Dictionary Entries
Showing 1,301–1,320 of 2,515 words
မ
မောင်း၄
[máʊɴ၄]
Arakanese:
အလယ်၌ အဂုံးပုပါရေ ဝိုင်းချပ်၍ အနားကုပ်ဗျာယ် ငွီ၊ ကြီးအစဟိစွာအနိန်နန့် သွန်းလုပ်ထားရေ အသံမြည်အောင် တီးခတ်ရရေ ဝန်။ ၂၊ မောင်းအတိကို အကြီး၊ အချေ သံစည်အလိုက် တွဲထားရေ တူရိယာ။ အိန္ဒိယနိုင်ငံသုံး အချိန်အတွယ် တမျိုး။ (ရခိုင်သိုက် ၄၀ တမောင်း၊ တမောင်းသည် မြ
Burmese:
အလယ်၌ အခုံးပုပါသော ဝိုင်းချပ်၍ အနားကုပ်လျက် ငွေ၊ ကြေးစသည်ဖြင့် သွန်းလုပ်ထားသော အသံမြည်အောင် တီးခတ်ရသော ပစ္စည်း။ ၂၊ မောင်းအများကို အကြီး၊ အငယ် သံစည်အလိုက် တွဲထားသော တူရိယာ။ အိန္ဒိယနိုင်ငံသုံး အချိန်အတွယ် တစ်မျိုး။ (ရခိုင်သိုက် ၄၀ တစ်မောင်း၊ တစ်မောင်းသည် မြ
English:
gong
Grammar Note:
နာမ်
မောင်းကာ
[máʊɴkà]
Arakanese:
အိမ်၊ ကျောင်း အစဟိစွာ့ အဆောက်အအုံရို့၏ ဖီးဖက်မာ ကပ်မြှောင် မှီဆွယ်၍ ဆောက်လုပ်ထားရေ အဆောင်ငယ်
Burmese:
အိမ်၊ ကျောင်း စသည့် အဆောက်အအုံတို့၏ ဘေးဘက်တွင် ကပ်မြှောင် မှီဆွယ်၍ ဆောက်လုပ်ထားသော အဆောင်ငယ်
English:
penthouse
Grammar Note:
နာမ်
မောင်းကျောက်တံ
[máʊɴt͡ɕɔ́ɛʔtံ]
Arakanese:
သေနပ်ကို မောင်းတင် ပြီးကေ တင်ထားရေ မောင်းကို ရိုက်စီရန် ဆွဲဖြုတ်ရရေ လက်ဆွဲ ခလုတ်တံ
Burmese:
သေနပ်ကို မောင်းတင် ပြီးနောက် တင်ထားသော မောင်းကို ရိုက်စေရန် ဆွဲဖြုတ်ရသော လက်ဆွဲ ခလုတ်တံ
English:
lever
Grammar Note:
နာမ်
မောင်ကြီ
[màʊɴt͡ɕí]
Arakanese:
တမိသားချင်းရို့အနက် အသက်ငယ်သော မမာ့ချေက အသက်ကြီးရေ မောင်အကြီးဆုံးအား မြတ်နိုးစွာ ခေါ်မာသော အာလုပ် စကား။ မောင်ကြီးသျှင်သျှင် - လာရေ (ခေတ်သစ်တေး)
Burmese:
တစ်မိသားချင်းတို့အနက် အသက်ငယ်သော မိန်းမလေးက အသက်ကြီးသော မောင်အကြီးဆုံးအား မြတ်နိုးစွာ ခေါ်တွင်သော အာလုပ် စကား။ မောင်ကြီးသျှင် - လာရေ (ခေတ်သစ်တေး)
English:
brother
Grammar Note:
နာမ်
မောင်းကြောငုပ်
[máʊɴt͡ɕɔ́ŋoʊʔ]
Arakanese:
လက်ပြင်၌ အထဲအကြော တခုတရီ လွဲခြင်းကြောင့် လှုပ်ရှားတိုင်း နာကြင်သည်
Burmese:
လက်ပြင်၌ အတွင်းအကြော တစ်စုံတစ်ရာ လွဲခြင်းကြောင့် လှုပ်ရှားတိုင်း နာကျင်သည်
English:
hurt
Grammar Note:
ကြိယာ
မောင်းကွတ်
[máʊɴkwaʔ]
Arakanese:
မွန်ဂိုလီယား လူမျိုးကို ခေါ်သော အမည်။ ကျားအိုရုပ်ကို၊ ပေါင်ဖလည်းဝတ်၊ မောင်းကွတ်ရုပ်သွင်၊ (ထာမရာဖွဲ့)။ မြင်းစီး မောင်းကွတ်က၊ မီးကန့်ကူစိခေါ်၊ လက်နက်ကျော်ကို၊ လျင်စွာဆောင်ယူခလော (ဗမာချီ)
Burmese:
မွန်ဂိုလီယား လူမျိုးကို ခေါ်သော အမည်။ ကျားအိုရုပ်ကို၊ ဘောင်းဘီလည်းဝတ်၊ မောင်းကွတ်ရုပ်သွင်၊ (ထာမရာဖွဲ့)။ မြင်းစီး မောင်းကွတ်က၊ မီးကျောက်တံခေါ်၊ လက်နက်ကျော်ကို၊ လျင်စွာဆောင်ယူခလော (ဗမာချီ)
English:
none
Grammar Note:
နာမ်
မောင်းခတ်
[máʊɴkʰaʔ]
Arakanese:
တီးမောင်း၏ အလယ်ဖုကို အဝတ်ချာည်း ရိုက်တံဖြင့် ရိုက်ခတ်ရေ။ နီရာအနှံအပြား ဖ ကြော်ငြာသည်
Burmese:
တီးမောင်း၏ အလယ်ဖုကို အဝတ်စည်း ရိုက်တံဖြင့် ရိုက်ခတ်သည်။ နေရာအနှံအပြား လဲလှယ် ကြော်ငြာသည်
English:
proclaim by striking of a gong[fig.] spread news by word of mouth
Grammar Note:
ကြိယာ
မောင်းချဒါး
[máʊɴɕdàး]
Arakanese:
ဒါးအလက်ကို မောင်းပိုင် အရိုးထဲ သွင်းခေါက်ချိုး နှိုင်ရေ ဒါးငယ်တမျိုး
Burmese:
ဒါးအလက်ကို မောင်းကဲ့သို့ အရိုးထဲ သွင်းခေါက်ချိုး နိုင်သော ဒါးငယ်တစ်မျိုး
English:
penknife
Grammar Note:
နာမ်
မောင်းခွက်
[máʊɴkʰwɛʔ]
Arakanese:
သစ်သားကိုသော် ပင်ဖြစ်ဖြစ်၊ ကျောက်တုံးကိုသော် ပင်ဖြစ်ဖြစ်၊ မောင်းဆုံခွတ်ရန် ထွင်းထားရေ အချိုင့်
Burmese:
သစ်သားကိုသော် လည်းကောင်း၊ ကျောက်တုံးကိုသော် လည်းကောင်း၊ မောင်းဆုံလုပ်ရန် ထွင်းထားသော အချိုင့်
English:
mortar
Grammar Note:
နာမ်
မောင်ဇာ
[màʊɴzà]
Arakanese:
ကိုယ့်ကိုယ်ကို ညွှန်ပြသော စကားလုံး။ မောင်ဇာ ကိုယ်ခြည်း၊ လုံးချင်းတည်း (ဓမ္မက)
Burmese:
မိမိကိုယ်ကို ညွှန်ပြသော စကားလုံး။ မောင်ဇာ ကိုယ်ချည်း၊ လုံးချင်းတည်း (ဓမ္မက)
English:
I
Grammar Note:
နာမဝိသေသန
မောင်ညို
[màʊɴɲÒ]
Arakanese:
မွီးဖွားထားရေ ကျေးသား (မောင်ညို)ငယ်ကို ချစ်စနိုးဖြင့် ခေါ်သော စကား
Burmese:
မွေးဖွားထားသော ကျေးသား (ကြက်တူရွေး)ငယ်ကို ချစ်စနိုးဖြင့် ခေါ်သော စကား
English:
the name of parrot
Grammar Note:
နာမ်
မောင်းညှပ်
[máʊɴɲ̯aʔ]
Arakanese:
မောင်းအဂေါင်းပိုင်း မယမ်းမခါစီရန် မောင်းတုံးတဖက် တချက်မာ စိုက်ထားရေ အထိန်းတိုင်
Burmese:
မောင်းဦးခေါင်းပိုင်း မယမ်းမခါစေရန် မောင်းတုံးတစ်ဘက် တစ်ချက်တွင် စိုက်ထားသော အထိန်းတိုင်
English:
safety catch
Grammar Note:
နာမ်
မောင်းတင်
[máʊɴtɪ̀ɴ]
Arakanese:
သေနပ်၊ ဒူးလေး စစွာကို ပစ်ခတ်ရန် မောင်းခလုတ်ကို အသင့် ပြင်ဆင်ထားရေ။ ၂၊ (ဥပစာ) တခုတရီ ပြောဆိုဖို့ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးကို အသင့်ပြင်ဆင် မာန်တင်းထားရေ။ အားခဲထားရေ
Burmese:
သေနပ်၊ ဒူးလေး စသည်ကို ပစ်ခတ်ရန် မောင်းခလုတ်ကို အသင့် ပြင်ဆင်ထားသည်။ ၂၊ (ဥပစာ) တစ်စုံတစ်ခု ပြောဆိုရန် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးကို အသင့်ပြင်ဆင် မာန်တင်းထားသည်။ အားခဲထားသည်
English:
cock (firearm cross-bow) - prime (oneself) for action
Grammar Note:
ကြိယာ
မောင်းတလင်း
[máʊɴtlɪ́ɴ]
Arakanese:
အဆောက် အအုံမာ ဥပစာ အမိုးအထဲ။ (တနည်း) ယင်းမာ ပျိုင်စီ နိမ့်မြင့် အဆင့်အဖြစ် ပြုလုပ်ထားရေ အရာ
Burmese:
အဆောက် အအုံတွင် ဥပစာ အမိုးအတွင်း။ (သို့မဟုတ်) ယင်းတွင် ကြမ်းခင်း နိမ့်မြင့် အဆင့်အဖြစ် ပြုလုပ်ထားသော အရာ
English:
none
Grammar Note:
နာမ်
မောင်းတဟီးဟီး
[máʊɴthïhï]
Arakanese:
မောင်းတဒူဒူ တီးခတ်ရေ။ ရဲလို့တွီးပနာထွေးကေ၊ ရဲအောင်လံနှင့်၊ အောင်သံ မောင်းကြီး၊ တဟီးဟီးကေ၊ ခတ်တီးအောင်စည် ကျူးရင့်ပေ၍ (ကော်)
Burmese:
မောင်းတဒူဒူ တီးခတ်သည်။ နီထွေးထွေးကေ၊ ရဲအောင်လံနှင့်၊ အောင်သံ မောင်းကြီး၊ တဟီးဟီးကေ၊ ခတ်တီးအောင်စည် ကျူးရင့်ပေ၍ (ကော်)
English:
strike a gong
Grammar Note:
ကြိယာ
မောင်းတီး
[máʊɴtï]
Arakanese:
တီးမောင်း၏ အလယ်ဖုကို အဝတ်ချာည်း ရိုက်တံဖြင့် ရိုက်ခတ်သည်
Burmese:
တီးမောင်း၏ အလယ်ဖုကို အဝတ်စည်း ရိုက်တံဖြင့် ရိုက်ခတ်သည်
English:
strike a gong
Grammar Note:
ကြိယာ
မောင်းတုံး
[máʊɴtóʊɴ]
Arakanese:
ဆန်ဖွပ်သော မောင်း၏ အမာခံ ကိုယ်ထည် တချောင်း
Burmese:
ဆန်ဖွပ်သော မောင်း၏ အမာခံ ကိုယ်ထည် တစ်ချောင်း
English:
boom
Grammar Note:
နာမ်
မောင်တော်တမ်းအလွမ်းပြေ
[màʊɴtɔ̀táɴʔlʊ̀ɴpɹè]
Arakanese:
ရခိုင်လုံချီ တမျိုး၏ အမည်။ မောင်တော်တမ်း၊ အလွမ်းပြေ (တေး)
Burmese:
ရခိုင်လုံချီ တစ်မျိုး၏ အမည်။ မောင်တော်တမ်း၊ အလွမ်းပြေ (တေး)
English:
Arakan-Rakhine longyi
Grammar Note:
နာမ်
မောင်းထိမောင်းထောင်
[máʊɴtʰìmáʊɴtʰàʊɴ]
Arakanese:
တဖက်ကို စောင်းပြီးကေ။ ၂၊ မညီမညာ အနိမ့်အမြင့် ဟိသောအနိန်နန့်
Burmese:
တစ်ဘက်သို့ စောင်းလျက်။ ၂၊ မညီမညာ အနိမ့်အမြင့် ယှိသော အားဖြင့်
English:
none
Grammar Note:
ကြိယာဝိသေသန
မောင်းထုတ်
[máʊɴtʰoʊʔ]
Arakanese:
နီရာမှ ရွိ ထွက်ခွာအောင် နှင်ရွှတ်ရေ။ ထွက်ဗြီး လားလီသည်
Burmese:
နေရာမှ ရွေ့လျား ထွက်ခွာအောင် နှင်လွှတ်သည်။ ထွက်ပြေး သွားစေသည်
English:
run away
Grammar Note:
ကြိယာ