Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,221–1,240 of 2,515 words

    မ

    မူပိုင်

    [mùpàɪɴ]
    မူလ အရင်းခံ တီထွင် ရီးသား ထားချက် တခုတရီနှင့် ပတ်သက်ပြီးကေ တရားဝင် သက်ဆိုင် ခံစားခွင့်
    မူလ အရင်းခံ တီထွင် ရေးသား ထားချက် တစ်စုံတစ်ရာနှင့် ပတ်သက်၍ တရားဝင် သက်ဆိုင် ခံစားခွင့်
    patent
    နာမ်

    မူပျက်

    [mùprɛʔ]
    မူလအခြီခံ သဖောထား အမူအရာမှ ရွိ တိမ်းစောင်းသည်
    မူလအခြေခံ သဘောထား အမူအရာမှ ရွေ့လျား တိမ်းစောင်းသည်
    bend
    ကြိယာ

    မူပြောင်း

    [mùpɹáʊɴ]
    မူလ စွဲကိုင်ရင်း သဖောထား လမ်းစဉ်စစွာကို ပျင်ဆင်ရေ
    မူလ စွဲကိုင်ရင်း သဘောထား လမ်းစဉ်စသည်ကို ပြင်ဆင်သည်
    repair
    ကြိယာ

    မူမတူ

    [mùmtù]
    ပကတိ မျက်ကြောပိုင် မရွှင်ပြပဲ။ မကောင်းရေဘက်ကို ဗြုန်းခနဲ ပြောင်းလားရေ။ မောင်သာဖြူ အယင်ကနန် မူမတူဗျာယ်၊ အပြောအဆို ကြမ်းတမ်းလာရေ (အရပ်)
    ပကတိ မျက်နှာထားကဲ့သို့ မရွှင်ပျပဲ။ မကောင်းသောဘက်သို့ ရုတ်တရက် ပြောင်းသွားသည်။ မောင်သာဖြူ အယင်ကနန် မူမတူဗျာယ်၊ အပြောအဆို ကြမ်းတမ်းလာရေ (အရပ်)
    sombre
    ကြိယာ

    မူမမှန်

    [mùmm̥àɴ]
    နှိုင်းနိူင်းရန် အခြီခံ ပြုထားရေအရာ မားယွင်းနီမှု
    နှိုင်းယှဉ်ရန် အခြေခံ ပြုထားသောအရာ မှားယွင်းနေမှု
    abnormal
    နာမ်

    မူမမှန်၂

    [mùmm̥àɴ၂]
    စိတ်မငြိမ်ပဲ ပျက်ချိပျက်ချော် ပြောဆိုပြုမှုဗျာယ်။ ရူးကြောင်ကြောင်
    စိတ်မငြိမ်ပဲ ပေါ့ပေါ့တန်တန် ပြောဆိုပြုမှုလျက်။ ရူးကြောင်ကြောင်
    abnormal
    ကြိယာဝိသေသန

    မူမလှ

    [mùmɬ]
    အမြင်အားဖြင့် တင့်ရေခြင်း မဟိသော
    အမြင်အားဖြင့် တင့်တယ်ခြင်း မယှိသော
    unseemly
    နာမဝိသေသန

    မူမှန်

    [mùm̥àɴ]
    ရိုးသား စင်ကြယ်စွာ ပြုမူသော
    ရိုးသား စင်ကြယ်စွာ ပြုမူသော
    sanity
    နာမဝိသေသန

    မူမှန်၂

    [mùm̥àɴ၂]
    မှန်ကန်သော စနစ်
    မှန်ကန်သော စနစ်
    sanity
    နာမ်

    မူးမှိုင်

    [mùးm̥àɪɴ]
    အာရုံ မမှုန်ချေဖြစ်ပနာ ရီဝေရေ။ သတိလစ် ပိုင် တွေဝေ မမာ့ောနိန်ရေ။ ယက္ခဘီလူး၊ လက်ချယှုံးလို့၊ မူးတူးမှိုင်တိုင်၊ မကြံနိုင်ကေ၊ စိုးပိုင်ပြည်လုံး (ကော်)
    အာရုံ ဝိုးတဝါးဖြစ်၍ ရီဝေသည်။ သတိလစ် သကဲ့သို့ တွေဝေ မိန်းမောနေသည်။ ယက္ခဘီလူး၊ လက်ချရှုံးလို့၊ မူးတူးမှိုင်တိုင်၊ မကြံနိုင်ကေ၊ စိုးပိုင်ပြည်လုံး (ကော်)
    hazy
    ကြိယာ

    မူယာသွယ်

    [mùjàθwɛ̀]
    အမျိုးမျိုး အလှယ်လှယ် ပြောင်းလဲအကွန်ဆောင် ပြုမူသော အသွင်ဆောင်ဗျာယ်
    အမျိုးမျိုး အလှယ်လှယ် ပြောင်းလဲဟန်ဆောင် ပြုမူသော အသွင်ဆောင်လျက်
    pretend
    ကြိယာဝိသေသန

    မူယောယော

    [mùjɔ́jɔ́]
    မကြည်မလင် မှုန်ကုပ် အလို မကျသော မျက်နှာသွင်ပြင်။ မကျီမချင်း စူပုပ်သော မျက်နှာအမူအရာ
    မကြည်မလင် မှုန်ကုပ် အလို မကျသော မျက်နှာသွင်ပြင်။ မကျေမချင်း စူပုပ်သော မျက်နှာအမူအရာ
    disaffection
    နာမ်

    မူရင်း

    [mùɹɪ́ɴ]
    ပင်ကို အခြီအရဲ။ ၂၊ ပကတိ လက်ရာစစ် လက်ရာမှန်
    ပင်ကို အခြေအနေ။ ၂၊ ပကတိ လက်ရာစစ် လက်ရာမှန်
    master
    နာမ်

    မူရင်းလစာ

    [mùɹɪ́ɴlsà]
    ပင်ကို သတ်မှတ် ထုတ်ပီး ထားရေ လစာ
    ပင်ကို သတ်မှတ် ထုတ်ပေး ထားသော လစာ
    original fee
    နာမ်

    မူလ

    [mùl]
    ၁၊ ပင်ကို ဟိရင်းအရာ။ ၂၊ အခြီခံ ရင်းမြစ်။ ၃၊ လိုရင်းကိစ္စ
    ၁၊ ပင်ကို ယှိရင်းအရာ။ ၂၊ အခြေခံ ရင်းမြစ်။ ၃၊ လိုရင်းကိစ္စ
    original
    နာမ်

    မူလကြမ်း

    [mùlt͡ɕáɴ]
    ပင်ကိုအားဖြင့် ရုန်းရင်း ကြမ်းတမ်းသူ
    ပင်ကိုအားဖြင့် ရုန်းရင်း ကြမ်းတမ်းသူ
    rude
    နာမ်

    မူလဆွီး

    [mùlsʰwï]
    ပင်ကို စရိုက်အားဖြင့် ဆိုးယုတ်သော
    ပင်ကို စရိုက်အားဖြင့် ဆိုးယုတ်သော
    rude
    နာမဝိသေသန

    မူလပျက်

    [mùlprɛʔ]
    မူလစွဲရင်း သဖောထား အမူအရာမှ တိမ်းရွေ့ခြားနားရေ။ အမူအရာ ပျက်သည်
    မူလစွဲရင်း သဘောထား အမူအရာမှ တိမ်းရွေ့ခြားနားသည်။ အမူအရာ ပျက်သည်
    break original
    ကြိယာ

    မူလပျက်၂

    [mùlprɛʔ၂]
    ပင်ကိုယ် ချွတ်ယွင်း ပျက်စီးဗျာယ် ဗရမ်းဗတာ ဖြစ်နီသော စာမူ
    ပင်ကိုယ် ချွတ်ယွင်း ပျက်စီးပြီး အစီအစဉ်မကျ ဖြစ်နေသော စာမူ
    draft
    နာမ်

    မူလပျက်၃

    [mùlprɛʔ၃]
    မကောင်းရေ အမင်္ဂလာ စကားတိကို ဟိကဖြတ်သန်း၍ ပြောကြားခြင်း
    မကောင်းသော အမင်္ဂလာ စကားများကို ရှေ့ကဖြတ်သန်း၍ ပြောကြားခြင်း
    what is inauspicious
    နာမ်