန်ဆုံးပနာ နီရောင် ထွက်ပေါ်လှာသနန့် နိခင်းဘက်ကို ရောက်ရေ။ အာရုံလာမြောက်၊ ဒေါင်းဖန်ဟိန်လေ၊ ရောင်ဟိန်ထိုးလေ၊ မိုးလင်းသောက်က (ထာနု)
    ညဉ့်ကုန်ဆုံး၍ နေရောင် ထွက်ပေါ်လာသဖြင့် နေ့ဘက်သို့ ရောက်သည်။ အာရုံလာမြောက်၊ ဒေါင်းဖန်ရှိန်လေ၊ ရောင်ဟိန်ထိုးလေ၊ မိုးလင်းသောက်က (ထာနု)
    morning
    နာမ်

    မိုးသားဘက်

    [móθábʱɛʔ]
    မိုးထပိုင်း။ စောစောသား
    နံနက်ပိုင်း။ နံနက်အချိန်
    morning
    နာမ်

    မိုးသောက်

    [móθɔ́ɛʔ]
    အာရုံတက်ချိန်။ မိုးထမိုးလင်းဝါမာ၊ မငြိမ်သက်ယောင်၊ အိမ်မက်မြင်လို့ (ဓမ္မသာ)
    အာရုံတက်ချိန်။ မိုးသောက်ချိန်မှာ၊ မငြိမ်သက်ယောင်၊ အိမ်မက်မြင်လို့ (ဓမ္မသာ)
    dawn
    နာမ်

    မိုးသောက်ကြယ်

    [móθɔ́ɛʔt͡ɕɛ̀]
    နေမထွက်မီ အဟိအာကာ၌ ပြောင်ပြောင်လက်လက် မြင်ရတတ်ရေ သောက်ကြာကြယ်
    နေမထွက်မီ အရှေ့ကောင်းကင်၌ ပြောင်ပြောင်လက်လက် မြင်ရတတ်သော သောက်ကြာကြယ်
    morning star
    နာမ်

    မိုးသောက်ထ

    [móθɔ́ɛʔtʰ]
    မိုးထ အာရုံတက်ချိန်။ တန်းပျက် လက်တံ၊ ကြက်ဖားတွန်ကေ၊ မိုးသောက်ထလေ …. မိုးသောက်ထ (တေး)
    နံနက် အာရုံတက်ချိန်။ တန်းပျက် လက်တံ၊ ကြက်ဖားတွန်ကေ၊ မိုးသောက်ထလေ …. မိုးသောက်ထ (တေး)
    dawn
    နာမ်

    မိုးသောက်ယံ

    [móθɔ́ɛʔjံ]
    ညဉ့်ကို လေးပိုင်း ပိုင်းခြားရာမာ နောက်ဆုံးဖြစ်ရေ အချိန်ကာလပိုင်း။ ညည့်၏ လေးဖို့တဖို့ အချိန်။ ညဉ့်လေးယံမာ၊ ခံဒုက္ခဖြင့် (ပဋာ)။ (တနည်း-ညဉ့်ကို သုံးပိုင်း ပိုင်းခြားရာမာ နောက်ဆုံး ဖြစ်ရေ အချိန်ကာလပိုင်း။ မိုးထ ၂နာရီမှ ၆နာရီထိ အချိန်ပိုင်း။ သမင်ဟော
    ညဉ့်ကို လေးပိုင်း ပိုင်းခြားရာတွင် နောက်ဆုံးဖြစ်သော အချိန်ကာလပိုင်း။ ညည့်၏ လေးဖို့တစ်ဖို့ အချိန်။ ညဉ့်လေးယံမှာ၊ ခံဒုက္ခဖြင့် (ပဋာ)။ (တစ်နည်း-ညဉ့်ကို သုံးပိုင်း ပိုင်းခြားရာတွင် နောက်ဆုံး ဖြစ်သော အချိန်ကာလပိုင်း။ နံနက် ၂နာရီမှ ၆နာရီထိ အချိန်ပိုင်း။ သမင်ဟော
    dawn
    နာမ်

    မိုးသောက်ရောင်

    [móθɔ́ɛʔɹàʊɴ]
    နီထွက်ခါနီ အာကာ၌ ပေါ်သော အရောင်
    နေထွက်ခါနီ ကောင်းကင်၌ ပေါ်သော အရောင်
    dawn
    နာမ်

    မီ

    [mí]
    ကာလပမာဏအနိန်နန့် ထပ်တူကျရေ။ အခင်ကြီးကို လိုက်လာစွာ အပြင်း မီလာရေ (အရပ်)
    ကာလပမာဏ အားဖြင့် ထပ်တူကျသည်။ အခင်ကြီးကို လိုက်လာစွာ အပြင်း မီလာရေ (အရပ်)
    identically
    ကြိယာ

    မီး

    [mï]
    ပူစေ၊ လောင်စေ၊ ကျွမ်းစေ၊ အလင်းရောင်ကို ပေးစီနှိုင်ရေအရာ။ မီးထင်းတိုက်လီာင်၊ ကုန်ယောင်ညက်ညက်မွှီ၍ (ဗမာချီ)
    ပူစေ၊ လောင်စေ၊ ကျွမ်းစေ၊ အလင်းရောင်ကို ပေးစေနိုင်သောအရာ။ မီးထင်းတိုက်လောင်၊ ကုန်အောင်ညက်ညက်မွှီ၍ (ဗမာချီ)
    fire
    နာမ်

    မီးကင်

    [mïkɪ̀ɴ]
    မီးဖွားပြီး အမျိုးသမီးများ ဒဏ်ကျေစီရန် ထင်းမီးပင်ဖြစ်ဖြစ်၊ တနည်း မီးဖုတ်ထားရေ အုတ်ကို ရေဖြန်းပြီး အဝတ်နှင့်ပတ်ကာ ကျပ်ထုပ်ထိုးသည်
    မီးဖွားပြီး အမျိုးသမီးများ ဒဏ်ကျေစေရန် ထင်းမီးလည်းကောင်း၊ သို့မဟုတ် မီးဖုတ်ထားသော အုတ်ခဲကို ရေဖြန်းပြီး အဝတ်နှင့်ပတ်ကာ ကျပ်ထုပ်ထိုးသည်
    apply hot formentation
    ကြိယာ

    မီးကင်ထင်း

    [mïkɪ̀ɴtʰɪ́ɴ]
    မီးဖွားသူ မီးလှုံဖို့အတွက် သီးသန့် ရွီးချယ်ထားရေ ထင်း
    မီးဖွားသူ မီးလှုံရန်အတွက် သီးသန့် ရွေးချယ်ထားသော ထင်း
    fire wood
    နာမ်

    မီးကင်းသတ်

    [mïkɪ́ɴθaʔ]
    အခိုးအငွီ့၊ အဟိန်အဝေါ် ပပျောက်စီရေ။ ခြေဖဝါးမာ တခုတရီ ဝင်သွားရင် ဝင်သောနီရာကို အဝတ်မာ ရနံဆီ ဆတ်ကာ မီးဖြင့် ပုတ်ရရေ
    အခိုးအငွေ့၊ အရှိန်အဝေါ် ပပျောက်စေသည်။ ခြေဖဝါးတွင် တစ်စုံတစ်ခု ဝင်သွားလျှင် ဝင်သောနေရာကို အဝတ်တွင် ရေနံဆီ ဆတ်ကာ မီးဖြင့် ပုတ်ရသည်
    none
    ကြိယာ