Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,321–1,340 of 2,515 words

    မ

    မောင်းထောင်

    [máʊɴtʰàʊɴ]
    တဖက်ကို စောင်းပြီးကေ ထောင်ဗျာယ်
    တစ်ဘက်သို့ စောင်းလျက် ထောင်လျက်
    none
    ကြိယာဝိသေသန

    မောင်းထောင်း

    [máʊɴtʰáʊɴ]
    မြေမြုပ် ဆုံ၌ ဆန်၊ စပါး အစဟိစွာ့ကို ဖြူစီရန်။ အခွံကျွတ်စီရန်၊ မုန့်ညက်စီရန်၊ တမျိုးမျိုး ပြုလုပ်ရေ
    မြေမြုပ် ဆုံ၌ ဆန်၊ စပါး စသည့်ကို ဖြူစေရန်။ အခွံကျွတ်စေရန်၊ မုန့်ညက်စေရန်၊ တစ်မျိုးမျိုး ပြုလုပ်သည်
    use a rice pounder to polish rice
    ကြိယာ

    မောင့်ထောင့်ဖီလာ

    [ma̰ʊɴtʰa̰ʊɴpʰílà]
    မိုက့်ထောင့်ဖလာ အမြင်ကတ်ရေ။ မကြည့်ချင် မမြင်ချင် ဖြစ်တေ။ ၂၊ နှောက်ယှက်ရေ။ လူဟိက ဇရက်မောက်တင့်ဖီလာ အမြင်ကတ်ဖို့ကောင်းရေ (အရပ်)
    မှောင့်ထောင့်ဖလာ အမြင်ကတ်သည်။ မကြည့်ချင် မမြင်ချင် ဖြစ်သည်။ ၂၊ နှောက်ယှက်သည်။ လူရှိက မောက်ထောင့်ဖီလာ အမြင်ကတ်ဖို့ကောင်းရေ (အရပ်)
    hate the sight of
    ကြိယာ

    မောင်းနင်း

    [máʊɴnɪ́ɴ]
    မြေမြုပ် ဆုံမာ ဆန်၊ စပါး စစွာကို ဖြူစီရန်၊ အခွံကျွတ်စီရန်၊ မုန့်ညက်စီရန်၊ မောင်းတံ အဖျားကို ခြေဖြင့် နင်းသည်
    မြေမြုပ် ဆုံတွင် ဆန်၊ စပါး စသည်ကို ဖြူစေရန်၊ အခွံကျွတ်စေရန်၊ မုန့်ညက်စေရန်၊ မောင်းတံ အဖျားကို ခြေဖြင့် နင်းသည်
    use a rice pounder to polish rice
    ကြိယာ

    မောင်းနင်းကောင်

    [máʊɴnɪ́ɴkàʊɴ]
    မြေမြှုပ်ဆုံမာ ဆန်၊ စပါး ထောင်းပိုင် နောက်ခြေ နှစ်ချောင်းကို တဖက်တချက်စီ ကြွခြည်ကျခြည် ပြုရေ နှံကောင်တမျိုး
    မြေမြှုပ်ဆုံတွင် ဆန်၊ စပါး ထောင်းသကဲ့သို့ နောက်ခြေ နှစ်ချောင်းကို တစ်ဘက်တစ်ချက်စီ ကြွချည်ကျချည် ပြုသော နှံကောင်တစ်မျိုး
    grasshopper
    နာမ်

    မောင်းနင်းမ

    [máʊɴnɪ́ɴm]
    (ငှက်) ပတုံးရှည် အထက်အောက် အမြဲ လှုပ်ရှားနီတတ်၍ ရေစပ် မြက်တောမာ ကျက်စားလေ့ဟိသော ပိုးမွှားစား ငှက်ငယ် တမျိုး
    (ငှက်) အမြီးရှည် အထက်အောက် အမြဲ လှုပ်ရှားနေတတ်၍ ရေစပ် မြက်တောတွင် ကျက်စားလေ့ယှိသော ပိုးမွှားစား ငှက်ငယ် တစ်မျိုး
    bird
    နာမ်

    မောင်နန့်မေ

    [màʊɴnàɴ့mè]
    လင်မယား။ ကြင်ဖေါ်ကြင်ဖက်
    လင်မယား။ ကြင်ဖေါ်ကြင်ဖက်
    sprout
    နာမ်

    မောင်နှမ

    [màʊɴn̥m]
    တမိသားချင်းများမာ ကလိန့်မေသျှေနှင့် ကလေသျှေရို့ အပြန်အလှန် တော်စပ်ပုံ
    တစ်မိသားချင်းများတွင် မိန်းကလေးနှင့် ယောက်ျားကလေးတို့ အပြန်အလှန် တော်စပ်ပုံ
    brother and sister
    နာမ်

    မောင်းပိုင်း(အင်္ကျီ)

    [máʊɴpáɪɴ(ʔŋ̇karí)]
    လက်မောင်းဝက် (တန်းတောင်) အထိသာ ဖုံးသော အင်္ကျီ
    လက်မောင်းဝက် (တံတောင်ဆစ်) အထိသာ ဖုံးသော အင်္ကျီ
    vest
    နာမ်

    မောင်းပုန်

    [máʊɴpòʊɴ]
    စိကေချေ ထိခိုက်ရုံမျှဖြင့် ကြီးမားစွာသော အင်အားရိုက်ကန် တွန်းထွက် တတ်ရေ
    အနည်းငယ် ထိခိုက်ရုံမျှဖြင့် ကြီးမားစွာသော အင်အားရိုက်ကန် တွန်းထွက် တတ်သော
    none
    နာမဝိသေသန

    မောင်းပြတ်

    [máʊɴpɹaʔ]
    လက်မောင်းအုံ မပါ ပက်ခုံးအထိသာ ဖုံးအုပ်သော အင်္ကျီ။ (ထိုးအင်္ကျီလက်ပြတ်၊ မမာ့ဝတ်လက်ပြတ်ပိုင်။
    လက်မောင်းအုံ မပါ ပခုံးအထိသာ ဖုံးအုပ်သော အင်္ကျီ။ (စွပ်ကျယ်လက်ပြတ်၊ မိန်းမဝတ်လက်ပြတ်ကဲ့သို့။
    vest
    နာမ်

    မောင်းပြန်

    [máʊɴpɹàɴ]
    ဆထက်တပိုး ထပ်ပြန်ဗျာယ်။ ၂၊ မူလလျော်ကြီးကို ပေါင်းပနာ နောက်ထပ် ထပ်လီာင်းသောအနိန်နန့်
    ဆထက်တပိုး ထပ်ပြန်လျက်။ ၂၊ မူလလျော်ကြေးကို ပေါင်း၍ တဖန် ထပ်လောင်းသော အားဖြင့်
    twice bet
    ကြိယာဝိသေသန

    မောင်းပြုတ်

    [máʊɴpɹoʊʔ]
    လက်မောင်းအုံ မပါ ပက်ခုံးအထိသာ ဖုံးအုပ်သော အင်္ကျီ။ (ထိုးအင်္ကျီလက်ပြတ်၊ မမာ့ဝတ်လက်ပြတ်ပိုင်။) ခါးကပေါင်ဖ၊ အင်္ကျီမောင်းပြုတ်၊ ဂွမ်းဝထုပ်နှင့် (ဂုတ္တိလ)
    လက်မောင်းအုံ မပါ ပခုံးအထိသာ ဖုံးအုပ်သော အင်္ကျီ။ (စွပ်ကျယ်လက်ပြတ်၊ မိန်းမဝတ်လက်ပြတ်ကဲ့သို့။) ခါးကဘောင်းဘီ၊ အင်္ကျီမောင်းပြုတ်၊ ဂွမ်းဦးထုပ်နှင့် (ဂုတ္တိလ)
    vest
    နာမ်

    မောင်းဖျား

    [máʊɴpʰrá]
    လက်မောင်းရင်းမှ လက်ကောက်ဝတ်ထိ၊ အစိတ်အပိုင်း
    လက်မောင်းရင်းမှ လက်ကောက်ဝတ်ထိ၊ အစိတ်အပိုင်း
    arm
    နာမ်

    မောင်ဖွား

    [màʊɴpʰWà]
    တမိသားချင်းရို့အနက် ကလိန့်မေသျှေက ကလေသျှေကို အမျိုးတော်ပုံ
    တစ်မိသားချင်းတို့အနက် မိန်းကလေးက ယောက်ျားကလေးကို ဆွေမျိုးတော်စပ်ပုံ
    brother
    နာမ်

    မောင်းမ

    [máʊɴm]
    နန်းဆောင်မရရေ မိဖုရားငယ်။ ၂၊ မင်းမိဖုရား အစဟိစွာရို့၏ အစီအပါး အမှုထမ်းဖြစ်ရေ နန်းမားအပျိုတော်
    နန်းဆောင်မရသော မိဖုရားငယ်။ ၂၊ မင်းမိဖုရား စသည်တို့၏ အစေအပါး အမှုထမ်းဖြစ်သော နန်းတွင်းအပျိုတော်
    lesser wife
    နာမ်

    မောင်းမမိဿံ

    [máʊɴmmìðံ]
    မင်း၊ မိဖုရားရို့၏ အခြွီအရံ၊ နန်းမားအလုပ်ကို ဆောင်ရွက်သော အမှုလုပ် မမာ့များ။ အကျွန်ဂုမ္မ၊ ခြွီရံသင်းပင်းများနှင့်၊ ပျော်ပါးအောင်၊ ထားပါဖို့
    မင်း၊ မိဖုရားတို့၏ အခြွေအရံ၊ နန်းတွင်းအလုပ်ကို ဆောင်ရွက်သော အမှုလုပ် မိန်းမများ။ မောင်းမမိဿံ၊ ခြွေရံသင်းပင်းများနှင့်၊ ပျော်ပါးအောင်၊ ထားပါမည်
    lesser wife
    နာမ်

    မောင်မေတူစုံ

    [màʊɴmètùsòʊɴ]
    လင်မယားအစုံ။ ၂၊ ကလေသျှေနှင့် ကလိန့်မေသျှေရို့ကို တတူတကွ ရည်ညွှန်း သုံးနှုန်းသော စကား။ မောင်မေတူစုံ၊ တယောက်မျက်နှာ၊ တယောက်ကြည့်ကာ
    လင်မယားအစုံ။ ၂၊ ယောက်ျားကလေးနှင့် မိန်းကလေးတို့ကို အတူတကွ ရည်ညွှန်း သုံးနှုန်းသော စကား။ မောင်မေတူစုံ၊ တယောက်မျက်နှာ၊ တယောက်ကြည့်ကာ
    husband and wife
    နာမ်

    မောင်မောင်

    [màʊɴmàʊɴ]
    တမိသားချင်းအနက် ကလိန့်မေသျှေက (မိမ၏ မောင်ကို) ချစ်စနိုးဖြင့် ခေါ်ဝေါ်သော အာလုပ် စကားလုံး
    တစ်မိသားချင်းအနက် မိန်းကလေးက (မိမ၏ မောင်ကို) ချစ်စနိုးဖြင့် ခေါ်ဝေါ်သော အာလုပ် စကားလုံး
    brother
    နာမ်

    မောင်းမောင်

    [máʊɴmàʊɴ]
    နှမကမောင်ကို ချစ်စနိုးဖြင့် ခေါ်သော အာလုပ်စကား။ ၂၊ တယောက်တလီ ရင်းနှီးသော သူအား ပြောဆိုသုံးနှုန်းသော စကား။ ညဉ့်သိုင်ခေါင်၊ မိုက်ထဲ လက်ဖျားဆဲတဲ့၊ အိုမောင်းမောင်၊ ဘားဘာသိမည်၊ ယှောင်ယှောင် (ဇမ်း)
    နှမကမောင်ကို ချစ်စနိုးဖြင့် ခေါ်သော အာလုပ်စကား။ ၂၊ တစ်စုံတစ်ယောက် ရင်းနှီးသော သူအား ပြောဆိုသုံးနှုန်းသော စကား။ ညဉ့်သိုင်ခေါင်၊ မှောင်မိုက်ထဲ လက်ဖျားဆဲတဲ့၊ အိုမောင်းမောင်၊ ဘားဘာသိမည်၊ ယှောင်ယှောင် (ဇမ်း)
    none
    နာမ်