Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,201–1,220 of 2,515 words

    မ

    မုံဖူးဆင်

    [mòʊɴpʰùးsʰɪ̀ɴ]
    အငုံ ဖြစ်လှာမည့် အဖုလုံး
    အငုံ ဖြစ်လာမည့် အဖုလုံး
    bud
    နာမ်

    မုံဖူးဆင်၂

    [mòʊɴpʰùးsʰɪ̀ɴ၂]
    အငုံအဖူး ဖြစ်လှာမည့် အဖူးလောင်း ထွက်ပြူစ အခြီ ပျိုးလာရေ
    အငုံအဖူး ဖြစ်လာမည့် အဖူးလောင်း ထွက်ပြူစ အခြေ ပျိုးလာသည်
    bud
    ကြိယာ

    မုရင်းတိုင်

    [moʊɹɪ́ɴtàɪɴ]
    သူကောင်းမီးသင်္ဂြိုဟ်ရာမာ ခေါင်းကိုညှပ်ထားရေ အဂေါင်းဘက်က တိုင်နှစ်ချောင်း၊ ခြေဘက်က တိုင်နှစ်ချောင်း(ကို ခေါ်ရေ)
    သူကောင်းမီးသင်္ဂြိုဟ်ရာတွင် ခေါင်းကိုညှပ်ထားသော ဦးခေါင်းဘက်က တိုင်နှစ်ချောင်း၊ ခြေဘက်က တိုင်နှစ်ချောင်း(ကို ခေါ်သည်)
    none
    နာမ်

    မုရိုးပေါက်ပေါက်

    [moʊɹópaʊʔpaʊʔ]
    နှံစားပြောင်းစိကို ပေါက်ပေါက်ဖေါက်၍ သကာရည် တနည်း ထန်းညှက်ရည်နှင့် နယ်ကာ အဆုတ်လိုက် အပျိုင်လိုက် ပြုလုပ်ထားရေ စားဖွယ်။ ပြောင်းဖူးမျိုးမျိုး၊ မုရိုးပေါက်ပေါက်၊ ဆင်ဝဏှောက်မုန့်၊ ထမင်းနဲကေ၊ ကျွဲသည်းမုန့်နှင့် (ပဒုမ္မ)
    နှံစားပြောင်းစေ့ကို ပေါက်ပေါက်ဖေါက်၍ သကာရည် သို့မဟုတ် ထန်းလျက်ရည်နှင့် နယ်ကာ အဆုတ်လိုက် အပျဉ်လိုက် ပြုလုပ်ထားသော စားဖွယ်။ ပြောင်းဖူးမျိုးမျိုး၊ မုရိုးပေါက်ပေါက်၊ ဆင်ဦးနှောက်မုန့်၊ ထမင်းနဲကေ၊ ကျွဲသည်းမုန့်နှင့် (ပဒုမ္မ)
    pop corn
    နာမ်

    မုရိုးပြောင်း

    [moʊɹópɹáʊɴ]
    အစိအဆန်ကို ထောင်းပနာ ဆန်ပိုင် ချက်စားရရေ ပြောင်းတမျိုး
    အစေ့အဆန်ကို ထောင်း၍ ဆန်ကဲ့သို့ ချက်စားရသော ပြောင်းတစ်မျိုး
    corn
    နာမ်

    မုရွာကြီးပင်

    [moʊɹwàt͡ɕïpɪ̀ɴ]
    အရွက်ထိပ်ဝိုင်း၊ အစီးဖြူထွက်သော အပင်စုလိုက် ပေါက်တတ်ရေ အပင်တမျိုး
    အရွက်ထိပ်ဝိုင်း၊ အစေးဖြူထွက်သော အပင်စုလိုက် ပေါက်တတ်သော အပင်တစ်မျိုး
    none
    နာမ်

    မုလေးဖွား

    [moʊlépʰWà]
    မုလေးပန်းပွင့် သဏ္ဍာန်ပိုင် စက္ကူကို ကိုက်ညှပ်ကာ ဝါးတံကောက်များမာ စုခြည်၍ ဆွဲတင်လျှင် ခေါင်းလောင်းရှည်ပုံ တွဲလောင်း ကျနီရေ ပူဇော်ဖွယ်ရာ ဝန်တမျိုး။ ဘုရားလက်ဆောင်၊ များမြောင်ဆီမီး၊ မုလေးဖွားကေ၊ ကုက္ကားထီးနန်း (တေး)
    မုလေးပန်းပွင့် သဏ္ဍာန်ကဲ့သို့ စက္ကူကို ကိုက်ညှပ်ကာ ဝါးတံကောက်များတွင် စုချည်၍ ဆွဲတင်လျှင် ခေါင်းလောင်းရှည်ပုံ တွဲလျား ကျနေသည့် ပူဇော်ဖွယ်ရာ ပစ္စည်းတစ်မျိုး။ ဘုရားလက်ဆောင်၊ များမြောင်ဆီမီး၊ မုလေးဖွားကေ၊ ကုက္ကားထီးနန်း (တေး)
    none
    နာမ်

    မုသလမန်

    [moʊθlmàɴ]
    ဘင်္ဂလီကုလားကို ခေါ်သော စကား၊ အမိန့်တော်ဟိစွာကား၊ မုသလမန် ကုလားရို့စွာ မျိုးက်နှင့်တူစွာ (တောင်)
    ဘင်္ဂလီကုလားကို ခေါ်သော စကား၊ အမိန့်တော်ယှိသည်ကား၊ မုသလမန် ကုလားတို့သည် မျောက်နှင့်တူသည် (တောင်)
    name of bengali
    နာမ်

    မူ

    [mù]
    ပင်ကိုယ်နှင့် ဆန့်ကျင်ဗျာယ် ဟန်ပန် ပြုလုပ်ရေ။ ပရိယာယ်ပြုရေ။ ၂၊ ပြုရေ။ (ရန်မူ၊ သတိမူ၊ မျက်နှာမူ အစဟိစွာတွဲပြီးကေ သုံးရေ။
    ပင်ကိုယ်နှင့် ဆန့်ကျင်လျက် ဟန်ပန် ပြုလုပ်သည်။ ပရိယာယ်ပြုသည်။ ၂၊ ပြုသည်။ (ရန်မူ၊ သတိမူ၊ မျက်နှာမူ စသည်တွဲ၍ သုံးသည်။
    pretend
    ကြိယာ

    မူး

    [mùး]
    အရက်သေစာ သောက်စားမှုကြောင့် ကိုယ်ကိုမထိန်းနိုင်ပဲ ယိုင်နဲသည်
    အရက်သေစာ သောက်စားမှုကြောင့် ကိုယ်ကိုမထိန်းနိုင်ပဲ ယိုင်နဲသည်
    drunk
    ကြိယာ

    မူ၂

    [mù၂]
    အခြီခံ ပြုထားရေ အရာ။ ၂၊ ဟန်ပန် အသွင်။ ၃၊ ဓလိ့စရိုက်
    အခြေခံ ပြုထားသော အရာ။ ၂၊ ဟန်ပန် အသွင်။ ၃၊ ဓလေ့စရိုက်
    character
    နာမ်

    မူကုပ်ကုပ်

    [mùkoʊʔkoʊʔ]
    မလိုမုန်းထား မကြိုက်သော အမူအရာကို ပြရေ
    မလိုမုန်းထား မနှစ်သက်သော အမူအရာကို ပြသည်
    dislike
    ကြိယာ

    မူကုပ်ကုပ်၂

    [mùkoʊʔkoʊʔ၂]
    မလိုမုန်းထား မကြိုက်သော အမူအရာ
    မလိုမုန်းထား မနှစ်သက်သော အမူအရာ
    glumly
    နာမ်

    မူကြမ်း

    [mùt͡ɕáɴ]
    အကြမ်းထည်။ ကြက်စာကောက် အချောကိုင် ရီးသားခြင်း မဟိသိမ့်ရေ တခုတရီ
    အကြမ်းထည်။ အပြီးသတ် အချောကိုင် ရေးသားခြင်း မယှိသေးသော တစ်စုံတစ်ရာ
    draft
    နာမ်

    မူကွဲ

    [mùkwɛ]
    စာမူတခု ရိုက်နှိပ် ကူးပွားသနန့် ကွဲလွဲချက် အစဟိစွာ ပါဟိနှိုင်ရေ မျိုးတူပွားမျိုး။ ကွဲလွဲခြားနားချက်
    စာမူတစ်ခု ရိုက်နှိပ် ကူးပွားသဖြင့် ကွဲလွဲချက် စသည် ပါယှိနိုင်သော မျိုးတူပွားမျိုး။ ကွဲလွဲခြားနားချက်
    different
    နာမ်

    မူချ

    [mùɕ]
    အခြီခံ လမ်းစဉ်အဖြစ် ကန့်သတ် ပြဌာန်းသည်
    အခြေခံ လမ်းစဉ်အဖြစ် ကန့်သတ် ပြဌာန်းသည်
    lay down basic principles
    ကြိယာ

    မူခွဲ

    [mùkʰwɛ]
    မူခွဲသျှစ်ပဲ၊ သျှစ်ပဲ၊ ပြားငါးဆယ်ကို ခေါ်သော စကား
    ငါးမူး၊ ရှစ်ပဲ၊ ပြားငါးဆယ်ကို ခေါ်သော စကား
    coin
    နာမ်

    မူးတူးမေ့တေ့

    [mùးtùးmḛtḛ]
    အဂေါင်းထဲမာ မကြည်မလင် ဖြစ်တေ
    ဦးခေါင်းထဲ၌ မကြည်မလင် ဖြစ်သည်
    misty
    ကြိယာ

    မူးတူးမှိုင်တိုင်

    [mùးtùးm̥àɪɴtàɪɴ]
    အာရုံ မမှုန်ချေဖြစ်ပနာ ရီဝေရေ။ သတိလစ် ပိုင် တွေဝေ မမာ့ောနိန်ရေ။ ယက္ခဘီလူး၊ လက်ချယှုံးလို့၊ မူးတူးမှိုင်တိုင်၊ မကြံနိုင်ကေ၊ စိုးပိုင်ပြည်လုံး (ကော်)
    အာရုံ ဝိုးတဝါးဖြစ်၍ ရီဝေသည်။ သတိလစ် သကဲ့သို့ တွေဝေ မိန်းမောနေသည်။ ယက္ခဘီလူး၊ လက်ချရှုံးလို့၊ မူးတူးမှိုင်တိုင်၊ မကြံနိုင်ကေ၊ စိုးပိုင်ပြည်လုံး (ကော်)
    hazy
    ကြိယာ

    မူထား

    [mùtʰá]
    အခြီခံ လမ်းစဉ် သတ်မှတ်သည်
    အခြေခံ လမ်းစဉ် သတ်မှတ်သည်
    specify
    ကြိယာ