Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,121–1,140 of 2,515 words

    မ

    မုတ်ကြီး

    [moʊʔt͡ɕï]
    သဘာဝ အရွယ်ထက် ပိုပြီးကေ ကြီးထွားသော ဝှေးကျိတ်
    သဘာဝ အရွယ်ထက် ပိုမို ကြီးထွားသော ဝှေးကျိတ်
    suffer from hernia
    နာမ်

    မုတ်ကြီးနာ

    [moʊʔt͡ɕïnà]
    ကပ်ပယ်အိတ် ရောင်နာ။ သဘာဝ အရွယ်ထက် ပိုပြီးကေကြီးထွားသော ဝှေးကျိတ်နာ
    ကပ်ပယ်အိတ် ရောင်နာ။ သဘာဝ အရွယ်ထက် ပိုမိုကြီးထွားသော ဝှေးကျိတ်နာ
    suffer from hernia
    နာမ်

    မုတ်ဆိတ်ညှပ်

    [moʊʔsʰeɪʔɲ̯aʔ]
    မုတ်ဆိတ်၊ နှုတ်ခမ်းမွီးအစဟိစွာ အမွီးအမှင်ကို ဆွဲနှုတ်ရာမာ အသုံးပြုရေအရာ
    မုတ်ဆိတ်၊ နှုတ်ခမ်းမွေးစသည် အမွေးအမှင်ကို ဆွဲနှုတ်ရာတွင် အသုံးပြုသောအရာ
    pincers
    နာမ်

    မုတ်ဆိတ်ပျားတွဲ

    [moʊʔsʰeɪʔprátwɛ]
    (ဥပစာ) ကောင်းရေ အခွင့်အခါနှင့် အလွယ်ချေ၊ ကြုံတွိရေ။ ငမွီး မုတ်ဆိတ်ပျားတွဲဆိုစွာ စကား မလားယေ (ရိုးရာ)
    (ဥပစာ) ကောင်းသော အခွင့်အခါနှင့် အလွယ်တကူ၊ ကြုံကြိုက်သည်။ လူမွဲ မုတ်ဆိတ်ပျားတွဲဆိုစွာ စကား မလားယေ (ရိုးရာ)
    have a wind-fall
    ကြိယာ

    မုတ်ဆီး

    [moʊʔsʰï]
    မေးဖျား တဝိုက်မာ ပေါက်သော အမွီးအမှင်။ သီနာကောင်ပတိ၊ ကဝိထိုထို၊ ဝါဂွမ်းဟန်လေ၊ ဖြူမုတ်ဆီးနှင့်၊ သက်ကြီးအိုရို့၊ လျှောက်ဆိုစွာမာ (မျိုးက်)
    မေးဖျား တဝိုက်တွင် ပေါက်သော အမွေးအမှင်။ သေနာပတိ၊ ကဝိထိုထို၊ ဝါဂွမ်းဟန်လေ၊ ဖြူမုတ်ဆီးနှင့်၊ သက်ကြီးအိုတို့၊ လျှောက်ဆိုသည်မှာ (မျောက်)
    beard
    နာမ်

    မုတ်ဆွီးကြောင်နီ

    [moʊʔsʰwït͡ɕàʊɴní]
    မေးဖျား တဝိုက်မာ ပေါက်ရောက်သော အဖြူ၊ အရဲ၊ အမည်း အစဟိစွာ ရောယှက် နိန်ရေ အမွီးအမှင်။ စစ်သူကြီးလျှင်၊ မုတ်ဆွီးကြောင်နီ၊ တောမာမှီသည်၊ ဇော်ဂျီဆရာ၊ ဂုချိန်ခါ၌၊ တဦးလာရေ (မျိုးက်)
    မေးဖျား တဝိုက်တွင် ပေါက်ရောက်သော အဖြူ၊ အနီ၊ အမည်း စသည် ရောယှက် နေသော အမွေးအမှင်။ စစ်သူကြီးလျှင်၊ မုတ်ဆွီးကြောင်နီ၊ တောမှာမှီသည်၊ ဇော်ဂျီဆရာ၊ ယခုအခါ၌၊ တစ်ဦးလာသည် (မျောက်)
    beard
    နာမ်

    မုတ်ပုတီး

    [moʊʔpoʊtï]
    မုတ်ကောင်ဝမ်းမားမှ ရဟိသော တောက်ပြောင်သော အရောင်ဟိသော ပုလဲရတနာလုံးကို လည်၌ ဆွဲငင်ဖို့အတွက် သီတွဲကုံး ဆက်ထားရေ့ အဆင်တန်ဆာ။ မုတ်ပုတီးဒါလီ၊ ရွှီအင်္ကျီကေ၊ ထပိန်တံပက် (ပဋါ)
    မုတ်ကောင်ဝမ်းတွင်းမှ ရယှိသော တောက်ပြောင်သော အရောင်ယှိသော ပုလဲရတနာလုံးကို လည်၌ ဆွဲငင်ရန်အတွက် သီတွဲကုံး ဆက်ထားသည့် အဆင်တန်ဆာ။ မုတ်ပုတီးဒါလီ၊ ရွှေအင်္ကျီကေ၊ ထပိန်တံပက် (ပဋါ)
    pearl
    နာမ်

    မုတ်ရောင်

    [moʊʔɹàʊɴ]
    ဝှေးစိတည်ရာ အရီပြား ကပ်ပယ်အိတ် ရောင်သည်
    ဝှေးစေ့တည်ရာ အရေပြား ကပ်ပယ်အိတ် ရောင်သည်
    none
    ကြိယာ

    မုဒိင်္ဂဗျူဟာ

    [moʊdìŋ̇gabrùhà]
    စစ်ရင်း စစ်ဖျားငယ်ပနာ အလယ်ပူသော (မုရိုးစည်သဏ္ဍာန်ပိုင်) စစ်ချီနည်းတမျိုး။ စစ်ရင်းစစ်ဖျား ငယ်ပနာ အလယ်မာ အားကြီးစွာနှင့် စစ်ချီခြင်း (သီနင်္ဂဗျူဟာ)
    စစ်ရင်း စစ်ဖျားသေး၍ အလယ်ပူသော (မုရိုးစည်သဏ္ဍာန်ကဲ့သို့) စစ်ချီနည်းတစ်မျိုး။ စစ်ရင်းစစ်ဖျား သေး၍ အလယ်တွင် အားကြီးစွာနှင့် စစ်ချီခြင်း (သေနင်္ဂဗျူဟာ)
    strategy
    နာမ်

    မုဒိမ်း

    [moʊdéɪɴ]
    အလိုမတူသော မမာ့အား အနိုင် အထက်ပြုပနာ ကာမကျူးလွန်ခြင်း။ နိုင်ငံတော်ကို ဖီးအန္တရာယ် ပြုတတ်ရေ သခိုး၊ ဒါးမြ၊ သူပုန်
    အလိုမတူသော မိန်းမအား အနိုင် အထက်ပြု၍ ကာမကျူးလွန်ခြင်း။ နိုင်ငံတော်ကို ဘေးအန္တရာယ် ပြုတတ်သော သူခိုး၊ ဒါးမြ၊ သောင်းကျန်းသူ
    rape
    နာမ်

    မုဒိမ်းစည်

    [moʊdéɪɴsɛ̀]
    အဝနှစ်ဘက် ကျဉ်းပနာ အလယ်ပူသော စည်ငယ်တမျိုး။ (ဤ၌စည်ကို စည်ရှည်နှစ်မျိုး ဟိရေ။) ဘေရီ ဒုန္ဒုဘိ ဝုတေ္တာထေ၊ မုဒိဂေါ မုရဇောဿတု (ပါဌိအဘိဓာန်)။ မုရိုး၊ ခရာ၊ အဖြာဖြာလျှင်၊ တံမြွာ တံရှည်၊ မုဒိမ်းစည်နှင့်၊ မြောက်စည်ဆော်ကြီး၊ စစ်သားတော်ရို့ ဆော်ကာတီးလို့ (မျိုးက်)။
    အဝနှစ်ဘက် ကျဉ်း၍ အလယ်ပူသော စည်ငယ်တစ်မျိုး။ (ဤ၌စည်ကို စည်ရှည်နှစ်မျိုး ယှိသည်။) ဘေရီ ဒုန္ဒုဘိ ဝုတေ္တာထေ၊ မုဒိဂေါ မုရဇောဿတု (ပါဌိအဘိဓာန်)။ မုရိုး၊ ခရာ၊ အဖြာဖြာလျှင်၊ တံမြွာ တံရှည်၊ မုဒိမ်းစည်နှင့်၊ မြောက်စည်ဆော်ကြီး၊ စစ်သည်တော်တို့ ဆော်ကာတီးလို့ (မျောက်)။
    drum
    နာမ်

    မုန်

    [mòʊɴ]
    ဆင်ထီး၏ နားသယ်မှ ကာမဂုဏ် စိတ်ကြောင့် ယိုထွက်သော အရည်
    ဆင်ထီး၏ နားသယ်မှ ကာမဂုဏ် စိတ်ကြောင့် ယိုထွက်သော အရည်
    musth
    နာမ်

    မုန့်

    [mòʊɴ့]
    ချောမွိ့ ထွားမွတ်သော အသားအရီ ဟိသော။ မုဒုလက္ခဏာ၊ အသမာလေ၊ ဂွမ်းဝါမုံ့သို့ နူးညံ့စွာနှင့် (မျိုးက်)။ ဗွေမယူ လောက်ယောင် ငယ်သော။ မောင်ရုပ်ရည်ကို၊ အမုန့်သျှေလျှင်၊ ကြည့်မမြင်ဟု (ကော်)
    ချောမွေ့ ထွားမွတ်သော အသားအရေ ယှိသော။ မုဒုလက္ခဏာ၊ အသားမှာလေ၊ ဂွမ်းဝါမုံ့သို့ နူးညံ့စွာနှင့် (မျောက်)။ အလေးမထား လောက်အောင် ငယ်သော။ မောင်ရုပ်ရည်ကို၊ အမုန့်သျှေလျှင်၊ ကြည့်မမြင်ဟု (ကော်)
    smooth
    နာမဝိသေသန

    မုန်း

    [móʊɴ]
    မချစ် မကြိုက်မှု ဟိရေ။ ၂၊ စက်ဆုပ် သနရေ။ ခင်မင် တွယ်တာမှုမဟိ ဖြစ်တေ။ နင်အဂယင့်လေ၊ မေတ္တာတုံးကေ၊ မုန်းရီလားလေ (ဆဒ္ဒန်)
    မချစ် မနှစ်သက်မှု ယှိသည်။ ၂၊ စက်ဆုပ် ရွံရှာသည်။ ခင်မင် တွယ်တာမှုမယှိ ဖြစ်သည်။ နင်တကယ်လေ၊ မေတ္တာတုံးကေ၊ မုန်းရေလားလေ (ဆဒ္ဒန်)
    hate
    ကြိယာ

    မုန့်၂

    [mòʊɴ့၂]
    မုန့်အမျိုးမျိုးကို ခြုံ၍ခေါ်သော စကား။ အဆာပြေအဖြစ် အချိန်မရွီး စားသုံးနှိုင်ရေ စားသောက်ဖွယ်ရာ တမျိုးမျိုး
    မုန့်အမျိုးမျိုးကို ခြုံ၍ခေါ်သော စကား။ အဆာပြေအဖြစ် အချိန်မရွေး စားသုံးနိုင်သည့် စားသောက်ဖွယ်ရာ တစ်မျိုးမျိုး
    snack
    နာမ်

    မုန့်ကလောင်သျှေ

    [mòʊɴ့klàʊɴʃè]
    အရွယ်အစား ပိစိကလောင်သော
    အရွယ်အစား အလွန်ငယ်သော
    tiny
    နာမဝိသေသန

    မုန့်ကလွေပဲ

    [mòʊɴ့klwèpɛ]
    ငယ်ရေ အစိမ်းရောင်ပဲ အစိများ ပါဟိသော အသီးအိမ်ရှည်ပဲ တမျိုး
    သေးငယ်သော အစိမ်းရောင်ပဲ အစေ့များ ပါယှိသော အသီးအိမ်ရှည်ပဲ တစ်မျိုး
    bean
    နာမ်

    မုန့်ကျွဲသည်း

    [mòʊɴ့t͡ɕwɛθɛ́]
    ဆန်မုန့်် ညက်ကို ကြက်တက်ရည် သင့်တော်ပိုင် ထည့်ပြီး သကြားရည်နန့် ဖျော်ကာ၊ ခန့််အောင် ကြိုချက်၍ အအီးခံထားရေ စားဖွယ်မုန့် တမျိုး။ ဆင်ဝလောက်မုန့်၊ ထမင်မဲကေ၊ ကျွဲသည်းမုန့််နန့် (ပဒုမ္မာ)
    ဆန်မုန့်် ညက်ကို ထုံးကြက်တက်ရည် သင့်တော်သလို ထည့်ပြီး သကြားရည်နှင့် ဖျော်ကာ၊ ခန့််အောင် ကျိုချက်၍ အအေးခံထားသော စားဖွယ်မုန့် တစ်မျိုး။ ဆင်ဝလောက်မုန့်၊ ထမင်မဲကေ၊ ကျွဲသည်းမုန့််နှင့် (ပဒုမ္မာ)
    pudding made of coarse rice flour boiled in plam sugar and lime water
    နာမ်

    မုန့်ကြွက်ကျစ်

    [mòʊɴ့t͡ɕwɛʔt͡ɕɪʔ]
    ကြွက်ကျစ်စာနန့် တူသော မုန့်တမျိုး
    ကြွက်ကျစ်စာနှင့် တူသော မုန့်တစ်မျိုး
    snack
    နာမ်

    မုန့်ကြွပ်

    [mòʊɴ့t͡ɕwaʔ]
    ဂျုံ၊ မုန့်ညက်ကို စေါ်ဖေါက်၍ အပြား၊ အချောင်း အစဟိစွာပြုစွာကာ မာကြွပ်အောင် ပေါင်းဖိုဖြင့် ဖုတ်ထားရေ ခဲဖွယ်။ အဆိပ်ခပ်ပျာ၊ မုန့်ကြွပ်လုပ်လို့ (ကော်)
    ဂျုံ၊ မုန့်ညက်ကို စေါ်ဖေါက်၍ အပြား၊ အချောင်း စသည်ပြုသည်ကာ မာကြွပ်အောင် ပေါင်းဖိုဖြင့် ဖုတ်ထားသော ခဲဖွယ်။ အဆိပ်ခပ်ပျာ၊ မုန့်ကြွပ်လုပ်လို့ (ကော်)
    rusk
    နာမ်