Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 121–140 of 2,515 words

    မ

    မင်းကျွန်ကြီး

    [mɪ́ɴt͡ɕʊ̀ɴt͡ɕï]
    အိမ်ထောင် ကျပြီးပနာ သားသမီး။ ၂၊ ၃-ယောက် အမျိုးသားကို ခေါ်သောစကား
    အိမ်ထောင် ကျပြီး၍ သားသမီး။ ၂၊ ၃-ယောက် အမျိုးသားကို ခေါ်သောစကား
    married man
    နာမ်

    မင်းကျွန်ကြီးမ

    [mɪ́ɴt͡ɕʊ̀ɴt͡ɕïm]
    အိမ်ထောင် ကျပြီးပနာ သားသမီး ၂၊ ၃-ယောက် ရယားရေ အမျိုးသမီးကို ခေါ်သောစကား
    အိမ်ထောင် ကျပြီး၍ သားသမီး ၂၊ ၃-ယောက် ရပြီးသော အမျိုးသမီးကို ခေါ်သောစကား
    married woman
    နာမ်

    မင်းကျွန်ပျို

    [mɪ́ɴt͡ɕʊ̀ɴprÒ]
    အိမ်ထောင် ကျပြီးစ တနည်း သားသမီး ၁၊ ၂-ယောက် ရယားရေ အမျိုးသားကို ခေါ်သောစကား
    အိမ်ထောင် ကျပြီးစ သို့မဟုတ် သားသမီး ၁၊ ၂-ယောက် ရပြီးသော အမျိုးသားကို ခေါ်သောစကား
    married man
    နာမ်

    မင်းကျွန်ပျိုမ

    [mɪ́ɴt͡ɕʊ̀ɴprÒm]
    အိမ်ထောင် ကျပြီးစ တနည်း သားသမီး ၁၊ ၂-ယောက် ရယားရေ အမျိုးသမီး ကိုခေါ်သောစကား
    အိမ်ထောင် ကျပြီးစ သို့မဟုတ် သားသမီး ၁၊ ၂-ယောက် ရပြီးသော အမျိုးသမီး ကိုခေါ်သောစကား
    married woman
    နာမ်

    မင်းကျွန်မ

    [mɪ́ɴt͡ɕʊ̀ɴm]
    အိမ်ထောင် ကျပြီးရေ အမျိုးသမီးကို ခေါ်သောစကား
    အိမ်ထောင် ကျပြီးသော အမျိုးသမီးကို ခေါ်သောစကား
    married woman
    နာမ်

    မင်းကြမ်း

    [mɪ́ɴt͡ɕáɴ]
    ရီငန်စပ်မာ ပေါက်ရောက်သော သစ်မာ ပင်လတ် တမျိုး
    ရေငန်စပ်တွင် ပေါက်ရောက်သော သစ်မာ ပင်လတ် တစ်မျိုး
    none
    နာမ်

    မင်းကြီး

    [mɪ́ɴt͡ɕï]
    နိုင်ငံ အုပ်ချုပ်သည့် မင်း။ ဘုရင်
    နိုင်ငံ အုပ်ချုပ်သည့် မင်း။ ဘုရင်
    king
    နာမ်

    မင်းကြီး၂

    [mɪ́ɴt͡ɕï၂]
    အမင်၏ မောင်ကြီးသျှင်ကိုခေါ်သော အာလုပ်စကား။ ဦးလေး
    အမေ၏ မောင်ကြီးကိုခေါ်သော အာလုပ်စကား။ ဦးလေး
    uncle
    နာမ်

    မင်ကြောင်

    [mɪ̀ɴt͡ɕàʊɴ]
    ကိုယ်ခန္ဓာမာ စာလုံးပုံစံ အရဲ အနက် စွဲထင်နီအောင် ထိုးနှံထားရေ့ ဆီးမင်အမှတ်
    ကိုယ်ခန္ဓာတွင် စာလုံးပုံစံ အနီ အနက် စွဲထင်နေအောင် ထိုးနှံထားသည့် ဆေးမင်အမှတ်
    tattoo
    နာမ်

    မင်ခံစက္ကူ

    [mɪ̀ɴkʰံskə́kəù]
    အပေါ်မှ ဖိနှိပ် ရီးသားခြင်းနန့် အောက်ဟိ စာရွက်ထက်ရို့ ထိကပ် ထင်စီရေ မင်စေးထင် စက္ကူပါးတမျိုး
    အပေါ်မှ ဖိနှိပ် ရေးသားခြင်းဖြင့် အောက်ရှိ စာရွက်ပေါ်သို့ ထိကပ် ထင်စေသော မင်စေးထင် စက္ကူပါးတစ်မျိုး
    paper
    နာမ်

    မင်းခမ်းမင်းနား

    [mɪ́ɴkʰáɴmɪ́ɴná]
    မင်း၊ အစိုးရနှင့် သက်ဆိုင်သည့် အစီအမံအတိုင်း ဆောင်ရွက်ရရေ အခင်းအကျင်း
    မင်း၊ အစိုးရနှင့် သက်ဆိုင်သည့် အစီအမံအတိုင်း ဆောင်ရွက်ရသည့် အခင်းအကျင်း
    state occasion
    နာမ်

    မင်းခယောကျ်ား

    [mɪ́ɴkʰjɔ́t͡ɕ်á]
    မင်းမှုထမ်း။ ဘုရင် မင်းမြတ်၏ အမှုတော်ကို ထမ်းရွက်သူ
    မင်းမှုထမ်း။ ဘုရင် မင်းမြတ်၏ အမှုတော်ကို ထမ်းရွက်သူ
    servant of the king
    နာမ်

    မင်းချင်း

    [mɪ́ɴɕɪ́ɴ]
    မင်း၏ အပါးတော်၌ အစီးအပါး ထမ်းရွက်ရရေ အမှုထမ်း
    မင်း၏ အပါးတော်၌ အစေးအပါး ထမ်းရွက်ရသော အမှုထမ်း
    servant of the king
    နာမ်

    မင်းစံကြီး

    [mɪ́ɴsံt͡ɕï]
    ကွမ်းရွက်ပုံ အရွက်ငယ်များမာ အလွန်ယားယံ စီတတ်ရေ ဆီးဘက်ဝင် အမွီးနုများ ပါဟိသည့် နွယ်ပင်တမျိုး။ (မင်းစံငယ်ထက် အလွန်ယားယံ စီတတ်ရေ နွယ်ပင်တမျိုး)
    ကွမ်းရွက်ပုံ အရွက်ငယ်များတွင် အလွန်ယားယံ စေတတ်သော ဆေးဘက်ဝင် အမွေးနုများ ပါယှိသည့် နွယ်ပင်တစ်မျိုး။ (မင်းစံငယ်ထက် အလွန်ယားယံ စေတတ်သော နွယ်ပင်တစ်မျိုး)
    creeper
    နာမ်

    မင်းစဉ်မင်းဆက်

    [mɪ́ɴsɪ̀ɴmɪ́ɴsʰɛʔ]
    နှစ်ကာလ ရှည်လျားစွာ အစိုင်အတိုင်း တပါးပြီး တပါး စိုးစံအုပ်ချုပ်ခရေ မင်းများအစိုင်။ မင်းအဆက်ဆက်။ အဆင့်ဆင့်သော မင်းစဉ်
    နှစ်ကာလ ရှည်လျားစွာ အစဉ်အတိုင်း တစ်ပါးပြီး တစ်ပါး စိုးစံအုပ်ချုပ်ခဲ့သော မင်းများအစဉ်။ မင်းအဆက်ဆက်။ အဆင့်ဆင့်သော မင်းစဉ်
    dynasty
    နာမ်

    မင်းစာ

    [mɪ́ɴsà]
    ကွမ်းရွက်ပုံ အရွက်ငယ်များမာ ယားယံစီတတ်ရေ အမွှီးနုများပါဟိသည့် နွယ်ပင် တမျိုး (ဖက်ယားမင်းစါကြီး၊ မင်းစါငယ်၊ ရွက်ကြီး ရွက်ငယ်ဆိုပနာ နှစ်မျိုးဟိရေ။
    ကွမ်းရွက်ပုံ အရွက်ငယ်များတွင် ယားယံစေတတ်သော အမွှေးနုများပါယှိသည့် နွယ်ပင် တစ်မျိုး (ဖက်ယားမင်းစါကြီး၊ မင်းစါငယ်၊ ရွက်ကြီး ရွက်ငယ်ဟူ၍ နှစ်မျိုးယှိသည်။
    creeper
    နာမ်

    မင်းစိုးတစ်ခွင်

    [mɪ́ɴsótɪʔkʰwɪ̀ɴ]
    အစိုးရ မင်း၏ အုပ်ချုပ်မှု ဆိုင်ရာ အရပ် အပိုင်းအရာ။ ၂၊ အစိုးရ မင်း၏ ဩဇာအာဏာ ပျံ့နှံ့ရာနီရာ
    အစိုးရ မင်း၏ အုပ်ချုပ်မှု ဆိုင်ရာ အရပ် အပိုင်းအခြား။ ၂၊ အစိုးရ မင်း၏ ဩဇာအာဏာ ပျံ့နှံ့ရာနေရာ
    high ranking officals in the serve of the state
    နာမ်

    မင်းစိုးရာဇာ

    [mɪ́ɴsóɹàzà]
    မင်း၏အမှုကို ထမ်းဆောင်သော အာဏာဟိသူနှင့် တာဝန်ဟိပုဂ္ဂိုလ်
    မင်း၏အမှုကို ထမ်းဆောင်သော အာဏာယှိသူနှင့် တာဝန်ယှိပုဂ္ဂိုလ်
    high ranking official
    နာမ်

    မင်းစီ

    [mɪ́ɴsí]
    မင်းတပါးက မင်းတပါးပါးကို စီလွှတ်ပနာ စကားဆိုခိုင်းသူ
    မင်းတစ်ပါးက မင်းတစ်ပါးထံသို့ စေလွှတ်၍ စကားဆိုခိုင်းသူ
    servant of the king
    နာမ်

    မင်းဆက်

    [mɪ́ɴsʰɛʔ]
    ထင်ရှားသော တိုင်းနိုင်ငံ မြို့ပြ ကျုံး မြောင်း ပစ္စင် ရင်တားတိကို ထူထောင်ခရေ မင်း၏ အနွယ်တော်မပြတ် အုပ်စိုးသော မင်းမျိုးစု။ (နမူနာ-ရခိုင်ဘုရင် မင်းပါကြီး)
    ထင်ရှားသော တိုင်းနိုင်ငံ မြို့ပြ ကျုံး မြောင်း ပစ္စင် ရင်တားများကို ထူထောင်ခဲ့သော မင်း၏ အနွယ်တော်မပြတ် အုပ်စိုးသော မင်းမျိုးစု။ (ဥပမာ-ရခိုင်ဘုရင် မင်းပါကြီး)
    dynasty
    နာမ်