Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,181–1,200 of 2,515 words

    မ

    မုန့်ပဲပဉ္စရာ

    [mòʊɴ့pɛpjʊ́nsaɹà]
    စငုတ်ကျ ထမင်း၊ ဟင်းမှအပ အလပ် စားသောက်ဖွယ်ရာ
    စားနေကျ ထမင်း၊ ဟင်းမှအပ အလွတ် စားသောက်ဖွယ်ရာ
    snack
    နာမ်

    မုန့်ပဲပိုင်စရာ

    [mòʊɴ့pɛpàɪɴsɹà]
    စငုတ်ကျ ထမင်း၊ ဟင်းမှအပ အလပ် စားသောက်ဖွယ်ရာ
    စားနေကျ ထမင်း၊ ဟင်းမှအပ အလွတ် စားသောက်ဖွယ်ရာ
    snack
    နာမ်

    မုန့်ဖက်

    [mòʊɴ့pʰɛʔ]
    တစုံတရာနှင့် ရောနှောခြင်း ရောစပ်ခြင်း မဟိသိမ့်ရေ မုန့်သားသတ်သတ်
    တစ်စုံတရာနှင့် ရောနှောခြင်း ရောစပ်ခြင်း မဟိသေးသော မုန့်သားသက်သက်
    rice noodles
    နာမ်

    မုန့်ဖက်ထုပ်

    [mòʊɴ့pʰɛʔtʰoʊʔ]
    ကောက်ညှင်းကို မှုန့်ညက်၍ ရေနန့်ပျစ်ယောင်လုပ်ပြီး နပျိုးဖက် ဖတ်ထက်မာ ဆီသုတ်ပနာ မုန့်ပျစ် ထက်မာ အုန်းသီးခြစ်၊ သကြား စရေ ထည့်ကာ ပေါင်းထားရေ စားဖွယ်
    ကောက်ညှင်းကို မှုန့်ညက်၍ ရေနှင့်ပျစ်အောင်လုပ်ပြီး ငှက်ပျောရွက် ဖတ်ပေါ်တွင် ဆီသုတ်၍ မုန့်ပျစ် ပေါ်တွင် အုန်းသီးခြစ်၊ သကြား စသည့် ထည့်ကာ ပေါင်းထားသော စားဖွယ်
    glutinous rice dough stuffed with sugar and coconut shreds packed in leaves and steamed
    နာမ်

    မုန့်ဗိုင်းတောင့်

    [mòʊɴ့báɪɴta̰ʊɴ]
    ဝကင်းထဲမာ မုန့်ညက်ကို စကာစိပ် (အပေါက်စိပ်သော စကာ)မှ ခါချပနာ အုန်းသီးဆန်ကို ခြစ်ယူပြီး သကြား၊ သကာ အစဟိစွာနန့် ရောနှောကာ အစာသွပ်၍ ဗိုင်းတောင့်ပိုင်လိပ်၍ ပြုလုပ်ရေ မုန့်တမျိုး (ယင်းမုန့်ကို ဆန်ခါကျမုန့်၊ ရဖြီးသားမုန့်၊ ဗိုင်းလိပ်မုန့် ဆိုပနာလည်း ခေါ်ကတ်တေ
    အိုးကင်းထဲတွင် မုန့်ညက်ကို စကာစိပ် (အပေါက်စိပ်သော စကာ)မှ ခါချ၍ အုန်းသီးဆန်ကို ခြစ်ယူပြီး သကြား၊ သကာ စသည်ဖြင့် ရောနှောကာ အစာသွပ်၍ ဗိုင်းတောင့်ကဲ့သို့လိပ်၍ ပြုလုပ်သော မုန့်တစ်မျိုး (ယင်းမုန့်ကို ဆန်ခါကျမုန့်၊ ရဖြီးသားမုန့်၊ ဗိုင်းလိပ်မုန့် ဟူ၍လည်း ခေါ်ကြသည်
    snack of slivers of steamed rice flour sprinkled with roasted sesame flavoured salt
    နာမ်

    မုန့်ဗိုင်းလိပ်

    [mòʊɴ့báɪɴlìaʔ]
    ဝကင်းမာ ဆီစိကေချေ ထည့်ပြီး မုန့်ညက်ကို ဆန်ခါပေါက်ငယ်မှ ချပြီးကေကျက်လျှင် မုန့်မာ အုန်းသီးမှုန့် သကာထည့်ပြီး ဗိုင်းလိပ်ပိုင် အရှည်ခေါက်လိပ်ထားရေ ခြီရေဖွယ်ရာ မုန့်တမျိုး
    အိုးကင်းတွင် ဆီအနည်းငယ် ထည့်ပြီး မုန့်ညက်ကို စကာပေါက်ငယ်မှ ချကာကျက်လျှင် မုန့်တွင် အုန်းသီးမှုန့် သကာထည့်ပြီး ဗိုင်းလိပ်ကဲ့သို့ အရှည်ခေါက်လိပ်ထားသော စားကောင်းဖွယ်ရာ မုန့်တစ်မျိုး
    snack of slivers of steamed rice flour sprinkled with roasted sesame flavoured salt
    နာမ်

    မုန့်မုန့်ကြီ

    [mòʊɴ့mòʊɴ့t͡ɕí]
    မုန့်မုန့်ညက်ညက် ဖြစ်တေ။ အဂေါင်းအခြီး၊ မုန့်မုန့်ကြီကေ၊ အရီစုတ်ပြဲ (ထာနု)
    မုန့်မုန့်ညက်ညက် ဖြစ်သည်။ အဂေါင်းအခြီး၊ မုန့်မုန့်ကြီကေ၊ အရီစုတ်ပြဲ (ထာနု)
    crushed
    နာမ်

    မုန့်မုန့်ညက်ညက်

    [mòʊɴ့mòʊɴ့ɲɛʔɲɛʔ]
    အမှုန့်မှုန့်ဖြစ်တေ။ သီသီကြေသည်
    အမှုန့်မှုန့်ဖြစ်သည်။ သီသီကြေသည်
    be crushed
    ကြိယာ

    မုန့်မုန့်တွာ

    [mòʊɴ့mòʊɴ့twà]
    သေးဖွဲအောင် ဒါးနှင့် ခုတ်စိုင်းရေ။ ဒါးနှင့်တင်ဗျာ၊ ရင်ကိုလေ့ခွဲ၊ မုန့်မုန့်တွားကာ၊ ဆီနှင့်ကျွာ(ကြော်)၍ (ထာနု)
    သေးဖွဲအောင် ဒါးနှင့် ခုတ်စဉ်းသည်။ ဒါးနှင့်တင်ဗျာ၊ ရင်ကိုလည်းခွဲ၊ မုန့်မုန့်တွားကာ၊ ဆီနှင့်ကျွာ(ကြော်)၍ (ထာနု)
    cut
    ကြိယာ

    မုန့်မုန့်မာမာ

    [mòʊɴ့mòʊɴ့màmà]
    ရောဂါ ကင်းရေ။ နေကောင်းရေ။ အီသာရေ။ ၂၊ (အနာကင်းသနန့်) သန်မာ တောင့်တင်းရေ။ အကျွန်ရို့ အိမ်မာ အားလုံး မောက်မောက်မာမာပါရာ (အရပ်)
    ရောဂါ ကင်းသည်။ နေကောင်းသည်။ အီသာသည်။ ၂၊ (အနာကင်းသဖြင့်) သန်မာ တောင့်တင်းသည်။ အကျွန်ရို့ အိမ်မှာ အားလုံး မောက်မောက်မာမာပါရာ (အရပ်)
    be in good health
    ကြိယာ

    မုန့်မုန့်သျှေ

    [mòʊɴ့mòʊɴ့ʃè]
    အလွန် ငယ်ရေ အရာဝတ္တု
    အလွန် သေးငယ်သော အရာဝတ္တု
    tiny
    နာမ်

    မုန်မှီမုန်မော

    [mòʊɴm̥ímòʊɴmɔ́]
    စိတ်မာ မပြတ် မသား ဖြစ်နီရေ။ ၂၊ တွေဝေရေ။ သတိလစ် ပိုင် ဖြစ်တေ။ မမာ့ောရေ။ ယီးတီးယီးတောင် မသိယောင်သို့၊ ဘဇောင်မသိ၊ မုန်မှီမုန်မော၊ မိန်းခြင်းဟန်ကို ပြန်မပြောကေ (ကော်)
    စိတ်တွင် မပြတ် မသား ဖြစ်နေသည်။ ၂၊ တွေဝေသည်။ သတိလစ် သကဲ့သို့ ဖြစ်သည်။ မိန်းမောသည်။ ယီးတီးယီးတောင် မသိယောင်သို့၊ ဘဇောင်မသိ၊ မုန်မှီမုန်မော၊ မိန်းခြင်းဟန်ကို ပြန်မပြောကေ (ကော်)
    be indecisive
    ကြိယာ

    မုန်မှီမုန်မွှား

    [mòʊɴm̥ímòʊɴmW̯á]
    အာရုံမာ ထင်ရှား ရေရာခြင်း မဟိပဲ။ မှုန်မှုန်မွှားမွှား။ မပြတ်မသား။ မသေမချာ။ မကွဲမပြား
    အာရုံတွင် ထင်ရှား ရေရာခြင်း မဟိပဲ။ မှုန်မှုန်မွှားမွှား။ မပြတ်မသား။ မသေမချာ။ မကွဲမပြား
    unclear
    ကြိယာဝိသေသန

    မုန်လာ

    [mòʊɴlà]
    ရွက်ပြန့်ဟိသော စားပင်တမျိုး
    ရွက်ပြန့်ယှိသော စားပင်တစ်မျိုး
    radish plant
    နာမ်

    မုန်လာဥ

    [mòʊɴlàʔṵ]
    ရွက်ပြန့်ဟိသော စားပင်တမျိုး။ ရွက်ပြန့်နှင့် ဥမြစ်ဟိသော ပင်နိမ့်အပင် တမျိုး
    ရွက်ပြန့်ယှိသော စားပင်တစ်မျိုး။ ရွက်ပြန့်နှင့် ဥမြစ်ယှိသော ပင်နိမ့်အပင် တစ်မျိုး
    radish
    နာမ်

    မုန့်လုံး

    [mòʊɴ့lóʊɴ]
    ပြုတ်ထားရေ ကောက်ညှင်း မုန့်ညက်လုံးငယ်တိကို ထန်းညှက်ရည် သကာရည်။ သကြားရည်ကျဲနှင့် ကြိုထားရေ စားဖွယ်
    ပြုတ်ထားသော ကောက်ညှင်း မုန့်ညက်လုံးငယ်များကို ထန်းလျက်ရည် သကာရည်။ သကြားရည်ကျဲနှင့် ကျိုထားသော စားဖွယ်
    small glutinous rice dumplings stuffed with palm sugar
    နာမ်

    မုန့်လုံးသျှေ

    [mòʊɴ့lóʊɴʃè]
    ပြုတ်ထားရေ ကောက်ညှင်း မုန့်ညက်လုံးငယ်တိကို ထန်းညှက်ရည် သကာရည်။ သကြားရည်ကျဲနှင့် ကြိုထားရေ စားဖွယ်
    ပြုတ်ထားသော ကောက်ညှင်း မုန့်ညက်လုံးငယ်များကို ထန်းလျက်ရည် သကာရည်။ သကြားရည်ကျဲနှင့် ကျိုထားသော စားဖွယ်
    small glutinous rice dumplings stuffed with palm sugar
    နာမ်

    မုန်းဝီ

    [móʊɴwí]
    မြင်ကွင်း မကြည်လင် မှုန်ဆိုင်းသော။ အမြင်မှုန်သော။ ၂၊ တွေဝေသော။ အာရုံ မကြည်လင်သော။ ရီဝေသော
    မြင်ကွင်း မကြည်လင် မှုန်ဆိုင်းသော။ အမြင်မှုန်သော။ ၂၊ တွေဝေသော။ အာရုံ မကြည်လင်သော။ ရီဝေသော
    hazy
    နာမဝိသေသန

    မုန့်သန်း

    [mòʊɴ့θáɴ]
    ကောက်ညှင်း စပါးနုကို လောင်းာ်၍ဆုံ၌ ပြားကျအောင် ထောင်းထု၍ စပါးခွံကျွတ်အောင် ချွတ်ထားရေ့ စားဖွယ်
    ကောက်ညှင်း စပါးနုကို လှော်၍ဆုံ၌ ပြားကျအောင် ထောင်းထု၍ စပါးခွံကျွတ်အောင် ချွတ်ထားသည့် စားဖွယ်
    glutinous rice flakes
    နာမ်

    မုန့်သျှေ

    [mòʊɴ့ʃè]
    အလွန် ငယ်ရေ အရာဝတ္တု
    အလွန် သေးငယ်သော အရာဝတ္တု
    tiny
    နာမ်