Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,161–1,180 of 2,515 words

    မ

    မုန့်ဆောင်း

    [mòʊɴ့sʰáʊɴ]
    မကျက်တကျက် ပေါင်းထားရေ ဆန်မုန့်ညက်ကို အပေါက်ငယ် ဖေါက်ထားရေ ခွက်မာ ထည့်ပနာ ရေဆူအိုးထဲကို အစက်လုံးအဖြစ် ကျအောင် ပွတ်ချပြီး မုန့်ဖတ်ကို သကာ၊ သကြား၊ ထန်းညှက်ရည်မာ ထည့်ပျော်၍ စားသုံးရရေ စားသောက်ဖွယ်
    မကျက်တကျက် ပေါင်းထားသော ဆန်မုန့်ညက်ကို အပေါက်ငယ် ဖေါက်ထားသော ခွက်တွင် ထည့်၍ ရေဆူအိုးထဲသို့ အစက်လုံးအဖြစ် ကျအောင် ပွတ်ချပြီး မုန့်ဖတ်ကို သကာ၊ သကြား၊ ထန်းလျက်ရည်တွင် ထည့်ပျော်၍ စားသုံးရသော စားသောက်ဖွယ်
    drink made of sugar or jaggery and coconut milk with small lumps of rice jelly - snack
    နာမ်

    မုန့်ညက်

    [mòʊɴ့ɲɛʔ]
    ဆန်၊ ဂျုံ စစွာကို ညက်အောင် မုန့်ကြိတ်ဆုံ တနည်း စက်ဖြင့် ကြိတ်ထားရေ မုန့်သား
    ဆန်၊ ဂျုံ စသည်ကို ညက်အောင် မုန့်ကြိတ်ဆုံ သို့မဟုတ် စက်ဖြင့် ကြိတ်ထားသော မုန့်သား
    dough
    နာမ်

    မုန်ညင်း

    [mòʊɴɲɪ́ɴ]
    အစိနှင့် အရွက်ကို စားသုံးရရေ တနှစ်ခံ အပင် တမျိုး
    အစေ့နှင့် အရွက်ကို စားသုံးရသော တစ်နှစ်ခံ အပင် တစ်မျိုး
    mustard
    နာမ်

    မုန်ညင်းဆီ

    [mòʊɴɲɪ́ɴsʰí]
    မုန်ညင်းအစိကို ပါးကြိတ်ပနာ ထားရေ အဆီ
    မုန်ညင်းအစေ့ကို ဆီကြိတ်၍ ထားသော အဆီ
    mustard oil
    နာမ်

    မုန်ညင်းပြောက်

    [mòʊɴɲɪ́ɴpɹɔ́ɛʔ]
    ရခိုင်သမမရို့၏ လက်ဝတ် ရတနာတမျိုး၏ အမည်။ ဒိုးဒိုးလက်ကောက်၊ မုညင်းပြောက်၊ ပြောက်ပြောက်မြည်ရေ၊ နာသာရေ (တေး)
    ရခိုင်သူမတို့၏ လက်ဝတ် ရတနာတစ်မျိုး၏ အမည်။ ဒိုးဒိုးလက်ကောက်၊ မုညင်းပြောက်၊ ပြောက်ပြောက်မြည်ရေ၊ နာသာရေ (တေး)
    jewel
    နာမ်

    မုန်တိုင်း

    [mòʊɴtáɪɴ]
    ပြင်းစွာသော အဟုန်ဖြင့် တိုက်ခိုက်သော လီပြင်း
    ပြင်းစွာသော အဟုန်ဖြင့် တိုက်ခိုက်သော လေပြင်း
    storm
    နာမ်

    မုန်းတိုင်း

    [móʊɴtáɪɴ]
    ပြင်းစွာသော အဟုန်ဖြင့် တိုက်ခိုက်သော လီပြင်း
    ပြင်းစွာသော အဟုန်ဖြင့် တိုက်ခိုက်သော လေပြင်း
    storm
    နာမ်

    မုန်တိုင်းပင်

    [mòʊɴtáɪɴpɪ̀ɴ]
    အကိုင်းမဟိပဲ ပင်ဖျားမာ ရွက်လက်ဖြာသော (အုန်းရွက်ပုံ) အရွက်များ ကားထွက်သည့် အပင်တမျိုး။ (ပင်လယ် မုန်တိုင်းပင် လို့လေ့ ခေါ်ကတ်တေ။ ယင်းအပင်၏ အသီးလုံးငယ်ကို ကြိတ်ပနာ လူရို့၏ ကိုယ်ခန္ဓာ၌ ပေါက်သော ငါးမျက်စိမာ အုံထားပြီးသား တနားကေ၍ ဆွဲထုတ်လိုက်ကေ အအုံလိုက် ကျွတ
    အကိုင်းမယှိပဲ ပင်ဖျားတွင် ရွက်လက်ဖြာသော (အုန်းရွက်ပုံ) အရွက်များ ကားထွက်သည့် အပင်တစ်မျိုး။ (ပင်လယ် မုန်တိုင်းပင် ဟုလည်း ခေါ်ကြသည်။ ယင်းအပင်၏ အသီးလုံးငယ်ကို ကြိတ်၍ လူတို့၏ ကိုယ်ခန္ဓာ၌ ပေါက်သော ငါးမျက်စိတွင် အုံထားပြီး ခဏနေ၍ ဆွဲထုတ်လိုက်လျှင် အအုံလိုက် ကျွတ
    ferpalm
    နာမ်

    မုန်းတိုင်းပင်

    [móʊɴtáɪɴpɪ̀ɴ]
    အကိုင်းမဟိပဲ ပင်ဖျားမာ ရွက်လက်ဖြာသော (အုန်းရွက်ပုံ) အရွက်များ ကားထွက်သည့် အပင်တမျိုး။ (ပင်လယ် မုန်တိုင်းပင် လို့လေ့ ခေါ်ကတ်တေ။ ယင်းအပင်၏ အသီးလုံးငယ်ကို ကြိတ်ပနာ လူရို့၏ ကိုယ်ခန္ဓာ၌ ပေါက်သော ငါးမျက်စိမာ အုံထားပြီးသား တနားကေ၍ ဆွဲထုတ်လိုက်ကေ အအုံလိုက် ကျွတ
    အကိုင်းမယှိပဲ ပင်ဖျားတွင် ရွက်လက်ဖြာသော (အုန်းရွက်ပုံ) အရွက်များ ကားထွက်သည့် အပင်တစ်မျိုး။ (ပင်လယ် မုန်တိုင်းပင် ဟုလည်း ခေါ်ကြသည်။ ယင်းအပင်၏ အသီးလုံးငယ်ကို ကြိတ်၍ လူတို့၏ ကိုယ်ခန္ဓာ၌ ပေါက်သော ငါးမျက်စိတွင် အုံထားပြီး ခဏနေ၍ ဆွဲထုတ်လိုက်လျှင် အအုံလိုက် ကျွတ
    ferpalm
    နာမ်

    မုန့်တီ

    [mòʊɴ့tí]
    ဆန်ကိုရေနှင့်စိမ်ပြီး အပုပ်ခံထားကာ ညက်အောင်ထောင်းပနာ ပျော့ပျောင်းအောင် နယ်ကာ အလုံးပြုပနာ နန်းခွက်မာ ထည့်ဗျာယ် ရေဆူထဲကို ညှစ်၍ ပြုလုပ်ထားရေ မုန့်မျှင်။ (ယင်းကိုပါးကျက်၊ ငရုတ်ကျက်၊ ကြက်သွန်ကြော်၊ ပဲဆီ၊ ငါးမှုန့်၊ ချိုင်ရည်၊ ငရုတ်ကောင်းမှုန့်၊ နံနံအစဟိစွာ ထည့်ဗျာယ်၊
    ဆန်ကိုရေနှင့်စိမ်ပြီး အပုပ်ခံထားကာ ညက်အောင်ထောင်း၍ ပျော့ပျောင်းအောင် နယ်ကာ အလုံးပြု၍ နန်းခွက်တွင် ထည့်လျက် ရေဆူထဲသို့ ညှစ်၍ ပြုလုပ်ထားသော မုန့်မျှင်။ (၎င်းကိုဆီကျက်၊ ငရုတ်ကျက်၊ ကြက်သွန်ကြော်၊ ပဲဆီ၊ ငါးမှုန့်၊ ချဉ်ရည်၊ ငရုတ်ကောင်းမှုန့်၊ နံနံစသည် ထည့်လျက်၊
    rice noodles - rice noodles in a peppery fish soup
    နာမ်

    မုန်းတီး

    [móʊɴtï]
    လွန်ကဲ ပြင်းပြစွာ မုန်းသည်
    လွန်ကဲ ပြင်းပြစွာ မုန်းသည်
    hate
    ကြိယာ

    မုန့်တီဖက်

    [mòʊɴ့típʰɛʔ]
    ဆန်ကို ရေနှင့်စိမ်ပြီး အပုပ်ခံထားကာ ညက်အောင်ထောင်းပနာ ပျော့ပျောင်းအောင် နယ်ကာ အလုံးပြုပနာ နန်းခွက်မာ ထည့်ဗျာယ် ရေဆူထဲကိုညှစ်၍ ပြုလုပ်ထားရေ မုန့်မျှင်။ (ယင်းကိုပါးကျက်၊ ငရုတ်ကျက်၊ ကြက်သွန်ကြော်၊ ပဲဆီ၊ ငါးမှုန့်၊ ချိုင်ရည်၊ ငရုတ်ကောင်းမှုန့်၊ နံနံအစဟိစွာ ထည့်ဗျာယ်၊
    ဆန်ကို ရေနှင့်စိမ်ပြီး အပုပ်ခံထားကာ ညက်အောင်ထောင်း၍ ပျော့ပျောင်းအောင် နယ်ကာ အလုံးပြု၍ နန်းခွက်တွင် ထည့်လျက် ရေဆူထဲသို့ညှစ်၍ ပြုလုပ်ထားသော မုန့်မျှင်။ (၎င်းကိုဆီကျက်၊ ငရုတ်ကျက်၊ ကြက်သွန်ကြော်၊ ပဲဆီ၊ ငါးမှုန့်၊ ချဉ်ရည်၊ ငရုတ်ကောင်းမှုန့်၊ နံနံစသည် ထည့်လျက်၊
    rice noodles
    နာမ်

    မုန်တီမုန်တား

    [mòʊɴtímòʊɴtá]
    အဂေါင်းထဲမာ မကြည်မလင် ဖြစ်တေ
    ဦးခေါင်းထဲ၌ မကြည်မလင် ဖြစ်သည်
    misty
    ကြိယာ

    မုန်းတီးမုန်းတား

    [móʊɴtïmóʊɴtá]
    အဂေါင်းထဲမာ မကြည်မလင် ဖြစ်တေ။ မှိုင်းနီာက်သည်
    ဦးခေါင်းထဲ၌ မကြည်မလင် ဖြစ်သည်။ မူးနောက်သည်
    dizzy
    ကြိယာ

    မုန်တီမုန်တား၂

    [mòʊɴtímòʊɴtá၂]
    အာရုံ မမှုန်ချေ ဖြစ်ပနာ ရီဝေရေ။ အဂေါင်းထဲမာ မကြည်မလင် ဖြစ်တေ
    အာရုံ ဝိုးတဝါး ဖြစ်၍ ရီဝေသည်။ ဦးခေါင်းထဲ၌ မကြည်မလင် ဖြစ်သည်
    misty
    ကြိယာ

    မုန်းတူးမှိုင်တိုင်

    [móʊɴtùးm̥àɪɴtàɪɴ]
    သတိလစ် ပိုင် တွေဝေ မမာ့ောနိန်ရေ။ ယက္ခဘီလူး၊ လက်ချယှုံးလို့၊ မူးတူးမှိုင်တိုင်၊ မကြံနိုင်ကေ၊ စိုးပိုင်ပြည်လုံး (ကော်)
    သတိလစ် သကဲ့သို့ တွေဝေ မိန်းမောနေသည်။ ယက္ခဘီလူး၊ လက်ချရှုံးလို့၊ မူးတူးမှိုင်တိုင်၊ မကြံနိုင်ကေ၊ စိုးပိုင်ပြည်လုံး (ကော်)
    be indecisive
    ကြိယာ

    မုန့်ထပ်

    [mòʊɴ့tʰaʔ]
    ဆန်မုန့်ညက် အနုနှင့် ထန်းညှက်ရည် ရော၍ ပျစ်အောင် ကြိုချက်ထားရေ စားဖွယ်
    ဆန်မုန့်ညက် အနုနှင့် ထန်းလျက်ရည် ရော၍ ပျစ်အောင် ကျိုချက်ထားသော စားဖွယ်
    snack
    နာမ်

    မုန့်နှစ်

    [mòʊɴ့n̥ɪʔ]
    ရေစိကေချေနှင့် ဖျော်ထားရေ မုန့်ညက်
    ရေအနည်းငယ်နှင့် ဖျော်ထားသော မုန့်ညက်
    dough
    နာမ်

    မုန့်ပေါင်း

    [mo̰ʊ̰ɴpèàɪ́ɴ]
    စကာချပြီး ဆန်မှုန့်ကို ပုံစံခွက်ထဲ ထည့်ကာ၊ ပါးလွှာသော ဖျင်စတခုကို အောက်ကခံပြီးကေ အခိုးငွီ့ဖြင့် ပေါင်းအိုးမာ ကျက်နပ်စီပနာ အုန်းသီးခြစ်၊ ထန်းညှက်၊ သကာ အစဟိစွာ ထည့်ထားရေ စားဖွယ်
    စကာချပြီး ဆန်မှုန့်ကို ပုံစံခွက်ထဲ ထည့်ကာ၊ ပါးလွှာသော ဖျင်စတစ်ခုကို အောက်ကခံလျက် အခိုးငွေ့ဖြင့် ပေါင်းအိုးတွင် ကျက်နပ်စေ၍ အုန်းသီးခြစ်၊ ထန်းလျက်၊ သကာ စသည် ထည့်ထားသော စားဖွယ်
    spongy cake made of steamed rice flour
    နာမ်

    မုန့်ပဲ

    [mòʊɴ့pɛ]
    အချိန်မရွီး စားသောက်နှိုင်ရေ စားသောက်ဖွယ် တမျိုးမျိုး
    အချိန်မရွေး စားသောက်နိုင်သည့် စားသောက်ဖွယ် တစ်မျိုးမျိုး
    snack
    နာမ်