Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,061–1,080 of 2,515 words

    မ

    မီးမသီရိမခန်း

    [mïmθíɹìmkʰáɴ]
    ရက်ပြတ် ချက်ပြုတ်နီရရေမာ သုံးသော စကားလုံး။ အလှူမဏ္ဍပ် အစဟိစွာမာ သုံးနှုန်းသော စကားလုံး
    အမြဲမပြတ် ချက်ပြုတ်နေရသည်တွင် သုံးသော စကားလုံး။ အလှူမဏ္ဍပ် စသည်တွင် သုံးနှုန်းသော စကားလုံး
    none
    နာမ်

    မီးမြင်းမိုပွဲ

    [mïmɹɪ́ɴmÒpwɛ]
    ဆောင်းရာသီ တပိုတွဲလပြည့်နိ ညမာ ရပ်ရွာဒေသ ရိုးရာအလိုက် ဘုရားစာတီ ပုထိုးရှေ့၌ မီးထွန်းညှိခြင်း၊ မီးဖို၍ လှူဒါန်းခြင်း အစဟိရေပွဲ။ လွမ်းဟုန်ခြင်းကောက်၊ တတောက်တောက်နှင့်၊ ချီးမြှင့်မီးပွဲ၊ တပိုးတွဲဟု၊ ကြွင်းမြဲငါးရက်၊ စန်းနိူင်းဖက်မာ၊ ချမ်းဗျာယ်နန့်တုန်၊ တပေါ
    ဆောင်းရာသီ တပိုတွဲလပြည့်နေ့ ညတွင် ရပ်ရွာဒေသ ရိုးရာအလိုက် ဘုရားစေတီ ပုထိုးရှေ့၌ မီးထွန်းညှိခြင်း၊ မီးဖို၍ လှူဒါန်းခြင်း စသောပွဲ။ လွမ်းဟုန်ခြင်းကောက်၊ တတောက်တောက်နှင့်၊ ချီးမြှင့်မီးပွဲ၊ တပိုးတွဲဟု၊ ကြွင်းမြဲငါးရက်၊ စန်းယှဉ်ဘက်တွင်၊ ချမ်းလျက်နှင့်တုန်၊ တပေါ
    lighting festival
    နာမ်

    မီးယမ်းဖေါက်

    [mïjáɴpʰaʊʔ]
    ရခိုင်မင်းလက်ထက်က စစ်တိုက်ရာမာ ရန်သူရီတပ် ရေယာဉ်၊ သင်္ဘောများ မီးစွဲ လောင်ကျွမ်း ပျက်စီးစီရန် ဖေါင်ထက်မာ ယမ်းဖြင့် ပြုလုပ်ထားရေ လူရုပ်များ၊ လောင်စာတိ၊ ယမ်းအိုး များတင်ပနာ ရေဟုန်ဖြင့် ချောင်းဖျားမှ မျှောချရရေ အတတ်ပညာ နည်းတမျိုး။ (ဤနည်းနန့် ရခိုင် ရီတပ်
    ရခိုင်မင်းလက်ထက်က စစ်တိုက်ရာတွင် ရန်သူရေတပ် ရေယာဉ်၊ သင်္ဘောများ မီးစွဲ လောင်ကျွမ်း ပျက်စီးစေရန် ဖေါင်ထက်တွင် ယမ်းဖြင့် ပြုလုပ်ထားသော လူရုပ်များ၊ လောင်စာများ၊ ယမ်းအိုး များတင်၍ ရေဟုန်ဖြင့် မြစ်ညာမှ မျှောချရသော အတတ်ပညာ နည်းတစ်မျိုး။ (ဤနည်းဖြင့် ရခိုင် ရေတပ်
    none
    နာမ်

    မီးယှို့

    [mïʃo̰]
    မီးစွဲလောင်အောင် ပြုသည်
    မီးစွဲလောင်အောင် ပြုသည်
    burn
    ကြိယာ

    မီးယှူးသန့်စင်

    [mïʃùးθàɴ့sɪ̀ɴ]
    ဖွားမြင်ရေ။ သားတယောက်ကို၊ မီးယှူးသန့်စင်၊ ဖွားမြောက်မြင်ကေ (ကော်)
    ဖွားမြင်သည်။ သားတယောက်ကို၊ မီးယှူးသန့်စင်၊ ဖွားမြောက်မြင်ကေ (ကော်)
    bear
    ကြိယာ

    မီးရပ်

    [mïɹaʔ]
    မမာ့ရို့မာ ဖြစ်ပေါ်သော ဓမ္မတာရာသီသွေး
    မိန်းမတို့တွင် ဖြစ်ပေါ်သော ဓမ္မတာရာသီသွေး
    menses
    နာမ်

    မီးရပ်ကျိုး

    [mïɹaʔt͡ɕó]
    မီးယပ် ရောဂါကြောင့် ခြေလက် မလားမလာနိုင် ထော့နန့်ခြင်း
    မီးယပ် ရောဂါကြောင့် ခြေလက် မသွားမလာနိုင် ထော့နဲ့ခြင်း
    green sickness
    နာမ်

    မီးရပ်ကွက်

    [mïɹaʔkwɛʔ]
    မရပ်နာရောဂါကြောင့် ခန္ဓာကိုယ်ထက်မာ ထွက်သောအကွက်
    မီးယပ်ရောဂါကြောင့် ခန္ဓာကိုယ်ပေါ်တွင် ထွက်သောအကွက်
    menstrual disorders
    နာမ်

    မီးရပ်နာ

    [mïɹaʔnà]
    မမာ့ရို့မာ ဓမ္မတာရာသီသွေးနှင့် ဆိုင်ရေ ရောဂါ
    မိန်းမတို့တွင် ဓမ္မတာရာသီသွေးနှင့် ပတ်သက်သော ရောဂါ
    menstrual disorders
    နာမ်

    မီးရပ်ပိန်မီးရပ်ခြောက်

    [mïɹaʔpèɪɴmïɹaʔkʰɹɔ́ɛʔ]
    မီးတန့်ရောဂါကြောင့် အသားအရီ သွိခြောက် ပိန်ကပ်နီသူ
    မီးရပ်ရောဂါကြောင့် အသားအရေ သွေ့ခြောက် ပိန်ကပ်နေသူ
    menstrual disorders
    နာမ်

    မီးရပ်ဖုတ်မစင်

    [mïɹaʔpʰoʊʔmsɪ̀ɴ]
    မငယ်ကပင် စိတ်မငြိမ်မသက် ရှုးကြောင်ကြောင်ဟိသူ
    မငယ်ကပင် စိတ်မငြိမ်မသက် ရှုးကြောင်ကြောင်ယှိသူ
    crazy
    နာမ်

    မီးရပ်မျက်စိ

    [mïɹaʔmrɛʔsì]
    မီးယပ် ရောဂါကြောင့် ဖြစ်ရေ မျက်စိရောဂါ
    မီးယပ် ရောဂါကြောင့် ဖြစ်သော မျက်စိရောဂါ
    menstrual disorders
    နာမ်

    မီးရပ်ဝမ်း

    [mïɹaʔwáɴ]
    သားဖွားပြီးကေ ဝမ်းနူးစာ မားယွင်း စားမိသနန့် ဆည်မရနှိုင်ယောင် အခေါက်ခေါက် လားရေ ဝမ်းပျက်ရောဂါ
    သားဖွားပြီးနောက် ဝမ်းနူးစာ မှားယွင်း စားမိသဖြင့် ဆည်မရနိုင်အောင် အကြိမ်ကြိမ် သွားသော ဝမ်းပျက်ရောဂါ
    menstrual disorders
    နာမ်

    မီးရပ်သည်မ

    [mïɹaʔθɛ̀m]
    မီးတန့်ရောဂါ ခံစားနိန်ရသူ
    မီးရပ်ရောဂါ ခံစားနေရသူ
    menstrual disorders
    နာမ်

    မီးရပ်သွီးပျက်

    [mïɹaʔθwïprɛʔ]
    မီးယပ် ရောဂါကြောင့် စိတ်ဖေါက်ပြန်ရေ
    မီးယပ် ရောဂါကြောင့် စိတ်ဖေါက်ပြန်သည်
    menstrual disorders
    ကြိယာ

    မီးရှူး

    [mïʃùး]
    ညိအခါ လမ်းလားလမ်းလာ အလင်းရောင်ရစီရန် မီးစွဲညှိထားရေ ဝါးစည်း တနည်း ဝါးခြမ်းစရေ။ ထိပ်ဖျားကို မီးဟိုးထားရေ ဝါးစည်း
    ညဉ့်အခါ လမ်းသွားလမ်းလာ အလင်းရောင်ရစေရန် မီးစွဲညှိထားသော ဝါးစည်း သို့မဟုတ် ဝါးခြမ်းစသည်။ ထိပ်ဖျားကို မီးရှိုးထားသော ဝါးစည်း
    fire works
    နာမ်

    မီးရှူးစည်း

    [mïʃùးsɛ́]
    ညိအခါ လမ်းလားလမ်းလာ အလင်းရောင်ရစီရန် မီးစွဲညှိထားရေ ဝါးစည်း တနည်း ဝါးခြမ်းစရေ။ ထိပ်ဖျားကို မီးဟိုးထားရေ ဝါးစည်း
    ညဉ့်အခါ လမ်းသွားလမ်းလာ အလင်းရောင်ရစေရန် မီးစွဲညှိထားသော ဝါးစည်း သို့မဟုတ် ဝါးခြမ်းစသည်။ ထိပ်ဖျားကို မီးရှိုးထားသော ဝါးစည်း
    fire works
    နာမ်

    မီးလောင်

    [mïlàʊɴ]
    မီးကိုက်ဟိန်ဖြင့် လောင်ကျွမ်းရေ
    မီးပူရှိန်ဖြင့် လောင်ကျွမ်းသည်
    burn
    ကြိယာ

    မီးလောင်ငုတ်တို

    [mïlàʊɴŋoʊʔtÒ]
    မီးလောင်ရာမာ တစိတ်တဒေသ လောင်ကျွမ်း၍ ကြွင်းကျန်ရေ သစ်ငုတ်တို
    မီးလောင်ရာတွင် တစိတ်တဒေသ လောင်ကျွမ်း၍ ကြွင်းကျန်သော သစ်ငုတ်တို
    charred stump
    နာမ်

    မီးလောင်တိုက်

    [mïlàʊɴtaɪʔ]
    သက်ဟိလူ (ရာဇဝတ်သား) ရို့ကို့ မီးတိုက်မြိုက်ရာ အလုံခန်း
    သက်ရှိလူ (ရာဇဝတ်သား) တို့ကို့ မီးရှို့မြိုက်ရာ အလုံခန်း
    fire chamber
    နာမ်