Dictionary Entries
Showing 101–120 of 2,515 words
မ
မချိုမချဉ်၂
[mɕÒmɕɪ̀ɴ၂]
Arakanese:
ရုန်းရင်း ခက်ထန်ရေ။ ကြမ်းတမ်းရေ။ ‘မင်းစကားပြောရေ မချိုမချိုင် ကကောင်း ကြမ်းတမ်း ရေကာ’ (အရပ်)
Burmese:
ရုန်းရင်း ခက်ထန်သည်။ ကြမ်းတမ်းသည်။ ‘မင်းစကားပြောရေ မချိုမချဉ် ကောင်းကောင်း ကြမ်းတမ်း ရေကာ’ (အရပ်)
English:
rude
Grammar Note:
ကြိယာ
မချီးရ
[mɕïɹ]
Arakanese:
ကြီးငွီ ဝန်များ၊ ချီးငှားရန် မပြုရခြင်း။ ငွီစစွာကို ခဏအားဖြင့် ထုတ်ရန် မပြုခြင်း။ ‘ကြီးဖေသာစုစည်း၊ ပွဲသို့ရောက်ခါ၊ စားသောက်ရာနန့်၊ အန်စာထိုးဖို့၊ အားကိုးရှာကြ၊ ယင်းခါလိုကေ၊ ငါ့ကိုမျှဟု၊ မချီးရလေ’ (ဂုတ္တိလ)
Burmese:
ကြေးငွေ ပစ္စည်းများ၊ ချေးငှားရန် မပြုရခြင်း။ ငွေစသည်ကို ခဏအားဖြင့် ထုတ်ရန် မပြုခြင်း။ ‘ကြေးငွေစုစည်း၊ ပွဲသို့ရောက်ခါ၊ စားသောက်ရာနှင့်၊ အန်စာထိုးဖို့၊ အားကိုးရှာကြ၊ ယင်းခါလိုကေ၊ ငါ့ကိုမျှဟု၊ မချီးရလေ’ (ဂုတ္တိလ)
English:
cannot borrow
Grammar Note:
နာမ်
မချွတ်
[mɕwaʔ]
Arakanese:
ဧကန်မုချ။ စင်စစ်။ မလွဲမသွေ
Burmese:
ဧကန်မုချ။ စင်စစ်။ မလွဲမသွေ
English:
certainly
Grammar Note:
ကြိယာဝိသေသန
မခြီ
[mkʰɹì]
Arakanese:
စားသောက်သော အာဟာရများ။ မြိန်ရှက်ခြင်း မဟိဖြစ်တေ။ ခံမား မတွိဖြစ်တေ။ ‘နှလုံးဆူကေ၊ မူမကြိုက်၊ လှကြင်ညီမာ၊ အိပ်နီမပျော်’ (ရီလား)။ ‘အိပ်စက်မငြိမ်၊ အာဟာရများ၊ ဗျာယပွားလို့၊ စားမကြိုက်ကေ၊ နီလို့မကောင်း’ (ကော်)။ (အိပ်မကြိုက်၊ နီမကြိုက်၊ စားမကြိုက်-အစဟိစွာ့။
Burmese:
စားသောက်သော အာဟာရများ။ မြိန်ရှက်ခြင်း မယှိဖြစ်သည်။ ခံတွင်း မတွေ့ဖြစ်သည်။ ‘နှလုံးဆူကေ၊ မူမခြီ၊ လှကြင်ညီမှာ၊ အိပ်နီမပျော်’ (ရီလား)။ ‘အိပ်စက်မငြိမ်၊ အာဟာရများ၊ ဗျာယပွားလို့၊ စားမခြီကေ၊ နီလို့မကောင်း’ (ကော်)။ (အိပ်မခြီ၊ နီမခြီ၊ စားမခြီ-စသည့်။
English:
not sleep
Grammar Note:
ကြိယာ
မခြီမငံ
[mkʰɹìmŋံ]
Arakanese:
(အပြောအဟော အရဲအထိုင်) ယိုင်ကျေး သိမ်မွေ့သာယာ နူးညံ့ခြင်း ကင်းရေ။ ကြမ်းတမ်းရေ။ ‘မင်းစကားပြောရေ မကြိုက်မငံ ငါ့နားမာ ခါးခါးရာ ကြားရေ’ (အရပ်)
Burmese:
(အပြောအဟော အနီအထိုင်) ယဉ်ကျေး သိမ်မွေ့သာယာ နူးညံ့ခြင်း ကင်းသည်။ ကြမ်းတမ်းသည်။ ‘မင်းစကားပြောရေ မခြီမငံ ငါ့နားမှာ ခါးခါးရာ ကြားရေ’ (အရပ်)
English:
rude
Grammar Note:
ကြိယာ
မခြူခြာ
[mkʰɹùkʰɹà]
Arakanese:
နှောင့်ယှက်ခြင်း၏ ဆန့်ကျင်ဘက်၊ မနှောင့်ယှက်ဆိုရေ သဘောသို့ သက်ရောက်ရေ။ ‘အခြင်းတတူ၊ ငွီတောင်သူမာ၊ မခြူခြာကေ့’ (ဒွေး)
Burmese:
နှောင့်ယှက်ခြင်း၏ ဆန့်ကျင်ဘက်၊ မနှောင့်ယှက်ဟူသော သဘောသို့ သက်ရောက်သည်။ ‘အခြင်းတူတူ၊ ငွေတောင်သူမှာ၊ မခြူခြာကေ့’ (ဒွေး)
English:
not disturb
Grammar Note:
ကြိယာ
မခွာ
[mkʰwà]
Arakanese:
လျှာ၊ နှုတ်ခမ်း အထဲဘက် အစဟိစွာရို့မာ အဖြူအစက် အပြောက်ငယ်များ ဖြစ်ပေါ်၍ နို့စို့ ကချေတိမာ ဖြစ်တတ်ရေ နာကြင်စီရေ သူငယ်နာတမျိုး
Burmese:
လျှာ၊ နှုတ်ခမ်း အတွင်းဘက် စသည်တို့တွင် အဖြူအစက် အပြောက်ငယ်များ ဖြစ်ပေါ်၍ နို့စို့ ကလေးများတွင် ဖြစ်တတ်သော နာကျင်စေသော သူငယ်နာတစ်မျိုး
English:
infantile ailments resulting in nervous disorders and muscular dysfunction
Grammar Note:
နာမ်
မခွာပေါက်
[mkʰwàpaʊʔ]
Arakanese:
လျှာ၊ နှုတ်ခမ်း အထဲဘက် အစဟိစွာရို့မာ အဖြူအစက် အပြောက်ငယ်များ ဖြစ်ပေါ်၍ နို့စို့ ကချေတိမာ ဖြစ်တတ်ရေ နာကြင်စီရေ သူငယ်နာ တမျိုး
Burmese:
လျှာ၊ နှုတ်ခမ်း အတွင်းဘက် စသည်တို့တွင် အဖြူအစက် အပြောက်ငယ်များ ဖြစ်ပေါ်၍ နို့စို့ ကလေးများတွင် ဖြစ်တတ်သော နာကျင်စေသော သူငယ်နာ တစ်မျိုး
English:
infantile ailments resulting in nervous disorders and muscular dysfunction
Grammar Note:
နာမ်
မငိုက်တငိုက်
[mŋaɪʔtŋaɪʔ]
Arakanese:
စပါးနှံ ညွတ်ကိုင်း ပိုင် ညွတ်ကိုင်းလာရေ
Burmese:
စပါးနှံ ညွတ်ကိုင်း သကဲ့သို့ ညွတ်ကိုင်းလာသည်
English:
none
Grammar Note:
ကြိယာ
မင်
[mɪ̀ɴ]
Arakanese:
စာရွက် စက္ကူထက်မာ စွန်းထင်းနီအောင် တခုတရီသော ဒုတ်တံဖြင့်ရို့၍ ရီးရရေ အရောင်ဟိသော အရည်။ သားသမီးက မိခင်ကို ခေါ်သော အာလုပ်စကား
Burmese:
စာရွက် စက္ကူပေါ်တွင် စွန်းထင်းနေအောင် တစ်စုံတစ်ခုသော ဒုတ်တံဖြင့်တို့၍ ရေးရသည့် အရောင်ယှိသော အရည်။ သားသမီးက မိခင်ကို ခေါ်သော အာလုပ်စကား
English:
ink
Grammar Note:
နာမ်
မင်း
[mɪ́ɴ]
Arakanese:
တိုင်းပြည်နိုင်ငံကို အုပ်ချုပ်သူ။ အစိုးရ။ ဘုရင်။ ၂၊ အစိုးရသူ။ အကြီးအကဲပြုသူ။ (လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်း၊ တရားမင်း၊ မင်းတြားအစဟိစွာ့ အသုံးအနှုန်း ဟိရေ။
Burmese:
တိုင်းပြည်နိုင်ငံကို အုပ်ချုပ်သူ။ အစိုးရ။ ဘုရင်။ ၂၊ အစိုးရသူ။ အကြီးအကဲပြုသူ။ (လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်း၊ တရားမင်း၊ မင်းတြားစသည့် အသုံးအနှုန်း ယှိသည်။
English:
king
Grammar Note:
နာမ်
မင်း၂
[mɪ́ɴ၂]
Arakanese:
ကြားနာသူ နာမ်စား။ ကိုယ့်က ဦးတည် ရည်ညွှန်းပြောဆိုရေ (ရင်းနှီးသူ၊ ရွယ်တူ၊ အရွယ်ငယ်သူ) တံပက်လူ။ (မင်း၊ နင်၊ သင်၊ အဝီး၊ ဟေ၊ (ယောက်ျားသုံး)၊ ဟိုင်း၊ ဟေ၊ အယိုး၊ နင်၊ ဟာသျှေ၊ မမာ့သုံး အစဟိစွာအနိန်နန့် ရင်းနှီးမှု အစဟိစွာ့အလျောက် အသုံးအနှုံး ကွဲရေ။) အပြင်းလျင်ပြင်း၊ လာလ
Burmese:
ကြားနာသူ နာမ်စား။ မိမိက ဦးတည် ရည်ညွှန်းပြောဆိုသော (ရင်းနှီးသူ၊ ရွယ်တူ၊ အရွယ်ငယ်သူ) တစ်ဘက်သား။ (မင်း၊ နင်၊ သင်၊ အဝေး၊ ဟေ၊ (ယောက်ျားသုံး)၊ ဟိုင်း၊ ဟေ၊ အယိုး၊ နင်၊ ဟာသျှေ၊ မိန်းမသုံး စသည်ဖြင့် ရင်းနှီးမှု စသည့်အလျောက် အသုံးအနှုံး ကွဲသည်။) အမြန်လျင်ပြင်း၊ လာလ
English:
you
Grammar Note:
နာမ်
မင်းကပ်စိုးကပ်
[mɪ́ɴkaʔsókaʔ]
Arakanese:
မင်း၏ အမှုကိစ္စတိကို လုပ်ဆောင်သူ
Burmese:
မင်း၏ အမှုကိစ္စများကို လုပ်ဆောင်သူ
English:
servant of the king
Grammar Note:
နာမ်
မင်းကိုယ်လုပ်
[mɪ́ɴkÒɛ̀loʊʔ]
Arakanese:
မင်းသမီး မင်းသားငယ်တိကို ပြုစု စောင့်ရှောက်ရသူ
Burmese:
မင်းသမီး မင်းသားငယ်များကို ပြုစု စောင့်ရှောက်ရသူ
English:
concubine
Grammar Note:
နာမ်
မင်ကူးစက္ကူ
[mɪ̀ɴkùးskə́kəù]
Arakanese:
လဲပင်၏ အခေါက် အစဟိရေ သစ်ခေါက်လျော် အထူဖြင့် ပြုလုပ်ထားရေ အများအနိန်နန့် သျှမ်းပြည် မိုင်းကိုင်မြို့ထွက် ဂုံစက္ကူကြမ်း တမျိုး
Burmese:
သလဲပင်၏ အခေါက် စသော သစ်ခေါက်လျော် အထူဖြင့် ပြုလုပ်ထားသော အများအားဖြင့် ရှမ်းပြည် မိုင်းကိုင်မြို့ထွက် ဂုံစက္ကူကြမ်း တစ်မျိုး
English:
paper
Grammar Note:
နာမ်
မင်းကျင့်တရား
[mɪ́ɴt͡ɕɪ̀ɴ့tɹá]
Arakanese:
တိုင်းပြည်နိုင်ငံကို အုပ်စိုးသော မင်းရို့ ဖြည့်ကျင့်အပ်ရေ့ ကျင့်ဝတ္တရား ဆယ်ပါး။ (ဒါနံ၊ သီလံ၊ ပရိစ္စါဂံ၊ အဇ္ဇဝံ၊ မဒ္ဒဝံ၊ တပံ၊ အကောဓံ၊ အဝိဟိံသံ၊ ခန္ဓီ၊ အဝိရောဓနံ)
Burmese:
တိုင်းပြည်နိုင်ငံကို အုပ်စိုးသော မင်းတို့ ဖြည့်ကျင့်အပ်သည့် ကျင့်ဝတ္တရား ဆယ်ပါး။ (ဒါနံ၊ သီလံ၊ ပရိစ္စါဂံ၊ အဇ္ဇဝံ၊ မဒ္ဒဝံ၊ တပံ၊ အကောဓံ၊ အဝိဟိံသံ၊ ခန္ဓီ၊ အဝိရောဓနံ)
English:
moral - the ten precepts incumbent on a king ( charity. religious practice. benefaction. fairness. gentleness. keeping sabbath. benevolence. avoidance of cruelty. patience. avoidance of conflict)
Grammar Note:
နာမ်
မင်းကျိုးသီးအပိ
[mɪ́ɴt͡ɕóθïʔpì]
Arakanese:
မှင်းကျိုးသီးအမှည်ကို အစိ ထုတ်ထားရေ အသားစု
Burmese:
မန်ကျည်းသီးအမှည်ကို အစေ့ ထုတ်ထားသော အသားစု
English:
ripe tamarind
Grammar Note:
နာမ်
မင်းကျေး
[mɪ́ɴt͡ɕé]
Arakanese:
ချိုင်သော အနှစ်အသား ဟိသော အစိမာ အသီးတောင့်များ သီးသည့် ပင်စောက်ပင်ကြီးတမျိုး
Burmese:
ချဉ်သော အနှစ်အသား ယှိသော အစေ့မာ အသီးတောင့်များ သီးသည့် ပင်စောက်ပင်ကြီးတစ်မျိုး
English:
none
Grammar Note:
နာမ်
မင်းကျေးသီးအပိ
[mɪ́ɴt͡ɕéθïʔpì]
Arakanese:
မှင်းကျိုးသီး အမှည်ကို အစိ ထုတ်ထားရေ အသားစု
Burmese:
မန်ကျည်းသီး အမှည်ကို အစေ့ ထုတ်ထားသော အသားစု
English:
ripe tamarind
Grammar Note:
နာမ်
မင်းကျွန်
[mɪ́ɴt͡ɕʊ̀ɴ]
Arakanese:
အိမ်ထောင်ကျပြီးသား ယောက်ျားကို ခေါ်သော စကား။ အခွန်မာလျှင် ထမ်းရေ မင်းကျွန်၊ အခွန်ဘဏ္ဍာ၊ လူများစွာကို ၊ ထိုခါတဆယ်၊ ကောက်လိမ့်မည် (သိုက်)
Burmese:
အိမ်ထောင်ကျပြီးသား ယောက်ျားကို ခေါ်သော စကား။ အခွန်မှာလျှင် ထမ်းရေ မင်းကျွန်၊ အခွန်ဘဏ္ဍာ၊ လူများစွာကို ၊ ထိုခါတစ်ဆယ်၊ ကောက်လိမ့်မည် (သိုက်)
English:
married man
Grammar Note:
နာမ်