Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 981–1,000 of 2,515 words

    မ

    မီးကာ

    [mïkà]
    မီးလောင်မှုကို ဟန့်တားရန် ပြုလုပ်ထားရေ အကာအရံ
    မီးလောင်မှုကို တားဆီးရန် ပြုလုပ်ထားသော အကာအရံ
    cover fire
    နာမ်

    မီးကာဂမုန်း

    [mïkàɡmóʊɴ]
    ယင်းဂမုန်းဟိလျှင် မီးမလောင်နိုင်၊ မီးကိုကာကွယ် နှိုင်ကတ်ရေလို့ ယူဆကတ်တေ ဂမုန်းတမျိုး
    ယင်းဂမုန်းယှိလျှင် မီးမလောင်နိုင်၊ မီးကိုကာကွယ် နိုင်ကြသည်ဟု ယူဆကြသော ဂမုန်းတစ်မျိုး
    orchid or lily
    နာမ်

    မီးကိုက်

    [mïkaɪʔ]
    အပူနှင့် မီးအားရို့နန့် အဝတ်အထည် ပြန့်စီရန် ပွတ်တိုက်ရရေ အောက်ခံပြင်ညီနှင့် လက်ကိုင်ပါ အပူသွင်းအိုး
    အပူနှင့် မီးအားတို့ဖြင့် အဝတ်အထည် ပြန့်စေရန် ပွတ်တိုက်ရသော အောက်ခံပြင်ညီနှင့် လက်ကိုင်ပါ အပူသွင်းအိုး
    iron
    နာမ်

    မီးကိုက်တိုက်

    [mïkaɪʔtaɪʔ]
    အဝတ်အထည်ကို မီးကိုက်(မီးကိုက်) ဖိပွတ်ပနာ စန့်ပြန့်အောင် ပြုသည်
    အဝတ်အထည်ကို မီးကိုက်(မီးပူ) ဖိပွတ်၍ စန့်ပြန့်အောင် ပြုသည်
    iron
    ကြိယာ

    မီးကုန်

    [mïkòʊɴ]
    တတ်အားသမျှ ဇကုန်
    တတ်အားသမျှ အစွမ်းကုန်
    utmost
    ကြိယာဝိသေသန

    မီးကုန်ယမ်းကုန်

    [mïkòʊɴjáɴkòʊɴ]
    တတ်အားသမျှ ဇကုန်။ ၂၊ စွမ်းအားဟိသမျှ။ မီးကုန်ယမ်းကုန်၊ မိုက်လီကတ်၊ ဒါးမြတိုက်လို့ ပြောင်ပြောင်စင် (နှိုင်ချပ်)
    တတ်အားသမျှ အစွမ်းကုန်။ ၂၊ စွမ်းအားယှိသမျှ။ မီးကုန်ယမ်းကုန်၊ မိုက်လေကြ၊ ဒါးမြတိုက်လို့ ပြောင်ပြောင်စင် (နှိုင်ချပ်)
    utmost
    ကြိယာဝိသေသန

    မီးကျည်

    [mït͡ɕɛ̀]
    ဝါးကျည်မာ ယမ်းမှုန့်များထည့်ကာ ယင်းကျည်ကို ဒုတ်တံ ၃တောင်လောက်နှင့် ပူးခြည်၍ ကျည်မာ ဇနက်တံ ထည့်ကာ အာကာကို ပစ်လွှတ်ရရေ မီးရှူးမီးပန်းတမျိုး
    ဝါးကျည်တွင် ယမ်းမှုန့်များထည့်ကာ ယင်းကျည်ကို ဒုတ်တံ ၃တောင်လောက်နှင့် ပူးချည်၍ ကျည်တွင် ဇနက်တံ ထည့်ကာ ကောင်းကင်သို့ ပစ်လွှတ်ရသော မီးရှူးမီးပန်းတစ်မျိုး
    rocket
    နာမ်

    မီးကျည့်

    [mït͡ɕɛ့̀]
    အပူဟိန်ပြင်းစွာ ရဲရဲနီနိန်ရေ ထင်း၊ မီးသွီးအစဟိရေ မီးလောင်ခဲ
    အပူရှိန်ပြင်းစွာ ရဲရဲနီနေသော ထင်း၊ မီးသွေးစသော မီးလောင်ခဲ
    live coal
    နာမ်

    မီးကျည့်ခဲ

    [mït͡ɕɛ့̀kʰɛ]
    မီးစွဲလောင်၍ ရဲနိန်ရေ မီးသွီးအဟိန်
    မီးစွဲလောင်၍ ရဲနေသော မီးသွေးအရှိန်
    live coal
    နာမ်

    မီးကျည်တန်

    [mït͡ɕɛ̀tàɴ]
    မီးစွဲလောင်ကျွမ်းနှိုင်ရေ ရှီးဟောင်း လက်နက်ကြီးတမျိုး။ လက်နက်ဝယ်ဗုံးစကြာ၊ မီးကျည်တန်နှင့် ရဲမက်များ ဗိုလ်ပါရို့၊ ကိုက်မည်အမှန်တည်းလေ (ဗမာချီ)။ အမြောက်ကြီးဗုံးစကြာ၊ မီးကျည်တန်ကို၊ လျင်ထမ်းဆောင်ခဲ့၍ပေ (ဗမာချီ)
    မီးစွဲလောင်ကျွမ်းနိုင်သည့် ရှေးဟောင်း လက်နက်ကြီးတစ်မျိုး။ လက်နက်ဝယ်ဗုံးစကြာ၊ မီးကျည်တန်နှင့် ရဲမက်များ ဗိုလ်ပါတို့၊ ကိုက်မည်အမှန်တည်းလေ (ဗမာချီ)။ အမြောက်ကြီးဗုံးစကြာ၊ မီးကျည်တန်ကို၊ လျင်ထမ်းဆောင်ခဲ့၍ပေ (ဗမာချီ)
    rocket
    နာမ်

    မီးကျည့်ပြာဖုံး

    [mït͡ɕɛ့̀pɹàpʰóʊɴ]
    (ဥပစာ) (အပူဟိန်ဟိကေလည်း ပြာဖုံးပနာ ထားအတွက်နန့် အပူဟိန်မဟိ ပိုင် အကြောင်းအခွင့် ကြုံတွိခြင်း မဟိသိမ့်အနိန်နန့် ပင်ကိုယ်သဖောမပေါ်လွင် တိမ်မြုပ်နိန်ရေ
    (ဥပစာ) (အပူရှိန်ယှိပါလျက် ပြာဖုံး၍ ထားသောကြောင့် အပူရှိန်မယှိ သကဲ့သို့ အကြောင်းအခွင့် ကြုံကြိုက်ခြင်း မယှိသေးသဖြင့် ပင်ကိုယ်သဘော မပေါ်လွင် တိမ်မြုပ်နေသည်
    potential
    ကြိယာ

    မီးကျောက်တန်

    [mït͡ɕɔ́ɛʔtàɴ]
    ရှီးဟောင်းစစ်သုံး လက်နက် တမျိုး။ မြင်းစီးမာမောင်ဂွတ်က၊ မီးကျောက်တန်ခေါ်၊ လက်နက်ကျော်ကို၊ လျင်စွာ ဆောင်ဘူ ခလော့ (ဗမာချီ)
    ရှေးဟောင်းစစ်သုံး လက်နက် တစ်မျိုး။ မြင်းစီးမှာမောင်ဂွတ်က၊ မီးကျောက်တန်ခေါ်၊ လက်နက်ကျော်ကို၊ လျင်စွာ ဆောင်ဘူ ခလော့ (ဗမာချီ)
    none
    နာမ်

    မီးကျောင်း

    [mït͡ɕáʊɴ]
    ရေမာ ကျက်စားတတ်၍ ရန်မူတတ်ရေ တွားသွားရင်ာင် သတ္တဝါ တမျိုး
    ရေတွင် ကျက်စားတတ်၍ ရန်မူတတ်သော တွားသွားကောင် သတ္တဝါ တစ်မျိုး
    crocodile
    နာမ်

    မီးကျောင်းရီတရံ

    [mït͡ɕáʊɴɹítɹံ]
    မီးကျောင်း အရီပြားနန့်တူသော ထရံတမျိုး
    မီးကျောင်း အရေပြားနှင့်တူသော ထရံတစ်မျိုး
    wall
    နာမ်

    မီးကျောင်းလှီ

    [mït͡ɕáʊɴɬí]
    ရခိုင်ဘုရင်မင်းများ ဘိသိတ်သွန်းရေအခါ ဂင်္ဂါမြစ်ရီကို ခပ်ယူရန် သူကြွယ်သမီးရို့ စီးနင်းလားရရေ လောင်းတော်တမျိုး၏ အမည်။ သူကြွယ်သမီး၊ စီးတုံဘိကေ၊ မီးကျောင်း လှီတော် (ဝီဇယ)
    ရခိုင်ဘုရင်မင်းများ ဘိသိတ်သွန်းသည့်အခါ ဂင်္ဂါမြစ်ရေကို ခပ်ယူရန် သူကြွယ်သမီးတို့ စီးနင်းသွားရသော လှေတော်တစ်မျိုး၏ အမည်။ သူကြွယ်သမီး၊ စီးတုံဘိကေ၊ မီးကျောင်း လှီတော် (ဝီဇယ)
    boat
    နာမ်

    မီးကျော်

    [mït͡ɕɔ̀]
    တောမီး လောင်ရာမာ ကျန်ရေသစ်။ အိမ်မဆောက်မီ အိမ်သျှင်သေ၍ ကြွင်းကျန်ရေသစ်၊ မီးဖွားရာမာ သုံးသောသစ်ရို့ကို မီးကျော်ဟုဆိုကတ်တေ။ ယင်းသစ်သားရို့သည် မင်္ဂလာကင်းမဲ့၍ အပြစ်ရောက်ရေလို့လေ့ ပြောဆို ကတ်တေ
    တောမီး လောင်ရာတွင် ကျန်သောသစ်။ အိမ်မဆောက်မီ အိမ်သျှင်သေ၍ ကြွင်းကျန်သောသစ်၊ မီးဖွားရာတွင် သုံးသောသစ်တို့ကို မီးကျော်ဟုဆိုကြသည်။ ယင်းသစ်သားတို့သည် မင်္ဂလာကင်းမဲ့၍ အပြစ်ရောက်သည်ဟုလည်း ပြောဆို ကြသည်
    be left unburnt
    ကြိယာ

    မီးကြုတ်

    [mït͡ɕoʊʔ]
    မီးတောက် ရဟိအောင် ပွတ်တိုက်ရန် ပြုလုပ်ထားရေ့ ဝန်
    မီးတောက် ရယှိအောင် ပွတ်တိုက်ရန် ပြုလုပ်ထားသည့် ပစ္စည်း
    flint
    နာမ်

    မီးကြုတ်စာ

    [mït͡ɕoʊʔsà]
    ထိပ်ဖျား တဖက်မာ ယမ်းဖူးတပ်ထားရေ မီးပွင့်အောင် ပွတ်တိုက်ရရေ သစ်ပွတံငယ်
    ထိပ်ဖျား တစ်ဘက်တွင် ယမ်းဖူးတပ်ထားသော မီးပွင့်အောင် ပွတ်တိုက်ရသည့် သစ်ပွတံငယ်
    flint
    နာမ်

    မီးကြုတ်တံ

    [mït͡ɕoʊʔtံ]
    ထိပ်ဖျား တဖက်မာ ယမ်းဖူးတပ်ထားရေ မီးပွင့်အောင် ပွတ်တိုက်ရရေ သစ်ပွတံငယ်
    ထိပ်ဖျား တစ်ဘက်တွင် ယမ်းဖူးတပ်ထားသော မီးပွင့်အောင် ပွတ်တိုက်ရသည့် သစ်ပွတံငယ်
    flint
    နာမ်

    မီးခတ်သံ

    [mïkʰaʔθံ]
    မီးပွင့် ထွက်လှာအောင် အချင်းချင်း ရိုက်ပွတ်ခတ်ရရေ ကျောက်တုံးနှင့် သံခဲစငယ်
    မီးပွင့် ထွက်လာအောင် အချင်းချင်း ရိုက်ပွတ်ခတ်ရသည့် ကျောက်တုံးနှင့် သံခဲစငယ်
    flint
    နာမ်