Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,021–1,040 of 2,515 words

    မ

    မီးဆစ်

    [mïsʰɪʔ]
    မီးစွဲညှိ တောက်လောင်အောင် အပုံလိုက်အုံစုသည်
    မီးစွဲညှိ တောက်လောင်အောင် စုပုံအုံစုသည်
    none
    ကြိယာ

    မီးဆီတိုင်

    [mïsʰítàɪɴ]
    ဆီမီးတိုင်ကို ခေါ်သော အမည်
    ဖယောင်းတိုင်ကို ခေါ်သော အမည်
    candle
    နာမ်

    မီးဆွဲ

    [mïsʰwɛ]
    မီးတောက် ရဟိအောင် ပွတ်တိုက်ရန် ပြုလုပ်ထားရေ့ ဝန်။ အောက်ပေါ်စွန်ကို၊ ဆတ်ဆတ်ဖြုတ်ကေ၊ မီးခြုတ်ကိုယ်စီ၊ မီးခေါင်းနီနှင့် (ဘိန်း)
    မီးတောက် ရယှိအောင် ပွတ်တိုက်ရန် ပြုလုပ်ထားသည့် ပစ္စည်း။ အောက်ပေါ်စွန်ကို၊ ဆတ်ဆတ်ဖြုတ်ကေ၊ မီးခြုတ်ကိုယ်စီ၊ မီးခေါင်းနီနှင့် (ဘိန်း)
    flint
    နာမ်

    မီးညည့်

    [mïɲɛ့̀]
    တခုတရီကို မီးစွဲအောင် ပြုလုပ်ရေ
    တစ်စုံတစ်ခုကို မီးစွဲအောင် ပြုလုပ်သည်
    catch fire
    ကြိယာ

    မီးတင်

    [mïtɪ̀ɴ]
    မီးတောက် အလင်းရောင်ရယောင် ပြုလုပ်ထားရေ မီးစာတပ် ရနံဆီ ထည့်စရာခွက်။ ဇာတ်မာလူပျက်၊ မီးခွက်ကိုင်ကာ၊ သဘောပါလေ၊ အံစာခွက်ကို၊ လက်၌ကျပ်ခါ (ဂုတ္တိလ)
    မီးတောက် အလင်းရောင်ရအောင် ပြုလုပ်ထားသော မီးစာတပ် ရေနံဆီ ထည့်စရာခွက်။ ဇာတ်မှာလူပျက်၊ မီးခွက်ကိုင်ကာ၊ သဘောပါလေ၊ အံစာခွက်ကို၊ လက်၌ကျပ်ခါ (ဂုတ္တိလ)
    oil lamp
    နာမ်

    မီးတစ်ဘက်ရီတစ်ဘက်

    [mïtɪʔbʱɛʔɹítɪʔbʱɛʔ]
    (ဥပစာ) တဖက်မာ ငြိမ်းချမ်းဗန်းပြပြီးကေ၊ နောက်တဖက်မာ ရန်မြှောက်ပင့်ပီးပီးရေအနိန်နန့်
    (ဥပစာ) တစ်ဘက်တွင် ငြိမ်းချမ်းဟန်လုပ်ပြီး၊ နောက်တစ်ဘက်တွင် ရန်လှုံ့ဆော်ပေးသော အားဖြင့်
    none
    ကြိယာဝိသေသန

    မီတာ

    [mítà]
    တိုင်ထွာနှိုင်ရေ မီတာစနစ်။ အကွာအဝီး သတ်မှတ် ကိရိယာ
    တိုင်ထွာနိုင်သော မီတာစနစ်။ အကွာအဝေး သတ်မှတ် ကိရိယာ
    meter - metre
    နာမ်

    မီတား

    [mítá]
    အုတ်၊ ကျောက် စစွာတိနန့် ပြုလုပ်ထားရေ အကာအရံ။ ဆင်းတုတော်ရို့ကို ကောင်းမွန် ဆန်းကြယ်စွာ ပြုပျင်စီမံပနာ တံတိုင်းမီတာနှင့်တကွ တည်ထား ပြုစုတော်မူပြီးကေ (တောင်)
    အုတ်၊ ကျောက် စသည်တို့ဖြင့် ပြုလုပ်ထားသော အကာအရံ။ ဆင်းတုတော်တို့ကို ကောင်းမွန် ဆန်းကြယ်စွာ ပြုပြင်စီမံ၍ တံတိုင်းမီတာနှင့်တကွ တည်ထား ပြုစုတော်မူ၍ (တောင်)
    wall
    နာမ်

    မီတာ၂

    [mítà၂]
    အုတ်၊ ကျောက် အစဟိစွာရို့နန့် ပြုလုပ်ထားရေ အကာအရံ
    အုတ်၊ ကျောက် စသည်တို့ဖြင့် ပြုလုပ်ထားသော အကာအရံ
    wall
    နာမ်

    မီးတိုက်

    [mïtaɪʔ]
    မီးတောက်နှင့် ဟို့၍ လောင်စီရေ။ စု၍ထားတုံ၊ စပါးပုံကို၊ အားလုံးမီးတိုက်
    မီးတောက်နှင့် ရှို့၍ လောင်စေသည်။ စု၍ထားတုံ၊ စပါးပုံကို၊ အကုန်မီးတိုက်
    catch fire
    ကြိယာဝိသေသန

    မီးတိုက်ဖင်ထိုး

    [mïtaɪʔpʰɪ̀ɴtʰó]
    မငြိမ်းမချမ်းအောင် အပူတပြင် မြှောက်ပင့်ပီး ပေးဗျာယ်
    မငြိမ်းမချမ်းအောင် အပူတပြင် လှုံ့ဆော် ပေးလျက်
    motivate
    ကြိယာဝိသေသန

    မီးတိုင်

    [mïtàɪɴ]
    မီးစာနှင့် လောင်စာဆီအားဖြင့် လင်းစီရေ အောက်ခြီကိုင်စရာ တိုင်ပါဟိသည့် မီးထွန်းရန်ဝန်
    မီးစာနှင့် လောင်စာဆီအားဖြင့် လင်းစေသော အောက်ခြေကိုင်စရာ တိုင်ပါယှိသည့် မီးထွန်းရန်ပစ္စည်း
    lamp
    နာမ်

    မီးတောက်

    [mïtɔ́ɛʔ]
    မီးလာင်ကျွမ်း၍ မီးလျှံတက်ရေ
    မီးလာင်ကျွမ်း၍ မီးလျှံတက်သည်
    sparkle
    ကြိယာ

    မီးတောက်မီးလှယံ

    [mïtɔ́ɛʔmïɬjံ]
    မီး၏ လောင်ဟိန်အဟုန်
    မီး၏ လောင်ရှိန်အဟုန်
    sparkle
    နာမ်

    မီးတောင်

    [mïtàʊɴ]
    မီး၊ မီးခိုး၊ ပြာ၊ ချော်ရည် ချော်မြုပ်ရို့ ထွက်လှာသော တောင်
    မီး၊ မီးခိုး၊ ပြာ၊ ချော်ရည် ချော်မြုပ်တို့ ထွက်လာသော တောင်
    volcano
    ကြိယာ

    မီးတွင်း

    [mïtwɪ́ɴ]
    မီးဖွားသူစွာ မီးဖွားကပင် ခုနှစ်ရက်လည်သည့်အထိ ကာလ
    မီးဖွားသူသည် မီးဖွားသည်မှ ခုနှစ်ရက်လည်သည့်အထိ ကာလ
    confinement
    နာမ်

    မီးထည့်

    [mïtʰɛ့̀]
    မီးတောက်အောင် လောင်စာ ရို့ကို အပုံလိုက်အုံသည်
    မီးတောက်အောင် လောင်စာ တို့ကို စုပုံအုံသည်
    soke a fire
    ကြိယာ

    မီးထိုး

    [mïtʰó]
    မီးအားကောင်းစီရန် လောင်စာတိကို ထိုးဆွပီးရေ
    မီးအားကောင်းစေရန် လောင်စာများကို ထိုးဆွပေးသည်
    soke a fire
    ကြိယာ

    မီးထိုးဖင်ဆွ

    [mïtʰópʰɪ̀ɴsʰw]
    ယုတ်ညံ့သော စေတနာနှင့် မြှောက်ပင့်ပီးရေအနိန်နန့်။ အရာသူ တဦးအား ဆန့်ကျင်ဘက် ပြိုင်စီရန် မြှောက်ပင့်ပေးဗျာယ်
    ယုတ်ညံ့သော စေတနာနှင့် မြှောက်ပင့်ပေးသော အားဖြင့်။ အခြားသူ တစ်ဦးအား ဆန့်ကျင်ဘက် ပြိုင်စေရန် မြှောက်ပင့်ပေးလျက်
    instigate
    ကြိယာဝိသေသန

    မီးထိုးဖင်ဆွ၂

    [mïtʰópʰɪ̀ɴsʰw၂]
    ယုတ်ညံ့သော စေတနာနှင့် မြှောက်ပင့်သော။ ရန်တိုက်လိုရေ စိတ်ဖြင့် မြှောက်ပင့်သော
    ယုတ်ညံ့သော စေတနာနှင့် မြှောက်ပင့်သော။ ရန်တိုက်လိုသော စိတ်ဖြင့် မြှောက်ပင့်သော
    instigate
    နာမဝိသေသန