Dictionary Entries
Showing 1,081–1,100 of 2,515 words
မ
မီးလောင်တိုက်သွင်း
[mïlàʊɴtaɪʔθwɪ́ɴ]
Arakanese:
သက်ဟိလူ (ရာဇဝတ်သား) ရို့ကို အလုံခန်းထဲကို သွင်း၍ မီးတိုက်စီရင်သည်
Burmese:
သက်ရှိလူ (ရာဇဝတ်သား) တို့ကို အလုံခန်းထဲသို့ သွင်း၍ မီးရှို့စီရင်သည်
English:
burn somebody alive in a fire chamber
Grammar Note:
ကြိယာ
မီးလောင်နာ
[mïlàʊɴnà]
Arakanese:
မီးလောင်၍ အနာဖြစ်ရရေ အမာရွတ်
Burmese:
မီးလောင်၍ အနာဖြစ်ရသည့် အမာရွတ်
English:
blister
Grammar Note:
နာမ်
မီးလောင်ပြင်
[mïlàʊɴpɹɪ̀ɴ]
Arakanese:
မီးလောင်၍ ကျွမ်းလားရေ မီးသွီးပြာပုံ တည်ဟိရာ ကွင်းမြေ
Burmese:
မီးလောင်၍ ကျွမ်းသွားသော မီးသွေးပြာပုံ တည်ယှိရာ ကွင်းမြေ
English:
land razed by fire
Grammar Note:
နာမ်
မီးလောင်ရာလောင်စာပစ်
[mïlàʊɴɹàlàʊɴsàpɪʔ]
Arakanese:
(ဥပစာ) အခြီအရဲ ဆိုးရွားအောင် တနည်း မကောင်းမှု တခုတရီ ပြုလုပ်ဖို့အတွက် မြှောက်ပင့် ကူညီရေ။ အားပီး အားမြှောက် ပြုသည်
Burmese:
(ဥပစာ) အခြေအနေ ဆိုးရွားအောင် သို့မဟုတ် မကောင်းမှု တစ်စုံတစ်ရာ ပြုလုပ်ရန်အတွက် မြှောက်ပင့် ကူညီသည်။ အားပေး အားမြှောက် ပြုသည်
English:
instigate
Grammar Note:
ကြိယာ
မီးလွန်
[mïlʊ̀ɴ]
Arakanese:
ချက်၊ ပြုတ်၊ ကြော်၊ လောင်းာ်ရာမာ အကျက်လွန်ရေ။ မီးလွန်ကေ-ချစ်၊ ရီနည်းကေ-ပျစ် (ပုံ)
Burmese:
ချက်၊ ပြုတ်၊ ကြော်၊ လှော်ရာတွင် အကျက်လွန်သည်။ မီးလွန်ကေ-ချစ်၊ ရီနည်းကေ-ပျစ် (ပုံ)
English:
be burnt
Grammar Note:
ကြိယာ
မီးဝင်
[mïwɪ̀ɴ]
Arakanese:
မီးဖွားသည်
Burmese:
မီးဖွားသည်
English:
bear
Grammar Note:
ကြိယာ
မီးဝင်မီးထွက်
[mïwɪ̀ɴmïtʰwɛʔ]
Arakanese:
တဦးနှင့်တဦး အသက်အားဖြင့် ခုနှစ်ရက်ခန့်သာ ကွာခြားဗျာယ်
Burmese:
တစ်ဦးနှင့်တစ်ဦး အသက်အားဖြင့် ခုနှစ်ရက်ခန့်သာ ကွာခြားလျက်
English:
difference of seven days in age
Grammar Note:
ကြိယာဝိသေသန
မီးသင်္ဂြိုဟ်
[mïθŋ̇gaɹÒh်]
Arakanese:
(အလောင်းကောင်ကို) မီးဖြင့် ပြာကျအောင် ဖုတ်ကြည်း သင်္ဂြိုဟ်သည်
Burmese:
(အလောင်းကောင်ကို) မီးဖြင့် ပြာကျအောင် ဖုတ်ကြည်း သင်္ဂြိုဟ်သည်
English:
cremate
Grammar Note:
ကြိယာဝိသေသန
မီးသတ်
[mïθaʔ]
Arakanese:
မီးအလင်းရောင် ငြိမ်းအောင် ပြုရေ။ မီးမှိတ်ရေ။ ၂၊ မီးကို ငြိမ်းသီယောင် ပြုသည်
Burmese:
မီးအလင်းရောင် ငြိမ်းအောင် ပြုသည်။ မီးမှိတ်သည်။ ၂၊ မီးကို ငြိမ်းသေအောင် ပြုသည်
English:
extinguish a fire
Grammar Note:
ကြိယာ
မီးသီး
[mïθï]
Arakanese:
မီးငွီ့ မီးတောက် လုံးဝ စဲငြိမ်းရေ။ ၂၊ ရန်စစ်မီးအစဟိစွာ ပြီးပြတ် ပြေငြိမ်းသည်
Burmese:
မီးငွေ့ မီးတောက် လုံးဝ စဲငြိမ်းသည်။ ၂၊ ရန်စစ်မီးစသည် ပြီးပြတ် ပြေငြိမ်းသည်
English:
end the war
Grammar Note:
ကြိယာဝိသေသန
မီးသီး၂
[mïθï၂]
Arakanese:
ဝန် တခုတရီကို ဝယ်ယူရာမာ သယ်ယူခအစဟိရေ ကုန်ကျမှု ရွတ်မြောက်စီပြီးကေ
Burmese:
ပစ္စည်း တစ်စုံတစ်ရာကို ဝယ်ယူရာ၌ သယ်ယူခစသော ကုန်ကျမှု လွတ်ကင်းစေလျက်
English:
delivery free
Grammar Note:
ကြိယာဝိသေသန
မီးသီးထင်းသီး
[mïθïtʰɪ́ɴθï]
Arakanese:
ဝန် တခုတရီကို ဝယ်ယူရာမာ သယ်ယူခအစဟိရေ ကုန်ကျမှု ရွတ်မြောက်စီပြီးကေ
Burmese:
ပစ္စည်း တစ်စုံတစ်ရာကို ဝယ်ယူရာ၌ သယ်ယူခစသော ကုန်ကျမှု လွတ်ကင်းစေလျက်
English:
delivery free
Grammar Note:
ကြိယာဝိသေသန
မီးသွီး
[mïθwï]
Arakanese:
မီးကျွမ်းပြီးရေ သစ်ထင်းအစဟိစွာ့ အတုံးအခဲ။ မျိုးဆွီဉာတိ၊ ရိုးတော်ကောက်ပွဲ၊ တသဲသဲကေ၊ မီးသွီးပြာစင်၊ ရိုးအကျန်ကို၊ ဆန်ခါတင်လို့ (ကော်)
Burmese:
မီးကျွမ်းပြီးသော သစ်ထင်းစသည့် အတုံးအခဲ။ မျိုးဆွီဉာတိ၊ ရိုးတော်ကောက်ပွဲ၊ တသဲသဲကေ၊ မီးသွီးပြာစင်၊ ရိုးအကျန်ကို၊ ဆန်ခါတင်လို့ (ကော်)
English:
fire wood
Grammar Note:
နာမ်
မီးအိမ်
[mïʔèɪɴ]
Arakanese:
အထဲမာ ထွန်းညှိထားရေ မီးကို လီဒဏ် ကာကွယ်ရန် စက္ကူအစဟိစွာ ပိတ်ကာဗျာယ် ပြုလုပ်ပနာ မီးထွန်းပွဲရာသီမာ ခင်းကျင်းလေ့ ဟိသော မီးကာ မှန်အိမ်တမျိုး။ ၂၊ အာကာကို မီးခိုးဖြင့် ပျံတက်စီရန် စက္ကူ၊ အဝတ်ချာသည်အနိန်နန့် အခိုးလုံယောင် ဆက်စပ် ပြုလုပ် ထားရေ့အရာ
Burmese:
အတွင်း၌ ထွန်းညှိထားသော မီးကို လေဒဏ် ကာကွယ်ရန် စက္ကူစသည် ပိတ်ကာလျက် ပြုလုပ်၍ မီးထွန်းပွဲရာသီတွင် ခင်းကျင်းလေ့ ယှိသော မီးကာ မီးအိမ်တစ်မျိုး။ ၂၊ ကောင်းကင်သို့ မီးခိုးဖြင့် ပျံတက်စေရန် စက္ကူ၊ အဝတ်စသည်ဖြင့် အခိုးလုံအောင် ဆက်စပ် ပြုလုပ် ထားသည့်အရာ
English:
lamp
Grammar Note:
နာမ်
မီးအိမ်ပျံ
[mïʔèɪɴprံ]
Arakanese:
အာကာကို မီးခိုးဖြင့် ပျံတက်စီရန် စက္ကူ၊ အဝတ်ချာသည်အနိန်နန့် အခိုးလုံယောင် ဆက်စပ်ပြုလုပ် ထားရေ့ အရာ
Burmese:
ကောင်းကင်သို့ မီးခိုးဖြင့် ပျံတက်စေရန် စက္ကူ၊ အဝတ်စသည်ဖြင့် အခိုးလုံအောင် ဆက်စပ်ပြုလုပ် ထားသည့် အရာ
English:
hot air balloon
Grammar Note:
နာမ်
မီးအုံး
[mïʔóʊɴ]
Arakanese:
ကိုယ်ခန္ဓာ အထဲမာ အသည်းကျွမ်းလုတမျှ တငွိ့ငွိ့ အပူကို ခံစားရဗျာယ်
Burmese:
ကိုယ်ခန္ဓာ အတွင်း၌ အသည်းကျွမ်းလုတမျှ တငွေ့ငွေ့ အပူကို ခံစားရလျက်
English:
grieve
Grammar Note:
ကြိယာဝိသေသန
မီးအုံး၂
[mïʔóʊɴ၂]
Arakanese:
ကိုယ်ခန္ဓာ အထဲမာ အသည်းကျွမ်းလုတမျှ တငွိ့ငွိ့ အပူ၏ ခံစားရချက်
Burmese:
ကိုယ်ခန္ဓာ အတွင်း၌ အသည်းကျွမ်းလုတမျှ တငွေ့ငွေ့ အပူ၏ ခံစားရချက်
English:
grieve
Grammar Note:
နာမ်
မီးအုံး၃
[mïʔóʊɴ၃]
Arakanese:
အပူဟိန် ဟိကေလည်း ပြာဖုံ၍ ထားအတွက်နန့် အပူဟိန် ဟိမှန်းမသိ ဖြစ်နီရေ။ ၂၊ တခုတရီ ကျက်နပ်စီရန် မဂျိ၊ ပြာပူ၊ အောက်မာ ထည့်သွင်းထားရေ
Burmese:
အပူရှိန် ရှိပါလျက် ပြာဖုံ၍ ထားသောကြောင့် အပူရှိန် ယှိမှန်းမသိ ဖြစ်နေသည်။ ၂၊ တစ်စုံတစ်ခု ကျက်နပ်စေရန် မီးခဲ၊ ပြာပူ၊ အောက်တွင် ထည့်သွင်းထားသည်
English:
grieve
Grammar Note:
ကြိယာ
မုံ
[mòʊɴ]
Arakanese:
ပွင့်လုဆဲဖြစ်ရေ ဘုရားလောင်း။ ပွင့်စမုံအာ၊ ဘုရားလျာသည် (တေမိကာ)။ ၂၊ ပန်းအငုံ။ မပွင့်သိမ့်ရေ ပန်းဖူး။ ခိုင်ပဒုမ်လေ၊ ကြာမုံကြီးက၊ မမာ့လှကို၊ ရပြန်တုံလတ် (ပန်း)။ ၃၊ ခံမားထဲ ထည့်ဆောင်ရေ အဖြစ်ကို ပြသော စကားလုံး
Burmese:
ပွင့်လုဆဲဖြစ်သော ဘုရားလောင်း။ ပွင့်စမုံအာ၊ ဘုရားလျာသည် (တေမိကာ)။ ၂၊ ပန်းအငုံ။ မပွင့်သေးသော ပန်းဖူး။ ခိုင်ပဒုမ်လေ၊ ကြာမုံကြီးက၊ မိန်းမလှကို၊ ရပြန်တုံလတ် (ပန်း)။ ၃၊ ခံတွင်းထဲ ထည့်ဆောင်သည့် အဖြစ်ကို ပြသော စကားလုံး
English:
the future Buddha
Grammar Note:
နာမ်
မုံ့
[mo̰ʊɴ]
Arakanese:
ချောမွိ့ ထွားမွတ်သော အသားအရီ ဟိသော။ မုဒုလက္ခဏာ၊ အသမာလေ၊ ဂွမ်းဝါ မုံ့သို့ နူးညံ့စွာနှင့် (မျိုးက်)
Burmese:
ချောမွေ့ ထွားမွတ်သော အသားအရေ ယှိသော။ မုဒုလက္ခဏာ၊ အသားမှာလေ၊ ဂွမ်းဝါ မုံ့သို့ နူးညံ့စွာနှင့် (မျောက်)
English:
smooth
Grammar Note:
နာမဝိသေသန