Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,001–1,020 of 2,515 words

    မ

    မီးခတ်အိတ်

    [mïkʰaʔʔeɪʔ]
    မီးပွင့် ထွက်လှာအောင် ပွတ်ခတ်ရရေ ကျောက်ပြားငယ်။ အရိပ်ကေလှစွာ၊ စွာများစွာလေ၊ ဇာတ်ရွဲ့ကေညံ၊ ပျော်ပါးသံကို၊ ကြားပြန်လတ်ကေ (တေး)
    မီးပွင့် ထွက်လာအောင် ပွတ်ခတ်ရသော ကျောက်ပြားငယ်။ အရိပ်ကေလှစွာ၊ စွာများစွာလေ၊ ဇာတ်ရွဲ့ကေညံ၊ ပျော်ပါးသံကို၊ ကြားပြန်လတ်ကေ (တေး)
    flint
    နာမ်

    မီးခိုးကြွက်လယောက်

    [mïkʰót͡ɕwɛʔljɔ́ɛʔ]
    တခုမှတခုသို့ ဆက်စပ်နိုင်သလောက် ကူးပြောင်း ဆက်နွယ်ဗျာယ်
    တစ်ခုမှတစ်ခုသို့ ဆက်စပ်နိုင်သလောက် ကူးပြောင်း ဆက်နွယ်လျက်
    transfer
    ကြိယာဝိသေသန

    မီးခိုးတိတ်

    [mïkʰóteɪʔ]
    (ဥပစာ) လူနီမှု ကင်းမဲ့သနန့် အရပ်တခုလုံး တိန်း။ လူသူ အခြီအရဲ ကင်းမဲ့သည်
    (ဥပစာ) လူနေမှု ကင်းမဲ့သဖြင့် အရပ်တစ်ခုလုံး တိတ်ဆိတ်သည်။ လူသူ အခြေအနေ ကင်းမဲ့သည်
    silent
    ကြိယာ

    မီးခိုးမဆုံးမိုးမဆုံး

    [mïkʰómsʰóʊɴmómsʰóʊɴ]
    အဆုံးအစ အပိုင်းအရာ မဟိပဲ။ အကန့်အသတ် မဟိသောအနိန်နန့်။ အတောမသတ်ပဲ
    အဆုံးအစ အပိုင်းအခြား မယှိပဲ။ အကန့်အသတ် မယှိသော အားဖြင့်။ အတောမသတ်ပဲ
    no limit
    ကြိယာဝိသေသန

    မီးခိုးရောင်

    [mïkʰóɹàʊɴ]
    မီးခိုး၏ အရောင်မျိုး။ အဖြူနှင့် အနက် ရောစပ်နိန်ရေ အရောင်တမျိုး
    မီးခိုး၏ အရောင်မျိုး။ အဖြူနှင့် အနက် ရောစပ်နေသော အရောင်တစ်မျိုး
    gray
    နာမ်

    မီးခြုတ်

    [mïkʰɹoʊʔ]
    မီးတောက် ရဟိအောင် ပွတ်တိုက်ရန် ပြုလုပ်ထားရေ့ ဝန်။ အောက်ပေါ်စွန်ကို၊ ဆတ်ဆတ်ဖြုတ်ကေ၊ မီးခြုတ်ကိုယ်စီ၊ မီးခေါင်းနီနှင့် (ဘိန်း)
    မီးတောက် ရယှိအောင် ပွတ်တိုက်ရန် ပြုလုပ်ထားသည့် ပစ္စည်း။ အောက်ပေါ်စွန်ကို၊ ဆတ်ဆတ်ဖြုတ်ကေ၊ မီးခြုတ်ကိုယ်စီ၊ မီးခေါင်းနီနှင့် (ဘိန်း)
    match
    နာမ်

    မီးခွက်

    [mïkʰwɛʔ]
    မီးတောက် အလင်းရောင်ရယောင် ပြုလုပ်ထားရေ မီးစာတပ် ရနံဆီထည့်စရာခွက်။ ဇာတ်မာလူပျက်၊ မီးခွက်ကိုင်ကာ၊ သဘောပါလေ၊ အံစာခွက်ကို၊ လက်၌ကျပ်ခါ (ဂုတ္တိလ)
    မီးတောက် အလင်းရောင်ရအောင် ပြုလုပ်ထားသော မီးစာတပ် ရေနံဆီထည့်စရာခွက်။ ဇာတ်မှာလူပျက်၊ မီးခွက်ကိုင်ကာ၊ သဘောပါလေ၊ အံစာခွက်ကို၊ လက်၌ကျပ်ခါ (ဂုတ္တိလ)
    oil lamp
    နာမ်

    မီးငုတ်တိုင်

    [mïŋoʊʔtàɪɴ]
    မီးလောင်ရာမာ တစိတ်တပိုင်း လောက်ကျွမ်းပြီးပနာ ကြွင်းကျန်နီသော ငုတ်
    မီးလောင်ရာတွင် တစ်စိတ်တစ်ပိုင်း လောက်ကျွမ်းပြီး၍ ကြွင်းကျန်နေသော ငုတ်
    charred stump
    နာမ်

    မီးငူ

    [mïŋù]
    လူ၏ ကြောရိုး အဖျားစွန်း
    လူ၏ ကျောရိုး အဖျားစွန်း
    backbone
    နာမ်

    မီးငူရိုး

    [mïŋùɹó]
    လူ၏ ကြောရိုး အဖျားစွန်း
    လူ၏ ကျောရိုး အဖျားစွန်း
    backbone
    နာမ်

    မီးစ

    [mïs]
    မီးစွဲစ တောက်လောင်ဆဲ ထင်းစ။ မငြိမ်းသေးပဲ ကျန်နီသော မီးကြွင်း
    မီးစွဲစ တောက်လောင်ဆဲ ထင်းစ။ မငြိမ်းသေးပဲ ကျန်နေသော မီးကြွင်း
    live coal
    နာမ်

    မီးစရဖုတ်

    [mïsɹpʰoʊʔ]
    ထမင်း၊ ဟင်းအစဟိစွာ ချက်ပြုတ်ရာ စဖိုတဲ။ မီးဖိုထားဟိသော အဆောင်အအုံငယ်
    ထမင်း၊ ဟင်းစသည် ချက်ပြုတ်ရာ စဖိုတဲ။ မီးဖိုထားယှိသော အဆောင်အအုံငယ်
    kitchen
    နာမ်

    မီးစာ

    [mïsà]
    မီးတောက်စွဲစရာ အလွယ်ချေ မီးလောင် စီနှိုင်ရေ လောင်စာရည်ကို စုပ်ယူနှိုင်ရေ ခြည်မျှင်အစဟိစွာ
    မီးတောက်စွဲစရာ အလွယ်တကူ မီးလောင် စေနိုင်သော လောင်စာရည်ကို စုပ်ယူနိုင်သည့် ချည်မျှင်စသည်
    wick
    နာမ်

    မီးစာ

    [mïsà]
    ပျက်စီး ကုန်ဆုံးအောင် လောင်ကျွမ်းရေ။ မီးရောင်ကြောင့် ရှုချင်စဖွယ် တင့်ရေအောင် ပေါ်လွင်သည်
    ပျက်စီး ကုန်ဆုံးအောင် လောင်ကျွမ်းသည်။ မီးရောင်ကြောင့် ရှုချင်စဖွယ် တင့်တယ်အောင် ပေါ်လွင်သည်
    wick
    ကြိယာ

    မီးစာကုန်ဆီကုန်

    [mïsàkòʊɴsʰíkòʊɴ]
    (ဥပစာ) ကံနှင့်သက်တမ်း တပြိုင်တည်း ကုန်ဆုံးဗျာယ်။ သက်စိကံကုန်
    (ဥပစာ) ကံနှင့်သက်တမ်း တစ်ပြိုင်တည်း ကုန်ဆုံးလျက်။ သက်စေ့ကံကုန်
    at wits end
    ကြိယာဝိသေသန

    မီးစောင့်

    [mïsa̰ʊɴ]
    မီးဖွားပြီး သူအား ကူညီစောင့်ရှောက်ရန် တတက်ကပ် နိန်ရသူ
    မီးဖွားပြီး သူအား ကူညီစောင့်ရှောက်ရန် အနီးကပ် နေရသူ
    burn security
    နာမ်

    မီးစောင့်မီးနီ

    [mïsa̰ʊɴmïní]
    မီးဖွားပြီးသူအား ကူညီစောင့်ရှောက်ရန် တတက်ကပ်နိန်ရသူ
    မီးဖွားပြီးသူအား ကူညီစောင့်ရှောက်ရန် အနီးကပ်နေရသူ
    burn security
    နာမ်

    မီးစွယ်

    [mïswɛ̀]
    မီးတောက်၏ အညွှန့်ဖျား။ ၂၊ အရပ်ဒေသကို ဖြာ၍ ထွက်သော မီးရောင်
    မီးတောက်၏ အညွှန့်ဖျား။ ၂၊ အရပ်ဒေသသို့ ဖြာ၍ ထွက်သော မီးရောင်
    tongue of flame
    နာမ်

    မီးစွဲ

    [mïswɛ]
    တခုတရီသော လောင်စာမာ မီးငြိ တွယ်လောင် မြိုက်သည်
    တစ်စုံတစ်ရာသော လောင်စာတွင် မီးငြိ တွယ်လောင် မြိုက်သည်
    burn
    ကြိယာ

    မီးစွဲ၂

    [mïswɛ၂]
    မီးစွဲ ဆီးလိပ် အစဟိစွာ မီးညှိသည်
    မီးစွဲ ဆေးလိပ် စသည် မီးညှိသည်
    catch fire
    ကြိယာ