Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,261–1,280 of 2,515 words

    မ

    မေတ္တာမျှ

    [mèt̪t̪a̰àmr̯]
    တဦးနှင့် တဦး လီးနက်ရေ ချစ်ခင်မှုချင်း တူညီရေ။ တဦးနှင့်တဦး ချစ်ကြိုက်ကတ်တေ
    တစ်ဦးနှင့် တစ်ဦး လေးနက်သော ချစ်ခင်မှုချင်း တူညီသည်။ တစ်ဦးနှင့်တစ်ဦး ချစ်ကြိုက်ကြသည်
    enamour
    ကြိယာ

    မေတ္တာရပ်

    [mèt̪t̪a̰àɹaʔ]
    လူတိ၏ အလိုဆန္ဒ လိုက်လျောမှုကို ရယူစီရန် တောင်းပန်ရေ
    သူတစ်ပါး၏ အလိုဆန္ဒ လိုက်လျောမှုကို ရယူစေရန် တောင်းပန်သည်
    request
    ကြိယာ

    မေတ္တာလက်ဆောင်

    [mèt̪t̪a̰àlɛʔsʰàʊɴ]
    စေတနာ သဒ္ဓါတရား သတ်သတ်နန့် ပီးရေ အရာ။ မေတ္တာနှင့် ပီးရေ ဝန်။ ကျေးဇု တုံ့ပြန်ရေ့ အနိန်နန့်ပီးရေ ဝန်
    စေတနာ သဒ္ဓါတရား သက်သက်ဖြင့် ပေးသော အရာ။ မေတ္တာနှင့် ပေးသော ပစ္စည်း။ ကျေးဇူး တုံ့ပြန်သည့် အနေဖြင့်ပေးသော ပစ္စည်း
    complimentary gift
    နာမ်

    မေတ္တာသက်

    [mèt̪t̪a̰àθɛʔ]
    ဒုက္ခ ရောက်သူ တဦးတယောက် ကို စေတနာ စိတ်ဖြင့် ကရုဏာသက်ရေ။ ၂၊ ပီးကမ်း ချီးမြှောက်သည်
    ဒုက္ခ ရောက်သူ တစ်ဦးတစ်ယောက် အပေါ်တွင် စေတနာ စိတ်ဖြင့် ကရုဏာသက်သည်။ ၂၊ ပေးကမ်း ချီးမြှောက်သည်
    wish well
    ကြိယာ

    မေတ္တာဟိ

    [mèt̪t̪a̰àhì]
    ချစ်ခင်ရေ။ ချစ်ခင် လေးမြတ်သော စိတ် ရှီးရှုရေ
    ချစ်ခင်သည်။ ချစ်ခင် လေးမြတ်သော စိတ် ရှေးရှုသည်
    wish well
    ကြိယာ

    မေးနာ

    [ménà]
    ကာယ၊ ဉာဏဖြင့် လုပ်ကိုင်သော အလုပ်တစုံတရာအတွက် လနှင့်ပိုင်းခြား၍ လုပ်ခတန်ဖိုး သတ်မှတ်ပီးသော ငွီ။ တလစီမင်းမေးနာ၊ ငွီတရာကို မပြတ်ပီတုံကေလည်း (ဗမာချီ)။ အခ မေးနာ၊ သပြာငွီတပြားမျှ၊ မစားမယူပါ၊ လိုသရွိကို ထမ်းပိုးရွက်ဆောင်ရာမာ (ယင်း)
    ကာယ၊ ဉာဏဖြင့် လုပ်ကိုင်သော အလုပ်တစ်စုံတရာအတွက် လနှင့်ပိုင်းခြား၍ လုပ်ခတန်ဖိုး သတ်မှတ်ပေးသော ငွေ။ တလစီမင်းမေးနာ၊ ငွီတရာကို မပြတ်ပီတုံပါလျက် (ဗမာချီ)။ အခ မေးနာ၊ သပြာငွီတပြားမျှ၊ မစားမယူပါ၊ လိုသရွိကို ထမ်းပိုးရွက်ဆောင်ရာ၌ (၎င်း)
    fee
    နာမ်

    မေးနာ၂

    [ménà၂]
    လူတိ၏ အမှုကိစ္စ ပါးပါးချေကို လုပ်ကိုင်ဆောင်ရွက် ပီးရသူ။ အခိုင်းအစီ။ ကုလားကိုမေးနာ၊ မြန်မာကိုပြဒါး (ကော်)။ (ဒေနီရာမာ မေးနာ၏ အဓိပ္ပာယ်မာ အခိုင်းစီဟု အဓိပ္ပါယ် သက်ရောက်ရေ။ ကုလားသည် အခိုင်းစီခံ ဖြစ်တေ။
    သူတစ်ပါး၏ အမှုကိစ္စ အသေးအဖွဲကို လုပ်ကိုင်ဆောင်ရွက် ပေးရသူ။ အခိုင်းအစေ။ ကုလားကိုမေးနာ၊ မြန်မာကိုပြဒါး (ကော်)။ (ဤနေရာ၌ မေးနာ၏ အဓိပ္ပာယ်မှာ အခိုင်းစေဟု အဓိပ္ပါယ် သက်ရောက်သည်။ ကုလားသည် အခိုင်းစေခံ ဖြစ်သည်။
    servant
    နာမ်

    မေပြုထိုင်

    [mèpɹoʊtʰàɪɴ]
    ဒူးဆစ်နှစ်ဘက်ကို ချခွေ၍ ခြေနှစ်ဘက်ကို တင်သားဆုံဖီး၌ ထားဗျာယ် ထိုင်ရေ။ မမာ့ထိုင် ထိုင်သည်
    ဒူးဆစ်နှစ်ဘက်ကို ချခွေ၍ ခြေနှစ်ဘက်ကို တင်ပါးဆုံဘေး၌ ထားလျက် ထိုင်သည်။ မိန်းမထိုင် ထိုင်သည်
    sit
    ကြိယာ

    မေမေ

    [mèmè]
    ၁၊ မောင်ထွီး၊ ညီမငယ်ရို့က အစ်မအား ခေါ်ဝေါ်သော အာလုပ်စကားလုံး။ (တချို့ မိခင်အားလည်း (မေမေ) ခေါ်ကတ်တေ။
    ၁၊ မောင်ငယ်၊ ညီမငယ်တို့က အစ်မအား ခေါ်ဝေါ်သော အာလုပ်စကားလုံး။ (အချို့ မိခင်အားလည်း (မေမေ) ခေါ်ကြသည်။
    sister
    နာမ်

    မေးမေ

    [mémè]
    မောင်က အစ်မအား ခေါ်သော အာလုပ်စကားလုံး
    မောင်က အစ်မအား ခေါ်သော အာလုပ်စကားလုံး
    sister
    နာမ်

    မေမွှီးသျှင်

    [mèmW̯ïʃɪ̀ɴ]
    လင်၊ ကိုယ့်လင်ကို ဗွေယူပနာ ယိုင်ကျေးပနာ ပြောဆိုရေ စကား။ ဂမုန်းပန်းပင်၊ မေမွှီးသျှင်နှင့်၊ မကြင်ပါရ (ထာနု)။ သျှင်ထွီးမူးမှိုင်၊ ယပ်တောင်ကိုင်လေ၊ ပျောင်းယိုင်ကာခွီ၊ မေမွှီးသျှင်ကြံမတတ်လေ (ဗျာရတု)
    လင်၊ မိမိလင်ကို အလေးထား၍ ယဉ်ကျေးစွာ ပြောဆိုသော စကား။ ဂမုန်းပန်းပင်၊ မေမွှီးသျှင်နှင့်၊ မကြင်ပါရ (ထာနု)။ သျှင်ထွီးမူးမှိုင်၊ ယပ်တောင်ကိုင်လေ၊ ပျောင်းယိုင်ကာခွီ၊ မေမွှီးသျှင်ကြံမတတ်လေ (ဗျာရတု)
    husband
    နာမ်

    မေရု

    [mèɹoʊ]
    စကြာဝဠာ ကျွန်းကြီးလီးကျွန်း၏ အလယ်ဗဟိုဟိ ယူဇနာသျှစ်သောင်း လေးထောင်မြင့်သော တောင်ကြီး။ မြင့်မိုရ်တောင်။ (ပါ
    စကြာဝဠာ ကျွန်းကြီးလေးကျွန်း၏ အလယ်ဗဟိုယှိ ယူဇနာရှစ်သောင်း လေးထောင်မြင့်သော တောင်ကြီး။ မြင့်မိုရ်တောင်။ (ပါ
    none
    နာမ်

    မော

    [mɔ́]
    ကိုယ်စိတ် ပင်ပန်းပနာ အင်အား ကုန်ခမ်းမှု ဖြစ်တေ။ ငါမဆက်နိုင် မောရေ (အရပ်)။ ၂၊ လေမရှူနိုင်ပဲ အာရုံသတိ ကင်းကွာရေ။ လီမငင်ကေ၊ သက်လျှင်မရှူ၊ သီမည်သွင်သို့၊ ဘဝင် ဇောဖြင့်၊ မောတော်မူကေ (ကော်)
    ကိုယ်စိတ် ပင်ပန်း၍ အင်အား ကုန်ခမ်းမှု ဖြစ်သည်။ ငါစကားမပြောနိုင် မောရေ (အရပ်)။ ၂၊ လေမရှူနိုင်ပဲ အာရုံသတိ ကင်းကွာသည်။ လီမငင်ကေ၊ သက်လျှင်မရှူ၊ သီမည်သွင်သို့၊ ဘဝင် ဇောဖြင့်၊ မောတော်မူကေ (ကော်)
    tired
    ကြိယာ

    မော့

    [mɔ̰]
    အထက်ကို မျက်နှာ မူရေ။ ၂၊ အမြင့်ကို အဂေါင်း မော်ကြည့်ရေ
    အပေါ်သို့ မျက်နှာ မူသည်။ ၂၊ အမြင့်သို့ ဦးခေါင်း မော်ကြည့်သည်
    look up
    ကြိယာ

    မော၂

    [mɔ́၂]
    လွန်ကဲခြင်းကို ဖော်ပြသော ကြိယာစကားလုံး။ လက်ဝတ်လက်စားနန့် မောင်လှကို မြင်ခီရေခါ အံဩလို့မဆုံး မောလားခရေ (အရပ်)
    လွန်ကဲခြင်းကို ဖော်ပြသော ကြိယာစကားလုံး။ လက်ဝတ်လက်စားနန့် မောင်လှကို မြင်ခီရေခါ အံဩလို့မဆုံး မောလားခရေ (အရပ်)
    tired
    ပစ္စည်း

    မောက္ကတူး

    [mɔ́kə́kətùး]
    ရှီးခေတ် ရခိုင်မင်းများ လက်ထက်က ရီတပ် စစ်ဆင်ရာမာ အသုံးပြုရေ လောင်းကြီးတမျိုး။ ရီကြောင်းစုံပေ၊ ချီကျင်လေသော်၊ ခေါ်ထွေမာမြောက်၊ စကူးရောက်သော်၊ မောက္ကတူးပေ၊ ဂေါ်ဒူလောင်းကို၊ ကျော်ထွေးကြွီးဟစ်၊ ပြောင်းနှင့်ပစ်သော် (ရခိုင်ကာ)
    ရှေးခေတ် ရခိုင်မင်းများ လက်ထက်က ရေတပ် စစ်ဆင်ရာ၌ အသုံးပြုသော လှေကြီးတစ်မျိုး။ ရီကြောင်းစုံပေ၊ ချီကျင်လေသော်၊ ခေါ်ထွေတွင်မြောက်၊ စကူးရောက်သော်၊ မောက္ကတူးပေ၊ ဂေါ်ဒူလှေကို၊ ကျော်ထွေးကြွေးဟစ်၊ ပြောင်းနှင့်ပစ်သော် (ရခိုင်ကာ)
    boat
    နာမ်

    မောက္ကလာကျီထိုး

    [mɔ́kə́kəlàt͡ɕítʰó]
    ပိုလွန် များပြားစွာ။ (မောက္ကလာချီထိုး လို့လေ့ သုံးရေ။
    ပိုလွန် များပြားစွာ။ (မောက္ကလာချီထိုး ဟုလည်း သုံးသည်။
    heaped
    ကြိယာဝိသေသန

    မောက္ကလာကျီထိုး၂

    [mɔ́kə́kəlàt͡ɕítʰó၂]
    စာပီ အဖွဲ့အနွဲ့၌ အပိုအမို အလွန်အကျွံ ချဲ့ထွင်၍ (ဂုဏ်တင်) ရီးဖွဲ့ရာမာ သုံးသော စကားလုံး။ ဝတ္တုဆင်ခြီ၊ မောက္ကလီကျီထိုး၊ စကားမျိုးလည်း၊ အဖိုးမတန် (ပဒ)
    စာပေ အဖွဲ့အနွဲ့၌ အပိုအမို အလွန်အကျွံ ချဲ့ထွင်၍ (ဂုဏ်တင်) ရေးဖွဲ့ရာ၌ သုံးသော စကားလုံး။ ဝတ္တုဆင်ခြီ၊ မောက္ကလီကျီထိုး၊ စကားမျိုးလည်း၊ အဖိုးမတန် (ပဒ)
    none
    ကြိယာဝိသေသန

    မောက်

    [mɔ́ɛʔ]
    ပြည့်ရွှန်ပိုပြီးကေသော။ တင်းမောက် ပြည့်ဖြိုး မြင့်တက်သော
    ပြည့်လျှံပိုမိုသော။ တင်းမောက် ပြည့်ဖြိုး မြင့်တက်သော
    heaped
    နာမဝိသေသန

    မောက်၂

    [mɔ́ɛʔ၂]
    ကြားဝင့်ရေ။ ထောင်လွှား မောက်မာသည်
    ကြားဝင့်သည်။ ထောင်လွှား မောက်မာသည်
    heaped
    ကြိယာ