Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,401–1,420 of 2,515 words

    မ

    မဲနိုင်

    [mɛnàɪɴ]
    အပြာရောင် ဆိုးဆီးမှုန့် တမျိုး
    အပြာရောင် ဆိုးဆေးမှုန့် တစ်မျိုး
    indigo
    နာမ်

    မဲနှိုက်

    [mɛn̥aɪʔ]
    ကိုယ့်ကံနန့် ကံ အကျိုးခံစားရခြင်းကို သိဟိရန် မဲလိပ်ကို ရယူရေ
    မိမိကံအားလျော်စွာ အကျိုးခံစားရခြင်းကို သိယှိရန် မဲလိပ်ကို ရယူသည်
    be closen by lot
    ကြိယာ

    မဲပုံး

    [mɛpóʊɴ]
    မဲကတ်ပြားကို ထည့်သောပုံး
    မဲကတ်ပြားကို ထည့်သောပုံး
    ballot box
    နာမ်

    မဲပုပ်

    [mɛpoʊʔ]
    အလွန် မဲနက်ရေ၊ အဆင်း အရောင်း ဟိသော
    လွန်စွာ မည်းနက်သော၊ အဆင်း အရောင်း ယှိသော
    black
    နာမဝိသေသန

    မဲပုပ်ပုပ်

    [mɛpoʊʔpoʊʔ]
    အူးမဲနက်ရေ။ တောင်ထိပ်ထက်မာ တောမျိုးက်သွင်သို့၊ ပေါင်လျှင် မဲပုပ်ပုပ်နှင့် စစ္ဆီရုပ် ကြောက်ရွံ့ဖွယ် (ဗမာချီ)
    အူးမည်းနက်သော။ တောင်ထိပ်ထက်တွင် တောမျောက်သွင်သို့၊ ပေါင်လျှင် မဲပုပ်ပုပ်နှင့် စစ္ဆီရုပ် ကြောက်ရွံ့ဖွယ် (ဗမာချီ)
    black
    နာမဝိသေသန

    မဲပေါက်

    [mɛpaʊʔ]
    မဲထွတ်ရာမာ တခုတရီ အခွင့်ကို ရဟိသည်
    မဲနှိုက်ရာတွင် တစ်စုံတစ်ခု အခွင့်ကို ရယှိသည်
    get prize
    ကြိယာ

    မဲမဲခေါက်ခေါက်

    [mɛmɛkʰaʊʔkʰaʊʔ]
    အသားအရီ စိုပြေခြင်းမဟိ၊ ညိုရင့်ရောင် သမ်းဗျာယ်
    အသားအရေ စိုပြေခြင်းမယှိ၊ ညိုရင့်ရောင် သမ်းလျက်
    brownish
    ကြိယာဝိသေသန

    မဲမဲတုံးတုံး

    [mɛmɛtóʊɴtóʊɴ]
    အသားအရီ မဲနက်ရေသူ။ အရာဝတ္တု
    အသားအရေ မည်းနက်သောသူ။ အရာဝတ္တု
    black
    နာမ်

    မဲမဲတုံးတုံး၂

    [mɛmɛtóʊɴtóʊɴ၂]
    ထူပိန်းစိမ်းညိုစွာ
    ထူပိန်းစိမ်းညိုစွာ
    black
    ကြိယာဝိသေသန

    မဲမဲပုပ်ပုပ်

    [mɛmɛpoʊʔpoʊʔ]
    ပင်ကို အရောင်အဆင်း မကြည်လင်၊ မလင်းပွင့်ပဲ စွန်းပေသော
    ပင်ကို အရောင်အဆင်း မကြည်လင်၊ မလင်းပွင့်ပဲ စွန်းပေသော
    be stained
    နာမဝိသေသန

    မဲမဲမှောင်မှောင်

    [mɛmɛm̥àʊɴm̥àʊɴ]
    အလွန် အမိုက်သည်း၍ အရာအရောင် မထင်သာယောင် မိုက်သော
    လွန်စွာ အမှောင်သည်း၍ အခြားအရောင် မထင်သာအောင် မှောင်မိုက်သော
    dark
    နာမဝိသေသန

    မဲမဲသမ်းသမ်း

    [mɛmɛθáɴθáɴ]
    အသားအရီ မဲနက်ရေသူ၊ အရာဝတ္တု
    အသားအရေ မည်းနက်သောသူ၊ အရာဝတ္တု
    black
    နာမ်

    မဲရွန်းသီး

    [mɛɹʊ́ɴθï]
    မှည့်လျှင် အရောင်မဲနက်ကာ အဖျားနှစ်ဘက် စိကေချေ ချွန်၍ အလယ် မသိမသာ စိကေချေကြီးပြီး သကြားလုံးမျက်ချို အရသာဟိသော (သဗြီသီးမျိုးဝင်) အသီးချေ တမျိုး
    မှည့်လျှင် အရောင်မည်းနက်ကာ အဖျားနှစ်ဘက် အနည်းငယ် ချွန်၍ အလယ် မသိမသာ အနည်းငယ်ကြီးပြီး ချိုချဉ် အရသာယှိသော (သပြေသီးမျိုးဝင်) အသီးငယ် တစ်မျိုး
    fruit of Eugenia
    နာမ်

    မျ

    [mr]
    ဥပစာ) သက်ရာမှု ယှာရေ။ အများနည်းတူ ပင်ပန်းမခံပဲ သက်သာယောင် နိန်ရေ။ မောင်သာဖြူ သူတိ လုပ်နီစွာကို မမြင်လား၊ ဇာလဲမင်းမျလို့ ထိုင်နီရေကာ (အရပ်)။ ၂၊ ပင်ပန်းခြင်း မဟိပဲ သက်သီာင့် သက်သာစွာ နိန်ရေ
    ဥပစာ) သက်သာမှု ရှာသည်။ အများနည်းတူ ပင်ပန်းမခံပဲ သက်သာအောင် နေသည်။ မောင်သာဖြူ သူများ လုပ်နီစွာကို မမြင်လား၊ ဇာလဲမင်းမျလို့ ထိုင်နီရေကာ (အရပ်)။ ၂၊ ပင်ပန်းခြင်း မယှိပဲ သက်သောင့် သက်သာစွာ နေသည်
    shirk
    ကြိယာ

    မျ

    [mr]
    ၁၊ တံသီးတိုက် တူညီရေ။ ၂၊ အတိုင်းအတာ ပမာဏချင်း တူညီရေ။ ၃၊ ခွဲဝီသည်
    ၁၊ မပိုမလျော့ တူညီသည်။ ၂၊ အတိုင်းအတာ ပမာဏချင်း တူညီသည်။ ၃၊ ခွဲဝေသည်
    same
    နာမ်

    မျ၂

    [mr၂]
    ကိုယ်စိတ် ပင်ပန်းမှု မဖြစ်စီရေအခါ အခွင့်သက်သာခွင့်
    ကိုယ်စိတ် ပင်ပန်းမှု မဖြစ်စေသည့်အခါ အခွင့်သက်သာခွင့်
    shirk
    နာမ်

    မျက်

    [mrɛʔ]
    အလွန် မဲနက်ရေ အသားအရီ ဟိသော။ ဇကန်း အဆင်းပိုင် လွန်ကဲစွာ နက်ကျောသော။ ဇကန်း အဆင်းပိုင် ဟိသော။ အသားအရီ မည်းလို့ မျက်နီရေ (အရပ်)။ အလွန်ချွန်ထက်သော (သံချွန်၊ ကွပ်စူး)။ ကွပ်စူးအဖျား မျက်နီရေ (အရပ်)။ အဖျားသွယ်သွယ် သွန်းသွန်းနှင့် ထက်မြက်ရေ။ ချွန်မြသေ
    အလွန် မည်းနက်သော အသားအရေ ယှိသော။ ကျီးကန်း အဆင်းကဲ့သို့ လွန်ကဲစွာ နက်ကျောသော။ ကျီးကန်း အဆင်းကဲ့သို့ ယှိသော။ အသားအရီ မည်းလို့ မျက်နီရေ (အရပ်)။ အလွန်ချွန်ထက်သော (သံချွန်၊ သံစူး)။ သံစူးအဖျား မျက်နီရေ (အရပ်)။ အဖျားသွယ်သွယ် သွန်းသွန်းနှင့် ထက်မြက်သော။ ချွန်မြသေ
    sharp
    နာမဝိသေသန

    မျက်၂

    [mrɛʔ၂]
    ကွမ်းရွက်၊ ခြည်ခင်၏ အစိတ်အပိုင်းကို သင်္ချာဖြင့်တွဲပြီးကေ ရွီတွက်သော ပမာဏ။ (ကွမ်းရွက် လေးရွက်ကို တမျက်။ ခြည်မျှင် လေးမျှင်ကို တမျက်ဟု ပမာဏအားဖြင့် ရွီတွက်သော စကားလုံး)
    ကွမ်းရွက်၊ ချည်ခင်၏ အစိတ်အပိုင်းကို သင်္ချာဖြင့်တွဲ၍ ရေတွက်သော ပမာဏ။ (ကွမ်းရွက် လေးရွက်ကို တစ်မျက်။ ချည်မျှင် လေးမျှင်ကို တစ်မျက်ဟု ပမာဏအားဖြင့် ရေတွက်သော စကားလုံး)
    quantity - number
    နာမ်

    မျက်ကန်း

    [mrɛʔkáɴ]
    မျက်စိမမြင်သူ
    မျက်စိမမြင်သူ
    blind
    နာမ်

    မျက်ကဲပြ

    [mrɛʔkɛpɹ]
    မျက်စိမျက်နှာ အမူအရာဖြင့် တခုတရီကို သိစီရေ။ အချက်ပီးသည်
    မျက်စိမျက်နှာ အမူအရာဖြင့် တစ်စုံတစ်ရာကို သိစေသည်။ အချက်ပေးသည်
    alarm
    ကြိယာ