Dictionary Entries
Showing 1,041–1,060 of 2,515 words
မ
မီးထွက်
[mïtʰwɛʔ]
Arakanese:
သားဖွားပြီး ခုနှစ်ရက်လွန်သနန့် မိန်းမားခန်းမှ နီမြဲနီရာသို့ ပြောင်းရွိရေ။ သားတယောက်ကို၊ ဖွားမြောက်သန့်စင်၊ မျက်နှာမြင်ကေ၊ အစိုင်ခုနစ်ရက်၊ စိတုံမြောက်ကေ၊ မီးလျှင်ထွက်က (ကော်)
Burmese:
သားဖွားပြီး ခုနှစ်ရက်လွန်သဖြင့် မီးနေခန်းမှ နေမြဲနေရာသို့ ပြောင်းရွေ့သည်။ သားတစ်ယောက်ကို၊ ဖွားမြောက်သန့်စင်၊ မျက်နှာမြင်ကေ၊ အစဉ်ခုနစ်ရက်၊ စိတုံမြောက်ကေ၊ မီးလျှင်ထွက်က (ကော်)
English:
(of a woman) come out of confinement
Grammar Note:
ကြိယာ
မီးထွန်း
[mïtʰʊ́ɴ]
Arakanese:
မီးအလင်းရောင် ရစီရေ
Burmese:
မီးအလင်းရောင် ရစေသည်
English:
light
Grammar Note:
ကြိယာ
မီးထွန်းချိန်
[mïtʰʊ́ɴɕèɪɴ]
Arakanese:
နီဝင်ဗျယ်ဒေးကေ ညည့်နက် သန်းချိန် နီဝင်ဗျယ်ဒေးကေ ညည့်နက်သန်းချိန်
Burmese:
နေဝင်ပြီးနောက် ညမှောင် သန်းချိန် နေဝင်ပြီးနောက် ညမှောင်သန်းချိန်
English:
night
Grammar Note:
နာမ်
မီးထွန်းပွဲ
[mïtʰʊ́ɴpwɛ]
Arakanese:
လှပရေ မီးရောင်စုံ ထွန်းညှိ ပူဇော်သည့်ပွဲ
Burmese:
လှပသော မီးရောင်စုံ ထွန်းညှိ ပူဇော်သည့်ပွဲ
English:
lighting festival
Grammar Note:
နာမ်
မီးနီမ
[mïním]
Arakanese:
မီးဖွားပြီးစ ဖြစ်သူ။ မွီးပြီးလူမမာ
Burmese:
မီးဖွားပြီးစ ဖြစ်သူ။ မွေးပြီးလူနာ
English:
confinement
Grammar Note:
နာမ်
မီးပန်း
[mïpáɴ]
Arakanese:
အာကာမြင့်၌ လှပရေ မီးပွင့်မီးမှုန်များ လွင့်စဉ်၍ ဝေဝေဆာဆာ ဖြာထွက်လှားစီရန် ယမ်းမှုန့်ဖြင့် ဗုံး၊ စိန်ပြောင်း ပိုင် စီမံ ပြုလုပ်ပစ်ဖေါက်ရရေ အရာတမျိုး။ ကောင်းစွာအမြောက်၊ ဗုံးနှင့် စိန်ကို၊ သုံးကတ်ိမ်ဖေါက်လို့၊ မီးပေါက်မီးပန်း၊ ထူးအဆန်းနှင့် (ကော်)
Burmese:
ကောင်းကင်မြင့်၌ လှပသော မီးပွင့်မီးမှုန်များ လွင့်စဉ်၍ ဝေဝေဆာဆာ ဖြာထွက်သွားစေရန် ယမ်းမှုန့်ဖြင့် ဗုံး၊ စိန်ပြောင်း ကဲ့သို့ စီမံ ပြုလုပ်ပစ်ဖေါက်ရသော အရာတစ်မျိုး။ ကောင်းစွာအမြောက်၊ ဗုံးနှင့် စိန်ကို၊ သုံးကြိမ်ဖေါက်လို့၊ မီးပေါက်မီးပန်း၊ ထူးအဆန်းနှင့် (ကော်)
English:
fire works
Grammar Note:
နာမ်
မီးပုံကြာသွပ်အိုးပွဲ
[mïpòʊɴt͡ɕàθwaʔʔópwɛ]
Arakanese:
ရခိုင် ရှီးဟောင်း လူကြီးသူမများ ယိုင်ကျေးမှု ထုံးစံဓလိ့ အစိုင်အလာအရ၊ တန်ဆောင်မုန်း လပြည့်နိ၌ အထောင်၊ အသီာင်း မကသော ကြာဖြူ၊ ကြာညို၊ ကြာနီအစဟိရေ ကြာပွင့်အမျိုးမျိုး ရို့နန့် ဘုရားမြတ်စွာအား ရည်မှန်း၍ ပူဇော်လေ့ ဟိသော ပွဲတော်။ ယင်းနိယင်းရက်မာ အထက်စူဠာမုနိ စေတ
Burmese:
ရခိုင် ရှေးဟောင်း လူကြီးသူမများ ယဉ်ကျေးမှု ထုံးစံဓလေ့ အစဉ်အလာအရ၊ တန်ဆောင်မုန်း လပြည့်နေ့၌ အထောင်၊ အသောင်း မကသော ကြာဖြူ၊ ကြာညို၊ ကြာနီစသော ကြာပွင့်အမျိုးမျိုး တို့ဖြင့် ဘုရားမြတ်စွာအား ရည်မှန်း၍ ပူဇော်လေ့ ယှိသော ပွဲတော်။ ယင်းနေ့ယင်းရက်တွင် အထက်စူဠာမုနိ စေတ
English:
lighting festival
Grammar Note:
နာမ်
မီးပုတ်
[mïpoʊʔ]
Arakanese:
မီးထည့်သော ဝကင်း။ မီးဝကင်း
Burmese:
မီးထည့်သော အိုးကင်း။ မီးအိုးကင်း
English:
fire cracker
Grammar Note:
နာမ်
မီးပူ
[mïpù]
Arakanese:
မီး၏ အပူဟိန်
Burmese:
မီး၏ အပူရှိန်
English:
iron
Grammar Note:
နာမ်
မီးပေါက်
[mïpaʊʔ]
Arakanese:
စိန်ပြောင်းကို ခေါ်သော လက်နက်။ အိမ်ဟိ မီးပေါက်ကိုင် လယ်တသျှဉ်းတံပက် (တေဇကျောက်)။ ကောင်းစွာအမြောက်၊ ဗုံးနှင့်စိန်ကို၊ သုံးကတ်ိမ်ဖောက်လို့၊ မီးပေါက်မီးပန်း အဆန်းဆန်းနှင့် (ကော်)
Burmese:
စိန်ပြောင်းကို ခေါ်သော လက်နက်။ အိမ်ရှေ့ မီးပေါက်ကိုင် လယ်တသျှဉ်းတဘက် (တေဇကျောက်)။ ကောင်းစွာအမြောက်၊ ဗုံးနှင့်စိန်ကို၊ သုံးကြိမ်ဖောက်လို့၊ မီးပေါက်မီးပန်း အဆန်းဆန်းနှင့် (ကော်)
English:
weapon
Grammar Note:
နာမ်
မီးပေါက်ပေါက်
[mïpaʊʔpaʊʔ]
Arakanese:
အာကာမြင့်၍ လှပရေ မီးပွားမီးမှုန်များ တဖြောင်းဖြောင်း မြည်ပနာ လွင့်စဉ်လားလီရန် ကျည်ဆန်၌ ယမ်းမှုန့်များထည့်ကာ ပစ်လွတ်ရရေ သေနပ်တမျိုး
Burmese:
ကောင်းကင်မြင့်၍ လှပသော မီးပွားမီးမှုန်များ တဖြောင်းဖြောင်း မြည်၍ လွင့်စဉ်သွားစေရန် ကျည်ဆန်၌ ယမ်းမှုန့်များထည့်ကာ ပစ်လွတ်ရသော သေနပ်တစ်မျိုး
English:
weapon
Grammar Note:
နာမ်
မီးပြတိုက်
[mïpɹtaɪʔ]
Arakanese:
မီးအဟိန်အဟုန်အများ ရဟိစီရန်၊ လောင်စာတိကို မွေးဆွခြင်း၊ အသစ်ဖြည့်ခြင်း အစဟိစွာ ပြုလုပ်ရေ
Burmese:
မီးအရှိန်အဟုန်အများ ရယှိစေရန်၊ လောင်စာများကို မွေးဆွခြင်း၊ အသစ်ဖြည့်ခြင်း စသည် ပြုလုပ်သည်
English:
light house
Grammar Note:
ကြိယာ
မီးပွင့်
[mïpwɪ̀ɴ့]
Arakanese:
(ဥပစာ) ဒေါသ မာန်ကုန်ထကာ ပြင်းထန်သော စိတ်ဖြင့် တဟုန်ထိုး ပေါက်ကွဲလားရေ။ အဝီးမင်း - ငါ့ကို ယင်းပိုင် မလုပ်ကတ်ကေ့နန့် မီးပွင့်လိမ့်မေ (အရပ်)
Burmese:
(ဥပစာ) ဒေါသ မာန်ကုန်ထကာ ပြင်းထန်သော စိတ်ဖြင့် တဟုန်ထိုး ပေါက်ကွဲသွားသည်။ အဝေးမင်း - ငါ့ကို ယင်းပိုင် မလုပ်ကတ်ကေ့နန့် မီးပွင့်လိမ့်မည် (အရပ်)
English:
explode
Grammar Note:
ကြိယာ
မီးပွတ်ကျည်
[mïpwaʔt͡ɕɛ̀]
Arakanese:
မီးဖြစ်ယောင် ပွတ်တိုက်ရရေ ကိရိယာ
Burmese:
မီးဖြစ်အောင် ပွတ်တိုက်ရသည့် ကိရိယာ
English:
flint
Grammar Note:
နာမ်
မီးပွတ်ခုံ
[mïpwaʔkʰòʊɴ]
Arakanese:
မီးဖြစ်ယောင် ပွတ်တိုက်ရရေ ကိရိယာ
Burmese:
မီးဖြစ်အောင် ပွတ်တိုက်ရသည့် ကိရိယာ
English:
flint
Grammar Note:
နာမ်
မီးပွား
[mïpWà]
Arakanese:
မီးစွဲညှိရာမှ လွင့်စဉ်လားရေ မီးမှုန်အစအန
Burmese:
မီးစွဲညှိရာမှ လွင့်စဉ်သွားသော မီးမှုန်အစအန
English:
spark
Grammar Note:
နာမ်
မီးဖိုခွင်
[mïpʰÒkʰwɪ̀ɴ]
Arakanese:
ဖီးမှ လေမဝင်နှိုင်ယောင် မြေ၌အလျား မားမြောင်းတူး၍ ချက်ပြုတ်ရန် ပြုလုပ်ထားရေ မီးဖို
Burmese:
ဘေးမှ လေမဝင်နိုင်အောင် မြေ၌အလျား တွင်းမြောင်းတူး၍ ချက်ပြုတ်ရန် ပြုလုပ်ထားသော မီးဖို
English:
stove
Grammar Note:
နာမ်
မီးဖေါင်
[mïpʰèàɪ̀ɴ]
Arakanese:
နှပျိုး ၄၊ ၅ပင်လောက်ကို အောက်ခြီခံပြုပနာ ယင်းမာ လောင်းလှီပိုင် နီးကိုရက်လုပ်ကာ တင့်ရေစွာ တန်ဆာဆင်ဗျာယ်၊ ရှင်ဥပဂုတ်အား ပူဇော်သည့်အနိန်နန့် မီးထွန်းကာ ဝါကျွတ် လပြည့်နိ အုတ်မားကြွက်ချသော ရခိုင်ရိုးရာ ယိုင်ကျေးမှု ဓလိ့ မီးခွက်ဖောင်။ (ယင်းကိုပင် ရခိုင် ယဉ်
Burmese:
ငှက်ပျော ၄၊ ၅ပင်လောက်ကို အောက်ခြေခံပြု၍ ယင်းတွင် လောင်းလှေကဲ့သို့ နီးကိုရက်လုပ်ကာ တင့်တယ်စွာ တန်ဆာဆင်လျက်၊ ရှင်ဥပဂုတ်အား ပူဇော်သည့်အနေဖြင့် မီးထွန်းကာ ဝါကျွတ် လပြည့်နေ့ ရေတွင်းမျှော့ချသော ရခိုင်ရိုးရာ ယဉ်ကျေးမှု ဓလေ့ ဆီမီးခွက်ဖောင်။ (ယင်းကိုပင် ရခိုင် ယဉ်
English:
lamp lit floats
Grammar Note:
နာမ်
မီးဖေါ်
[mïpʰɔ̀]
Arakanese:
ထင်းအစဟိစွာ့ လောင်းစာရို့ စုအုံ၍ မီးဖိုရေ။ မီးတောက်အောင် လုပ်ရေ
Burmese:
ထင်းစသည့် လောင်းစာတို့ စုအုံ၍ မီးမွှေးသည်။ မီးတောက်အောင် လုပ်သည်
English:
kindle
Grammar Note:
ကြိယာဝိသေသန
မီးဖေါ်၂
[mïpʰɔ̀၂]
Arakanese:
ချက်ပြုတ်ဖို့အတွက် မီးပြုလုပ်ရာခုံ၊ ညဇာညှိုကေ၊ သုံးပိုခတ်သော်၊ ဆန်ဖွပ်ပြီးခါ၊ ဝါကြီးမမာ၊ မီးဖေါ်ထုံငြား (ဓမ္မသာ)
Burmese:
ချက်ပြုတ်ရန်အတွက် မီးပြုလုပ်ရာခုံ၊ ညနေညှိုကေ၊ သုံးပိုခတ်သော်၊ ဆန်ဖွပ်ပြီးခါ၊ ဝါကြီးမမှာ၊ မီးဖေါ်ထုံငြား (ဓမ္မသာ)
English:
stove
Grammar Note:
နာမ်