Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,361–1,380 of 2,515 words

    မ

    မောဇလိပ်

    [mɔ́zlìaʔ]
    ပြည်စိုးကြီး၏ လက်အောက်မာ အုပ်ချုပ်ရီး ကိစ္စ အဝဝကို တာဝန်ယူရရေ ဌာနအကြီးအကဲ ရာထူး။ ယင်းရာထူး တာဝန်ကို ထမ်းဆောင်ရသူ
    ပြည်စိုးကြီး၏ လက်အောက်တွင် အုပ်ချုပ်ရေး ကိစ္စ အဝဝကို တာဝန်ယူရသည့် ဌာနအကြီးအကဲ ရာထူး။ ယင်းရာထူး တာဝန်ကို ထမ်းဆောင်ရသူ
    none
    နာမ်

    မောတာ

    [mɔ́tà]
    အာရုံ တခုခုမာတွေဝေ စူးစိုက်နိန်ရေ။ လူကမေကျာရာ ဇာကိုကြည့်နိရေက မသိ (အရပ်)
    တစ်ခုခုသော အာရုံတွင် တွေဝေ စူးစိုက်နေသည်။ လူကမေကျာရာ ဇာကိုကြည့်နိရေက မသိ (အရပ်)
    focus
    ကြိယာ

    မောတိမောတာ

    [mɔ́tìmɔ́tà]
    အထာနပ် ကျင်လည်မှု မဟိပဲ ထုံထိုင်း နုံချာဗျာယ်
    ပါးနပ် ကျင်လည်မှု မယှိပဲ ထုံထိုင်း နုံချာလျက်
    dullard
    ကြိယာဝိသေသန

    မောမောလန်လန်

    [mɔ́mɔ́làɴlàɴ]
    နစ်နာမှု၊ ဆုံးယှုံးပျက်စီးမှု၊ ထိခိုက်မှု၊ ကြီကွဲမှုအစဟိစွာရို့နန့် ကြုံတိလာရေအခါ ကြိုင်းး၍ ပစမှ ထွက်လီ့ဟိသော စကားလုံး။ ငါဇာမျိုးလုပ်ရဖို့လဲ ဆိုစွာကိုမကြံတတ်၊ မဖန်တတ် မောမောလန်လန်ရာ တွိရေကာ (အရပ်)
    နစ်နာမှု၊ ဆုံးရှုံးပျက်စီးမှု၊ ထိခိုက်မှု၊ ကြေကွဲမှုစသည်တို့နှင့် ကြုံတွေလာသည့်အခါ ညည်းညူး၍ ပါးစပ်မှ ထွက်လေ့ယှိသော စကားလုံး။ ငါဇာမျိုးလုပ်ရဖို့လဲ ဆိုစွာကိုမကြံတတ်၊ မဖန်တတ် မောမောလန်လန်ရာ တွိရေကာ (အရပ်)
    none
    ပစ္စည်း

    မောလန်

    [mɔ́làɴ]
    စိတ်ကူးဉာဏ် မထွက်ပဲ ဟိရေ။ မကြံတတ်ဖြစ်တေ။ စိတ်ကူး တွေးခေါ်ရာမာ အခက်အခဲ တွိရေ
    စိတ်ကူးဉာဏ် မထွက်ပဲ ယှိသည်။ မကြံတတ်ဖြစ်သည်။ စိတ်ကူး တွေးတောရာတွင် အခက်အခဲ တွေ့သည်
    be in trouble
    ကြိယာ

    မောလာ

    [mɔ́là]
    လယ်ယာ လုပ်ငန်းမာ အခကြီးငွီယူပနာ အလုပ်လုပ်ပီးသူ။ ဟယားဘယား၊ ပိုင်လားသည် အငှားမောလာခံ၍ (ကုသတု)
    လယ်ယာ လုပ်ငန်းတွင် အခကြေးငွေယူ၍ အလုပ်လုပ်ပေးသူ။ ဟယားဘယား၊ အလားလားသည် အငှားမောလာခံ၍ (ကုသတု)
    paddy farmer
    နာမ်

    မောလာ၂

    [mɔ́là၂]
    မလှုပ်မယှားသေမည်ဟန်ပိုင် ဖြစ်ဗျာယ်
    မလှုပ်မရှား သေမည်ဟန်ကဲ့သို့ ဖြစ်လျက်
    almost to death
    ကြိယာဝိသေသန

    မောလိပ်

    [mɔ́lìaʔ]
    နွားသင်းခတ်ပိုင် ဝှေးစိ အစုံကို ထုတ်ထားရေ လူကို ခေါ်သောအမည်။ အင်္ဂါသန်းညှိုး၊ မမာ့စိုးကို၊ ခေါ်ရိုးမောလိပ်၊ ချေကျိတ်စိသာ၊ ပီးလိုက်ပါယှင့် (မြို့တည်)
    နွားသင်းကွပ်သကဲ့သို့ ဝှေးစေ့ အစုံကို ထုတ်ထားသော လူကို ခေါ်သောအမည်။ အင်္ဂါသန်းညှိုး၊ မိန်းမစိုးကို၊ ခေါ်ရိုးမောလိပ်၊ လေးကျိတ်စိသာ၊ ပေးလိုက်ပါယှင့် (မြို့တည်)
    brother keeper
    နာမ်

    မောလိပ်အစို့

    [mɔ́lìaʔʔso̰]
    နွားသင်းခတ်ပိုင် ဝှေးစိအစုံကို ထုတ်ထားပနာ ဆောင်ရွက်ရရေ လုပ်ငန်းအလိုက် ခွဲခြား စုစည်းဖွဲ့ထားရေ ရှီးခေတ် မင်းမှုထမ်းအစို့၊ အစု
    နွားသင်းကွပ်သကဲ့သို့ ဝှေးစေ့အစုံကို ထုတ်ထား၍ ဆောင်ရွက်ရသော လုပ်ငန်းအလိုက် ခွဲခြား စုစည်းဖွဲ့ထားသော ရှေးခေတ် မင်းမှုထမ်းအစို့၊ အစု
    brother keeper
    နာမ်

    မောသီ

    [mɔ́θí]
    သေပိုင် ဖြစ်တေ။ တုံးဖြစ်နီရေ။ တယောက်သိစွာ၊ လှမနော်မာ၊ ကြံရာမတတ်၊ မောသီပြတ်မျှ၊ လန့်ဖြတ်ရွံ့ကြောက် (ကော်)
    သေသကဲ့သို့ ဖြစ်သည်။ မေ့မြောနေသည်။ တယောက်သိတာ၊ လှမနော်မှာ၊ ကြံရာမတတ်၊ မောသီပြတ်မျှ၊ လန့်ဖြတ်ရွံ့ကြောက် (ကော်)
    be in a coma
    ကြိယာ

    မောသီမောသတ်

    [mɔ́θímɔ́θaʔ]
    အထာနပ် ကျင်လည်မှု မဟိပဲ ထုံထိုင်း နုံချာဗျာယ်
    ပါးနပ် ကျင်လည်မှု မယှိပဲ ထုံထိုင်း နုံချာလျက်
    dullard
    ကြိယာဝိသေသန

    မော်

    [mɔ̀]
    အထက်ကို မျက်နှာမူရေ။ (ဥပစာ) ၂၊ ဝင့်ကြွား ဂုဏ်ယူရေ။ ၃၊ စွန်းထွက်ရေ။ ၄၊ စွါသည်
    အပေါ်သို့ မျက်နှာမူသည်။ (ဥပစာ) ၂၊ ဝင့်ကြွား ဂုဏ်ယူသည်။ ၃၊ စွန်းထွက်သည်။ ၄၊ စွါသည်
    look up
    ကြိယာ

    မော်ကြား

    [mɔ̀t͡ɕá]
    ၁၊ ကိုယ့်ကိုယ်ကို ပလွှားလိုရေ စိတ်ဖြင့် ပြောဆိုပြုမူသည်
    ၁၊ မိမိကိုယ်ကို ပလွှားလိုသော စိတ်ဖြင့် ပြောဆိုပြုမူသည်
    show off
    ကြိယာ

    မော်ကွန်း

    [mɔ̀kʊ́ɴ]
    ကာလရှည်စွာ တည်တံ့ ခိုင်မြဲစီရန် ကြွင်းကျန်ရစ်အောင် သိမ်းဆည်း ထိန်းသိမ်း ထားရေ မှတ်တမ်း မှတ်ရာများ။ နောက်ကာလ ရှည်စွာ အမှတ်တရ ဖြစ်စီရန် မှတ်တမ်းတင် ရီးသား ထားချက်
    ကာလရှည်စွာ တည်တံ့ ခိုင်မြဲစေရန် ကြွင်းကျန်ရစ်အောင် သိမ်းဆည်း ထိန်းသိမ်း ထားသော မှတ်တမ်း မှတ်ရာများ။ နောက်ကာလ ရှည်စွာ အမှတ်တရ ဖြစ်စေရန် မှတ်တမ်းတင် ရေးသား ထားချက်
    record of significant events
    နာမ်

    မော်ကွန်းတင်

    [mɔ̀kʊ́ɴtɪ̀ɴ]
    မှတ်တမ်းမှတ်ရာ ပြုရေ။ အမှတ်တရ ဖြစ်စီရန် မှတ်သား ရီးထိုးထားရေ
    မှတ်တမ်းမှတ်ရာ ပြုသည်။ အမှတ်တရ ဖြစ်စေရန် မှတ်သား ရေးထိုးထားသည်
    record
    ကြိယာ

    မော်ကွန်းတိုင်

    [mɔ̀kʊ́ɴtàɪɴ]
    တန်းထား အဆောက်အအုံ တည်ဆောက်သည့်နှစ် အစဟိစွာ့ အကြောင်းအရာကို ကမ္ပည်းရီးထိုးပနာ စိုက်ထူထားရေတိုင်
    တံတား အဆောက်အအုံ တည်ဆောက်သည့်နှစ် စသည့် အကြောင်းအရာကို ကမ္ပည်းရေးထိုး၍ စိုက်ထူထားသောတိုင်
    monument
    နာမ်

    မော်ကွန်းထိန်း

    [mɔ̀kʊ́ɴtʰéɪɴ]
    အဓိက အရီးကြီးရေ မှတ်တမ်း မှတ်ရာတိကို စောင့်ရှောက် ထိန်းသိမ်းသည်
    အဓိက အရေးကြီးသော မှတ်တမ်း မှတ်ရာများကို စောင့်ရှောက် ထိန်းသိမ်းသည်
    registrar
    ကြိယာ

    မော်ကွန်းထိန်း၂

    [mɔ̀kʊ́ɴtʰéɪɴ၂]
    အဓိက အရီးကြီးရေ မှတ်တမ်း မှတ်ရာတိကို ကြီးကြပ် ထိန်းသိမ်းရသူ
    အဓိက အရေးကြီးသော မှတ်တမ်း မှတ်ရာများကို ကြီးကြပ် ထိန်းသိမ်းရသူ
    registrar
    နာမ်

    မော်ကွန်းဝင်

    [mɔ̀kʊ́ɴwɪ̀ɴ]
    စစ်ရီးစစ်ရာ အစဟိစွာအနိန်နန့် တခုတရီ အကြောင်းအရာဖြင့် လွတ်လပ် ရဟိအောင် ဆောင်ရွက်ခဲ့သနန့် မှတ်တမ်း တင်ခံရသူ
    စစ်ရေးစစ်ရာ စသည်ဖြင့် တစ်စုံတစ်ခု အကြောင်းအရာဖြင့် လွတ်လပ် ရယှိအောင် ဆောင်ရွက်ခဲ့သဖြင့် မှတ်တမ်း တင်ခံရသူ
    star of independence
    နာမ်

    မော်စွန်း

    [mɔ̀sʊ́ɴ]
    ရီပြင်ပေါ်မှ စွန်းထွန်းနိန်ရေ၊ ငေါထွက်နိန်ရေ မြေ၊ ကျောက်။ ၂၊ တောင်က စွန်းထွက်နိန်ရေ ငေါထွက်နိန်ရေ မြေ၊ ကျောက်
    ရေပြင်ပေါ်မှ စွန်းထွန်းနေသော၊ ငေါထွက်နေသော မြေ၊ ကျောက်။ ၂၊ တောင်မှ စွန်းထွက်နေသော ငေါထွက်နေသော မြေ၊ ကျောက်
    cape
    နာမ်