Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,341–1,360 of 2,515 words

    မ

    မောင်မောင်၂

    [màʊɴmàʊɴ၂]
    ယောက်ျား တယောက်ယောက်ကို ယုယစွာ ချော့မြူ မြှောက်စားရေ။ တောင်းပန် ခယသည်
    ယောက်ျား တစ်စုံတစ်ဦးကို ယုယစွာ ချော့မြူ မြှောက်စားသည်။ တောင်းပန် ခယသည်
    request
    ကြိယာ

    မောင်းမောင်းထောင်

    [máʊɴmáʊɴtʰàʊɴ]
    တင်းခွန်၊ အလံ စစွာကို တိုင်အစဟိစွာမာ တပ်ပြီးကေ မတ်မတ် စိုက်ထောင်ရေ။ လွင့်ထူရေ။ မေထွီးချစ်မောင်၊ ရဲတင်းခွန်နှင့် အလံကောင်းကို၊ မောင်းမောင်းထောင်လို့ (ကော်)
    တံခွန်၊ အလံ စသည်ကို တိုင်စသည်တွင် တပ်၍ မတ်မတ် စိုက်ထောင်သည်။ လွင့်ထူသည်။ မေထွီးချစ်မောင်၊ ရဲတံခွန်နှင့် အလံကောင်းကို၊ မောင်းမောင်းထောင်လို့ (ကော်)
    fly a flag
    ကြိယာ

    မောင့်မောင့်မာမာ

    [ma̰ʊɴma̰ʊɴmàmà]
    ရောဂါ ကင်းရေ။ နေကောင်းရေ။ အီသာရေ။ ၂၊ (အနာကင်းသနန့်) သန်မာ တောင့်တင်းရေ။ အကျွန်ရို့ အိမ်မာ အားလုံး မောက်မောက်မာမာပါရာ (အရပ်)
    ရောဂါ ကင်းသည်။ နေကောင်းသည်။ အီသာသည်။ ၂၊ (အနာကင်းသဖြင့်) သန်မာ တောင့်တင်းသည်။ အကျွန်ရို့ အိမ်မှာ အားလုံး မောက်မောက်မာမာပါရာ (အရပ်)
    be in good health
    ကြိယာ

    မောင်းမောင်သျှေ

    [máʊɴmàʊɴʃè]
    ကိုယ့်အောက် ငယ်သော မောင်ထွီးအား ခေါ်သော အာလုပ်စကား
    မိမိအောက် ငယ်သော မောင်ငယ်အား ခေါ်သော အာလုပ်စကား
    brother
    နာမ်

    မောင်မွှီးသီး

    [màʊɴmW̯ïθï]
    အသီးအခွံ ကြမ်းထူး၍ အမြှောင့် ထင်ရှားသော ဖွံ့ဖြိုးသည့် နပျိုးသီး တမျိုး
    အသီးအခွံ ကြမ်းထူး၍ အမြှောင့် ထင်ရှားသော ဖွံ့ဖြိုးသည့် ငှက်ပျောသီး တစ်မျိုး
    banana
    နာမ်

    မောင်းယပ်

    [máʊɴjaʔ]
    အိမ်၊ ကျောင်း အစဟိစွာ့ အဆောက်အအုံရို့၏ ဖီးဖက်မာ အဆောင်ငယ်
    အိမ်၊ ကျောင်း စသည့် အဆောက်အအုံတို့၏ ဘေးဘက်တွင် အဆောင်ငယ်
    penthouse
    နာမ်

    မောင်းယပ်ချ

    [máʊɴjaʔɕ]
    အိမ်၊ ကျောင်း အစဟိစွာ့ အဆောက်အအုံရို့၏ ဖီးဖက်မာ ကပ်မြှောင် မှီဆွယ်၍ အဆောင်ငယ် ပြုလုပ်ရေ
    အိမ်၊ ကျောင်း စသည့် အဆောက်အအုံတို့၏ ဘေးဘက်တွင် ကပ်မြှောင် မှီဆွယ်၍ အဆောင်ငယ် ပြုလုပ်သည်
    penthouse
    ကြိယာ

    မောင်းယပ်ဆွဲ

    [máʊɴjaʔsʰwɛ]
    အိမ်၊ ကျောင်း စရေ အဆောက်အအုံရို့၏ ဖီးဖက်မာ ကပ်မြှောင် မှီဆွယ်၍ အဆောင်ငယ် ပြုလုပ်ရေ
    အိမ်၊ ကျောင်း စသည့် အဆောက်အအုံတို့၏ ဘေးဘက်တွင် ကပ်မြှောင် မှီဆွယ်၍ အဆောင်ငယ် ပြုလုပ်သည်
    penthouse
    ကြိယာ

    မောင်ယေ

    [màʊɴjè]
    တမိသားချင်းရို့အနက် ကလိန့်မေသျှေက ကိုယ့် မောင်ကို ပင်ဖြစ်ဖြစ်၊ ယောက်ျား တယောက်ယောက်က တယောက်ယောက်ကို ပင်ဖြစ်ဖြစ် ချစ်စနိုးဖြင့် ခေါ်ဝေါ်သော အာလုပ် စကား။ စွာလဲမောင်ယေ၊ လူမြင်ကေ၊ ရှက်ကေမချိ (မိုး)။ မောင်ယေ-မောင်ယေ၊ လမုန့်ပိတ်ရာ၊ ခြံချရာရို့ မလားလီကေ့ (တေး)
    တစ်မိသားချင်းတို့အနက် မိန်းကလေးက မိမိ၏ မောင်ကို လည်းကောင်း၊ ယောက်ျား တစ်စုံတစ်ဦးက တစ်စုံတစ်ဦးကို လည်းကောင်း ချစ်စနိုးဖြင့် ခေါ်ဝေါ်သော အာလုပ် စကား။ စွာလဲမောင်ယေ၊ လူမြင်ကေ၊ ရှက်ကေမချိ (မိုး)။ မောင်ယေ-မောင်ယေ၊ လမုန့်ပိတ်ရာ၊ ခြံချရာတို့ မလားလီကေ့ (တေး)
    none
    နာမ်

    မောင်ယေဘုယေ

    [màʊɴjèbʱoʊjè]
    ယောက်ျား တယောက်ယောက်ကို ယုယစွာ ချောမြူ မြှောက်စားရေ။ တောင်းပန်ခယသည်
    ယောက်ျား တစ်စုံတစ်ဦးကို ယုယစွာ ချောမြူ မြှောက်စားသည်။ တောင်းပန်ခယသည်
    request
    ကြိယာ

    မောင်းရင်း

    [máʊɴɹɪ́ɴ]
    လက်၏အရင်း ခြုံးမှ တန်းတောင်အထိ အပိုင်း။ ၂၊ (ဥပစာ) အင်္ကျီ လက်မောင်း၏ အရင်းပိုင်း
    လက်၏အရင်း ခြုံးမှ တံတောင်ဆစ်အထိ အပိုင်း။ ၂၊ (ဥပစာ) အင်္ကျီ လက်မောင်း၏ အရင်းပိုင်း
    arm
    နာမ်

    မောင်းလည်

    [máʊɴlɛ̀]
    တီးမောင်း၏ အလယ်ဖုကို အဝတ်ချာည်း ရိုက်တံဖြင့် ရိုက်ခတ်ရေ။ နီရာအနှံအပြား ဖ ကြော်ငြာသည်
    တီးမောင်း၏ အလယ်ဖုကို အဝတ်စည်း ရိုက်တံဖြင့် ရိုက်ခတ်သည်။ နေရာအနှံအပြား လဲလှယ် ကြော်ငြာသည်
    proclaim by striking of a gong[fig.] spread news by word of mouth
    ကြိယာ

    မောင်းလှုပ်

    [máʊɴɬoʊʔ]
    လူ၏ လက်မောင်းရင်း ကျောဘက်၌ ဖုထစ်နိန်ရေ အစိတ်အပိုင်း
    လူ၏ လက်မောင်းရင်း ကျောဘက်၌ ဖုထစ်နေသော အစိတ်အပိုင်း
    shoulder
    နာမ်

    မောင်သျှင်

    [màʊɴʃɪ̀ɴ]
    မောင်သျှင်ကို ခေါ်ဝေါ်သော အမည်။ ကိုယ်ရင်။ ငယ်ရွယ်သော အချေသူငယ်ကို ခေါ်သောစကား။ နဂါးရစ်ဆင်ဝင်၊ ပြော့လက်တင်မာ၊ မောင်သျှင်ပျော်ပါး (ကျောက်ရိုး)
    သာမဏေကို ခေါ်ဝေါ်သော အမည်။ ကိုယ်ရင်။ ငယ်ရွယ်သော ကလေးသူငယ်ကို ခေါ်သောစကား။ နဂါးရစ်ဆင်ဝင်၊ ပြော့လက်တင်မှာ၊ မောင်သျှင်ပျော်ပါး (ကျောက်ရိုး)
    novice monk pron term of address for a novice monk
    နာမ်

    မောင်သျှင်ဘင်းထမ်း

    [màʊɴʃɪ̀ɴbʱɪ́ɴtʰáɴ]
    အာကာ၌ အဟိတောင်နှင့် အနောက်မြောက် စောင်းပြီးကေ (ဆိုင်းကို ထမ်းထားရေ သူငယ် ပုံသဏ္ဍာန်) သုံးလုံးတန်းဖြစ်ရေ သရဝဏ်နက္ခတ်
    ကောင်းကင်၌ အရှေ့တောင်နှင့် အနောက်မြောက် စောင်းလျက် (ဆိုင်းကို ထမ်းထားသော သူငယ် ပုံသဏ္ဍာန်) သုံးလုံးတန်းဖြစ်သော သရဝဏ်နက္ခတ်
    [astron] Orion’s belt
    နာမ်

    မောင်သျှင်လောင်း

    [màʊɴʃɪ̀ɴláʊɴ]
    ရှင်သမဏေဝတ် မည့်သူ။ ရှင်လောင်း
    ရှင်သမဏေဝတ် မည့်သူ။ ရှင်လောင်း
    would-be-novice - the novice monk-to-be
    နာမ်

    မောင်သျှင်သျှေ

    [màʊɴʃɪ̀ɴʃè]
    မောင်သျှင်ငယ်ကို ခေါ်သော အာလုပ်စကား။ ၂၊ မောင်သျှင်ငယ်
    သာမဏေငယ်ကို ခေါ်သော အာလုပ်စကား။ ၂၊ သာမဏေငယ်
    novice in the buddhist order
    နာမ်

    မောင်သျှေ

    [màʊɴʃè]
    နားထောင်သူ နာမ်စား။ (ယောက်ျား တယောက်ယောက်ကို ကြီးသူက ရည်ညွှန်း သုံးစွဲလေ့ဟိရေ။
    နာကြားသူ နာမ်စား။ (ယောက်ျား တစ်စုံတစ်ဦးကို ကြီးသူက ရည်ညွှန်း သုံးစွဲလေ့ယှိသည်။
    You
    နာမ်စား

    မောင်သျှေ၂

    [màʊɴʃè၂]
    ကြီးသူက ငယ်ရွယ်သူ ကလေသျှေကို ခေါ်သော အာလုပ်စကား
    ကြီးသူက ငယ်ရွယ်သူ ယောက်ျားကလေးကို ခေါ်သော အာလုပ်စကား
    brother
    နာမ်

    မောင်သျှေဘုသျှေ

    [màʊɴʃèbʱoʊʃè]
    ယောက်ျား တယောက်ယောက်ကို ယုယစွာ ချောမြူ မြှောက်စားရေ။ တောင်းပန်ခယသည်
    ယောက်ျား တစ်စုံတစ်ဦးကို ယုယစွာ ချောမြူ မြှောက်စားသည်။ တောင်းပန်ခယသည်
    request
    ကြိယာ